ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 28, 2012

ဝက်သားတုတ်ထိုး

>

ဝက်သားတုတ်ထိုး(အရင်ကရတနာပုံနေပြည်တော်သတင်းစာမှာ)တင်ထားတာလေး..ပြန်တင်ပေးပါတယ်။

နားရွက်ပြာကတည်းကမစားရတာကြာပါပြီ..။

နားရွက်ပြာတဲ့ ဝက်မျိုးလည်းကုန်လောက်ပြီထင်ပါတယ်..။

ဒီတစ်ပါတ်တော့ဖြစ်ချင်ရာဖြစ်…စွဲတော့မယ်..

ဝက်သားတုတ်ထိုးစားချင်တဲ့ အချိန်တိုင်းအာသီသ ရှိနေတာကြာပါပြီ ။

အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။

အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ရှေ့ ရေးစီးပွားရေးအတွက်ပါ။

ကျမငယ်ငယ်ကလည်းစိတ်ကူးမိတယ်..တုတ်ထိုးရောင်းဖို့ လေ။

…………

ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ့ ရန်ကုန်မှာ စားရတာ မတူလှဘူး။

မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။

တုတ်နဲ့ ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ့ လဲစားလို့ ရတယ်။

ပွဲနဲ့ ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊

ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။

တုတ်နဲ့ ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို့ ခေါ်တယ်။

အကင်နဲ့ ပွဲနှင့်ပေါ့။

ပြီးတော့ အသား၊အူနဲ့ အဆုတ်ကို မီးအေးအေးလေးနဲ့ ကြွတ်နေအောင်

ကြော်ထားတဲ့ အကြွတ်ကြော်ဆိုတာ ရှိသေးတယ်။

အဲဒါနဲ့ ကြတော့ ဝက်ပြုတ်ရေကို သံပုရာသီးညှစ်ပြီးသောက်ပေါ့။

ရန်ကုန်မှာ တုတ်ထိုးစားတော့ ခေါက်ဆွဲကြော်ကြာဇံကြောနဲ့ လည်းရောစားပါတယ်။

်ရန်ကုန်ဆိုင်တွေအားလုံးထဲ မှာတော့ဒီဆိုင်တွေ ကအကောင်းဆုံးပါဘဲ..။

စဉ့် အိုတန်းလမ်းထိပ်ကတုတ်ထိုးဆိုင်

လမ်းမတော်သံဈေးရှေ့ က မငယ်ဆိုင်.

၁၃ လမ်းကမောင်မြင့်ဆိုင်လည်း အရမ်းစားကောင်းပါတယ်။

ကျောင်းမြောင်းသီတာလမ်းကခွေးနီုဆိုင်

အင်းလျားရေကူးကန်ဘေး က တုတ်ထိုးဆိုင်

ဝါးတန်းလမ်းလူပျိုကြီးဥိးချစ်တုတ်ထိုးဆိုင်
(စိတ်တိုင်းကျလက်ဘက်ရည်ဆိုင်နဲ့ ပန်ဒါဟော်တယ်ကြားက)

စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ့  က
ဝက်သားတုတ်ထိုး…ဒီဆိုင်များကတော့ ကျမ………..

—————–

ကျောင်းသူဘ၀တုန်းက တုတ်လေးနဲ့ ထိုးပြီးစားရတာ
အရမ်းသဘောကျတာပဲ(တုတ်လည်းမပစ်ချတတ်၊ မချိုးတတ်ပါ)

မှတ်မှတ်ယယ တုတ်ထိုးစားတာအပြန် ကားစီးဖို့ ဘဲချန်ပြီးစားဘူးပါတယ်..။

လမ်းမှာ ရန်ကင်းနားကားပျက်လို့  နောက်ကားစီးဖို
့ငွေကပါမလာပါဘူး…စပယ်ယာကလည်း
လူလည်ပါ…စက်ပြင်ဆရာသွားခေါ်အုံးမယ်ဆိုပြီးထွက်သွားတာအကြာကြီးပါ…။

မစောင့်နိုင်လို့ ..ရန်ကင်းကကျောက်မြောင်းအထိလမ်းလျှောက်ပြန်ခဲ့ ဘူးပါတယ်)

ရန်ကုန်မှာကျ အသားကို နည်းနည်းပြန်ကြော်ပါတယ်။

ကျွန်မကတော့ ပြုတ်တဲ့အရသာကိုကြိုက်ပါတယ်။

မိမိနှစ်သက်ရာ ဝက်သားကလီစာများကို ရွေးဝယ်ထားပါ။

ပါဝင်သောပစ္စည်း

ဝက်အသည်း၊နှလုံး၊လျှာ ၊အူချို ၊အူပိတ် သွေးခဲ၊ အသား၊ တစ်ပိသာ

ဆား

အချိုမှုန့် 

သကြား

ပဲငံပြာရည်

ဂျင်း လိုသလောက်

တရုပ်မဆလာ လိုသလောက်

ကြက်သွန်ဖြူ လိုသလောက်

နာနတ်ပွင့် ၅ ပွင့်

ငရုပ်ဆော့

သံပုရာသီး

ငရုပ်သီးစိမ်း

ဘဲဥ၁၀ လုံး

ပြုလုပ်ပုံအဆင့်ဆင့်

ဝက်အသည်း၊နှလုံး၊လျှာ ၊အူချို ၊အူပိတ် သွေးခဲ၊ အသား တို့ ကို ရေသေချာဆေးပါ။

ပြီးလျှင်ချင်းထောင်းရေနဲ့ နယ်ပေးပါတယ်။

နောက် ဆား၊သကြားအနည်းငယ်၊

ပဲငံပြာရည်အနောက်၊ငံပြာရည်၊တရုတ်မဆလာ၊ကြက်သွန်ဖြူထောင်း

တို့ ဖြင့် နှံအောင်ဆုတ်နယ်ပေးပါ။ ထို့ နောက် အသားများကို ပြုတ်ပေးပါ။

ပေါင်းအိုးနဲ့ ပေါင်းပေးရင် အရသာပိုကောင်းပါတယ်။

အသားပြုတ်အိုးထဲကို ဂျင်းအချောင်းလေးတွေလှီးပြီး ထည့်ပေးပါတယ်။

နာနတ်ပွင့်အလွယ်တကူရမယ်ဆိုရင် ထည့်ပြုတ်ပေးပါ။

အသားနူးပြီဆိုရင် မိမိစိတ်ကြိုက်ပြင်ဆင်စားသုံးနိုင်ပါပြီ။

အချဉ်အတွက်ကတော့ ငရုတ်ဆော့ကို

ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းလှီးထည့် သံပုရာရည်ညှစ်ပြီး ပြင်ဆင်ပါ။

အရည်လေးနဲ့ စားမယ်ဆို မိမိနှစ်သက်ရာအပိုင်းကို ပါးပါးလှီး၊

အရည်ဆမ်း၊အချဉ်ထည့် ပြီး စားသုံးပါ။

ထမင်းနဲ့ စားမှာမလို့ ဆိုရင်တော့ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း

ပါးပါးလှီးပါ။

ပဲပင်ပေါက်ရေနွေးဖျောပြီး သခွားသီးနဲ့ မုန်လာဥနီကိုအချောင်းလေးတွေ လှီးပေးပါ။

အသားနဲ့ ရောပြီး ငံပြာရည်တို့ နဲ့ သုတ်စားပါ။

အသားကို ကြော်ပြီးမှစားချင်သူများအတွက် အသားကို ဆီမြုပ်အောင်ထည့်ပြီး ကြော်ပါ။

ပြီးမှ ပြန်ပြီးပေါင်းပေးပါ။

ဒါဆိုရင် အရမ်းစားကောင်းတဲ့ ဝက်သားတုတ်ထိုးရပါပြီနော်။
စာပြီးရင်ဆွေမျိုးပါမေ့ နိုင်လို့ အရင် ဆွေမျိုးစာရင်းစမှတ်ပါ

ကဲ စွဲမယ်ဟေ့ 

**ရွှေအိမ်စည်(ဂေဇတ်ထမင်းဆိုင်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)