ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 26, 2012

စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်ခြင်း

>

အတိတ်က စစ်အစိုးရ အဆက်ဆက်သည် တိုင်းပြည်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိပဲ နှစ်ပေါင်း ( ၂၀ ) ကျော် အုပ်ချုပ်ခဲ့သဖြင့် တော်တော် တော်ပါသည်ဟုချီးမွမ်းရမလိုလို ၊တော်တာတွေ တော်ပါတော့ဟု တားရမလိုလို ဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်များက မကောင်းတဲ့ဖက်မှာ တော်တာကို ကမ္ဘာက အသိအမှတ်ပြုခဲ့သည် ။
ယခင်စစ်အစိုးရ အဆက်ဆက်နှင့် လက်ရှိဦးသိန်းစိန်အစိုးရကို နှိုင်းယှဉ်ကာ မှန်မှန်ကန်ကန် သုံးသပ်ကြည့်လျှင် ထင်ထင်ရှားရှားတွေ့ ရမည်မှာ( ၈၈၈၈ )အာဏာသိမ်းစစ်အစိုးရမှသည် စစ်အစိုးရအဆက်ဆက်သည် တဖက်သတ်ရေးဆွဲသော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးသည့်အချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပဲ စစ်အုပ်စုမှ တိုင်းပြည်ကို ထင်ရာစိုင်းအုပ်ချုပ်ခဲ့သည်ကို တွေ့ရပေမည် ။

တိုင်းပြည်၏ အချုပ်အခြာအာဏာ ( ၃ ) ရပ်ဖြစ်သော ဥပဒေပြုမှုအာဏာ ၊ တရားစီရင်မှုအာဏာ ၊အုပ်ချုပ်မှုအာဏာ အရပ်ရပ်သည် အဖက်ဖက်တွင် ယိုယွင်းပျက်ဆီးလျက် ဖောက်ပြန်ခြစားမှုများ တောင်လိုပုံကာ နိုင်ငံနှင့် လူမျိုးမှာ ကမ္ဘာ့အလယ် အဖတ်ဆည်မရအောင် သိက္ခာကျလျက် ဆင်းရဲခြင်း စံချိန်တင်ခဲ့ပေသည် ။

စစ်အစိုးရ၏ ဖိနှိပ်ဖောက်ပြန်သည့် ယင်းအဖြစ်အပျက်များကို တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ရှိသူများက မခံမရပ်နိုင်သည့်အဆုံး ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ပုန်ကန်မှုများဖြစ်ခဲ့ပေရာ တိုင်းပြည်သည်နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ငြိမ်းချမ်းရေး ပျောက်ဆုံးခဲ့ရပေသည် ။
တရားမျှတသော ဥပဒေများမရှိခြင်းကြောင့် စစ်အစိုးရအုပ်စုတွင်း၌ပင် အာဏာလုမှုများရှိခဲ့ပြီး အင်အားကြီးသူမှအင်အားနည်းသူကို ဖမ်းဆီးထောင်ချမှုများရှိခဲ့ပေသည်။ အာဏာနှင့်ရာထူးသည်ပင် မမြဲသော အနိစ္စ သင်္ခါရသဘောကို ဆောင်လျက် နေ့မြင် ညပျောက် ဖြစ်နေမှုကား စဉ်းစားဆင်ခြင်စရာ တရားသဘောတွေပါ မြန်မာ့နိုင်ငံရေးလောကတွင် ကပ်ပါလာရပေသည်။

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ကြည့်ပါကလည်း မြန်မာပြည်၏ နှစ်ပေါင်း ( ၆၀ ) ကျော် ရေရှည် ပြည်တွင်းစစ်တွင် အချင်းချင်းစစ်ခင်းနေမှုက ဘယ်ရှုထောင့်ကကြည့်ကြည့် ဂုဏ်ယူစရာ တစ်ချက်မှမရှိပဲ ပြဿနာကို မဖြေရှင်းနိုင်သည့် မြန်မာလူမျိုးစုတစ်ရပ်လုံး ဦးနှောက် အသိဥာဏ်နည်းပါးရာရောက်နေပေသည် ။

နှစ်ပေါင်းများစွာ မှားယွင်းသောစနစ်အောက်မှာ ကပ်ပါလာသော ခါးသီးသည့်အတွေ့အကြုံများက အစိုးရ ၊ အတိုက်အခံ ၊နိုင်ငံတကာ အရာရာကို မယုံသင်္ကာစိတ်များဖြင့် လူထုမှ ချဉ်းကပ် အကဲဖြတ်ခဲ့ပေသည်။အတိတ်ကာလတွင် အတိုက်မခံ ဒီမိုကရေစီအင်အားစုသည် ယုံကြည်မှုကို စစ်အစိုးရနှင့်တည်ဆောက်ခဲ့ပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအစား လူထုက တန်ဖိုးထားလေးစားသော လူထုခေါင်းဆောင် ၊ တိုင်းရင်းသားခေါင်းဆောင် ၊ ကျောင်းသားခေါင်းဆောင်၊ ရဟန်းသံဃာ ခေါင်းဆောင် စသော ခေါင်းဆောင်အသီးသီးတို့ မတရားဖမ်းဆီး ထိမ်းသိမ်းခံ ခဲ့သည်မှာ အများအသိပင်ဖြစ်သည် ။

စစ်မှန်သော ငြိမ်းချမ်းရေးဆိုသည်မှာ အသံများတိတ်နေခြင်းဟု စစ်အစိုးရဖက်မှ တဖက်သတ် ဆုံးဖြတ် သုံးသပ်ကာ လူထုကိုဖိနှိပ်ခဲ့ပေသည် ။ သို့သော် လက်ရှိဦးသိန်းစိန်အစိုးရမှ အတိတ်က မှားယွင်းသော သမိုင်းသင်္ခန်းစာများကိုယူကာ ပြုပြင်ပြောင်းလဲခြင်းကို စတင်လုပ်ဆောင်ခဲ့ပေရာ လူထုခေါင်းဆောင်အသီးသီး ဖမ်းဆီးထိမ်းသိမ်းခံရာမှ လွတ်မြောက်လာရာ မြန်မာပြည်၏ စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်လာရပေသည်။

သို့သော် ပြည်တွင်းစစ်မီးနှင့်အတူ အကျဉ်းထောင်အသီးသီး၌ ဘ၀တူ နိုင်ငံရေး အကျဉ်းသားများ ဆက်လက်ရှိနေပေရာ အာရုဏ်ဦးကိုရောက်ဖို့ရာ အမှောင်ဆုံး သန်းခေါင်ညအား လွန်မြောက်ဖို့ရန် လူထုတရပ်လုံး အားကြိုးမာန်တက် တက်ညီလက်ညီ အားထုတ်ရပေမည် ။

အမှောင်ဖုံးသော စစ်အာဏာရှင် စနစ်အထဲမှ ထွက်ပေါက်တစ်ခုအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပေရာ အစိုးရ ၊အတိုက်အခံ ပါတီတို့သည် ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်ပွဲအတွက် လူထုအား အပြိုင်အဆိုင် စည်းရုံးနေကြသည်ကို တွေ့ရပေမည် ။

တိုင်းပြည်နှင့်လူထုကောင်းစားရေးကို ဦးထိပ်ထားလျက် ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ လွတ်လပ်မှု ၊ တရားမျှတမှုများ မြန်မာ့မြေပေါ် ပြန်လည်သက်ဝင် ရှင်သန်စေရေးအတွက် လူထုအား မမောမပမ်း အားသွန်ခွန်စိုက် စည်းရုံးနေသော မြန်မာ့ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တလင်းမြေမှ ငြိမ်းချမ်းရေးအမေ လို လူထုတရပ်လုံးအတွက် လမင်းကြီးနှင့်အလားသဏ္ဍာန်တူလှပေသည် ။

အာဏာနှင့်ရာထူးအစား တိုင်းပြည်နှင့် လူထုကောင်းစားရေးကို လိုလားသော ( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ယက်သည်ပင် လိုအပ်ချက် ကွက်လပ်တစ်ခုကို ဖြည့်လျက် နှစ်ပေါင်းများစွာ နား မျက်စိပိတ်ခံထားရသော လူထုအား တစုံတရာ ခွန်အားဖြစ်စေပေသည် ။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းများကို သာ အားသွန်ခွန်စိုက်လုပ်ဆောင်နေသော ( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည်ပင် ကောင်းမွန်သောမြန်မာ့ နိုင်ငံရေး အခင်းအကျဉ်း အနာဂတ်တွင်ရှိလာပါက နောင်( ၁၀ )နှစ်အကြာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကမှ အသက်အရွယ်ကြောင့် အနားယူသွားခဲ့သော် တိုင်းပြည်အနာဂတ်တာဝန်များကို ပခုံးပြောင်းယူရန်လည်း ပြင်ဆင်ထားရပေဦးမည် ။

ဆိုးဝါးလှသော စနစ်အောက်မှာ နှစ်ပေါင်းပျားစွာ လူမှုဒုက္ခမျိုးစုံကို ခါးစည်းခံနေရသောလုထုအား ဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန် ဘက်ပေါင်းစုံမှ ကြိုးစားအားထုတ်နေကြသော ကိုမင်းကိုနိုင်ဦးဆောင်သော( ၈၈၈၈ )မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၊ ပြည်သူချစ်သော အနုပညာရှင် ကိုကျော်သူ ၊ ကိုဇာဂနာ စသော အနုပညာရှင်များ ၊ အလုပ်သမား ၊လယ်သမားအရေးကိုဆောင်ရွက်နေသော မစုစုနွေး ၊ ကိုဖိုးဖြူတို့သည် အမှောင်ဖုံးကောင်းကင်မှ လင်းလက်တဲ့ ကြယ်စင်များဟု တင်စားမိပါသည် ။

လာမည့် ဧပြီလ ( ၁ ) ၂၀၁၂ မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ အရေးအတွက် မြေစမ်း ခရမ်းပျိုး ၊တာထွက်ကောင်းရမည့် ပထမခြေလှမ်းဖြစ်သည်မို့ အားလုံးမှ အလေးအနက်ထား စောင့်ကြည့်နေကြပေသည် ။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်းသည် အတိတ်ကလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှ လွန်မြောက်နိုင်ပေမည် ဖြစ်သည် ။

သို့မှသာ အစိုးရနှင့် အတိုက်အခံကြား တူတာတွဲလုပ် မတူတာညှိနှိုင်းအဖြေရှာရင်း တိုင်းပြည်ကို နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဖက်ပေါင်းစုံမှ မြင့်မားတိုးတက်အောင်ဆောင်ရွက်ရင်း မြန်မာတမျိုးသားလုံး သိက္ခာရှိရှိ ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည် ဖြစ်သည် ။

အကယ်၍သာ လက်ရှိအစိုးရသည် ဂငယ်ကွေ့ကာ နောက်ကြောင်းပြန်မလှည့်သော် အစိုးရနှင့် အတိုက်အခံပါတီများသည် လာမည့် ရွေးကောက်ပွဲဖြစ်သော ၂၀၁၅ အတွက် အနာဂတ်ရေးရာ ဒီမိုကရေစီရေးအတွက် ကောင်းမွန်သော မူဝါဒများချမှတ်ပြီး ကြိုတင်ပြင်ဆင်မှုများကိုလည်း တိုင်းပြည်နှင့်လူမျိုးအတွက် လုပ်ဆောင်မှုများပြုလုပ်ရင်း စစ်အမှောင်ဖုံးကောင်းကင်မှာ လမင်းနဲ့အတူ ကြယ်စင်များ ရုန်းထွက်လင်းလက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည် ။

**အောင်ခိုင်မြင့်**
၂၅ မတ်လ ၂၀၁၂

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)