**အသက် ၉၈ နှစ်အရွယ် အမျိုးသားကြီးနှင့် ၉၅ နှစ်အရွယ်အမျိုးသမီးကြီးတို့ လက်ထပ်**
(နယူးယောက်၊ မတ် ၅)
အမေရိကန်နိုင်ငံသား အသက် ၉၅ နှစ်အရွယ်ရှိ အမျိုးသားကြီးတစ်ဦးနှင့် ၄င်း၏ချစ်သူအသက် ၉၅ နှစ်အရွယ် အမေရိကန်နိုင်ငံသူ အမျိုးသမီးကြီးတစ်ဦးတို့ မတ် ၄ ရက်က လက်ထပ်ပွဲကျင်းပခဲ့ရာ ကမ္ဘာပေါ်တွင် အသက်အရွယ်အကြီးဆုံးအမျိုးသား အမျိုးသမီးနှစ်ဦး လက်ထပ်ခြင်အဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း မတ် ၅ ရက်က သတင်းထုတ်ပြန်သည်။ အလန်မက်စ်အမည်ရှိအမျိုးသားကြီးသည် သူ၏ချစ်သူ လီလီယန်ဟက်လေနှင့်အတူ မင်္ဂလာဝတ်စုံများဆင်မြန်းလျက် ကယ်လီဖိုးနီးယားပြည်နယ် တရားရုံး၌ လက်မှတ်ထိုးကာ မင်္ဂလာပွဲကျင်းပခဲ့ကြခြင်းဖြစ်သည်။ မင်္ဂလာပွဲကို အချိန်အနည်းငယ်သာကျင်းပခဲ့ပြီး သတို့သားကြီး အလန်မက်စ်က I Love You ဟု ပြောကြားကာ သတိုးသမီးကြီးလီလီယန်ဟက်လေကို ဖွဖွလေးနမ်းပြီး မင်္ဂလာပွဲအမှတ်တရ အချစ်သင်္ကေတပေးခဲ့သည်။ ထို့နောက် လက်ထပ်ပွဲကျင်းပပြီးသည့်အခါ အနီးရှိစားသောက်ဆိုင်တတစ်ဆိုင်တွင် မင်္ဂလာပွဲအထိမ်းအမှတ်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အလန်မက်စ်တို့မင်္ဂလာမောင်နှံသည် ၂၀၁၂ ခုနှစ်က လက်ထပ်ခဲ့ကြသော ပြင်သစ်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ်အမျိုးသားကြီးနှင့် ၉၄ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတို့ထက် အသက်ရွယ်ပိုကြီးသော မင်္ဂလာမောင်နှံအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**တိုက်စစ်မှူး စီရိုနယ်ဒို ဂိုးပေါင်း(၃၀)မြောက် သွင်းယူနိုင်ခဲ့ပြီ**
(မက်ဒရစ်၊ မတ် ၅)
ရီးရဲမက်ဒရစ်နှင့် အက်စ်ပန်ညိုအသင်းတို့သည် မတ် ၄ ရက်က စပိန်လာလီဂါပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ ရီးရဲမက်ဒရစ်က ငါးဂိုးပြတ်ဖြင့် အနိုင်ရလိုက်သည်။ ယင်းပွဲတွင် ရီးရဲမက်ဒရစ် တိုက်စစ်မှူး စီရိုနယ်ဒိုက ယခုနှစ်ရာသီအတွက် ဂိုးပေါင်း (၃၀) မြောက်အဖြစ် သွင်းယူခဲ့သည်။

စီရိုနယ်ဒိုသည် ပြီးခဲ့သည့် နှစ်က ဂိုပေါင်း ၄၀ သွင်းယူပြီး ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ရီးရဲမက်ဒရစ်အသင်းသည် ယင်းပွဲအနိုင်ရလိုက်သဖြင့် ပြိုင်ဘက် ဘာစီလိုနာထက် ၁၀ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်လျက်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment