**Public Health**
ကင်ဆာ တိုက်ဖျက်တဲ့ အစား အစာများ စာရင်းမှာ ထည့်သွင်း ပေးသင့် တဲ့ အစား အစာကို ဖော်ပြ လိုပါတယ်။
ဥများ - အမေရကိ နအ် မျိုး သားကျန်း မာရေးအင်စတီကျုက တစ်နေ့လျှင် ဥတစ်လုံးစားခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း မကြာမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်က ညွှန်းဆိုပြသတယ်။ ဥများမှာ ဗီတာမင် B အမျိုးအစားတစ်မျိုးဖြစ်တဲ့ Cholineြွကယ်ဝစွာပါရှိတယ်။ အသားနှင့် အခွံမာသီးများကလည်း Cholineြွကယ်ဝစွာ ပါဝင်တဲ့ အစား အစာများ ဖြစ်ကြပါတယ်။
မှိုများနှင့်လက်ဖက်ရည်ကြမ်း - အနောက်ပိုင်း ဩစတြေးလျ တက္က သိုလ်မှ တရုတ်အမျိုးသမီးများအပေါ် လေ့လာခဲ့ရာ တစ်နေ့ကို လတ်ဆတ် တဲ့မှို အနည်းဆုံး ၁၀ဂရမ် စားသုံးသူ အမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်ဖို့ အလားအလာ ၆၄ ရာခိုင်နှုန်း ပိုလျော့ပါးကြောင်းသိရတယ်။ထမင်း စားစဉ်မှာ လက်ဖက်ရည်ကြမ်း (Green Tea)သောက်သူ အမျိုးသမီး များတွင် ရင်သားကင်ဆာဖြစ်ပွားနိုင် ခြေမှာ အထက်ပါရာခိုင်နှုန်းအောက် လျော့နည်းနေကြောင်း တွေ့ရှိခဲ့ကြ ပါတယ်။
လုံးတီး အစေ့ အဆန်များ (Wholegrains) - ဆွီဒင်ရှိ ဘာရိုလင်စကာ အင်စတီကျုမှ သုတေသနပြုချက် အရ သွေးထဲရှိ သကြားဓာတ် အညွှန်း ကိန်းနည်းတဲ့ (Low Glycaemic Index) အစားအစာများက ကင်ဆာ ရောဂါကို အကာအကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်လို့ဆိုတယ်။ သွေး ထဲရှိ သကြားဓာတ် ညွှန်းကိန်း (High Glycaemic Index) မြင့်မားတဲ့အစား အစာများက ရင်သားကင်ဆာဖြစ်နိုင် ခြေကို ၃၄ ရာခိုင်နှုန်းနီးပါးအထိ မြှင့်တင်ပေးနိုင်ပါတယ်လို့ သုတေသီ တို့က တွေ့ရှိခဲ့တယ်။ GI နိမ့်တဲ့ အစား အစာတွေထဲမှာ လုံးတီးအစေ့အဆန် များ ပါဝင်ပါတယ်။ GI မြင့်တဲ့အစား အစာများက ခန္ဓာကိုယ်ထဲမှာ အင်ဆူ လင်နှင့်ဟော်မုန်းများပမာဏကိုတိုးမြှင့် ပေးတယ်။ ယင်းတို့က ရင်သား ကင်ဆာကလာပ်စည်းများ ပြန့်ပွားမှု ကို အားပေးပါတယ်။
Ref :RD Jan 2010
**မေမွန်ကျော်**

No comments:
Post a Comment