**Public Health**
ကျောက်တည်တာမျိုးရိုးအရရှိတတ်တယ်။။ ရေကိုကျိုချက်သောက်ပါ၊။ ဆီးထဲမှာ
အယ်ဘူမင်ဓါတ် များနေရင်သွေးတိုးနဲ့ကျောက်တည်တာရှိတတ်တယ်။
အငန်နဲနဲပဲစားပါ၊ ရေများများသောက်ပါ၊၊
အညာဘက်မှာဆိုကျောက်ရေတွင်းတွေပေါတော့ထုံးကျောက်ရေတွေအသောက်များလို့ကျောက်
တည်တာများတယ်၊ သံမနိုင်ကျောက်မနိုင်ဆိုတဲ့အရွက်ကျိုသောက်ပါ၊။
မြင်းခွာရွက်သုတ်များများစား၊
အရည်ပလင်းလည်းမြန်မာဆေးဆိုင်တွေမှာဝယ်လို့ရတယ်၊။
ဆရာဝန်ပြရင်းကျောက်ကြေဆေးလည်းသောက်လို့ရတယ်။တိုင်ပင်သောက်ပါ၊
ဆီးလမ်းကျောင်းကျယ်ဆေးနဲ့တွဲသောက်ကြတယ်၊
ကိုယ့်အဖေဆိုနှစ်ခါရှိပြီကျောက်ထွက်လာတယ်။ တစ်ခါက
စပါးစေ့လောက်၊နောက်တစ်ခါက မြေပဲ စေ့လောက်ထွက်လာတယ်၊။
ကျောက်တည်ရင်ခါးနာတယ်၊ တအားနာရင်အန်တယ်၊
တချို့ဆေးခန်းတွေမှာမခွဲရဘဲကျောက်ခြေစက်ဆိုပြီးထွက်နေတယ်၊
နည်းနည်းလေ့လာကြည့်ပေါ့၊

တစ်ချို့ကလည်းပြောကြတယ်၊ ဖရဲသီးစားရင်အောက်အခွံနားကအဖြူတွေကိုပါစား၊ ကျောက်ဂျိုးပါ
ကြေကြတယ်ပြောတယ်၊။ ဓါတ်စာနဲ့ကုစားတဲ့သဘောပါ၊ စားကြည့်ပါ၊
ကျန်းမာကြပါစေ၊
**htayhtay kyaw**

No comments:
Post a Comment