ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 2, 2012

အမေရိကန်စတိုင်လ်ဗုဒ္ဓဘာသာ

>
၁၉၇၂ ခုနှစ်တွင် ဂျက်ခ်ကွန်း ဖီးလ်သည် ၀ါရှင်တန် ဒီစီမြို့တော်သို့ လေယာဉ်ဖြင့် ရောက်လာခဲ့သည်။
သူ၏ ဦးခေါင်းသည် ပြောင်စိမ်းနေသည်။ သူ၏ ကိုယ်ပေါ်မှာ တော့ ၀ါရွှေသောသင်္ကန်းကို ဆင်မြန်း ထားလေသည်။
သူက အမေရိကားတွင် ရဟန်းတစ်ပါး အဖြစ် ရပ်တည် နိုင်မလား စုံစမ်းရန် အိမ်ပြန်ခဲ့ ခြင်းဖြစ်ပါသည်။
ကွန်းဖီးလ်သည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတစ်ခုတွင် တည်ကြည်ငြိမ်သက်သောနှစ်များစွာ ကို ဖြတ်သန်းကုန်ဆုံးစေခဲ့သည်။ ထိုကျောင်းတွင် သူသည် ပရိက္ခရာအနည်းငယ်ဖြင့် နေ့စဉ်တောရဆောက်တည်သီတင်းသုံးကာ တင်းကြပ်သော ၀ိနည်းကျင့်ဝတ်များကို လိုက်နာကျင့်သုံးလျက် ၀ိပဿနာ ဘာဝနာပွားများနေခဲ့သည်။

သို့သော် အမေရိကန်တွင်တော့ သူသင်ယူဆည်းပူးခဲ့ရသော ၀ိပဿနာဘာဝနာပွားများနိုင်သည့် ဘုန်းတော် ကြီးကျောင်းကို သူမတွေ့ရှိခဲ့ပါ။ ထိုင်းနိုင်ငံတွင် သူကျင့်သုံးလိုက်နာခဲ့သော ၀ိနည်းစည်းကမ်းများသည် ဤအ မေရိကန်တွင် ကျင့်သုံးလိုက်နာရန်ခက်ခဲလှကြောင်း သူတွေ့လာရပါသည်။ ထိုင်းနိုင်ငံတွင် သူသည် အနာမာသ ၀တ္ထုငွေကြေးကို ကိုင်တွယ်သုံးစွဲရန်မလိုဘဲ တိုင်းသားပြည်သူတို့ ကြည်ဖြူရွှင်လန်း လှူဒါန်းသော ဆွမ်းကိုသာ အလှူခံဘုန်းပေးခဲ့ရသည်မဟုတ်ပါလား။

နောက်ဆုံးတော့ သူသည် လူထွက်ကာ တက္ကစီမောင်းရပါတော့သည်။ သူသည် စိတ်ပညာဖြင့် ပါရဂူဘွဲ့ယူကာ လူတိုင်း၏ ဘ၀နှင့် အဆင်ပြေစေမည့် သူသင်ယူဆည်းပူးခဲ့သည့်တရားကို အသုံးပြုလျက် ဗုဒ္ဓတရားတော်များကို သူ့နည်းသူ့ဟန်ဖြင့် ဆက်လက်ကျင့်သုံးခဲ့သည်။ အချိန်ကာလတစ်ခုအတွင်းမှာပင် သူသည် ဗုဒ္ဓဘာသာသစ် တစ်ခုကို တည်ထောင်ရန် စတင်ကြိုးပမ်းခဲ့လေသည်။

ဤထူးခြားကွဲပြားသောအမေရိကန်ဗုဒ္ဓဘာသာသစ်သည် လိုက်နာကျင့်သုံးလိုသူများအား ၀ိပဿနာတစ်ခုတည်း အတွက်သာမဟုတ် ဘ၀အစိတ်အပိုင်းအားလုံးတွင်ပါ သတိပဋ္ဌာန်တရားကို လိုက်နာကျင့်သုံးနိုင်စေရန် အား ပေးခဲ့ပါသည်။

“ဘာသာရေးကျင့်ဝတ်တစ်ခုထက် ဘ၀ကို အဓိပ္ပါယ်ရှိအောင်၊ ကျန်းမာအောင် ပြီးတော့ ကရုဏာ တရားတွေ အဇ္ဈတ္တမှာ မွေးမြူနိုင်အောင် နေထိုင်ဖို့ အထောက်အကူပြုနည်းလမ်းတစ်ခုအဖြစ် ထပ်ကာထပ်ကာ ကျွန်တော်တို့ သင်ကြားပေးနေကြပါတယ်။ ကျွန်တော်သင်ကြားပေးနေတဲ့လူအများစုက သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာာသာ ၀င်လို့မထင်ကြဘူးဗျ၊ ဒါဟာ ကျွန်တော့်အတွက်တော့ လုံးဝ ကောင်းပါတယ်။ ဗုဒ္ဓဘာသာ ဖြစ်ဖို့ထက် ဗုဒ္ဓဖြစ်ဖို့က (ဗုဒ္ဓဘာသာနာမည်ခံဖို့ထက် သိမြင်သူဖြစ်ဖို့) ပိုကောင်းပါတယ်ဗျာ။” ဟု မကြာသေး မီက ကွန်းဖီးလ်က ပြောခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်က လော့စ်အင်ဂျလိစ်တွင် ကွန်းဖီးလ်က လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ခဲ့သည်။ (သောကြာနေ့ညတွင် အာမန် ဟမ်းမာ ပြတိုက်၌ စိတ်ပညာရှင် ကားလ် ဂျွန်၏ ဂျာနယ်အကြောင်း စကား ပြောခြင်းနှင့် စနေနေ့တွင် အယ်လ်အေ ၀ိပဿနာစင်တာ၌ သုံးနာရီကြာ ၀ိပဿနာသင်တန်း ပေးခြင်း တို့ဖြစ်သည်။)

နိုင်ငံ၏ အထင်ရှားဆုံးဗုဒ္ဓဘာသာစင်တာများထဲမှ တစ်ခုဖြစ်သည့် ၀ိပဿနာအသင်းတည်ထောင်သူ တစ်ဦး အနေဖြင့် သူသည် တစ်ကမ္ဘာလုံးရှိ ၀ိပဿနာ တရားစခန်းများကို ဦးဆောင်လေ့ရှိသလို ထိ နတ် ဟန် (ဗီယက်နမ်ဘုန်းတော်ကြီး)နှင့် ဒလိုင်လားမား(တိဘက်ရဟန်းမင်း)တို့ကဲ့သို့သော ကျော်ကြားသည့် ဆရာတော် ကြီးများနှင့် အတူလိုက်ပါကာ သင်ကြားပို့ချပေးခဲ့သည်။ ကွန်းဖီးကို အမေရိကန်လူမျိုးများနှင့် သင့်လျော် လျောက်ပတ်သော ဗုဒ္ဓဘာသာကို အနောက်တိုင်းတွင် အခြေစိုက်နိုင်အောင် ဖန်တီးကူညီနေသည့် ဆရာ တစ်ဆူအဖြစ် အသိအမှတ်ပြုကြပါသည်။

ယနေ့မျက်မှောက်ခေတ်မှာတော့ အမေရိကန်တစ်နိုင်ငံလုံးတွင် ရာပေါင်းများစွာသော ဗုဒ္ဓဘာသာစင်တာများ ရှိနေခဲ့ပြီး စာသင်ကျောင်းများ၊အကျဉ်းထောင်များ၊ဆေးရုံများနှင့် စီပွားရေးဘုတ်အဖွဲ့ရုံးခန်းများတွင်ပင် ၀ိပဿ နာပရိုဂရမ်များ ရှိနေခဲ့ပါပြီ။ သို့သော်၁၉၇၆ ခုနှစ်က ၀ိပဿနာအသင်းကို ကွန်ဖီးလ် စုဖွဲ့ တည်ထောင်စဉ်က ဗုဒ္ဓဘာသာသည် အမေရိကတွင် အသစ်အဆန်းတစ်ခု ဖြစ်နေသေးသည်။ ကွက်ကွက်လေးသာရှိသော ဗုဒ္ဓဘာသာ အစုလေးများကိုလည်း ယုံကြည်ချက်စွဲမြဲခိုင်မာသည့် တိဘက်လားမားများနှင့် ဆာမူရိုင်းစိတ် ဓါတ်ဖြင့် ဗုဒ္ဓတရားကို သင်ကြားပို့ချသော ဇင်မာစတာများကဲ့သို့သော အာရှတိုက်သား ရဟန်းတော်များက ဦးဆောင်ခဲ့ကြသည်။

ကွန်းဖးလ်နှင့်အတူ စိတ်တူကိုယ်တူမိတ်ဆွေများဖြစ်ကြသည့် ရှရွန် ဆယ်လ်ဘတ်နှင့် ဂျိုးဇက်ဂိုးစတိန်းတို့က အမေရိကားတွင် အရှေ့တောင်အာရှနှင့် အိန္ဒိယ၏ ၀ိပဿနာကို လူအများကျင့်သုံးနိုင်မည့် နေရာတစ်ခုမဖြစ် မနေလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ဇင်နှင့် တိဘက်ဗုဒ္ဓဘာသာတရားများထက်ပိုလွန်သော ၀ိပဿနာ ကျင့်စဉ်သည် အဇ္ဈတ္တသိမြင်ရေးအတွက် စနစ်ကျသောစူးစမ်းရှာဖွေမှုလိုအပ်ပါသည်။

သို့နှင့် မက်စ်၊ ဘားရ်သစ်တောရှိ ဗရင်ဂျီဘုန်းတော်ကြီးကျောင်းဟောင်းတစ်လုံးကို ၀ယ်ယူကာ တရားအား ထုတ်လိုသည့်ယောဂီများကို ရိပ်သာစခန်းပွဲများသို့ ဖိတ်ခေါ်ခဲ့ကြသည်။ ထိုင်ခြင်း၊ စင်္ကြန် လျှောက်ခြင်း ကမ္မဋ္ဌာန်းအားထုတ်မှုအပိုင်းတွင် ယောဂီများအား မိမိတို့၏ ခန္ဓာကိုယ်၊ အသက်ရှုသွင်းမှုနှင့် စိတ်အခြင်း အရာများကို သတိမပြတ်စောင့်ကြပ်ရှုမှတ်ရန် အားပေးကြပါသည်။
(အမေရိကန်စတိုင်လ်ဗုဒ္ဓဘာသာ)

သင်တန်းသားများနှင့် ဆရာများသည် လမ်းဘေးအ၀တ်အစားများကို ၀တ်ဆင်ထားကြပြီး ဆရာဂုရုများက ယနေ့မျက်မှောက်ကမ္ဘာတွင် သတိတရားဖြင့် မည်သို့နေထိုင်ရှင်သန်ကြရမည်ဟူသော အသက်ဝင်သည့် အကြံ ဉာဏ်များကို ပေးကြသည်။
အာရှတိုက်မှာရှိသည့် ဗုဒ္ဓဘာသာဝင်ယောဂီအများစုမှာ ရဟန်းများဖြစ်ကြသော်လည်း အမေရိကန် ယောဂီ အများစုကတော့ မိသားစု၊ အလုပ်အကိုင်နှင့် အနောက်တိုင်းအမြင်ရှိသော လူဝတ်ကြောင်များဖြစ်ပါသည်။ ကွန်းဖီးကတော့ သူ့အတွေ့အကြုံအရ သူတို့နည်းသူတို့ဟန် အတိုင်း သွားမှဖြစ်ဟု သိနေပါသည်။

”ကျွန်တော်တို့စိတ်တွေဟာ အနာဂတ်စီမံကိန်းတွေ၊ အမှတ်ရမှုတွေ၊ နောက်ကြောင်းပြန်မှုတွေနဲ့ ပြန့်ကြဲ နေကြတာဗျ။ ပစ္စုပ္ပန်တည့်တည့်မှာ ကျွန်တော်တို့မနေနိုင်ကြဘူး။ ပစိဖိတ်သမုဒ္ဒရာနေ၀င်ချိန်တွေ မမြင်နိုင် လောက်အောင်ပဲ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ နစ်မွန်းပျောက်ကွယ်နေကြတာ၊ အိမ်ပြန်ချိန်မှာ တောင် ကျွန်တော်တို့ရင်သွေးလေးတွေရဲ့ မျက်ဝန်းလေးတွေကို မမြင်တော့ဘူး၊ ပန်းခြံလေးကို ကျွန်တော် တို့မမြင်ကြတော့ဘူးဗျ။” ဟု ကွန်းဖီးလ်က ပြောပါသည်။

ဝိပဿနာနှင့် စိတ်ပညာတို့၏ ဆက်နွှယ်မှုကို မြင်သော ကွန်ဖီးလ်က သူ၏ သင်တန်းသားများအား ရိုးရာ ကမ္မဋ္ဌာန်းတရားထိုင်ခြင်းနှင့် အာရုံခံစိတ်လေ့ကျင်မှုတို့ တွဲဖက်ရန် အားပေးလေသည်။ ဝေဘန်ရေး ဆရာအချို့ကတော့ ကွန်းဖီးလ်၏ ချဉ်းကပ်မှုနှင့် ပတ်သက်၍ ပေါ့ပျက်ပျက်ဗုဒ္ဓဘာသာအဖြစ် ဘေးဖယ်လိုကြသည်။ သို့သော် သူ၏ အရောင်းသွက်စာအုပ်များက ရည်ညွှန်းချက်တစ်စုံ တစ်ရာဖြစ်မည်ဆိုလျှင် သူ့ပြောချင်သော မက်ဆေ့ခ်ျက လူများစွာအတွက် ပဲ့တင်ထပ်နေခဲ့ပါသည်။
၁၉၇၀ နောက်ပိုင်း မက်ဆာချူးဆက်တွင် ရှိသည့် ၀ိပဿနာစင်တာသို့ ရောက်မလာမီက ဇင်နှင့် တိဘက် လားမားများထံတွင် နည်းခံခဲ့ဖူးသော ထရုဒီ ဂေါ့ဒ်မင်ဆိုသော အမျိုးသမီးက သူမအတွက် သူမ၏ အာရှနွယ်ဖွား ဆရာများနှင့် အချိတ်အဆက်မိရန်ခက်ခဲခဲ့ကြောင်း ပြောပါသည်။

“ကျွန်မကတော့ ဂျက်ခ်ဟာ လေ့ကျင့်ခန်းနယ်ပယ်က ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဘ၀တွေအတွက် ပိုင်အိုးနီး ယားတစ်ယောက်အဖြစ်နဲ့ ဗုဒ္ဓဘာသာကို ပြောင်းလဲခဲ့တာလို့ ကျွန်မခံစားမိပါတယ်” ဟု အယ်လ်အေ ၀ိပဿနာ စင်တာကို ဦးဆောင်နေသည့် သူမက ပြောပါသည်။

၁၉၈၈ ခုနှစ်မှာ ကွန်းဖီးလ်သည် သူယခုတိုင် ဦးဆောင်နေဆဲဖြစ်သော ဓမ္မကျောက်ဆောင်ဝိပဿနာစင်တာကို (Marin County community of Woodacre)တွင် တည်ထောင်ခဲ့ပါသည်။ သူ့တွင် စိတ်ပညာရှင်ဖြစ်သူ ဇနီး လီယာနာနှင့် ယခုနှစ်နွေရာသီတွင် ကမ္ဘောဒီယားနိုင်ငံ၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေ သည့် သမီး ကာရိုလိုင်းတို့ရှိပါသည်။

ကွန်းဖီးလ်သည် ဗုဒ္ဓဘာသာကို မိသားစုဘ၀အခြေခံကာ ချဉ်းကပ်နိုင်သည့် နေရာတစ်ခုအဖြစ် သူ၏ ၀ိပဿနာ စင်တာကို ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ အခြားလုပ်ငန်းများအနေဖြင့် သူနှင့် အခြားပုဂ္ဂိုလ်တို့က မိဘများနှင့် သက်ဆိုင်သည့်သင်တန်းများ အလယ်တန်းကျောင်းသားများအတွက် ဗုဒ္ဓဘာသာမိတ်ဆက်သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိပါသည်။

ကွန်းဖီးလ်က သူ့ကိုယ်ပိုင်ကျင့်စဉ်များကိုလည်း မြင့်မားအောင် အားထုတ်နေဆဲဖြစ်သည်။ သူ၏ အဆက်မပြတ် လည်ပတ်နေသောသင်ကြားပို့ချမှုဘ၀က သူ့အား ခန္တီတရားနှင့် သတိသမ္ပဇာဉ်ကို အားထုတ်နိုင်စေရန် အခွင့်အလမ်းများစွာ ပေးခဲ့သည် ဟု သူက ဆိုသည်။

(အမေရိကန်စတိုင်လ်ဗုဒ္ဓဘာသာ)

သူ အိမ်ပြန်ရောက်သွားသောအခါ သူ့တရားရိပ်သာစခန်းမြေပြင်ပေါ်တွင် ရှိသည့် စာရေးတဲသေးသေးလေးတွင် အချိန်ကုန်ရသည်ကို သူနှစ်ခြိုက်သည်။ သူ့တဲလေး၏ ပြတင်းပေါက်မှ ကြည့်လျှင် စိမ်းလန်းသော တောင်ကုန်း များနှင့် စမ်းချောင်းလေးနံဘေးတွင်စိုက်ပျိုးထား သော သစ်ပင်တန်းများကို သူမြင်နိုင်လေသည်။

(Kate Linthicum , Los Angels Times ၏ Teacher who helped shape American Buddhism is still on a quest ကို ဘာသာပြန်ဆိုပါသည်။

**ဓမ္မဂင်္ဂါ**
မေ၂၉၊ ၂၀၁၀

--
Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)