*သြော်…ဒီလိုလား*
မိတ်ဆွေနှစ်ဦး လမ်းမှာဆုံရင်း စကားပြောကြလေသည်။
ပထမလူ - ခင်ဗျားကိုတွေ့တုန်းသတိပေးရဦးမယ်။
ဒုတိယလူ - ဘာများလဲ။
ပထမလူ - စေတနာစကားဆိုတာတော့ နားလည်ပေးပါ။
ဒုတိယလူ - ရပါတယ်ဗျာ။ ရင်းနှီးတဲ့မိတ်ဆွေတွေပဲ။
ပထမလူ - ခင်ဗျားအမျိုးသမီးကို လွတ်လပ်ခွင့်ပေးလွန်းတယ်ဗျာ။
ဒုတိယလူ - ဘာဖြစ်လို့လဲ…သူ စိတ်တိုင်းကျဖြစ်အောင်လို့ပါ။
ပထမလူ - ဒါပေမယ့်… သိပ်ပြီး လွတ်လပ်ခွင့်ပေးရင် သူများနောက်ပါသွားမယ်နော်။
ဒုတိယလူ - အဲဒီလိုအဖြစ်မျိုး စောင့်နေတာ သုံးနှစ်ရှိပါပြီ။
ပထမလူ - “ဗျာ”

No comments:
Post a Comment