ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, February 14, 2012

လူထုကျန်းမာရေး(Valentine's Dayနေ့မှာချစ်ခြင်းမေတ္တာပိုမိုခိုင်မြဲလာစေရန်)

>

**Public Health**

Valentine's Dayနေ့ဟာ ဒီနေ့ခေတ်မှာ ပိုပြီးရေပန်းစားလာပါတယ်။ တကယ်တော့ ဒီနေ့ဟာ ချစ်သူရည်းစားရှိတဲ့ သူတွေနဲ့ချည်းသာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ နှလုံးသားရှိသူ လူသားတိုင်းနဲ့ သက်ဆိုင်တဲ့နေ့ ဖြစ်ပြီး ချစ်သူရည်းစား မရှိသေးသူတွေကလည်း ကိုယ်တိတ်တခိုး ချစ်နေရသူတွေကို ချစ်ခွင့်ပန်ကြောင်း စာနဲ့ လက်ဆောင်တွေ ပို့နိုင်သလို ချစ်သူမရှိလည်း ကိုယ်ချစ်တဲ့ မိဘ၊ မောင်နှမသူငယ်ချင်းတွေကို ချစ်ကြောင်းပြောနိုင်ကာ လက်ဆောင်ပေးနိုင် တာပဲမဟုတ်လား။ ဒါဆိုရင် ဒီလိုနေ့လေးဟာ ပျော်ရွှင်ကြည်နူးစရာ ကောင်းပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ကြည်နူးစရာ နေ့လေးတစ်နေ့ ဖြစ်နေမှာပါ။
(၁) ပျော်ရွှင်ဖွယ်ရာ ကောင်းသော အပြုအမူများ လုပ်ဆောင်ပါ
သင်တို့တွေကြားမှာရှိတဲ့ ငြင်းခုံမှု တွေ၊ ရန်ငြိုးရန်စတွေ၊ မနာလိုမှုတွေနဲ့ နာကျင်စရာ အတိတ်ဟောင်းတွေကို သင် ပုန်းချေပစ်ပြီး နွေးထွေးရင်ခုန်ဖွယ်ရာ ကောင်းတဲ့ ဟာသစကားလုံးတွေ၊ စနောက် မှုတွေနဲ့ပဲ ဒီနေ့ကို စတင်သင့်ပါတယ်။ တကယ်လို့ သင်တို့က ဇနီးမောင်နှံဖြစ်နေခဲ့ရင် အိမ်တွင်းအလုပ်တွေကို အတူတူ ဝေမျှလုပ်ကိုင်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

(၂) တစ်ဦးအပေါ်တစ်ဦး လေးစားပါ
ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီး၊ ကိုယ့်ချစ်သူကို လေးစားနေဖို့ ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ သင့်ဇနီး၊ သင့်ချစ်သူရဲ့ အလုပ်တွေကို ဝင်လုပ်ပေးကြည့်ရင် သူရဲ့ လေးစားလောက်တဲ့ အရည်အချင်းကို သင်အသိအမှတ် ပြုလာမှာပါ။ ဟင်းလျာချက်ပြုတ် တတ်ခြင်း၊ ငွေကိုစနစ်တကျစီမံ ခန့်ခွဲ သုံးစွဲတတ်ခြင်း၊ ကလေးရဲ့ ဝေယျာဝစ္စတွေကို အစီအစဉ်တကျဆောင်ရွက်ပေးတတ်ခြင်း၊ အိမ်ကို သန့်ရှင်း လှပအောင် အလှဆင် တတ်ခြင်းစတဲ့ သင့်စိတ်ကူးထဲတောင် မ ရှိဖူးတဲ့ အလုပ်တွေကို တွေးကြည့်ရုံနဲ့ လေးစားတတ်မယ်ဆိုရင် လေးစားစရာပါ။

၃) ထိတွေ့ပါ
သင့်အနေနဲ့ သင်ချစ်တဲ့သူကို လက် ဆောင်ပေးရင်း လက်ကို ဆုပ်ကိုင်တာလို ထိတွေ့မှုဟာလည်း တစ်ယောက်နဲ့ တစ် ယောက်ကြားမှာ ခိုင်မြဲတဲ့ ချစ်စိတ်ကိုဖြစ် ပေါ်စေပါတယ်။ လက်ဆောင်ပေးတဲ့ အခါ ဈေးကြီးကြီးဖြစ်မှ ကြည်နူးစရာ ကောင်းတာမဟုတ်ပါဘူး။ မထင်မှတ် ထားတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ လက်ဆောင်မျိုးကို ပေးလိုက်ရင်လည်း အံ့အားသင့် ပျော်ရွှင်သွားနိုင်ပါတယ်။

(၄) ခွင့်လွှတ်သင့်တာ ခွင့်လွှတ်လိုက်ပါ
သင့်တို့ကြားမှာ မပြေလည်တဲ့ အဖု အထုံးတွေ ရှိနေခဲ့ရင် ဒီနေ့မှာ ပြေလည်အောင် ညှိယူပြီး ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ရင်း မေ့ပျောက်လိုက်ပါ။ ဒီလို ကြည်နူးပျော်ရွှင်နေရမယ့်ရက်မျိုးမှာ အမုန်းတွေ၊ အာဃာတတွေ၊ ခါးသီးမှုတွေနဲ့ နေနေရမယ်ဆိုရင် မတန်ပါဘူး။
၅) ညစာ အတူစားပါ
တစ်နေ့လုံး ဘယ်လောက်ပဲ အလုပ်များများ ညစာလောက်တော့ အတူစား သင့်ပါတယ်။ ဒီနေရာမှာ သတိထားသင့် တာက အရက်ကို မသောက်တာကောင်း ပါတယ်။ အရက်မူးနေရင် စကားကောင်း ပြောလို့ရမှာ မဟုတ်တဲ့အတွက် သာယာတဲ့ ညချမ်းလေး အလှပျက်သွားနိုင်လို့ပါ။ သင်ကော သင့်ချစ်သူပါ နှစ်ခြိုက်တဲ့ သီချင်းအေးအေးလေးဖွင့်ထားတာမျိုး၊ သင်ကသီဆိုပြတာမျိုးနဲ့လည်း Valentine's Day ကို ပြီးပြည့်စုံသွားအောင် လုပ် ဆောင်နိုင်တာပဲ မဟုတ်လား။

**ချစ်စိတ်တိုးစေနိုင်သည့် အာဟာရများ**
ဖရဲသီး
လိုင်ကိုပင်းဓာတ်ပါဝင်တဲ့ ဖရဲသီးဟာ ခန္ဓာကိုယ်မှာ Sildenafil အာနိ သင်မျိုး ရရှိစေနိုင်ကြောင်း သိရပါတယ်။ ဖရဲသီးစားပေးတဲ့အခါ သွေးကြောတွေကို တည်ငြိမ်အေးချမ်းစေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

သံလွင်ဆီ
သံလွင်ဆီသံလွင်သီးနဲ့ သံလွင်ဆီမှာ မကောင်း တဲ့ ဓာတ်တိုးပစ္စည်းတွေကို ချေဖျက်ပေး မယ့် အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်နေပါတယ်။

စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ ပမာဏများစွာပါဝင်တဲ့အတွက် ဇနီး မောင်နှံနှစ်ဦးစလုံး အတူစားသင့်တဲ့ အာဟာရပါ။
ရေနွေးကြမ်း
ညစာစားပြီးချိန်မှာ ကော်ဖီအစား ချင်း (ဂျင်း)၊ လေးညင်းနဲ့ သစ်ကြံပိုး ခေါက် အနည်းငယ်စီ ရောထည့်ထားတဲ့ ရေနွေးကြမ်းတစ်ခွက်ကို သောက်ပေးပါ။

သလဲသီး
သလဲသီးမှာ အင်တီအောက်ဆီးဒင့် ပေါကြွယ်ဝစွာ ပါဝင်တဲ့အတွက် သရေစာအနေနဲ့ စားပေးနိုင်ပါတယ်။

အသားလွှာ
အသားလွှာဟာ စိတ်ကြည်နူး နှစ်သိမ့်မှု ရရှိစေနိုင်တဲ့ အစာဖြစ်တာကြောင့် သင်နဲ့ သင့်ချစ်သူ အတူတကွ စားသုံးပေး သင့်ပါတယ်။

Ref:Good Health

** From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)