ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, February 23, 2012

လူထုကျန်းမာရေး (အားဆေး၏ ကောင်းကျိုး ဆိုးကျိုး)

>
**Public Health**

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗီတာမင် အစုံပါတဲ့ အားဆေးတွေဟာ နေစဉ်နဲ့ အမျှ အသစ်တွေ ထွက်ပေါ်နေ ကြသလို သူ ထက်ငါ ကောင်းကြောင်း ပြောဆို ကြေငြာနေကြတာ အားလုံးလည်း အသိဖြစ်ပါတယ်။ နေ့စဉ် ရုပ်မြင်သံကြား ၊ ဂျာနယ် ၊လမ်းဘေး ဆေးဆိုင်တွေမှာ အများဆုံး တွေ့ ရတာ လည်း ဒီအားဆေး ကြော်ငြာတွေပါပဲ။ ဒီအားဆေးတွေရဲ့ ကောင်းကျိုး ၊ ဆိုးကျိုး တွေကို ကျွန်တော်တို့ ဆိုဒ်မှ မန်ဘာတွေ လေ့လာနိုင်ရန် မြန်မာနိုင်ငံမှ ဆရာဝန်တစ်ဦး၏ ပြောဆို ချက်များကို ပြန်လည်၍ တင်ပြပေးလိုက်ပါသည်။

**အားဆေး ဆိုတိုင်း ကောင်းသလား**
ယနေ့ခေတ်မှာ လူအတော်များများဟာ အလုပ်တွေ လုပ်ပြီးလို့ ပင်ပန်းသွားရင် အနားယူဖို့နဲ့ အတူ တွေးတတ် ကြတာက အားဆေးသောက်ပြီး နားဖို့ပါပဲ။ ကာယနဲ့ အလုပ်လုပ်သူဖြစ်ဖြစ်၊ ဥာဏနဲ့ အလုပ်လုပ်သူ ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လာရင်
အားဆေးတစ်ခုခု သောက်ပြီး နားဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အနားမရနိုင်သေးဘူး ဆိုရင်လည်း အားဆေးလေးသောက်ပြီး ပင်ပန်းတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားကြပါတယ်။ အားဆေးဆိုတာလည်း ဆရာဝန်ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဝါး (Over-the-counter Drugs) တွေ ဖြစ်ပြီး …. ယနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ရနိုင်နေလို့ပဲ ဖြစ်ပါတယ်။
နီးစပ်ရာ လက်လီလက်ကား ဆေးဆိုင်ကြီးအချို့ကို မေးကြည့်တော့ အားဆေးတွေရဲ့ ရောင်းအားဟာ …. အထူးကောင်းနေပြီး ကျသွားတယ်လို့ မရှိကာ နှစ်စဉ် ရောင်းအား တက်လျက် ရှိပါတယ်တဲ့။ ပြည်ပကနေ အားဆေးတင်သွင်းနှုန်းလည်း တစ်နှစ်ထက် တစ်နှစ် တိုးလာနေတယ်လို့ ၄င်းတို့က ခန့်မှန်း ပြောဆိုပါတယ်။ ဒါကြောင့် သေချာပေါက် ပြောနိုင်တာက ယနေ့ခေတ်မှာ အလုပ်ပင်ပန်းမှု ရှိသူတိုင်းလိုလို အားဆေး မကြာခဏ သောက်သုံးမှု ရှိနေကြပါပြီ။
အကြောအရမ်းတက်တတ်တဲ့ အသိမိတ်ဆွေအချို့က …. ၄င်းတို့ဟာ Vitamin B1, B6, B12 တို့ ပါဝင်တဲ့ အားဆေးတွေ နေ့စဉ်သောက်မှ နေလို့ရ အလုပ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်ရလွန်းတဲ့ အလုပ်လုပ်သူတွေ၊ လုပ်ငန်းခွင်မှာ ပင်ပန်းသူတွေကလည်း …. မကြာခဏဆိုသလို စိတ်ဖိစီးမှု သက်သာစေတယ်ဆိုတဲ့ အားဆေးတွေ သောက်သုံးနေကျမြဲ ဖြစ်ပါတယ်တဲ့။ အချို့သူတွေကတော့ ပြောပါတယ်။ သူတို့ဟာ ပုံမှန်လုပ်နေကျ မဟုတ်တဲ့ အရမ်းပင်ပန်းတဲ့ အလုပ်မျိုး တစ်နေကုန်လုပ်လိုက်ရတဲ့ အခါမျိုးမှာ …. အားဆေးနဲ့ အားပြန်ဖြည့်တတ်တယ်လို့ ပြောကြသလို ကာမဆက်ဆံမှု လုပ်ပြီးသွားတိုင်း အားဆေး ပြန်သောက်ဖြစ်ကြတဲ့ အမျိုးသားတွေလည်း များပါတယ်။
စာကျက်ကောင်းအောင် ဆိုပြီး စာမေးပွဲနီးရင် ကျောင်းသားလူငယ် အချို့ကလည်း အားဆေးကို အားကိုးတတ်ပါတယ်။ ဒီလို အနေအထားအထိ ပြည်သူတွေကြားမှာ ရေပန်းစားလာတဲ့ အားဆေးတွေနဲ့ ပတ်သက်လို့ … ကျန်းမာရေး အသိနဲ့ သတိ ကောင်းကောင်းရှိတဲ့ လူများက နီးစပ်ရာ ဆရာဝန်များကို မေးခွန်းတွေ မေးလာကြပါတယ်။ မေးခွန်းတွေက အစုံပါပဲ။ အားဆေးတွေရဲ့ အာနိသင်ကရော တကယ် လန်းဆန်းအားပြည့်ကာ နေလို့ကောင်း စေတာလား။ ဒါတွေဟာ တကယ်ကို တော်တည့်မှန်ကန်တဲ့ လုပ်ရပ်များ ဖြစ်ပါရဲ့လား။ အားဆေးတွေရဲ့ ရေတို/ရေရှည် အကျိုးသက်ရောက်မှုတွေက ဘယ်လိုဖြစ်မလဲ။ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုရှိမလဲ။ ဘယ်လို အခြေအနေ အချိန်အခါမှာ အားဆေးသောက်သင့်လဲ/ မသောက်သင့်ဘူးလဲ……….. စသဖြင့် ပေါ့လေ။
လောကမှာ ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးပြစ် (Pros & Cons) က ဒွန်တွဲ တည်ရှိမြဲ ဖြစ်တယ်ဆိုတာ ပြတိုက်ရဲ့ စာဖတ်ပရိသတ်များ သိရှိကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သုံးစွဲမယ့် အရာတစ်ခုကို ကောင်းကျိုးတွေပဲ ရရှိပြီး ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် သုံးစွဲနိုင်ရေးက … ဆေးပညာအပါအ၀င် ယနေ့ခေတ် လူသားအကျိုးပြု နည်းပညာအားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အားဆေး ခေါ် ဗိုက်တာမင်အစုံနှင့် သတ္တုဓာတ် ဖြည့်စွက်ဆေး (Multivitamins & Minerals Supplements) များအကြောင်း.. အထက်ပါ အချက်များနဲ့တကွ စုစည်းတင်ပြအပ်ပါတယ်။*

**အားဆေးဆိုတာ ဘာလဲ***
မြန်မာလို အားဆေးလို့ သုံးစွဲပြီး သောက်သုံးနေကြတဲ့ ဆေးများဟာ ခန္ဓာကိုယ်က မရှိမဖြစ် လိုအပ်တဲ့ ဗိုက်တာမင် (Vitamins) ခေါ် .. သက်စောင့်ဓာတ်များ နဲ့ သတ္တုဓာတ်များ (Minerals) ပါဝင်တဲ့ ဖြည့်စွက်အာဟာရများသာ ဖြစ်ပါတယ်။ ဒီဆေးတွေ သောက်ခြင်းဟာ ကောင်းမွန်တဲ့ အာဟာရ တစ်ခု မှီဝဲလိုက်သလို ပါပဲ။ ဒါပေမဲ့ အားဆေးလို့ ဝေါဟာရပြုထားတဲ့ အတွက် …. လူအများစုက ခွန်အားတိုးပွားစေတဲ့ဆေး၊ ကုန်သွားတဲ့ အားတွေ ပြန်ဖြည့်တဲ့ဆေးလို့ အမှတ်မှား နေကြတာလည်း ရှိပါတယ်။ တကယ်တမ်းတော့ အားဆေးများဟာ အာဟာရမျိုးစုံ ပါဝင်တဲ့ အစားအသောက်များ သဘောသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အားဆေးဆိုတဲ့ အသုံးက ဘာသာစကားနဲ့ ချီပြီးတော့ကို တွင်ကျယ်နေပြီ ဖြစ်လို့ … “ဗိုက်တာမင်နဲ့ သတ္တုဓာတ် ဖြည့်ဆေး” လို့ မှန်ကန်စွာ ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲဖို့ မလွယ်လှတော့ဘူး ထင်ပါတယ်။

ဒါဆို ဒါတွေ သောက်ရင် အားအင်နဲ့ ကျန်းမာရေးအပေါ်ကော အကျိုးမရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ စနစ်တကျ နားလည်စွာ သောက်သုံးနိုင်ရင် ကောင်းကျိုးတွေ တကယ်ကို ရှိပါတယ်။ သိသင့်တဲ့ ဘယ်လိုလူတွေဟာ ၊ ဒါမှမဟုတ် ဘယ်အခြေအနေမှာ အားဆေးတွေ သောက်သင့်လဲဆိုတာ သိရှိပြီး သောက်နိုင်ရင် ကောင်းကျိုးတွေ ပိုများလာမှာ ဖြစ်ပြီး …. အားဆေးတွေနဲ့ မသင့်တော်တဲ့ အခိုက်အတန့်တွေမှာ ရှောင်ကြဉ်မယ်၊ အားဆေးတွေ လွန်ကဲမှုရဲ့ ဆိုးကျိုးလက္ခဏာတွေ သိရှိပြီး ပေါ်နေရင် ရှောင်ကြဉ်မယ် စသဖြင့် .. သေချာ သိပြီး သောက်သုံးရင် အထူးအကျိုးရှိမယ်လို့ ပြောလိုပါတယ်။*
ဗိုက်တာမင်များ (Vitamins)*
ဗိုက်တာမင်ဆိုတာ Vitamin ဆိုတဲ့ အင်္ဂလိပ်စကားကို တိုက်ရိုက် မွေးစားထားတာ ဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ် ဘာသာအတိုင်း ခွဲခြားကြည့်ရင် Vita (ဗိုက်တာ) နဲ့ Amine (အေမင်း) လို့ နှစ်ပိုင်းတွေ့ရပါတယ်။ Vita ဆိုတာ လက်တင်ဘာသာစကားနဲ့ အသက်လို့ အဓိပ္ပာယ်ရပြီး Amine ကတော့ အေမင်းအုပ်စု အမျိုးအစား ဓာတုဒြပ်ပေါင်းများကို ဆိုလိုပါတယ်။
ပညာရှင်များက အစားအစာတွေမှာ ကနဦး စတင်တွေ့ရှိခဲ့တဲ့ Thiamine (သိုင်ယာမင်း) ခေါ် ဗိုက်တာမင် B1 ကို အစွဲပြုပြီး ပေးခဲ့တဲ့ နာမည် ဖြစ်ပြီး.. “အသက်စောင့်ဓာတ် အေမင်းအမျိုးအစား ဒြပ်ပေါင်းများ” လို့ ဆိုလိုပါတယ်။ နောက်ပိုင်းမှာ Vitamins တွေဟာ အေမင်း အမျိုးအစားတွေသာ မကတော့ဘဲ …. အခြား ဓာတုဒြပ်ပေါင်း အမျိုးအစားစုံ ဖြစ်နေတယ်ဆိုတာ တွေ့ရှိလာရပေမယ့် ဒီအသုံးကပဲ ဆက်တွင်သွားတာ ဖြစ်ပါတယ်။*
အားဆေးများ၏ ကောင်းကျိုးများ*
ဗိုက်တာမင်များဟာ သက်ရှိများရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ ပုံမှန် ဇီဝရုပ် ဖြစ်ပျက်မှုများ စည်းချက် မှန်နေစေရန်၊ ရောဂါများမှ ကာကွယ်ရန် မရှိမဖြစ်လိုအပ်လှပါတယ်။ ဒါတွေကို အသားငါး၊ အသီးအနှံ စတဲ့ အစားအသောက် မျိုးစုံ မျှတအောင် ပုံမှန် စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ် ထဲမှာ ဗိုက်တာမင်တွေ ထုတ်လုပ်နိုင်ခြင်း မရှိလို့ အစာအာဟာရများကိုပဲ မှီခိုကြရပါတယ်။ အကြောင်းတစ်ခုခုကြောင့် အာဟာရထဲကနေ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ရရှိမှုဟာ လိုအပ်တာထက် လျော့နည်းမယ်ဆိုရင် …. ဗိုက်တာမင်ချို့တဲ့ခြင်း ရောဂါလက္ခဏာများ ခံစားရမှာ ဖြစ်ပါတယ်။ ဗိုက်တာမင် တစ်ခုချင်းစီအလိုက် ချို့တဲ့ခြင်း ရောဂါလက္ခဏာတွေ သီးသန့် ရှိပါတယ်။ ဥပမာ ဗိုက်တာမင်အေ (Vitamin A) ဟာ အသီးအနှံများမှာ အများဆုံး ပါဝင်တာ ဖြစ်လို့ အသီးအနှံ မစားတဲ့ သူတွေဟာ …. ကြာဆူးခေါ် အရေပြားပေါ်က မွေးညင်းပေါက်များ ကြမ်းတမ်းခြင်း (Hyperfollicular Keratosis) ခံစားရလေ့ရှိပြီး အရမ်းဆိုးရင် အမြင်အာရုံ ထိခိုက်ကာ .. ညမှောင်ရင် အမြင်အာရုံ မကောင်းတော့တဲ့ ကြက်မျက်သင့်ရောဂါ (Night Blindness) ခံစားရတတ် သလိုမျိုးပေါ့။ ဗိုက်တာမင် ချို့တဲ့မှုတွေ များလာရင် ကိုယ်ခံအား မကောင်းတော့ဘဲ သူများထက် ဖျားလွယ် နာလွယ် ဖြစ်တတ်ပါတယ်။

ဒါကြောင့် အသား၊ငါး၊ အသီးအနှံများကို မျှတစွာ မစားသူတွေနဲ့ အလုပ်များလွန်းလို့ စားဖို့ အဆင်မပြေတဲ့ သူတွေဟာ … အားဆေးများ မကြာခဏ သောက်ပေးသင့်ပါတယ်လို့ အာဟာရ ပညာရှင်များက ထောက်ခံ အဆိုပြုကြပါတယ်။ အောက်မှာ ဗိုက်တာမင်တွေနဲ့ ၄င်းတို့ချို့တဲ့ရင် ဖြစ်လာနိုင်တဲ့ ရောဂါတွေ၊ ၄င်းဗိုက်တာမင် အကြွယ်ဝဆုံးတဲ့ အစားအစာတွေကို အတိုချုပ် ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။
*Vitamin A (Retinol):*
အမြင်အာရုံ ထိခိုက်ခြင်း၊ အရေပြား ခြောက်သွေ့ခြင်း၊ ကြာဆူးထွက်ခြင်း၊ ၀က်ခြံများခြင်း၊ ကြက်မျက်သင့်ခြင်း။ အသီးအရွက်များ၊ ဥများ၊ နို့၊ ထောပတ် နှင့် အသည်း။*
Vitamin B1 (Thiamine):*
ခြေလက်များ ထုံကျင်ခြင်း၊ ထိမှန်းမသိသလို ဖြစ်ခြင်း၊ ကြွက်သားများ ပိန်လှီကာ ဘယ်ရီဘယ်ရီရောဂါ (Beri Beri) ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ခြင်း (ကလေးငယ်များတွင် အဖြစ်အများဆုံး အကြောင်းရင်းက နို့တိုက်မိခင် အစားရှောင်၍ လည်းကောင်း၊
အာဟာရ ချို့တဲ့၍ လည်းကောင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများတွင် အရက် အလွန်အကျွံ သောက်ခြင်းကြောင့် လည်းကောင်း ဖြစ်ကြသည်)၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း။ ကစီဓာတ်ပါသော ဂျုံ၊ ဆန် စသည့် နှံစားသီးနှံများ (Vitamin B1 သည် ဆန်များ၏ အပေါ်ယံ မျက်နှာပြင်၌ အများဆုံးပါရာ …. ကြိမ်ဖန်များစွာ ပွတ်တိုက်ဆေးခြင်းသည် ထမင်းဖြစ်သောအခါ ၄င်းဗိုက်တာမင် လျော့နည်းစေကြောင်း တွေ့ရှိရသည်။ ထမင်းရည်ကို ငှဲ့ချက်ပါက ဆုံးရှုံးမှုလည်း ဖြစ်ပေါ်စေသည်။ ရှေးခေတ်က ထမင်းရည် သောက်သုံးသော အလေ့အထသည် Vitamin B1 ချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်း တွေ့ရသည်) အခွံမာသီး အဆန်များ၊ အသားများ၊ အသည်း၊ ပဲပင်ပေါက်။*
Vitamin B2 (Riboflavin):*
နှုတ်ခမ်းကွဲခြင်း၊ ပါးစပ်တွင်း အနာများ ခဏခဏ ဖြစ်ခြင်း၊ ကျီးပါးစပ်နာ ဖြစ်ခြင်း၊ ခန္ဓာကိုယ်အတွက် အရေးပါသော ဟော်မုန်းအချို့ ထုတ်လုပ်နိုင်မှု ကျဆင်းခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း။ အသည်း၊ အသီးအရွက်များ၊ နို့၊ ဒိန်ခဲ၊ ဥများ၊ ပေါင်မုန့်။*
Vitamin B3 (Niacin):*
ဝမ်းလျှောခြင်း၊ အားပျော့နုံးခွေခြင်း၊ ပါးစပ်ထဲတွင် အနာပေါက်ခြင်း၊ လျှာတွင် ပူလောင်သော ဝေဒနာ ခံစားရခြင်း၊ အကြောင်းရင်းမဲ့ ကိုယ်အလေးချိန် ကျလာခြင်း၊ အရေပြား ကြမ်းတမ်းခြင်း၊ အယ်လ်ဗိုင်းမားရောဂါ ကဲ့သို့ သက်ကြိးသတိမေ့ ရောဂါများ ဖြစ်တတ်ခြင်း။ အသီးအရွက်များ၊ အသားများ၊ ငါးများ၊ နှံစားသီးနှံများ။*
Vitamin B6 :*
အော်ဂလီဆန်လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မှု မပြုနိုင်ခြင်း၊ မူးဝေ ငိုက်မျဉ်းခြင်း၊ အာရုံကြောအားနည်းခြင်း။ အသီးအရွက်များ၊ အသည်း၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ အသားများ၊ ငါးများ။*
Vitamin B12 :*
တစ်ကိုယ်လုံး အကြောအားနည်း အကြောသေခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ မောဟိုက်ခြင်း၊ သွေးအားနည်းခြင်း။ အသားများ၊ ငါးများ နှင့် နို့။*
Vitamin C (Ascorbic Acid) :*
သွေးထွက် သွေးခြည်ဥ လွယ်ခြင်း၊ သွားဖုံးသွေးယိုခြင်း (သူ့အလိုလို ယိုခြင်း၊ မပြောပလောက်သော ထိခိုက်မှုလေးနှင့်ပင် ယိုခြင်း)၊ မကြာခဏ ဖျားနာတုပ်ကွေးမိခြင်း၊ အရေပြား အနာပေါက်လွယ်ခြင်း၊ အနာကျက် နှေးခြင်း။ လိမ္မော်သီး၊ သံပုရာသီးကဲ့သို့ ချဉ်သော အနွယ်ဝင် အသီးများ၊ သင်္ဘောသီးနှင့် ၏ သစ်သီးများ။
*Vitamin D :*
ငယ်ရွယ်စဉ် ချို့တဲ့လျှင် ပုံမှန်ထက် အရပ်ပုတတ်ခြင်း၊ ခြေလက် ခွင်ခြင်း၊ ခါးရိုးပုံပျက်ခြင်း၊ နံရိုးတွင် အဖုလုံးလေးများ ဖြစ်ပေါ်ခြင်း၊ သွားများ မကောင်းခြင်း၊ အသက်အရွယ် ရလာချိန်၌ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ရန် အခွင့်အလမ်းများခြင်း။ နံနက်ခင်းနှင့် ညနေခင်း နေရောင်ခြည် ခံယူခြင်း၊ နို့၊ ငါးကြီးဆီ၊ ဥအနှစ်။*
Vitamin E (Tocopherol) :*
ခြေလက်များ အာရုံကြောအားနည်းရောဂါ၊ သွေးအားနည်း ရောဂါကို အားပေးခြင်း၊ လိင်မှုစွမ်းရည် ကျဆင်းတတ်ခြင်း၊ အသားအရေ စိုပြေမှု အားနည်းခြင်း၊ ရှိရင်းစွဲ အသက်ထက် အရွယ်ကျခြင်း။ နေကြာစေ့၊ အခွံမာသီး အဆန်များ၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ ပေါင်မုန့်၊ ကွေကာအုပ်။*
Vitamin B9 (Folic Acid) :*
B1 နှင့် B3 ချို့တဲ့သော လက္ခဏာများနှင့် တူညီခြင်း၊ သွေးအားနည်းခြင်း။ (ကိုယ်ဝန်ဆောင်များသည် ပုံမှန်လူများထက် နေ့စဉ် ပိုလိုအပ်သည်) အသီးအရွက်များ၊ အခွံမာသီး အဆန်များ၊ ဂျုံ၊ အသည်း။*
Vitamin K :*
သွေးတိတ်ရန် ကြာခြင်း။ အသီးအရွက်များတွင် ပေါများစွာ ပါဝင်သည်။*
Vitamin B5 (Pantothenic Acid):*
ဗိုက်တာမင်ချို့တဲ့ခြင်းရဲ့ ရောဂါတွေ မဖြစ်ရအောင် ညီညွတ်မျှတတဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို ထိန်းညှိနိုင်မှု အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်သလို ခံစားရခြင်း၊ ဆံပင်သား ထိခိုက်ပျက်စီးတတ်ခြင်း၊ ခြေဖ၀ါးတွင် အရည်ကြည်ဖုလေးများ ဖြစ်တတ်ခြင်း။ အသီးအရွက်များ၊ အာလူး၊ အသည်း၊ ဥများ။ အစားအသောက်ပုံစံ (အသီးအနှံ၊ အသားများ၊ ငါးများ၊ ကစီဓာတ် အစားအသောက်များ မျှတသည်ကို ဆိုလိုသည်) နေ့စဉ် မစားနိုင်သူတွေဟာ အားဆေးတွေ မကြာခဏ သောက်ပေးသင့်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အားဆေး အများစုမှာ ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့်၊ မဂ္ဂနီစီယမ်၊ ဆယ်လီနီယမ်၊ မန်ဂနိ စတဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်သတ္တုများလည်း ပါဝင်လို့.. အရိုးပွရောဂါ၊ သွေးအားနည်းရောဂါ စတဲ့ ရောဂါတွေကနေ ကာကွယ်ရာ ရပြီး … ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များကို ပုံမှန်ကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမဲ့ သဘာဝ အစားအသောက်များနဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်များကို ဖြည့်တင့်ခြင်းကသာ သင့်အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး .. အားဆေးတွေကို အရန်အာဟာရအဖြစ်သာ သဘောထားသင့်ကြောင်းတော့ သတိပေးပါရစေ။
သို့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ယနေ့ခေတ်မှာ ဘယ်သူမှ အစားသောက်ကို နေ့စဉ် သမမျှတနေအောင် ဂရုစိုက်နိုင်ဖို့ မလွယ်သလို … စုံအောင် စားဖို့လည်း အခက်အခဲတွေ ရှိလို့ မလွန်ကဲသော အားဆေးမှီဝဲခြင်းကို ဆရာဝန်များက အားပေးကြကြောင်း၊* **တစ်လထက်တော့ ကျော်လွန်၍ ဆက်တိုက် မသောက်သင့်ဘဲ* အကြမ်းဖျဉ်းအားဖြင့် … သုံးပတ် သောက်ပြီး တစ်ပတ်နားသော ပုံစံဖြင့် သောက်လျှင် သင့်တော်ကြောင်း.. ဆရာဝန်ကြီးများက လမ်းညွှန်ပြောဆိုကြပါတယ်။*

*အားဆေးကို မဖြစ်မနေ မကြာခဏ သောက်သုံးပေးသင့်သူတွေကတော့ … အသက် ၁၂ နှစ်အောက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အစားအသောက် ရွေးသူများ၊ အားကစားသမားများ၊ နာလန်ထစ လူမမာများ၊ ဆေးလိပ်၊ အရက် စွဲနေသူများ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ၊ ဒဏ်ရာ ကြီးမားစွာ ရထားသူများ၊ ရောဂါတစ်ခုခု စွဲကပ်နေသူများ( ဥပမာ ဆီးချို၊ နှလုံးသွေးကြောကျဉ်း စသည်) နဲ့ နို့တိုက်မိခင်နဲ့ ကိုယ်ဝန်ဆောင်များပဲ ဖြစ်ပါတယ်။
သောက်မယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်များနဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့။ ကျန်သူများကတော့ အဆင်ပြေသလို ဆန္ဒရှိသလို သောက်ရင်ရပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာ မကြာခဏတွေ့ရတတ်တဲ့ ဗိုက်တာမင် ချို့တဲ့ခြင်းတွေက B1 ချို့တဲ့လွန်းခြင်း ခေါ် ဘယ်ရီဘယ်ရီရောဂါ၊ B12 နဲ့ သံဓာတ် ချို့တဲ့၍ သွေးအားနည်းခြင်း၊ ကယ်လ်စီယမ် နှင့် Vitamin D ချို့တဲ့ခြင်းကြောင့် ကလေးငယ်များတွင် အရိုးခွင်ခြင်း၊ အသက်ကြီးသူများတွင် အရိုးပါးခြင်း၊ B2 နဲ့ B3 ချို့တဲ့၍ ပါးစပ်အနာနှင့် ကျီးကန်းပါးစပ်နာ ခဏခဏ ဖြစ်ခြင်း၊ Vitamin A ချို့တဲ့၍ ကြာဆူးထွက်ခြင်း၊ ၀က်ခြံများခြင်း စသဖြင့်တွေ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း အားဆေးသောက်ရင် ဒီရောဂါတွေ ကုသ ကာကွယ်နိုင်ခြင်းဆိုတဲ့ ကောင်းကျိုးကို ရပါမယ်။
ဒီနေရာမှာ အရေးကြီးလို့ ကြားဖြတ်ပြောရရင် B1 ချို့တဲ့ ရောဂါ ဘယ်ရီဘယ်ရီလို့ ပြောရင် သိသူ နည်းပါတယ်။ သူငယ်နာကျဗဟုံးလို့ ပြောရင် သိသူများကြပါတယ်။ သူငယ်နာလို့လဲ အတိုခေါ်ကြပါတယ်။ အစားရှောင်တဲ့ မိခင်တွေရဲ့ နို့စို့ကလေးငယ်တွေမှာ သေချာပေါက်တွေ့ရပါတယ်။ B1 ဟာ စားတဲ့ အာဟာရတွေကနေ စွမ်းအင်အဖြစ် ရယူသုံးစွဲနိုင်ဖို့မှာ မဖြစ်မနေ လိုအပ်တာမို့ B1 ချို့တဲ့ရင် ကလေးငယ်ဟာ မကြာခင်မှာ အသက်ဆုံးရှုံးနိုင်ပါတယ်။ ကလေးက ငိုရင်းငိုရင်း အသံ အားလျော့လာခြင်း၊ ဆီးမသွားတော့ခြင်း၊ ဖောယောင်လာခြင်း စတာတွေဟာ အထူးသတိထားရမယ့် အချက်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဖောလာတာကို နို့ဖြတ်ချိန်မှာ ၀လာတယ် ဆိုပြီး အမှုမဲ့ အမှတ်မဲ့ နေတတ်ကြပါတယ်။ ရှေ့က မွေးသမျှ ကလေးတွေလည်း သူငယ်နာနဲ့ သေဆုံးကုန်ကြတယ် ဆိုတာမျိုး တွေ့ရပါတယ်။ အကြောင်းရင်းက မိခင်က အစားရှောင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ငွေကြေးတတ်နိုင်သူတွေက နို့တိုက်မိခင်ဆို ငါးကျည်းကြပ်တိုက်ကို ဈေးကြီးပေး ၀ယ်ကျွေးကြပါတယ်။ ငါးကျည်းကြပ်တိုက်ဟာ အစာလမ်းကြောင်းကနေ B1 စုပ်ယူမှုကို တားဆီးလို့ …. ငါးကျည်းကြပ်တိုက်ပဲ စားပြီး ဘာမှမစားတဲ့ မိခင်တွေနဲ့ သူတို့ ကလေးတွေမှာ B1 ချို့တဲ့မှု သေချာပေါက် တွေ့ရလေ့ ရှိပါတယ်။

ဒါကြောင့် အချုပ်ပြောရရင် အထက်ပါ ဗိုက်တာမင်ချို့တဲ့ခြင်းတွေကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ကာကွယ်နိုင်ခြင်း အကျိုးကို … ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း နည်းစနစ်တကျ ရွေးချယ် သောက်သုံးသူတွေ ရရှိနိုင်ပါတယ်။
ဒါ့အပြင် Vitamin A, C, E နဲ့ ဆယ်လီနီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့် စတဲ့ အာဟာရများဟာ … ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ အိုမင်းခြင်းကို ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Oxidants) များကို ကာကွယ်တားဆီးပေးပြီး … အရွယ်တင် နုပျိုစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များပဲဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနဲ့ Vitamin D ဟာ ဆဲလ်တွေရဲ့ သက်တမ်းကို ရှည်စေပြီး ကင်ဆာရောဂါများ အပါအ၀င် … ရောဂါမျိုးစုံကို အထူးထိရောက်စွာ ကာကွယ်နိုင်တဲ့ အာနိသင်ရှိကြောင်း ယနေ့ခေတ်မှာ ကျယ်ပြန့်စွာ လေ့လာတွေ့ရှိလာကြပြီ ဖြစ်ပါတယ်။
ခန္ဓာကိုယ်က တချို့အခြေအနေတွေမှာ ဗိုက်တာမင်အချို့ကို ပုံမှန်ထက် ပိုမို လိုအပ်ပါတယ်။ အအေးမိ၊ နှာစေး ဖြစ်ချိန်မှာ Vitamin C ၊ တီဘီရောဂါကု ဆေးတွေ စွဲသောက်နေချိန်မှာ B6၊ သွေးအားနည်းနေသူမှာ … Iron ခေါ် သံဓာတ် B12 နဲ့ Vitamin C ၊ မြီးကောင်ပေါက်နဲ့ ကလေးငယ်တွေ ကြီးထွားချိန်မှာ သံဓာတ်၊ Calcium ခေါ် ထုံးဓာတ်နဲ့ Vitamin D ၊ ဆေးလိပ်သောက်သူတွေမှာ ဓာတ်တိုးဆန့်ကျင် ဗိုက်တာမင်များ၊ အရက်စွဲနေသူတွေမှာ B1 အပါအ၀င် B အုပ်စုဝင် အားလုံး၊ စိတ်ဖိစီးမှုများသူတွေမှာ Vitamin C နဲ့ B အုပ်စုဝင်များ စသဖြင့်ပေါ့လေ။
*အားဆေးများ၏ ဆိုးကျိုးများ*
ကောင်းကျိုးများလှတဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ဖြစ်ပေမယ့် တန်ဆေး လွန်ဘေးဆိုသလို လွန်ကဲစွာ သောက်သုံးမိရင် ပြဿနာ ရှိပါတယ်။ Vitamin C နဲ့ B အုပ်စုဝင်များဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗိုက်တာမင်များဖြစ်လို့ ပိုလျှံသွားရင် ခန္ဓာကိုယ်က ဆီး၊၀မ်းကနေ အလွယ်တကူ စွန့်ထုတ်နိုင်ပေမယ့်.. A, D, E, K ဆိုတဲ့ ဗိုက်တာမင်များကတော့ အဆီမှာ ပျော်ဝင်တဲ့ အမျိုးအစားများဖြစ်လို့ အားဆေးတွေ ရေရှည် အလွန်အကျွံ သောက်သုံးတဲ့အခါမှာ …. ခန္ဓာကိုယ်က မစွန့်ထုတ်နိုင်ဘဲ စုမိနေစေလို့ ဗိုက်တာမင်လွန်ကဲခြင်းရောဂါ (Hypervitaminosis) လက္ခဏာများ ခံစားရစေတတ်ပါတယ်။ တော်ရုံတန်ရုံ သောက်သုံးရုံနဲ့တော့ မဖြစ်နိုင်ပေမယ့် ပုံမှန် နေကောင်း အာဟာရ မျှတတဲ့ သူတစ်ယောက်ဟာ … အားဆေးတွေ နေ့စဉ်ဆက်တိုက်သောက်သုံးမှု တစ်လကျော်မယ်ဆိုရင် ဖြစ်ဖို့ နီးစပ်နိုင်တယ်လို့ အာဟာရပညာရှင်များက ဆိုပါတယ်။*

အောက်မှာ ဗိုက်တာမင်များနဲ့ ၄င်းတို့ လွန်ကဲရင် ခံစားရတတ်တဲ့ ဝေဒနာတွေကို
ယှဉ်တွဲဖော်ပြပေးလိုက် ပါတယ်။*
Vitamin A :
နားအူခြင်း (ခေါင်းလောင်းမြည်သံ ကဲ့သို့ ခံစားရခြင်း)၊ အမြင်ေ၀၀ါးခြင်း၊ ဆံပင်အကျွတ်များခြင်း၊ အမျိုးသမီးများ ရာသီ မမှန်ခြင်း၊ စိတ်ဆတ်လာခြင်း၊ စိတ်မပါလက်မပါ
ဖြစ်နေတတ်ခြင်း၊ အသားမ၀ါဘဲ မျက်လုံးတစ်ခုတည်း ၀ါခြင်း။
Vitamin B3 :
သွေးတွင်း သကြားဓာတ် မြင့်တက်စေ၍ ဆီးချို ဖြစ်စေရန် အားပေးခြင်း၊ အိပ်ငိုက်ခြင်း၊
ဂေါက်ရောဂါကို အားပေးခြင်း၊ ဗိုက်အောင့်တတ်ခြင်း၊ သတိလစ်တတ်ခြင်း။
Vitamin B6 :
ခြေလက်များ ထုံကျင်ခြင်း၊ အချို့အကြောင်းအရာများ မေ့တတ်ခြင်း။
Vitamin D :
အကြားအာရုံ ချို့ယွင်းခြင်း၊ ခံတွင်းပျက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးတွင်း ကိုလက်စထရော တက်လာခြင်း။
Vitamin E :
ကြွက်သားများ အားနည်းခြင်း၊ သွေးပေါင်တက်ခြင်း၊ အနာကျက်နှေးခြင်း၊ ရင်သားများ အထိမခံနိုင်အောင် နာခြင်း။
ဗိုက်တာမင် အစုံ သောက်တာထက် ဗိုက်တာမင် တစ်မျိုးတည်း (ဥပမာ B အုပ်စု တစ်ခုတည်း၊ အချို့အမျိုးသမီးတွေက Vitamin E တစ်မျိုးတည်း) သောက်တာက ပိုအန္တရာယ်များတယ်လို့ ပညာရှင်များက ဆိုပါတယ်။ ဒါ့အပြင် တုပ်ကွေး၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း (ဥပမာ အဆုတ်အအေးမိ နမိုးနီးယား စသဖြင့်) ကူးစက်ရောဂါ တစ်ခုခု ကိုယ်တွင်း ရှိသူတွေဟာ.. သံဓာတ်အားဖြည့်ဆေးများ ရောဂါဖြစ်နေစဉ် အခိုက်အတန့်မှာ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ဘူးလို့ ကျန်းမာရေး ပညာရှင်များက ဆိုပါတယ်။ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ဟာ တချို့ဘက်တီးရီးယားတွေရဲ့ နေထိုင်ပေါက်ပွားခြင်းကို အားပေးတယ်လို့ တွေ့ရှိထားရလို့ပါ။ ဆရာဝန်က လိုအပ်လို့ ချိန်ဆ ညွှန်ကြားရင်တော့ သောက်နိုင်ပါတယ် ဆိုတာ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

တင်ဆက်သူ။ ။အောင်အောင် (aungaung.aung24@gmail.com)

**မောင်ချမ်းငယ်ဆယ့်ခွန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)