ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 6, 2012

သဲတစ်ပွင့်ဖြစ်လိုပါလျှင်

>
မူရင်းစာရေးသူကတော့ သြစတေးလျမှာ အခြေချနေထိုင်နေတဲ့ ဖီလစ်ပီနိုလူမျိုး Dr Arsenio Martin (An Igorot Journey) လို့သိရပါတယ်။ ဒီစာကိုသူ့ အမိမြေ ဖိလစ်ပိုင်နိုင်ငံအတွက် ရေးခဲ့တာပါ။ အင်္ဂလိပ်လိုရေးထားတဲ့မူရင်းကတော့ ““ Why our country is poor”” ဖြစ်ပါတယ်။

**ဘာကြောင့်များလဲ**

ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကွာခြားချက်ကတိုင်းပြည်ရဲ့သက်တမ်း မဟုတ်ပါဘူး။ ဒါကိုသက်သေပြရရင် အိန္ဒိယနဲ့ အီဂျစ်တို့လို နိုင်ငံတွေဟာနှစ်ပေါင်း (၂၀၀၀) ကျော်သက်တမ်းရှိပြီး ယခုတိုင်ဆင်းရဲနေရှာဆဲဖြစ်ပေမယ့် ကနေဒါ၊ သြစတီးလျနဲ့ နယူးဇီလန်တို့လို နိုင်ငံတွေကတော့ လွန်ခဲ့တဲ့ နှစ်(၁၅၀)လောက်တုန်းက အရိပ်အယောင်တောင်မရှိခဲ့ဘဲ အခုအချိန်မှာ အင်မတန်တိုးတတ်ချမ်းသာနေတယ်ဆိုကာ မြင်တွေ့နိုင်ပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ကွာခြားချက်က တိုင်းပြည်ရဲ့သဘာဝ သယံဇာတ အပေါ်မှာလည်းမူတည်မှုမရှိပါဘူ။ မြေပိုင်နက်ရဲ့ ၈၀% ကတောင်တွေသာဖြစ်နေတာကြောင့် စိုက်ပျိုးရေးနဲ့ တိရိစ္ဆာန်မွေးမြူရေးတွေအတွက် မြေနေရာ နည်းနည်းလေးပဲရှိတဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာဒုတိ စီးပွါးရေး အကောင်းဆုံးနိုင်ငံဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းကကုန်ကြမ်းတွေကိုတင်သွင်းပြီး ကမ္ဘာတစ်ဝှမ်းကို ကုန်ချောတွေပြန်ပို့နေတဲ့ ဂျပန်ဟာ ရေပေါ်မှာပေါလောပေါ်နေတဲ့ ဧရာမစက်ရုံကြီးနဲ့တောင်တူနေပါသေးတယ်။ နောက်ထပ် ဥပမာကတော့ ကိုကိုးပင်စိုက်ပျိုးခြင်းမရှိပေမယ့်။ ကမ္ဘာပေါ်မှာအကောင်းဆုံး ချောကလတ်တွေ ထုတ်လုပ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံပါ။ သူတို့ရဲ့မြေပိုင်နက် ကျဉ်းကျဉ်းလေးထဲမှာ တိရိစ္ဆာန်မွေးမြူရေး လုပ်ပါတယ်။ ဒါတင်မက ကမ္ဘာပေါ်မှာ အကောင်းဆုံးသော နို့နှင့်နို့ထွက်ပစ္စည်းတွေလဲထုတ်လုပ်ပါသေးတယ်။ ဒါ့အပြင်နိုင်ငံသေးသေးလေးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံဟာ လုံခြုံမှုရှိခြင်း၊ စည်းစနစ်ကျခြင်း၊ အားထုတ်လုပ်ကိုင်တတ်ခြင်း ပုံရိပ်တွေကိုဖေါ်ဆောင်နိုင်မှုကြောင့် ကမ္ဘာမှာ အခိုင်မာဆုံးနဲ့ စိတ်အချရဆုံး အာမခံသေတ္တာကြီးသဖွယ်(သူ့ရဲ့ နာမည်ရဘဏ်တွေကို ဆိုလိုဟန်ရှိပါတယ်)ဖြစ်နေတာပါပဲ။

ချမ်းသာတဲ့နိုင်ငံတွေက စီမံခန့်ခွဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အရာရှိများဟာ ဆင်းရဲတဲ့နိုင်ငံများက သက်ဆိုင်ရာ အဆင့်တူသူများနဲ့ ကူးလူးဆက်သွယ်မှုလုပ်တဲ့နေရာမှာ ဥာဏ်ရည်ဥာဏ်သွေးကွာခြားမှု သိပ်မရှိတာကိုတွေ့ရပါတယ်။ ဒီလိုပဲ လူမျိုးတွေ အသားအရောင်တွေဟာလဲ အရေးမကြီးပါဘူး။ မိခင်နိုင်ငံမှာတုန်းက “ လူပျင်းတွေ” (ပျင်းတဲ့သူတွေ)ရယ်လို့ တံဆိပ်ကပ် သက်မှတ်ခံထားရတဲ့လူတွေဟာ ချမ်းသာကြွယ်ဝတဲ့ အနောက်နိုင်ငံတွေကို ပြောင်းရွှေ့နေထိုင်လာတဲ့ အခါမှာတော့ အင်မတန်အလုပ်လုပ်နှိုင်တဲ့ သူတွေဖြစ်လာကြတာကိုတွေ့ရလိုပါ။

ဒါဆိုကွားခြားချက်ကဘာများလဲ .........?

ကွာခြားချက်ကတော့ နှစ်ကာလတွေ တစ်လျှောက်မှာ ဘောင်တစ်ခုလိုဖြစ်နေတဲ့ ဓလေ့ထုံးစံနဲ့ ပညာသင်ကြားပုံတွေကဖြစ်ပေါ်လာတဲ့ လူတွေရဲ့ စိတ်နေသဘောထားပါပဲ။

ချမ်းသာတိုးတတ်နေတဲ့နိုင်ငံက လူတွေရဲ့ အပြုအမှုတွေကိုလေ့လာကြည့်တဲ့အခါ လူအများစုဟာ အောက်ပါကိုယ်ကျင့်တရားတွေကို လိုက်နာကျင့်သုံးကြတယ်ဆိုတာတွေ့ရပါတယ်။

- လူ့ကျင့်ဝတ်နီတိ (အခြေခံ ကိုယ်ကျင့်တရား အနေနဲ့ လိုက်နာပါတယ်) ။

- သိက္ခာတည်ကြည်ခြင်း ။

- တာဝန်သိတတ် / ယူတတ်ခြင်း ။

- တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတွေအပေါ်တွင်လေးစားခြင်း ။

- အခြားသောနိုင်ငံသားတွေရဲ့ အခွင့်အရေးကိုလေးစားခြင်း ။

- အလုပ်ကိုချစ်မြတ်နိုးခြင်း ။

- ငွေကြေးစုဆောင်း ရင်းနှီးမြှတ်နှံဖို့ အားထုတ်ခြင်း ။

- အားသွန်ခွန်စိုက် ကျိုးစားလိုစိတ်ရှိခြင်း ။

- အချိန်တိကျခြင်း ။

ဆင်းရဲနေဆဲ နိုင်ငံတွေမှာတော့ အထက်ပါအချက်တွေကို လူနည်းစုကသာ နေ့စဉ်ဘ၀မှာ လိုက်နာနေကြတာကိုသာ တွေ့ရပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ ဆင်းရဲတာဟာ သဘာဝသယံဇာတ ကြောင့်လဲမဟုတ်ပါဘူး။ အမှန်ကစိတ်နေသဘောထားကြာင့်ပါ။ အပေါ်မှာပြောခဲ့တဲ့ ကိုယ်ကျင့်တရားတွေကို လိုက်နာလိုစိတ်၊ မျိုးဆက်သစ်တွေကို သင်ပေးလိုစိတ်မရှိလို့ပါ။

အနှစ်ချုပ်လိုက်ရင်တော့ ကိုယ့်တိုင်းပြည် အကျိုးသယ်ပိုးဖို့ဆိုရင် ကိုယ့်ကိုကိုယ် အကောင်းဆုံးလူသားတစ်ယောက်ဖြစ်အောင် နေခြင်းဆိုတဲ့ သဲတစ်ပွင့်ကနေ စရမယ်ဆိုတာကို တွေးမိသွားပါတယ်။ ဘယ်အရာမဆို အပြောလွယ်သလောက် အလုပ်ခတ်တယ်ဆိုတာကို နားလည်မိပါရဲ့။ ဒါပေမယ့် ဘယ်နိုင်ငံမဆို လူတိုင်းလူတိုင်း အပေါ်ကအခြေခံ ကိုယ်ကျင့်တရားလေးတွေ တတ်နိုင်သမျှပျိုးထောင်သွားကြမယ်၊ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းပေးကြမယ်ဆိုရင် ပိုကောင်းတဲ့ အနာဂတ်က မလွဲ မသွေရောက်လာရမယ်လိုတော့ ယုံကြည်နေမိတာပါပဲ။ အားလုံးအနည်းဆုံးတော့ တောက်ပကြည်စင်တဲ့ သဲပွင့်လေးတွေဖြစ်နိုင်ကြပါစေ......။

** အောင် ကို ၀င်း **
facebook

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)