ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 19, 2012

မသိချင်ယောင်မဆောင်ကြေး

>
နိုင်ငံရေး ဟု စပြီးကျွန်တော်ရေးလိုက်လျှင် ယခု စာဖတ်သူမိတ်ဆွေ ကျွန်တော်၏စာကို ဆက်ဖတ်ချင်စိတ် လျော့နည်းသွားပေလိမ့်မည်။ မှားခြင်း ၊ မှန်ခြင်း ဆိုသည်ထက် ကျွန်တော် မရှင်းသည့် အချက်များကို ယခုကဲ့သို့ ဆက်လက်တင်ပြခွင့်ပြုပါ ။ အဘယ်ကြောင့်ဆိုသော် အခုမှ ရေးရဲ အခုမှ မေးရဲသောကြောင့်ဖြစ်ပါသည်။အကြောင်းဆိုရသော် ကျွန်တော် တို့ သည် နိုင်ငံရေး အား မစားကောင်းသည့် အသီး ၊ မပြောကောင်းသည့်စကား ၊ ချိုလားခါးလား သွားမစမ်းနဲ့ ဘ၀ပျက်သွားချင်လို့လား ဆိုတဲ့ စနစ်အောက်ကထွက်လာကြရလို့ပဲဖြစ်ပါသည်။ထို့အပြင် အပြောတခြား အလုပ်တခြား နိုင်ငံရေးသမား များ ကိုလဲ စိတ်ပျက်နေကြသောကြောင့်ဖြစ်ပါသည်။

နိုင်ငံရေး ဟုဆိုသော စကားလုံး နှင့် ဒီမိုကရေစီဆိုတဲ့စကားလုံးကို သုံးကြသည့်ပုဂ္ဂိုလ် တော်တော်များများ မှာ ထောင်နန်းစံကြရခြင်း ၊ နယ်မြေရပ်ခြားသို့ တိမ်းရှောင်ကြရခြင်းစသည့် အကျိုးကျေးဇူးများကို မုချ တစ်ခုမဟုတ် တစ်ခု ရရှိတတ်ကြရသည်မှာ ဖော်မြူလာ တစ်ခုလိုပင်လူအများ လက်ခံထားကြပါသည်။

ထိုသို့ ခေတ်တွေပြောင်း ၊ စနစ်တွေဟောင်းလို့ ၊ အသစ်တွေတောင်းဆို ကြတဲ့ အချိန်ရောက်လာတော့ လူတိုင်းပါးစပ်ဖျားမှ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ၊ ပြောမဆုံးပေါင် တောသုံးတောင် စကားလုံးတွေ ဆိုတာ အရင်တချိန်က လမ်းဘေးက ခွေးချေးပုံလို သဘောထားခဲ့တဲ့ အရာတွေကို အခုအခါမှာ အလှနံ့သာလို သုံးသူကသုံး ၊ သူမပါလျှင်ပဲ ထမင်းစားမမြိန်တော့သလို လေသံတွေနဲ့ စကားလုံး ဒီမိုကရေစီသမားတွေဆိုတာ လဲ တောင်ပုံယာပုံ ။

နိုင်ငံရေးပါတီဆိုသည်များမှာလည်း မှိုလိုပေါက် ၊ ဆွယ်တရားတွေက လဲ သူက ကုလားဆို ၊ ကိုယ်ကဘာဘူ ၊ သူကပေါက်ဖော်ဆိုရင် ၊ ကိုယ်က တရုတ်ကြီး ဆိုသလို သံတူကြောင်းကွဲ စကားလုံးတွေကို တွင်တွင်ကြားလာ သည့်အခါ မည်သူ့ စကားကို နားယောင်ရမည်မှန်းကို မသိနိုင်လောက်အောင်ပါပဲ။

ဟိုတစ်ချိန်က ဒီမိုကရေစီ ဆိုသည့် အသံကို ကြားရလျှင် နားထဲကို သံရည်ပူ နှင့် လောင်းချခြင်းခံရသလို ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံး အပေါ်မှာ ခွေးချေး လောက်ကို သဘောထားသော လူတွေကလဲ ဒီမို လေးရယ်တဲ့မှ ကရေစီ ဆိုပဲ ။ ဒီမိုကရေစီ ကပဲ ဖမ်းစားနိုင်သည်လား ဒီလိုလူစားတွေက ပဲ သံရည်ပူတို့ ၊ ခွေးချေးတို့ ကြိုက်ကုန်လေရော့သလား ဟု အတွေးများကို ဖြန့်မိပြန်ပါတော့သည်။

ဒီမိုကရေစီ ဆိုတာ စည်းကမ်းပါ ဆိုပြီး အမြဲပြော ၊ အမြဲဟောနေတဲ့ ပါတီကြီးတွေက ၊ ပါတီဝင် အချို့ရဲ့ လုပ်ရပ်များဟာ အများပြည်သူအတွက် အတုယူချင်စရာ ၊စံထားချင်စရာ ဖြစ်နေပါရဲ့လား။ ၀ါးလုံးရှည်နှင့် မရမ်းချင်ပါ။သို့သော် ပုပ်သည့် ငါးခုံးမကိုတော့ ပွဲမထုတ်သင့်ပါ။ ပုပ်မည့် ငါးခုံးမ များကို ဆားသိပ်၊ အိုးထဲထည့်သိပ်ပြီး အရည်ကြိုလိုက်တာမှ အားလုံးအတွက် ငံပြာရည်ကောင်းကောင်းရနိုင်မယ်မဟုတ်လား။

ဟန်ပြလုပ်ဆောင်ချက်များ ၊ ရှေ့ကောင်းနောက်မေ့ ပုံပြင်များ ၊ ငွေက အဓိက မဟုတ်ပါဘူး ပိုက်ဆံက အဓိက ပါဆိုတဲ့ လူများ။ တိုင်းပြည်တွင်းမှာ အခွင့်ထူးခံလူတန်းစားတစ်ရပ် က မပျောက်ပျက်နိုင်ဘဲ ပုံစံတစ်မျိုးနဲ့ ထွက်ပေါ်နေတာတွေကို ဘယ်ပါတီက မှလဲ မပြော ကြ ၊ ဘယ်သူက မှလဲ တာဝန်မယူချင်ကြပါလားကရို့။ ကုမဏီထောင် အမျိုးစုံသော စီမံကိန်းများကို လေလံဆွဲ ၊ ပြီးလွယ်ပျောက်လွယ်လုပ် ၊ ငွေထုတ်ပြီး အသာနှပ်နေကြသော မကင်းရာမကင်းကြောင်း ဆိုသော မ တစ်ထောင်သားတို့ ဖွင့်ထားတဲ့ ကုမဏီများနှင့် ၄င်းတို့၏ လုပ်ရပ်များ။

လူကြီးလမ်းကြောင်းရှိမှ လမ်းကောင်းမည် ၊ လူမြင်သူမြင်နေရာမှာပဲ လုပ်ကွက်ကလေးပြထား လိုက်မည် ဆိုသော BOT စနစ်နဲ့ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို မသိတာလား ၊ မသိချင်ယောင်ဆောင်နေတာလား ၊ ဒါမှမဟုတ် အခု အစိုးရ အဖွဲ့ က ဒီအဖွဲ့တွေဆီက လာဘ်စားထားလို့ ရေငုံနုတ်ပိတ်နေကြတာလား ၊ တစ်ခုခုတော့ တစ်ခုခုဖြစ်ပေလိမ့်မည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးအတွက် လစာတွေ တိုးပေးဖို့ အကြံပေးသူက ပေး ၊ အော်သူက အော် တောင်းဆိုသူက တောင်းဆို ။ တိုးတာမတိုးတာ အပထား ကုန်ဈေးနှုန်းကစားသူတွေကတော့ ကစားလို့ကောင်းနေပြီ ။ စပါယ်ယာနဲ့ ခရီးသည်ကြားမှာလဲ ကားခတွေက မတူမညီတွေဖြစ်ကုန်ကြပြီ ။ ပြန်မအမ်းတဲ့ပြဿနာ ၊ ပိုယူတဲ့ပြဿနာတွေကို ကျွန်တော်တို့ ကိုယ်တိုင်ခံစားနေရပြီ။

အထူးကားတွေဆိုတာ ဈေးပိုတောင်းတာကို ခေါ်တာပါလား ၊ ဓါတ်ပြားဟောင်းကြီးကိုလဲ မဖွင့်လိုတော့ပြီ ၊ တစ်ခုတော့ ပြောပါရစေ ။ ရှောင်တခင် စစ်ဆေးခြင်း ဆိုတဲ့ လုပ်ရပ်ကြီးနဲ့တော့ အဆင်သိပ်မပြေပါ။ အဘယ်ကြောင့် ဆိုသော် စစ်ဆေးသူနဲ့ အစစ်ဆေးခံသူ ကြားမှာ ဆွေမျိုထက်၊ လင်မယားထက် ကောင်းတဲ့ ဆက်ဆံရေးတွေရှိနေတာ လူတိုင်းသိတာပဲ ။ စစ်ဆေးတဲ့ အဖွဲ့တွေ့ရင် စပါယ်ယာ ဆင်းသွား ပိုက်ဆံ သွားပေး ၊ ဟိုက လဲ ဘာမှမလုပ် ။

မေးခွင့်ရှိက မေးချင်ပါသည် ။ ယခု လွှတ်တော် အသီးသီးမှာ တာဝန်ယူနေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များရော ၊ တာဝန်ယူချင်လှပါရဲ့ တာဝန်ပေးကြစမ်းပါလို့ နားပူနားဆာ လုပ်ပြီး လွှတ်တော်ဝင်ခွင့်ရဖို့ အပြိုင်တိုးဝှေ့နေကြတဲ့ နိုင်ငံရေးပါတီပေါင်းစုံမှ လူပုဂ္ဂိုလ် အပေါင်းတို့ ခင်ဗျာ ။ ခင်ဗျားတို့တွေ လိုင်းကားရော စီးဖူးကြပါလား ။ မစီးဖူးလျှင်လဲ စီး ကြည့်စေချင်ပါသည်။ စီးဖူးလျှင်လဲ ဘာ ကိစ္စ နုတ်ပိတ်နေကြတာလဲ ခင်ဗျာ။

လူတွေမျဉ်းကြားက မကူးတော့ စီမံချက်နဲ့ဖမ်းတယ် ။ ကောင်းပါသည်ဟုပဲ ဆိုချင်ပါသည် ခင်ဗျာ။ ထိုသို့ ဆောင်ရွက်ချက်များ ၊ ပြည်သူလူထု စည်းကမ်းရှိဖို့လိုကြောင်း အသိပညာပေး စကားများ စာပေများ ကြောင့် မျဉ်းကြားမှ ဖြတ်ကူးသူဦးရေ များပြားလာတာ မြင်တွေ့နေရသည့်အတွက် ၀မ်းသာမိပါတယ်။ သို့သော်လဲ မျဉ်းကြားမှ လမ်းဖြတ်ကူးလျှင် သက်စွန့်စံဖျား ဖြတ်နေကြရတာတွေ ၊ ကိုယ်ပိုင်ယာဉ် ၊ အငှါးယာဉ် ၊ အကြီး ၊ အငယ် ၊ အရွယ်စုံ ကာလာစုံ သော ကားများကို မောင်းနှင်သူများမှာ မျဉ်းကြား၌ အရှိန်လျော့ပေးရတာ သူတို့နဲ့မဆိုင်သလို ပြုမူပြီး မောင်းနှင်နေတာတွေ ၊ မျဉ်ကြားက ကူးတာတောင် ဟွန်းသံ အရှည်ကြီး တီးပြီး မြည်တွန်တောက်တီးသွားတာတွေကိုရော ဘာဖြစ်လို့ အရေးမယူကြတာလဲ ။ ကားမောင်းသူလူတန်းစားမို့ တော့ ဟုတ်လောက်ပေဘူးဟု ယုံချင်ပါသည်။

မီတာနဲ့ တက္ကဆီကိစ္စ ဘယ်ရောက်သွားပါသလဲ ။ လမ်းမီးပွိုင့်တွေမှာ ဆိုလာစနစ်နဲ့ ကင်မရာတပ်ဆင်ပေးပါမယ် ဆိုပြီး တင်ဒါတွေအောင် အလုပ်တွေရသွားကြတဲ့ ဆိုလာပြားတွေ ၊ ဘက်ထရီအိုးတွေ ၊ အင်ဗာတာတွေ ၊ ကင်မရာတွေ ရှိရော ရှိရဲ့လား ၊ ရှိရင်ရော တကယ်အလုပ်လုပ်ရဲ့လား ဆိုတာ လူကြီးမင်းတို့ ဘာကိစ္စ မသိချင်ယောင်ဆောင်ရတာလဲ ။ အခွင့်အရေး နဲ့ ငွေ က လွဲရင် ဘာမှ မလိုချင်တဲ့ စီးပွားရေးသမား နဲ့ လုပ်ပိုင်ခွင့်ကို ငွေနဲ့ လဲ ကြတဲ့ ၀န်ထမ်းတွေရဲ့ကြားမှာ အစိုးရ ဆိုတဲ့လူတွေက ဘယ်သွားအိပ်နေကြတာလဲ။

ဝန်ထမ်းတွေ လာဘ်စားတာ လစာနည်းလို့ လစာတိုးပေးရမယ်ဆိုတော့ ။ တနည်းအားဖြင့် လစာမတိုးမချင်း မင်းတို့ လာဘ်စားကြ ဆိုတဲ့ သဘောများဖြစ်နေလားလို့ တွေးမိပါတယ်။ ဒါဆိုလဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ။ အများပါးစပ်ကအပြောများတဲ့ ပွင့်လင်းမြင်သာမှု ဆိုတာပေါ့။

မြန်မာပြည်မှာတော့ လာဘ်မထိုးဖူးသူနှင့် လာဘ်မယူဖူးသူ မရှိလောက်ဘူးလို့ကို ကျွန်တော့် ထင်ပါသည်။ ရှိခဲ့လျှင်တောင် မပြောပလောက်သည့် ပမာဏနှင့် စိတ်မနှံသူများပင်ဖြစ်လိမ့်မည်။

သူတောင်းစား တောင်မှ တောင်းဖို့အတွက် သက်ဆိုင်ရာ ၊ သက်ဆိုင်ရာကို ပေးရသေးဆိုပဲဗျာ။

လေထိုးဆိုင်မှာ အလုပ်လုပ်တဲ့ကောင်ကလေး အဓိပါယ်ဖွင့်ထားတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုတာ ကတော့ “ အကိုရေ ... ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုတာ ဆင်းရဲတဲ့လူတွေ ချမ်းသာလာမှာ ကို ပြောတာမဟုတ်ဘူး ... ဆင်းရဲတဲ့လူတွေ ငတ်သေကုန်မှာ ကို ပြောတာတဲ့ “ ဒါ သူနားလည်ထားပြီး ပြန်ပြောပြတဲ့ သူ့ခံစားချက်ပါ။

နောက်ဆုံးကျွန်တော် တောင်းဆိုချင်တာကတော့ မသိချင်ယောင် မဆောင် ကြပါနဲ့ လို့ပဲ ဖြစ်ပါသည်။

အော် ဒါနဲ့ မေ့နေလို့ ဘယ်တုန်းကမှ အလုပ်မလုပ်တဲ့ ကျွန်တော့အိမ်က ရေမီတာ .... ပြီးခဲ့တဲ့၂ ရက်က အခွန်လာကောက်သွားတယ် ၁ သောင်းခွဲတဲ့ ။ သာဓုပါဗျာ ... သက်ဆိုင်ရာ လူကြီးမင်းများ ချမ်းသာကြပါစေ။

လေးစားစွာဖြင့်

**သူရိန်စိုး**
Nay Soe Naing

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)