ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, February 18, 2012

မြူရယ်နှင်းရယ် မသဲကွဲ

>
တခါတလေကျတော့ ဆုံးရှုံးခြင်းက ကိုယ့်ဆီ တည့်တည့်ရောက်လာတာကိုပင် လူသည် မသိသလို ဖြစ်နေတတ်သည် ။ အထူးသဖြင့် သူ့လို အကင်းမပါးသူမှာ ပိုဆိုးသည် ။ ပြီးဆုံးသွားပြီဆိုသော ကိစ္စများသည် ရုပ်ရှင်ဇာတ်ကားတွေမှာလို သဲသဲကွဲကွဲ ရှိဖို့ ကောင်းပါသည် ။ ပြီးဆုံးမှန်းမသိ ပြီးဆုံးသွားသော ရုပ်ရှင်ဇာတ်ကားများလည်း ရှိပါသည် ။ သီချင်းတစ်ပုဒ်ဆိုလျှင်တော့ fade out နှင့် ပြီးသွားတာ ဖြစ်ပါလိမ့်မည် ။ တမ်းတခြင်းက အာမခံချက်မရှိသော မိုးသားတွေလို အချိန်နာရီမရွေး ရွာချလိုက်ဖို့အသင့် ။

နာရီကို ယောင်ရမ်းကြည့်မိပြန်သည် ။ လာမကြိုပါနဲ့လို့ မပြောတော့သော်လည်း သိပ်မလိုအပ်တော့သလို အပြုအမူများကို တုံးအလွန်းသော သူ မြင်သာအောင် ကြိုးစားအားထုတ်ပြခဲ့တာ တွေ့ခဲ့ပြီပဲ ဖြစ်သည် ။ ပြာဖြစ်သွားတဲ့စီးကရက်လို ဘယ်လိုလုပ်ပြီး ပြန်ဆက်လို့ ရတော့မှာလဲ ။ လူက လုပ်နေကျ ကိစ္စတွေမှာ နေသားကျနေတတ်သည် ။ ညနေစောင်းဆို သူ့အလုပ်က အရင်ဆင်းပြီး ခိုင့်အလုပ်က တစ်နာရီလောက်နောက်ကျနေကျမို့ သွားစောင့်နေကျဖြစ်သည် ။ ပြီးတော့ နှစ်ယောက်အတူတူ ညစာကို တစ်နေရာရာမှာ စားဖြစ်သည် ။ စကားနည်းသောသူ့မှာ ခိုင် တစ်နေ့တာလုံး ရုံးမှာဖြစ်ပျက်ခဲ့သမျှတွေကို ညစာစားနေရင်း နားထောင်ရသည်က ပျော်စရာ ။ နောက်တော့ သူမနှင့်အတူတူ မြေအောက်ရထားစီးပြီး ပြန်လာနေကျဖြစ်သည် ။ သူမနေသည့်နေရာက သူနေသည့် နေရာ မရောက်ခင် လေးဘူတာလောက် စောသည် ။ သောကြာလို ညမျိုးဆို ခိုင်ဆင်းရမည့် နေရာမှာ လိုက်ဆင်းပြီး ခိုင်နေရာအခန်းလေးထိ သူလိုက်ပို့ပေးဖြစ်သည် ။ ခိုင်က ရုံးထဲမှာ အလုပ်လုပ်ရသူမို့ထင်သည် ။ ထိုသို့သော ညနေချိန်များထိ သင်းပျံ့ပျံ့ ကိုယ်ရနံ့လေးများ ထိန်းသိမ်းထားနိုင်သည်။

ဂျာမနီကနေ မဟာဘွဲ့ယူထားတဲ့မြန်မာတစ်ယောက် ခိုင်တို့ကုမ္ပဏီမှာ ရောက်နေတယ် ဆိုတုန်းကလည်း အမှုမဲ့ အမှတ်မဲ့ပါပဲ ။ နောက်ပိုင်း ညစာစားဖြစ်ချိန်တွေမှာ ထို ဂျာမနီက ပြန်လာတဲ့တစ်ယောက်အကြောင်းက တစ်ခုမဟုတ်တစ်ခု ပတ်သက်ပြီး ပါလာတတ်သည် ။ တခါတရံသဘောထားသေးသိမ်ချင်လျှက်နှင့် သဘောထားကြီးပြရတာ သိပ်တော့ မလွယ်ကူ ။ ဒီအတိုင်းလေးနေနေတုန်း ဘာမှ မပြင်ဆင်ရသေးချိန် တတိယလူက ရောက်လာနေခဲ့ပြီ ။ ခင်ပြီးရင် ချစ်လို့ မရတော့ဘူးဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရွတ်နောက်နောက်စကားလေးကို ကျိန်စာတစ်ခုလို အထိတ်တလန့် ကြားနေမိပြန်သည် ။ သူငယ်ချင်းလည်းဖြစ် မိန်းကလေးတစ်ယောက် အထင်ကြီးအောင် ဟန်ကြီးပန်ကြီးလည်း မနေတတ် အထင်ကြီးစရာလည်း ကိုယ့်ကိုယ်ကို လှည့်ပတ်ကြည့်ရင်တောင် ဘာမှ ရှာလို့ မတွေ့နိုင်သောသူ့မှာ မိန်းကလေးအချစ်ဆိုတာ အထင်ကြီးလေးစားမှုပေါ်မှာလည်း တည်သေးတယ်ဆိုတဲ့ အစွဲတစ်ခုကြောင့် ပွဲမစခင်ကတည်းက ရှုံးနှင့်ပြီးသား ဖြစ်နေသည် ။

တကယ်တမ်းတော့ သူနှင့်ခိုင်က ထိရုံကလေး ထိနေပြီး စေးကပ်နှောင်ဖွဲ့မှု ရှိမနေခဲ့ ။ နှောင်ဖွဲ့မထားတတ်ခဲ့ ။ နှောင်ဖွဲ့တယ်ဆိုတာလည်း အတတ်ပညာလေးနည်းနည်းပါးပါးတော့ လိုဦးမှာပဲ ။ မထိုက်တန်သူဟာ လက်ခုပ်တီးရင်း ကျေနပ်နိုင်ဖို့…. ဖတ်ဖူးတဲ့ကဗျာလေးက ခေါင်းထဲ ဝင်လာပြန်သေးသည် ။ ညနေက နုပျိုနေတုန်း ။ ဘူတာရုံလေးထဲမှာ လူတွေ ရှုပ်ထွေးနေသည် ။ ခိုင်တို့ကော အိမ်ပြန်သွားကြပြီလား ။ အံသေနေသော အပ်ကြောင်းထပ် လမ်းကလေးအတိုင်း ပြန်လာခဲ့မိသည် ။ အခုနောက်ပိုင်း ခိုင်ဆီက sms တွေ ဖုန်းတွေ မဝင်တာ ကြာပြီလို့ တွေးနေတုန်း လာမယ့် စနေနေ့ ရှမ်းခေါက်ဆွဲ လုပ်စားမလို့ လာခဲ့ဦး ဆိုသည့် sms လေးဝင်လာသည် ။ ခိုင့်မိတ်ဆွေ အသစ်ကလေးလည်း ရောက်နေနိုင်ပါသည် ။ ကျွန်တော့်နဲ့ခိုင်က ကျောင်းတုန်းတည်းက သူငယ်ချင်းတွေလေ လို့ ပေါ့ပေါ့ပါးပါးလေး ရယ်ရင်း ပြောဖြစ်လိမ့်ဦးမည်ဟု သူ ထင်ပါသည် ။

**လင်းဒီပ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)