**စေတနာနဲ့ပါ**
ရှေးဟောင်းပြတိုက်အတွင်းကြည့်ရှုလေ့လာပြီး ထွက်လာသောမူလတန်းအရွယ် ကလေးငယ်တစ်ဦးကို တခါးပေါက်၌ လုံခြုံရေးဝန်ထမ်းက မေးမြန်းလေသည်။
လုံခြုံရေး ။ ။ ကလေးလက်ထဲကပစ္စည်းကို ပြပါ။
ကလေးငယ် ။ ။ ဟုတ်ကဲ့။
လုံခြုံရေး` ။ ။ ဟာ…ကျောက်တုံးအပိုင်းအစတစ်ခုပဲ။
ကလေးငယ် ။ ။ ဟုတ်တယ်လေ။
လုံခြုံရေး ။ ။ ဒီကျောက်တုံပေါ်မှာ စာရေးပြီးကပ်ထားတာ မတွေ့ဘူးလား၊ လွန်ခဲ့တဲ့နှစ် ၃၀၀၀ ခန့်က ကျောက်တုံးအပိုင်းအစဆိုတာ…။
ကလေးငယ်` ။ ။ စာရေးထားတာတွေ့ပါတယ်။
လုံခြုံရေး ။ ။ ဒါဆိုရင်…ဘာဖြစ်လို့ယူလာရတာလဲ။
ကလေးငယ် ။ ။ လွန်ခဲ့တဲ့နှစ် ၃၀၀၀ ကဆိုတော့ အရမ်းဟောင်းနေပြီးလေ…လွှင့်ပစ်ပြီး ကျောက်ခဲအသစ်တစ်လုံးနဲ့ လဲပေးမလိုပါ။
လုံခြုံရေး ။ ။ “ဟောဗျာ”
အာကာဟိန်း - ရေးသားသည်။

No comments:
Post a Comment