ဒီမိုကရေစီ ၊ ဆိုရှယ်လစ် ၊ ကွန်မြူနစ်၊ ဒီမိုကရက်တစ်၊ စတဲ့ နိုင်ငံရေး အခေါ်အဝေါ်များကို ကြားဖူးသော်လည်း ကျွန်တော်ထဲထဲဝင်ဝင် နားမလည်ပါ။ မည်သည့်စနစ်က မည်သည့်လူတန်းစားကို အကျိုးပြုစေသလဲဆိုတာ ကိုလည်း မသိပါ။
ကျွန်တော်သိထားတာကတော့ လူတန်းစားသုံးမျိုးရှိပါသည်။ ယင်းတို့မှာ အာဏာနှင့် လုပ်ပိုင်ခွင့်တို့ ကိုချုပ်ကိုင် ထားသော အုပ်ချုပ်သူလူတန်းစား။ ငွေ ကြေးချမ်းသာကြွယ်ဝသော ဓနရှင် လုပ်ငန်းရှင် လူချမ်းသာလူတန်းစားနှင့် သာမန် လက်လုပ်လက်စား တောင်သူလယ်သမား ဝန်ထမ်း စသော အခြေခံ လူတန်းစားတို့ပင်ဖြစ်ပါသည်။
နိုင်ငံရေးသမားများ ကျင့်သုံးသော စနစ်တစ်ခုသည် လူတန်းစားတစ်ရပ်ရပ် ကို လွန်ကျူးစွာ အကျိုးသက်ေ၇ာက်အောင် ပံ့ပိုးမှုကြီးစွာ သက်ရောက်နေပါက ထိုစနစ်ကို မကြိုက်ပါ။ လူတန်းစားအားလုံး သည် လောကကြီးတွင် သူ့နေရာနှင့်သူ အသုံးဝင်ကြသည်သာဖြစ်သည်။ အာဏာရှင်စနစ် နှင့် အရင်းရှင်စနစ် တို့ကိုတော့ အထူးပြောစရာမလိုပါ။ လူနည်းစုက လူအများစုကို အနိုင်ကျင့် ဗိုလ်လုပ် ဂုတ်သွေးစုတ် သောစနစ်ဖြစ်ရု် ထိုစနစ်မကောင်းကြောင်းကို ကားအားလုံးသိပြီးဖြစ်သည်။ သို့ရာတွင် ဆင်းရဲသားလူထုကို ဦးစားပေးလွန်းသော စနစ်သည်လည်း ကောင်းကျိုးမပေးကြောင်းကိုကား သတိထားသင့်ရု် ပြောလိုပ်ါသည်။
ကျွန်တော်ပြောဆိုလိုသည့် အဓိပ္ပါယ်ကို ပိုမိုပေါ်လွင်လာစေအောင် ဖြစ်ရပ်မှန်တစ်ခုကို ဥပမာပေးရု် ပြောကြားလိုပါသည်။ ကျွန်တော်သည် စက်ရုံတစ်ရုံတွင် တာဝန်ခံတစ်ဦးဖြစ်ပါသည်။ တစ်ခါတွင်စက်ရုံဋ္ဌ် အဆောက်အဦးတိုးချဲ့ရန် လိုအပ်ရု် တာဝန်ပေးရာ ကျွန်တော်က လိုအပ်သော နေ့စားအလုပ်သမားများကို ခေါ်ယူရန် လက်အောက်ဝန်ထမ်းတစ်ဦးအား ထပ်ဆင့်တာဝန်ပေးလိုက်သည်။
ဝရိန်သမား သံခြည်သံကွေးသမား လက်သမား ပန်းရံ အကူလူကြမ်း စသဖြင့် လူဦးရေကန့်သက် ပေးလိုက်ကာ သူ့ကို ရပ်ကွက်အတွင်းမှခေါ်လာရန် မှာလိုက်သည်။
ထိုဝန်ထမ်း၏ အိမ်ဘေးတွင်နေသော မိသားစုမှာ ဆင်းရဲသည်။ ဖခင်လုပ်သူမှာ အသက် ၅၀ ခန့်ရှိပြီဖြစ်သော်လည်း ကြံ့ခိုင်မှုတော့ရှိသည်။ သို့သော် ထိုဦးလေးကြီးကို အသက်ကြီးရု်ဟုဆိုကာ အလုပ်သမားခေါင်းဆောင်များက လူအများကြီးလိုသောအချိန်မျိုးတွင်သာ ခေါ်ယူအသုံးပြုတတ်ရု် သာမန်အချိန်မျိုးတွင် မခေါ်တတ်ပါ။ ထို့ကြောင့် ထိုဦးလေးကြီးသည် အလုပ်ရှိတလှည့် မရှိတလှည့် အမြဲဖြစ်နေတတ်သည်။ ထို့ကြောင့် ကျွန်တော်တာဝန်ပေးထားသော ဝန်ထမ်းက အလုပ်သမားများခေါ်နေမှန်း သိသောအခါ သူ့ကိုခေါ်ရန် သူလိုက်လုပ်ချင်ကြောင်းအကူအညီတောင်းလေသည်။
ကျွန်တော့ဝန်ထမ်းမှာ အားနာရု် ၄င်း ။ သနားရု် ၄င်း ထိုဦးလေးကြီးကို အလုပ်ကြမ်းသမားအဖြစ်ခေါ်ခဲ့ပါသည်။ အလုပ်ကြမ်းဆိုသော်လည်း ပြင်းပြင်းထန်ထန် မလုပ်ရပါ။ အဆောက်အဦးမှာလည်း တိုးချဲ့အဆောင်ဖြစ်ရု် ကြီးကြီးမားမားမဟုတ်ပါ။ တစ်နေ့ ထမင်းစားနားသည့် အချိန်တွင် ထိုဦးကြီးသည် သူ့တာဝန်မဟုတ်သော သံခြည်သံကွေးသမားများသုံးသည့် လက်ကိုင် ဂလိုက်ဒါ (ကျောက်ပြားဝိုင်းတပ်ဆင်ထားသော မော်တာပါစက်သေး) ဖြင့် သံချောင်းကိုဖြတ်လေသည်။ မလုပ်တတ် မကိုင်တတ်ခြင်း။ အသက်ကြီးခြင်း။ စက်၏တုန်ခါအားကို မထိမ်းတတ်ခြင်း။ သဘောတရားနားမလည်ခြင်းတို့ကြောင့် မတော်တဆဖြစ်ကာ လက်ချောင်းလေးများကို ခိုက်မိလေတော့သည်။
လက်ချောင်းကလေးများ ဖြစ်သော လက်သန်း လက်သူကြွယ်နှင့် လက်ခလယ် သုံးချောင်းလုံး အပေါ်ဆုံးတစ်ဆစ်နေရာမှာ ပြတ်လုခမန်းဖြစ်သွားသည်။ စက်ရုံမှ ကားဖြင့်ချက်ချင်း ပြင်ပဆေးခန်းပို့ရု် ကုပေးသည်။ လိုအပ်သည့်ဆေးဝါးကုသမှုများ ပြုလုပ်ပြီးသော်လည်း ကိစ္စက ကျွန်တော့်ခေါင်းပေါ် ရောက်လာသည်။
ကျွန်တော်သည် သူဌေးကို အမှန်အတိုင်းအစီရင်ခံလို့မဖြစ်ပါ။ လုပ်ငန်းတာဝန်နှင့် မသတ်ဆိုင်ပဲ မိမိသဘောနှင့် အကျွမ်းမဝင်သောစက်ကိုကိုင်ခြင်း။ တာဝန်ထမ်းဆောင်နေသည့်အချိန်မဟုတ်ပဲ နားနေချိန်တွင်ဖြစ်ခြင်း။အလုပ်အတွက်မဟုတ်ပဲ ကိုယ်ရေးကိုယ်တာ အသုံးပြုရန် သံတိုသံစကို ဖြတ်တောက်ခြင်း။ စသည့်ပြစ်ချက်များသည် လုပ်ငန်းခွင်မတော်တဆ ဖြစ်ခြင်းဟူသော ခေါင်းစဉ်အောက်သို့ ထည့်သွင်းရန် များစွာခက်ခဲပါသည်။ သို့သော် မုသားမပါ လင်္ကာမချောဟူသော သဘောကိုပိုက်ကာ ကျွန်တော်သည် ထိုဦးလေးကြီးအား အလုပ်ရှင်သူဌေးမှ သနားစေရန် ဖုန်းသင့်တာဖုန်း ဖာသင့်တာဖာ လုပ်ရု် ဆေးကုသပေးရန်နှင့် ဆေးဝါးကုသနေစဉ် လုပ်အားခ အပြည့်အဝ ရစေရန်ပြောပေးလိုက်သည်။
သူဌေးကလည်းသဘောကောင်းရု် ဘာမှထွေထွေထူးထူး မမေးတော့ပဲ ဒဏ်ရာအရှင်းပျောက်သည်အထိ စက်ရုံမှ လိုက်ကုပေးရန်နှင့် မိသားစု သုံးစွဲရန် ငွေနှစ်သိန်းခွဲ ပေးလိုက်သည်။ ထိုဦးလေးကြီး၏ တစ်နေ့လုပ်အားခမှာ ၂၅၀၀ ကျပ်ဖြစ်သဖြင့် ရက်တစ်ရာစာပေးခြင်းဖြစ်သည်။ သုံးလစာရသဖြင့် ကျွန်တော့်မှာ ဝမ်းသာနေသည်။
သို့သော်-----
ရပ်ကွက်အတွင်းမှ နိုင်ငံရေးပါတီတစ်ခုက--
လူတစ်ယောက်ရဲ့ လက်ချောင်းကို ငွေနှစ်သိန်းခွဲနဲ့ တန်ဘိုးဖြတ်ရပါ့မလား ---အဲဒီငွေမယူနဲ့ -- အနည်းဆုံး သိန်း ၂၀ လျော်ကြေးပေးရမယ်။ မပေးရင် အဲဒီစက်ရုံကို ပိတ်သွားအောင် သူတို့လုပ်မယ်--ဒေါသတွေ မာနတွေ ခြိမ်းခြောက်မှုတွေ အာဏာပြချင်လွန်းအားကြီးမှုတွေ-------------
စေတနာတွေ သဲထဲရေသွန်ဖြစ်သွားရသည်။ သိန်းနှစ်ဆယ်ရစေရမယ် ဆိုတော့ နှစ်သိန်းခွဲကို လက်ဖျားနဲ့တောင် မတို့ယုံမက ကျွန်တော့ကိုပင် ရန်သူသဖွယ်ဆက်ဆံလာသည်။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းတာဝန်ထမ်းဆောင်ရင်း မတော်တဆဖြစ်တာမျိုးဆိုလျှင် မပြောလိုပါ။ ခုဟာက အလုပ်ရှင်ကဲ မတရားနှိပ်စက်လို့ လက်ချောင်းပြတ်ရတာမဟုတ် ကိုယ့်ဖာသာ မဆိုင်တာတွေ လျှောက်လုပ်ရင်း ခိုက်မိတာဖြစ်သည်။ ဥပဒေ အတိုင်းသွားလျှင်တောင် ဒီလောက်လျှော်ကြေးရမည်မဟုတ်။ စေတနာကို ဝေဒနာဖြစ်အောင်လုပ်ခြင်း။
ကျွန်တော်လည်း စိတ်ဆိုးပြီး ပစ်ထားလိုက်သည်။ အစွမ်းအစ အာဏာတွေ ပါဝါတွေ သိပ်ရှိတယ် ဆိုရင်လည်း လုပ်ကြပေါ့ကွာ ဟုသာလျစ်လျှူရှုလိုက်တော့သည်။ လေကြီးမိုးကြီးသမားတွေ အစွမ်းထက်သလား မထက်သလားတော့မသိပါ ရက်များမကြာမီမှာပင် နှစ်သိန်းခွဲသာ ယူပါတော့မည်ဟု မျက်နှာငယ်လေးနှင့် ရောက်လာသောအခါတွင် ကျွန်တော့မှာ ဟင်းကနဲ သက်ပျင်းသာ ချလိုက်ရ ပါတော့သည်။ မြန်မြန်ပြီးအောင် လက်စသတ်ကူညီလိုက်သည်။
အလားတူကိစ္စများ မကြာခဏကြုံတွေ့ဖူးကြပေလိမ္မည်။ ဆင်းရဲသူ အားနည်းသူများကို ယိုင်းပင်း ကူညီပေးခြင်းသည် မွန်မြတ်သောစိတ်ထားဖြစ်ခြင်းကို မည်သူမှ မငြင်းနိုင်ပါ။ ကျွန်တော်လည်း လက်ခံပါသည်။ သို့သော် အမှား အမှန် နှင့် စည်းကမ်း ဘောင် ကလနားတော့ရှိသင့်ပါသည်။ ထိုသို့မဟုတ်ပဲ မှားတာ မှန်တာအပထား ဆင်းရဲသူဘက်ကသာ အမြဲတန်း တစ်ဖက်သက်လိုက်လျှင် လူတန်းစားပါတီဆန်သွားမည်။ ကျွန်တော်တို့ လူထုပတ်ဝန်းကျင်က ထိုစိတ်ထားများသည် ဟုခံစားမိသည်။ ဆိုက်ကားဆရာ ဘယ်လောက်မှားမှား ကားနဲ့တိုက်မိလို့ကတော့ ကားဆရာ ခံပေရော့။ နိုင်ငံခြားတွင် မျဉ်းကျားပေါ်မှ လူတစ်ယောက်ဖြတ်နေလျှင်ပင် ကားအစီးတစ်ရာက ရပ်ပေးသည်ဟုကြားဖူးသည်။ မျဉ်းကျားမဟုတ်သောနေရာမှ လူတစ်ရာဖြတ်လျှင်လည်း ကားတစ်စီးက တိုက်ပစ်လိုက်မည်သာဖြစ်သည် ရပ်ပေးမည်မဟုတ်ဟု လည်းဆိုကြသည်။ စည်းကမ်းက အဓိက ဟုဆိုလိုခြင်းပင်။
ထိုသို့ အသိဥာဏ်နည်းပါသော လူတန်းစားပါတီများ အာဏာရရှိသွားပါက မတွေးဝံ့စရာပင်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတတ်စေရန် လူတန်းစားအားလုံးအရေးကြီးပါသည်။
လွန်ခဲ့သောအတိတ် သမိုင်းထဲတွင် ဦးနေဝင်းသည် ဆင်းရဲသား သာမန်လူတန်းစားတို့ ဘက်မှဟု ကြွေးကြော်ကာ အလုပ်ရှင် စီးပွားရေး သမားများကို ရန်သူလိုသဘောထားပြီး လုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းခဲ့လေသည်။ ထိုမှားယွင်းမှုက တိုင်းပြည်ကို ယနေ့ထက်တိုင် ဆင်းရဲတွင်းမှ ရုံးမထွက်စေနိုင်ခဲ့ပါ။ ၈၈ မတိုင်မီက လူတန်းစားညှိသည် ဟုကြွေးကြော်ကာ ချမ်းသာသော ဈေးများ ရပ်ကွက်များကို ဆင်းရဲသား အကြမ်းဖက်အဖွဲ့များက မီးရှို့တတ်သည်ဟုလည်း ကြားဖူးသည်။
အနာဂတ်မြန်မာ နိုင်ငံ ချမ်းသာသောလမ်းပေါ်သို့ ရောက်ရန် လူတန်းစား တစ်ခုခုအပေါ် အလွန်အမင်း အကျိုးသက်ရောက်စေသော မူဝါဒများ မရှိပဲ အားလုံးကို ကာကွယ်ပေးစေသော တရားမျှတသော လူတန်းစားမရွေး လူ့အခွင့်အရေးတို့ကို ကာကွယ်ပေးနိုင်သော မှုဝါဒကို သာကြိုဆိုချင်ပါကြောင်း။
ကျေးဇူးတင်ပါသည်။
**ကိုစိုးနိုင်**

No comments:
Post a Comment