ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 1, 2012

လူထုကျန်းမာရေး (လည်ပင်ကြီးရောဂါဆိုတာ )

>
**Public Health**

“မေမေရေ.. .ဟိုအန် တီကြီး လည် ပင်းက ဖုလုံးကြီး ထွက်နေတယ်။ အကြီး ကြီးပဲနော်။ ကြောက် စရာကြီး” ဈေး ထဲမှာ ကလေး တစ်ယောက် အော်ပြော လိုက်တဲ့ အသံကြောင့် လှမ်းကြည့် လိုက်တော့ ကလေးပြောတဲ့အတိုင်း တောင်ပေါ်သူတစ်ယောက်မှာ လည် ပင်းကြီးရောဂါ Goitre ဖြစ်နေတာကို တွေ့ရပါတယ်။ ဥတုရာသီတောကို မှီ၏ဆိုတဲ့အတိုင်း ရာသီဥတုတွေ ဖောက်ပြန်ရခြင်းဟာ သစ်တောတွေ ပျက်စီးဆုံးရှုံးရခြင်းကြောင့် အဓိက ဖြစ်ပါတယ်။ သစ်ပင်တွေ ခုတ်ဖြတ် လှဲတော့ သစ်တောတွေ ပြုန်းတီးရတဲ့ အပြင် မြေဆီလွှာရှိ သဘာဝဓာတ် ဆားတွေဟာလည်း ရေတိုက်စားမှု ကြောင့် ဆုံးရှုံးရပြန်ပါတယ်။ အဲဒီလို ဆုံးရှုံး သွားတဲ့ သဘာဝဓာတ်ဆားတွေ အနက် အိုင်အိုဒင်းဓာတ်ချို့တဲ့မှုဟာ လည်ပင်းကြီးရောဂါဖြစ်စေတဲ့ အဓိက လက်သည် တရားခံပါပဲ။

**လည်ပင်းဘာကြောင့် ကြီးရတာလဲ**

ဖြစ်နိုင်တဲ့အကြောင်းအရာတွေ က အများကြီးပါပဲ။ ဒါပေမယ့် ဖြစ်နိုင် ခြေများကတော့... (၁) အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ (၂) သိုင်းရွိုက်အကျိတ်ကင်ဆာဖြစ်လို့ သို့မဟုတ် အခြားကင်ဆာရောဂါ တစ် မျိုးမျိုးကို ဓာတ်ကင်ရင်း သိုင်းရွိုက် လည်ပင်းအကျိတ်ကို ဓာတ်ရောင်ခြည် ထိမိပြီး လည်ပင်းကြီးတတ်ပါတယ်။ (၃) သိုင်းရွိုက်အကျိတ်ရောင်ရမ်းမှု ကြောင့် (၄) မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုများလို့ (၅) အချို့သောဆေးဝါးများ၏ ဘေး ထွက်ဆိုးကျိုးကြောင့် (၆) သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု ချို့တဲ့နည်းပါးလို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အတွေ့များတာ ကတော့ အိုင်အိုဒင်းဓာတ်ချို့တဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်အိုဒင်း ဓာတ် ဖြည့်စွက်ထားတဲ့ဆားကို စား ပေးရခြင်း ဖြစ်ပါတယ်။ တခြားအချက် တွေလည်း ဖြစ်နိုင်တာပါပဲ။ ဘာဖြစ် လို့ လဲဆိုတော့ ကျွန်မအသိ ဆရာဝန် မလေးတို့ တစ်မိသားစုတည်းမှာတင် ညီအစ်မ သုံးယောက်စလုံး လည်ပင်း ကြီးနေပြီးထိုသို့ဖြစ်ရခြင်းဟာ မွေးရာ ပါ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု များနေလို့ဖြစ်ကြောင်း ပြောပြဖူး ပါတယ်။

**ထင်ရှားတဲ့ လည်ပင်းကြီး ရောဂါသည်တွေကို သင်သိပါသလား**

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျဘုခ်ျနှင့်ဇနီး ဘာဘရာဘုခ်ျတို့ဟာ Graves Disease ခေါ် လည်ပင်းကြီးရောဂါ တစ်မျိုး ခံစားနေရသူတွေ ဖြစ်ပါတယ်။ သမ္မတကြီးဂျော့ခ်ျဘုခ်ျရဲ့ သိုင်းရွိုက် လည်ပင်းအကျိတ်တွေဟာ ၂ နှစ်အတွင်းတဖြည်းဖြည်းကြီးလာပြီးသိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများ ပြားလာခြင်းကြောင့် နှလုံးခုန်မမှန် တော့တဲ့အထိ
ဖြစ်ပွားခဲ့ပါသတဲ့။ လိပ်ပြာတောင်ပံလို ပုံစံရှိတဲ့ သိုင်းရွိုက်အကျိတ်ဟာ လည်ပင်း ဇလုတ်ရဲ့အောက်နားမှာရှိပါတယ်။
� လည်ပင်းကြီးလာပေမယ့် နာလည်း မနာတော့ သတိမထားမိကြပါဘူး။

သို့သော် အတိုင်းအတာတစ်ခု ထိ ကြီးလာပြီးမှ၊ လည်ပင်းကြီး ကြီးလာတယ်နော်လို့ သူများကပြောမှ သတိထားမိ တတ်ကြတာများပါတယ်။
**လည်ပင်းကြီးကြောင်း ဘယ်လိုစမ်းကြည့်နိုင်မလဲ**
တံတွေးမျိုချလိုက်ပြီး စမ်းလို့ရပါ တယ်။ စမ်းသပ်မယ့်သူဟာ လူနာရဲ့ နောက်ဘက်မှာရပ်ပြီး လူနာကို တံတွေး မျိုချခိုင်းပါ။ လက်နှစ်ဖက်ကို သိုင်းရွိုက် အကျိတ်ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာ လက် ၄ ချောင်းစီတင်ပြီး လက်မ ကိုတော့ လူနာ၏လည်ကုတ်ပေါ် တင် ထားပါ။ သိုင်းရွိုက်ဂလင်းဟာလည်ပင်း ရဲ့အောက်ခြေ အရင်းနားမှာ ရှိတာမို့ လူနာတံတွေးမျိုလိုက်တာနဲ့ အဖုအလုံး ကြီးကိုစမ်းသပ်ရနိုင်ပါတယ်။ ကျွမ်းကျင် သူနဲ့ သေချာပြသတိုင်ပင်သင့်ပါတယ်။

**ဘာဝေဒနာတွေ ခံစားရပါသလဲ**
များသောအားဖြင့် ဘာဝေဒ နာမှ ခံစားရလေ့မရှိပါဘူး။ -သို့သော် လည်ပင်းမှာ အကျိတ် အဖုတွေကို စမ်းမိရတတ်ပါတယ်။
-တချို့ကတော့ အသံပြောင်းလာ တတ်တယ်။ နဂို အသံနဲ့မတူဘဲ အသံ ဝင်သွားတတ်တယ်။
- မကြာခဏ ချောင်းဆိုးနေတတ်တယ်။ - လည်ချောင်းထဲ ချွဲကျပ်သလိုခံစားရတတ်ပါတယ်။
- အစာမျိုချရခက်တယ်။ (အဖြစ်တော့ နည်းတယ်)
- အသက်ရှူကြပ်တတ်တယ်။ (ဒါလည်း အဖြစ်နည်းတယ်) ဒါကြောင့် လည်ပင်းကြီးသူဟာ ဆေးလိပ်ပါသောက်တတ်ရင်တော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေဟာ အလွန်မြင့်မားသွားပါလိမ့်မယ်။ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာအဖြစ်များတတ်ပါတယ်။ အသက် ၅၀ ကျော်တွေမှာ ပိုဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုအဖြစ်များတယ်။ မီးယပ်သွေးဆုံးတဲ့အရွယ်ထိ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် မိမိမှာလည်ပင်းကြီးလာတယ်လို့ထင်တာနဲ့တင် တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် ပြသပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ကာ စောစီးစွာ ကုသမှုခံယူရန် လိုအပ်ပါတယ်။

**ဒေါက်တာရည်ညွန့််မေ**

Ref:Health Digest

**From-မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)