**၂၀၁၂ ခုနှစ် ဟောလိဝုဒ်၌ အလှပဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ရုပ်ရှင်မင်းသမီးများ**
(လော့အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၄)
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျင်နီဖာလိုပက်စ်သည် အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း လှပဆဲ၊ ဆွဲဆောင်မှုအပြည့်ရှိနေဆဲပင်ဖြစ်သည်။ ဂျေလိုဟု ပရိသတ်များက ချစ်စနိုးခေါ်တက်ကြပြီး ၂၀၁၀ ခုနှစ်က ရိုက်ကူးခဲ့သော
The Back-upPlan ဇတ်ကားတွင် သရုပ်ဆောင်မှုနှင့် ၀တ်စားဆင်ယင်မှု ဒီဇိုင်းများကို ပရိသတ်များနှစ်သက်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင်လည်း Recording ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်နေလျက်ရှိပြီး ကမ္ဘာပေါ်၌ အချမ်းသာဆုံး အမျိုးသမီးသရုပ်ဆောင် ၂၀ တွင် န၀မအကြိမ်မြောက် ငွေကြေးအချမ်းသာဆုံးဖြစ်သည်။ ဒုတိယအမြောက် အလှပဆုံးနှင့်ဆွဲဆောင်မှုအရှိဆုံး ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးမှာ ကမ်ကာဒါရှန်းပင်ဖြစ်သည်။ အသက် ၃၂ နှစ်အရွယ်အရှိပြီး မော်ဒယ်၊ သရုပ်ဆောင်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

အ၀တ်အထည်နှင့် ရေမွှေးထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပြီး တစ်နှစ်လျှင် အနုပညာလုပ်ငန်းများမှ ၀င်ငွေ အမေရိကန်ဒေါ်လာခြောက်သန်းခန့် ရရှိနေသူဖြစ်သည်။ ၂၀၁၁ ခုနှစ်သြဂုတ်လက ဘက်စသကတ်ဘော ကစားသမား ခရစ်ဟမ်ဖရစ်နှင့်လက်ထပ်ပြီး ၇၂ ရက်အကြာ၌ ကွာရှင်းခဲ့သူဖြစ်သည်။ ညှို့ဓာတ်ပါသော မျက်လုံးများနှင့် လှပသောအသားအရေကို ပိုင်ဆိုင်ထားသူရုပ်ရှင်မင်းသမီးလည်းဖြစ်သည်။ (အင်တာနက်)
**ပတ်ဘလီဘိခ်ျ ဂေါက်သီးပြိုင်ပွဲ ဖီးလ်မိုက်ကယ်ဆင် ဖလားဆွတ်ခူး**
(ကယ်လီဖိုးနီးယား၊ ဖေဖော်ဝါရီ ၁၄)
အမေရိကန်နာမည်ကြီးဂေါက်သီးကစားသမား ဖီးလ်မိုက်ကယ်ဆင်ဟာ ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ပတ်ဘလီဘိခ်ျ (Pebble Beach) ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှာ စုစုပေါင်း သတ်မှတ်ရိုက်ချက်ထက် ၁၇ ချက်လျှော့ရိုက်ပြီး ဖလားဆွတ်ခူးသွားခဲ့ပါတယ်။ ဖီးလ်မိုက်ကယ်ဆင်ဟာ ဖေဖော်ဝါရီ ၁၃ ရက်က နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲမှာ ၆၄ ချက်ရိုက်ပြီး ရှစ်ချက်လျှော့ရိုက်နိုင်ခဲ့ပါတယ်။

သူဟာ ပထမမြောက်ကျင်းမှာ eagle တုတ်နဲ့ရိုက်ခဲ့ရာမှာ ဘာဒီသုံးကြိမ် ရခဲ့ပါတယ်။ တောင်ကိုရီးယားဂေါက်သီးကစားသမား ၀ီကတော့ စုစုပေါင်း သတ်မှတ်ရိုက်ချက်ထက် ၁၅ ချက်သာ လျှော့ရိုက်နိုင်ခဲ့ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သူဟာ နောက်ဆုံးနေ့က ပြိုင်ပွဲမျာ ၇၂ ချက်ရိုက်ခဲ့ပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment