မင်္ဂလာပါခင်ဗျာ။ ။ အခု (၂၀၁၁-၂၀၁၂) ပညာသင်နှစ်အတွက် “ငါတို့လမ်းသစ်ကျောင်း” (Our New Road Learning Centre) ရဲ့ ကျောင်းပိတ်ပွဲနဲ့ မိဘများ၊ ကလေးများပျော်ရွှင်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မယ့်ချရောင်းတိုက်နယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ ဟောဒီငါတို့လမ်းသစ်ကျောင်းဆိုတာက မိမိတို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နဲ့ ဒေသခံ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ့ရဲ့ ၂၀၁၁ ခုနှစ်မှာ အတူတူမက်ခဲ့တဲ့အိပ်မက်တစ်ခုပဲမဟုတ်ပါလား။ ဟောဒီဓာတ်ပုံတွေက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မြောက်ဘက် ၂၈ ကီလိုမီတာ အကွာအဝေးမှာရှိတဲ့ တာ့(ခ်)ခရိုင်၊ မယ်ရမတ်မြို့နယ်၊ မယ့်ကျရောင်းတိုက်နယ်ဆီက ငါတို့လမ်းသစ်ကျောင်းကျောင်းပိတ်ပွဲက အမှတ်တရဓာတ်ပုံတွေပဲဖြစ်ပါတယ်။
**မိဘများကခုန်နေကြပုံ**
**မိဘများနဲ့ကလေးများကခုန်နေကြပုံ**
**မင်္ဂလာပါသီချင်းဖြင့်ကလေးများသီဆိုနေပုံ*
**အတန်းတင်စာမေးပွဲ ဖြေဆိုခဲ့သောကလေးများအားလက်ဆောင်ပစ္စည်းပေးနေစဉ်**
**ကလေးများက ဆရာများ၊ မိဘများ အား ကန်တော့နေစဉ်**
*ငါတို့လမ်းသစ်ကျောင်းဟု ကြွေးကြော်နေကြစဉ်**
**သောင်ရင်းနဂါး**
(ကျောင်းအုပ်ချုပ်သူများ၊ ဆရာများ၊ မိဘများ၊ ကျောင်းသားများ၊ စုပေါင်းအမှတ်တရ)

No comments:
Post a Comment