ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, February 16, 2012

ပြတင်းပေါက်

>
တစ်ခါကဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေးတစ်ခုထဲမှာလူနှစ်ယောက်ရှိကြတယ်။ နှစ်ယောက်လုံးပင်
ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးကကျဉ်းပြီးအပြင်လောကကိုကြည့်စရာ ပြတင်းပေါက်တစ်ခု
သာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်ကနေ့လယ်ပိုင်းတွင်သူ့အဆုပ်ထဲကအရည်တွေ ပိုက်နှင့်စုပ်ထုတ်ရတာ
ကိုအကြောင်းပြု့ပြီး တစ်နာရီခန့်ထိုင်ခွင့်ရသည်။ သူ့ခုတင်ကပြတင်းပေါက်အနီးတွင်ရှိနေသည်။ တစ်ဖက်ခုတင်ရှိ
လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာစန့်စန့်ကြီးလှဲနေရသည်နေ့လယ်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ
လူနာက ခုတင်မှာခေါင်းအုံးတွေဘာတွေ ဆင့်ကာကျောမှီထိုင်ခွင့်ရတဲ့အချိန် အပြင်ဘက်ဆီက သူလှမ်းမြင်ရသည့်
အရာတွေကိုအနီးရှိလူအားပြောပြလေ့ရှိသည်။

ပြတင်းပေါက်ကလှမ်းကြည့်လျှင်အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု ဆိုသည်။ အဲသည်အထဲမှာ
ဘဲတွေငန်းတွေရေကူးနေသည်။ ကလေးများကသူတို့ကိုပေါင်မုန့်တွေပစ်ကျွေးကြသည်။
ကလေးအချို့ကလှေကလေးတွေမျှောနေကြသည်။

ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်းတွဲပြီးလမ်းလျှောက်နေကြသည်။ ပန်းတွေကဝေေ၀ဆာဆာ
ပွင့်နေသည်။ မြက်ခင်းစိမ်းစိမ်းကအပြန့်ကျယ်လှသည်။ အဲသည်မှာဘောလုံးပျော့(soft ball) ကစားနေကြ
သူတွေလည်းမြင်ရသည်။ ဟိုးအဝေးဆီကသစ်ပင်တွေထိပ်ဖျားမှထိုးထွက်နေသည့်တိုက်တာအိမ်ရာများ။
ထိုနောက်ပြာလဲ့သောမိုးကောင်းကင်။
ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူခရေစေ့တွင်းကျပြောပြသမျှကို နားစွင့်ကာကိုယ်
တိုင်ကြည့်ရလောက်အောင် အရသာတွေ့လျှက်ရှိသည်။ ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို
ဖြစ်သွားတာ၊နွေရာသီဝတ်စုံသစ်တွေနှင့်မိန်းကလေးတွေအရမ်းလှပနေကြတာစသဖြင့် အပြင်လောကမှာ
ဖြစ်ပျက်နေပုံအလုံးစုံကို သူ့အာရုံထဲ အသေးစိတ်မြင်ခွင့်ရနေသည်။

သည်လိုနေရင်းသာယာသောနေ့လယ်ခင်းတစ်ခုမှာသူ့ခေါင်းထဲအတွေးတစ်ခုဝင်လာသည်။
တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီးအပြင် လောကရှုခင်းအစုံကို စိတ်တိုင်းကျကြည့်ခွင့်ရနေသည်။
မိမိကိုတော့ဘာကြောင့် အဲသည်နားထားမပေးသလဲဟူသော အတွေးဖြစ်သည်။

သည်လို သေးသေးသိမ်သိမ်တွေးမိခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။ သို့သော်သည်အတွေး
ကို ဖျောက်နေသည့်ကြားကပင် နေရာချင်းလဲချင်စိတ်က ပြင်းပြသထက်ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ်လဲရမှ
ဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။

တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ သူနာပြု
ဆရာမကိုအေ၇းပေါ်ခေါ်သည့် အချက်ပေးခလုတ်ကိုနှပ်ရန် လက်ကစမ်းတ၀ါးဝါးလိုက်ရှာသည်။ သို့သော်သူမလှုပ်ရှား။
တစ်ဖက်လူ အသက်ရှူသံရပ်သွားသည်အထိ ငြိမ်ပြီးစောင့်ကြည့်နေသည်။

နောက်နေ့မနက်မှာ သူနာပြုဆရာမကတစ်ဖက်လူ သေဆုံးနေကြောင်း တွေ့ရှိကာ အလောင်းကိုတစ်ဆိတ်စွာပင်
သယ်ယူသွားသည်။

ထို့နောက်ကျန်ရစ်သူကသူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ပြောင်းပေးနိုင်မလားမေးသည်။ သို့နှင့်
ပြောင်းပေးကြသည် သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင်နေရာချပေးသည်။ သပ်သပ်ရပ်ရပ်ပြင်ဆင်ထား
သိုပေးသည်။ သူနာပြုတွေထွက်သွားသည်နှင့် တစ်ပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစားထ
သည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်းပေါက်မှ အပြင်သို့လှမ်းကြည့်
သည်။ အပြင်မှ နံရံတံတိုင်းတစ်ခုသာသူ မြင်ရလေသည်။

( မူရင်း။ ။ အမည်မသိစာရေးသူ၏ The Window )
ဆရာဖေမြင့်၏ နှလုံးသားအာဟာရ မှ မဖတ်ရသေးသောသူငယ်ချင်းများအတွက်
နှင်းအကြိုက်ဆုံးတစ်ပုဒ်ကိုတင်လိုက်တာပါ။

**Naing Min**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)