**အော်စကာဆုပေးပွဲအစီအစဉ်တင်ဆက်သူများစာရင်းတွင် မင်းသားကြီး မိုက်ကယ်ဒေါက်ဂလပ် ပါဝင်လာ**
နှစ်ထပ်ကွမ်း အော်စကာဆုရှင် မင်းသားကြီး မိုက်ကယ်ဒေါက်ဂလပ်သည်လည်း (၈၄) ကြိမ်မြောက်အော်စကာ ဆုပေးပွဲအခမ်းအနားအစီအစဉ်တင်ဆက်သူများစာရင်းတွင် ပါဝင်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ မင်းသားကြီး မိုက်ကယ်ဒေါက်ဂလပ်သည် ၁၉၇၅ ခုနှစ်က One flew over the Cuckoo’s Nest ဇာတ်ကားနှင့် ၁၉၈၇ ခုနှစ်က Wall Street ဇာတ်ကားတို့ဖြင့် အော်စကာဆုများ ရရှိခဲ့သူဖြစ်သည် ယခင်ကြေညာထားသည့် အော်စကာ ဆုပေးပွဲအခမ်းအနား အစီအစဉ်တင်ဆက်သူများစာရင်းတွင် နာမည်ကျော် အနုပညာရှင်များဖြစ်ကြသည့် ဟာလီဘယ်ရီ၊ ရို့စ်ဘရန်နီ၊ ဘရက်ဒ်လီကူးပါ၊ တွမ်ခရုစ်၊ ပန်နူလုပ်ခရုဇ်၊ ကင်မရွန်းဒိုက်ယက်ဇ်၊ တီနာဖိုင်း၊ တွမ်ဟန့်စ်၊ အိမ်ဂျလီနာဂျိုလီ၊ မီလာဂျိုဗိုဗစ်ခ်ျ၊ အယ်လီကမ်ပါ၊ ဂျနီဖာလိုပက်ဇ်၊ မီလီဆာမက္ကာသီ၊ ၀မ်ဒီမတ်လန်ဒ်-ကာဗီ၊ ချားရစ်ရော့ခ်၊ မာယာရူဒူးလ်ဖာ၊ ဘန်စတီလာ၊ အမ္မာစတုန်းနှင့် ခရစ္စတန်ဝစ်ဂ်ျတို့ဖြစ်ကြသည်။ (၈၄)ကြိမ်မြောက် အော်စကာဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့)တွင် အမေရိကန်နိုင်ငံ ကိုဒက်က ဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီူ ABC ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ (အင်တာနက်)

**ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ ဒူးဒဏ်ရာကြောင့် ရက်သတ္တခြောက်ပတ်ခန့် အနားယူရဖွယ်ရှိ**
(လန်ဒန်၊ ဖေဖော်ဝါရီ ၂၄)
တယ်ရီသည် ပြီးခဲ့သည့် လအတွင်းက အက်ဖ်အေဖလားပွဲစဉ်ဖြစ်သည့် ပို့စ်မောက်နှင့် ပွဲစဉ်မှစ၍ ယခုအချိန်အထိ မကြာခဏဆိုသလို အသေးစားဒူးဒဏ်ရာရရှိခဲ့သည်။ သို့သော် ယခုထပ်မံရရှိခဲ့သည့် ၄င်း၏ယာဘက်ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူရဖွယ်ရှိပြီး အနည်းဆုံး ရက်သတ္တခြောက်ပတ်ခန့်အနားယူရဖွယ် ရှိသည်။ ယင်းအတွက်ကြောင့် တယ်ရီသည် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဟော်လန်အသင်းနှင့် ခြေစမ်းပွဲစကစားရမည့်အင်္ဂလန်အသင်းတွင် ပါဝင်နိုင်ဖွယ်မရှိသလို ချယ်လ်ဆီးအသင်း၏ ပွဲစဉ်အတော်များများကို လွဲချော်ရတော့မည်ဖြစ်သည်။ ထို့အပြင် ယင်းကဲ့သို့ ဂျွန်တယ်ရီဒဏ်ရာရရှိသွားခဲ့ခြင်းသည် ချယ်လ်ဆီးအသင်တွင် ဆက်လက်တည်မြဲစေရန် အသင်းအား ယခုနှစ်ဘောလုံးရာသီ ပြီးဆုံးချိန်တွင် ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့် (၄) အတွင်း ၀င်နိုင်အောင် ကြိုးပမ်းနေရသည့် နည်းပြဗေးလတ်စ်ဘို့စ်အတွက် နောက်ထပ် ဖိအားတစ်ခုဟုသာ ဆိုရမည်ဖြစ်သည်။ (အင်တာနက်)
**၀က်စ်ဘရွန်းနောက်ခံလူ ခရစ်ဒေါ်ဆန်သက်တမ်းတိုးစာချုပ်ထပ်မံချုပ်ဆို**
(လန်ဒန်၊ ဖေဖော်ဝါရီ ၂၄)
ဝက်စ်ဘရွန်အသင်း၏ နောက်ခံလူ ခရစ်ဒေါ်ဆန်သည် အသင်းနှင့် သုံးနှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
အင်္ဂလန် ယူ-၂၁ ကစားသမားဒေါ်ဆန်သည် ၂၀၁၀ ခုနှစ် ဘောလုံးရာသီအတွင်းက ၀က်စ်ဘရွန်းအသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ ယခုတစ်ဖန် သုံးနှစ်ခွဲသက်တမ်းရှိ စာချုပ်သစ်ထပ်မံ ချုပ်ဆိုမှုကြောင့် ဒေါ်ဆန်သည် အနည်းဆုံး ၂၀၁၅ ခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်အထိ ၀က်စ်ဘရွန်းအသင်းတွင် ရှိနေမည်ဖြစ်သည်။ ဒေါ်ဆန်သည် အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြောက်ပွဲကစားပြီး လေးဂိုးသွင်းယူပေးနိုင်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး
(Michael_Douglas_and Catherine_Zeta_Jones)

No comments:
Post a Comment