ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 3, 2012

ဆုတဆယ့်ငါးပါးရသော တကာမကြီး(ဟာသလေးနော်)

> ဗန်းမော်မြို့သို့ ရောက်လေလျှင် နေပြည်တော်မှ ပညာတတ်ထေရ်အကျော် ဆရာတော်တပါးဖြစ်၍ ကိုးကွယ်သည့်သူ အလွန်များပြားလေသည်။ အခါတပါးတွင် ဒါယကာမကြီးတယောက် ဆွမ်းအုပ်များလာ၍လှူဒါန်းရာ ဆရာတော်က...
"များများကုသိုလ်ရအောင် များများစားရတာပ"
ဟုအမိန့်ရှိပြီး အားပါးတရ ဘုဉ်းပေးတော်မူလေသည်။ ဆရာတော် အားပါးတရ ဘုဉ်းပေးသည်ကို မြင်ရသော ဒါယကာမကြီးမှာ များစွာကျေနပ်၍...
"အရှင်ဘုရား... များများဘုဉ်းပေးတော့ တပည့်တော်မ ၀မ်းသာတာဘဲဘုရား၊ နက်ဖြန် ဆွမ်းအုပ်လာပို့ပါဦးမယ်၊ ဒီထက်များများကြီး ချက်ခဲ့မယ်ဘုရား များများကြီးသုံးဆောင်ပါဘုရား"
"အေး... များများလှူတော့ များများကုသိုလ်ရတာပေါ့"
နောက်တနေ့တွင် ဒါယကာမကြီးပင် ဆွမ်းနှင့် ဆွမ်းဟင်းများကို များများကြီးချက်ခဲ့ရာ ဆရာတော်မှာ ကုန်အောင်ပင် ဘုဉ်းပေးတော်မူသဖြင့် ဗန်းမော်သူ ဒါယကာမကြီးက "တပည့်တော်မ ကုသိုလ်များများ လိုချင်လို့ များများကြီးချက်ခဲ့တာ၊ ဆရာတော် အားပါးတရ ဘုဉ်းပေးတော့ တပည့်တော်မ သိပ်ပြီးဝမ်းသာတာဘဲဘုရား၊ တပည့်တော်မကို ဆုတွေ များများကြီးပေးတော်မူပါဘုရား"
ဆရာတော်မှာ ဒီတခါမှ မျက်လုံးပြူးချေပြီး...
"အင်း... တကာမကြီး ဆွမ်းတွေများများ ဘုန်းပေးထားတော့ ဆုတွေ များများကြီးပေးစေချင်တာလဲ ဟုတ်ပါရဲ့၊ ကျုပ်ကလဲ များများကြီးပေးချင်ပါရဲ့၊ ဒါပေမဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဆွမ်းအကျိုးက ငါးပါးဘဲရှိတော့ ကျုပ်ကပိုပေးချင်လို့ မရဘူး တကာမကြီးရဲ့၊ အဲဒီတော့ ဘုရားဟောခဲ့တဲ့ ဆွမ်းအကျိုး ငါးပါးကို တကာမကြီး ရမှာက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း၊ ဥစ္စာပစ္စည်းများခြင်း စတဲ့ အကျိုးငါးပါးနဲ့ တလုံးတ၀တည်း ပြည့်စုံစေဗျား"
ဗန်းမော်သူဆွမ်းအမကလည်း ဆုငါးပါးကို အားရကျေနပ်စွာပင် ဆွမ်းအုပ် ဆွမ်းအိုးတို့ကို တောင်း၌ထည့်ပြီး ကျောင်းအောက်ထပ်၌ တအောင့်တနား နားနေလေသည်။
မကြာမှပင် အခြားတကာမတဦးသည် ရေအိုးတလုံးရွက်လာပြီး ဆရာတော်အားလာရောက်၍ လှူဒါန်းပြန်သည်။ ဆရာတော်က ရေလှူရသောအကျိုးမှာ ဆယ်ပါးသောအကျိုးကို မတောင်းဘဲနှင့်ရသည်။ ရေသည် အရေးကြီးသော ပစ္စည်းဖြစ်၍ အကျိုးဆယ်ပါးကို မတောင်းဘဲနှင့်ရသည်။
၁၊ စင်ကြည်ခြင်း
၂၊ လျှင်မြန်ခြင်း
၃၊ ကျော်စောခြင်း
၎၊ မွတ်သိပ်ခြင်းမှ ကင်းခြင်း
၅၊ အခြံအရံများခြင်း
၆၊ အသက်ရှည်ခြင်း
၇၊ အဆင်းလှခြင်း
၈၊ ခွန်အားကြီးခြင်း
၉၊ ပညာကြီးခြင်း
၁၀၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း
စသော အကျိုးဆယ်ပါး ရ ရှိ ကြောင်း ဟောကြားတော်မူလိုက်လေသည်။

ဗန်းမော်သူဆွမ်းတကာမသည် ရေလှူသူဆင်း၍အသွား ကျောင်းပေါ် သို့ပြန်တက်လာပြီး ဆရာတော်ရှေ့၌ ဆောင့်ကြီး အောင့်ကြီး ထိုင်၍...
"ဆရာတော်ဘုရား မတရားဘူးဘုရား"
ဗန်းမော်ဆရာတော်မှာ ဘာများဖြစ်လာပါလိမ့်ဟု အံ့သြ၍ နေသည်။
"တပည့်တော်မမှာ ချက်လိုက်ရတဲ့ဆွမ်း၊ ချက်လိုက်ရတဲ့ဆွမ်းဟင်း၊ များများလှူရင် များများရတယ်ဆိုလို့ များများကြီးချက် လာတော့လဲ ဆရာတော်ဘုရားက ဆုငါးပါးထဲပေးတယ်။ တပည့်တော်မ ကျေနပ်ပါတယ်ဘုရား။ ဒါပေမဲ့ မပင်မပန်း ငွေမကုန်ပဲ ကန်ထဲက အလကားရတဲ့ရေခပ်ပြီးလှူတာတော့ အရှင်ဘုရားက ဆုတွေဆယ်ပါးတောင် ပေးလိုက်တယ်၊ ဒါ တရားသလား ဘုရား"
ဆရာတော်မှာ ထိုအခါမှ သဘောပေါက်ကာပြုံးနိုင်ရယ်နိုင်လာတော့သည်။
"တကာမကြီး ရေအကျိုးဆယ်ပါးက မတောင်းဘဲနှင့်ရတာ၊ တကာမကြီး ဆွမ်းချက်တော့ ရေနဲ့မချက်ရဘူးလား"
"ရေနဲ့ချက်မှ ဆွမ်းဖြစ်မှာပေါ့ဘုရား"
"ဆွမ်းဟင်းချက်တော့ ရေမပါဘူးလား"
"ရေပါရတာပေါ့ဘုရား"
"တကာမကြီး ရေနွေးကြမ်းကပ်တော့ကော ရေကိုဘဲ ကြိုချက်ပြီး လှူရတာဘဲ မဟုတ်လား"
"မှန်ပါ့ဘုရား"
"အဲဒီတော့ တကာမကြီး ဆွမ်း၊ ဆွမ်းဟင်းချက်တုန်းက ရေပါခဲ့တာရယ်၊ ရေကို ကြိုချက်ပြီးကပ်တာရယ်၊ အဲဒီ ရေအကျိုးဆယ်ပါးက မတောင်းဘဲနဲ့ ရပြီးသားဘဲ၊ ဆွမ်းအကျိုးငါးပါး ထပ်ပေါင်းလိုက်တော့ တကာမကြီးမှာ အကျိုး တဆယ့်ငါးပါးတောင်ရနေပြီဘဲ"
ဗန်းမော်သူ တကာမမှာ ထိုအခါမှ သဘောကျစွာ ပြုံးရယ်လာပြီး...
"ဒီလိုဆို တော်သေးတာပေါ့ ဘုရား"
ဟုကျေနပ်စွာ ပြောဆိုရင်း ၀တ်ပြု၍ ကျောင်းပေါ်မှ ဆင်းသွားတော့သည်။ နေပြည်တော်တွင် စွာခဲ့သမျှ ဗန်းမော်ကျမှ ဆုဆယ့်ငါးပါးရအောင် ကြံဖန်၍ပေးလိုက်ရသော မိမိ၏အဖြစ်ကို မိမိတွေးမိရင်း တပါးတည်း ပြုံးမိလေသတည်း။

မာမာ

ဗန်းမော်မြို့သို့ ရောက်လေလျှင် နေပြည်တော်မှ ပညာတတ်ထေရ်အကျော် ဆရာတော်တပါးဖြစ်၍ ကိုးကွယ်သည့်သူ အလွန်များပြားလေသည်။ အခါတပါးတွင် ဒါယကာမကြီးတယောက် ဆွမ်းအုပ်များလာ၍လှူဒါန်းရာ ဆရာတော်က...

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)