ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 14, 2012

အရွယ်ဝိရောဓိ

>
အရွယ်ဆိုတာ တကယ်တော့ နားလည်ချင်ရင် နားလည်ရလွယ်သလို နားမလည်ချင်ရင်လည်း နားလည်ရခက်တဲ့ ဝေါဟာရတစ်ခုပါပဲ.

ရပ်ကွက်ထဲမှာ ပြောနေကြတာတွေ နားထောင်ကြည့်ဦးမလား..

“အရွယ်လေးက ငယ်ပေမယ့် စိတ်ထားလေးက ရင့်ကျက်တယ်.”

“ကိုယ့်အသက်အရွယ်ကြီးမှ အားမနာ. ကလေးမဟုတ် သူငယ်မဟုတ်.”

ဒီအရွယ် ဆိုတဲ့ စကားလုံးလေးကကိုပဲ ချစ်ခင်မြတ်နိုးဖွယ် သိင်္ဂါရ ရသမြောက်စေနိုင်သလို စက်ဆုပ်မုန်းတီးဖွယ် ၀ိဘစ္ဆရသကိုလည်း ဖော်ကျူးနေနိုင်ပြန်တယ်.

ကျွန်တော်ရော ဘယ်အမျိုးအစား၊ ဘယ်ခေါင်းစဉ်အောက်ထဲမှာ ပါနေမိပြီလဲ ဆိုတာ ခုတလော တော်တော်လေးကို စဉ်းစားနေမိတယ်.

***************

လူကြီးတွေ ပြောနေတတ်တဲ့ ကြားဖူးတာလေး တစ်ခုရှိသေးတယ်.

လူတွေများ ငယ်ငယ်တုန်းကကြီးချင်တယ်. ကြီးလာတော့ ငယ်ချင်တယ်တဲ့.

ဟုတ်မယ်. ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို ယောင်္ကျားလေးတွေကို ကြည့်ဦးမလား. အရွယ်လေးက ဟိုမရောက်ဒီမရောက်လေးရယ်. ဒါပေမယ့် လူကြီးဂိုက်လေးက ဖမ်းချင်လာပြီ.

မိန်းကလေးတွေကို ကြည့်ဦးမလား. အပျိုဖော်မ၀င့်တ၀င်လေးမှာကိုပဲ စာအုပ်လေးကို ရင်မှာ အပ်လို့၊ လမ်းလျှောက်ရင် စတိုင်လ်အပြည့် မလိုင်အပြည့်နဲ့ အပျိုကြီးဂိုက်ဖမ်းလို့..

တစ်ခြားယောင်္ကျားလေးတွေတော့ မသိဘူး. ကျွန်တော်တော့ ကိုးတန်း၊ဆယ်တန်းလောက်ကတည်းက လူကြီးဂိုက်သိပ်ဖမ်းချင်တယ်.

ကျွန်တော့်မှာ ကော်လာပါတဲ့ ရှပ်အင်္ကျီလက်တို၊ လက်ရှည်တွေ များစွာ ရှိပေမယ့် တီရှပ်ဆိုလို့ မိတ္ထီလာမှာ ဆယ်တန်းဖြေခါနီးလေး ဈေးကြီးထဲသွားဝယ်ဖြစ်တဲ့ Deco ရှပ်အနီရောင်လေးပဲ ရှိတယ်. ဒါတောင် ဘာစိတ်ကူးရပြီး ၀ယ်မိလိုက်တယ်မသိ.

ဂျင်းဘောင်းဘီဆိုရင် အစ်ကိုက သူဝတ်ထားပြီးသား နှစ်ထည်ကို ရန်ကုန်ကနေ မိတ္ထီလာအပြန် လာလည်တုန်းလေး ပေးထားခဲ့တဲ့ Guess အပြာရောင်လေးနဲ့ Gap အနက်ရောင်လေး နှစ်ထည်ပဲရှိတယ်. ပိုဆိုးတာက ကျွန်တော် ဘောင်းဘီရှည်မ၀တ်တတ်ဘူးဗျာ.

ရယ်တော့ ရယ်စရာကောင်းနေမလားမသိဘူး. ဘုရားစူး. ကျွန်တော် ဘောင်းဘီရှည်မ၀တ်တတ်ခဲ့တာ အမှန်ပါပဲ. ပုဆိုးနဲ့ ရှပ်အင်္ကျီလက်ရှည်က ကျွန်တော့်ရဲ့ သင်္ကေတအမှတ်အသား ဖြစ်နေခဲ့တယ်.

ဆယ်တန်းအောင်ပြီးတော့ မန္တလေးကို ပြောင်းဖြစ်တယ်. အဲဒီ့မှာ ပိုဆိုးတာပဲ.

မန္တလေးကိုရောက်တော့ လူပျိုက ဖားဖားဖြစ်ချင်လာပြီ. တက္ကသိုလ်တက်ဖို့ စောင့်နေတုန်း တစ်ဖက်တစ်လမ်းက ၀င်ငွေရလည်း မဆိုးပါဘူး ဆိုပြီး ကျောင်းသားတွေကို စာပြတဲ့ အလုပ်လေး လုပ်ဖြစ်တယ်. ရပ်ကွက်ထဲမှာ ပြောသလို ပြောရရင်တော့ Study Guide ပေါ့.

နဂိုတည်းကမှ လူကြီးဂိုက်ဖမ်းချင်နေတဲ့ ကျွန်တော်တစ်ယောက် Study Guide လုပ်တော့ ဘာပြောကောင်းမလဲ. ကိုယ့်ထက် အသက်ကြီးတဲ့ ကျောင်းသား မိဘတွေ၊ သူ့အစ်ကိုတွေ၊ အစ်မတွေက “ဆရာ. လာပါ. ဆရာထိုင်ပါ. ဆရာသောက်ပါ. ဆရာစားပါ.ဆရာ လိုတာရှိပြောပါ.” ဆိုပြီး ဆရာချင်းထပ်နေတော့ ကျွန်တော့်မှာလည်း မရှိမဲ့ရှိမဲ့ သမားဂုဏ်လေးတွေ ခေါင်တိုင်တက်လို့ ဆရာစတိုင်လ် အပြတ်ဖမ်းမိပါတော့တယ်.

မန္တလေးရောက်ပြီးနောက် မကြာမီ စတစ်ကော်လာတပ် အင်္ကျီလေးနှစ်ထည် မှတ်မှတ်ရရ (၇၈) လမ်းမကြီးပေါ်က အပ်ချုပ်ဆိုင်မှာ အပ်ဖြစ်ပါတယ်. တစ်ထည်က အဖြူရောင်လေး၊ နောက်တစ်ထည်ကတော့ ကြံရည်ရောင်လေးဖြစ်မယ်. အသားလေးတောင် မှတ်မိလိုက်သေး. အမေ့ကိုမှာလို့ အမေက မန္တလေးရာသီဥတုနဲ့ လိုက်ဖက်အောင်ဆိုပြီး အေးတဲ့ အသားလေးဝယ်လာပေးတာဆိုပဲ. သရီးရိုင်ဖယ်တဲ့.

အဲဒီ့အင်္ကျီလေးနှစ်ထည်က ကျွန်တော့်ရဲ့ အသည်းစွဲပဲ. ၀တ်လိုက်ရင် အင်္ကျီလေးက အသားမှာ ကပ်နေတယ်. တကယ်ကို ပေါ့ပေါ့ပါးပါးလေးနဲ့ ၀တ်လို့ ကောင်းသလို ချွေးစိုလည်းခံတယ်.

ကျောင်းသားဆီက လခလေး ထုတ်လို့ ငွေစလေးတွေရွှင်စပြုလာတော့ အင်္ကျီလက်ရှည်လေးတွေ ၀ယ်ဖြစ်သလို ချုပ်လည်းချုပ်ဖြစ်တယ်. ကျွန်တော်ဝယ်နေကျ ဆိုင်လေးက ၈၄ လမ်းပေါ်က President တဲ့. နှံ့နှံ့စပ်စပ်ရှိတဲ့ မန်းသားတွေဆိုရင် သိကြမယ်ထင်ပါတယ်. မသိရင်တော့ မနှံ့စပ်သေးဘူးလို့သာ အောက်မေ့ပါ.း)

ဆိုင်လေးက သိပ်မကြီးကျယ်ပေမယ့် တင်ထားတဲ့ ပစ္စည်းလေးတွေက သန့်တယ်. ဈေးလည်း သိပ်မကြီးဘူး. ကျွန်တော်တို့လို အခြေခံလူတန်းစားတွေအတွက် လက်လှမ်းမီတယ်ပေါ့ဗျာ.

ကျွန်တော့်အစ်မရဲ့ အမျိုးသား (သို့မဟုတ်) ကျွန်တော့်ယောက်ဖက ၀မ်းတွင်းဖက်မှာ ရက်ကန်းလုပ်ငန်းတွေ ရှိလေတော့ မန္တလေးတက်လာဖြစ်တိုင်း ပုဆိုးလေးတွေ လက်ဆောင် ယူယူလာပေးတတ်ပါတယ်. သူတို့ စက်ရုံမှာ ချည်ပုဆိုး၊ ဆိတ်ခွန်ပုဆိုး အစုံရက်ပေမယ့် ကျွန်တော်က ဆိတ်ခွန်ပုဆိုးကြိုက်မှန်း သိလေတော့ နောက်ပိုင်း ဆိတ်ခွန်ပုဆိုးလေးတွေကို ကျွန်တော့်အတွက် တခုတ်တရ ယူယူလာပေးတတ်ပါတယ်. ကျွန်တော့်မှာ ဆိတ်ခွန်ပုဆိုး အကွက်စိပ်၊ အကွက်ကျဲ မျိုးစုံရှိပါတယ်. ဒီတော့ လိုရင်းပြန်ဆက်ရရင် မန္တလေးရောက်ပြီး ကျွန်တော်တစ်ယောက် အင်္ကျီလက်ရှည်နဲ့ ဆိတ်ခွန်ပုဆိုးကို အမြဲဝတ်ဖြစ်ပါတယ်.

တခါတလေတော့လည်း သူငယ်ချင်းတွေက ကျွန်တော့်ကို မေးတတ်ပါသေးတယ်.

“အင်္ကျီလက်ရှည်နဲ့ မအိုက်ဘူးလား” တဲ့.

ကျွန်တော်ပြန်ဖြေပုံကလည်း သင်းပါတယ်.

“အသားမည်းမှာ စိုးလို့ကွ.”

အဲလိုဖြေရင် ကျွန်တော့်သူငယ်ချင်း စည်သူတစ်ယောက် တဟားဟားနဲ့ ထရယ်တတ်တာကို ဒီစာလေး ရေးနေရင်းနဲ့တောင် သတိရမိလိုက်သေး.

မန်းမြေမှာ လေးနှစ်တာ နေထိုင်ခဲ့ပြီးနောက် ရွှေရန်ကုန်ကို အပြီးအပိုင် ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းမှာလည်း ကျွန်တော်တစ်ယောက် ပုံစံမပြောင်းခဲ့ပါ. သို့ပေသိ ရန်ကုန်ရောက်ပြီးနောက်ပိုင်း ထူးခြားလာတာတစ်ခုကတော့ ရှပ်အင်္ကျီလက်တိုလေးတွေ ၀တ်စပြုလာတာပါ. ရန်ကုန်ဆိုတော့ အသားမမည်းနိုင်တော့ဘူး မဟုတ်လား.

ဒီလိုနဲ့ ရန်ကုန်မှာ သုံးနှစ်ခွဲကြာပြီးနောက် မပြီးဆုံးသေးသော ပန်းချီကားကို ဆက်ဆွဲနိုင်ဖို့ ရပ်ဝေးမြေခြားကို စွန့်စားထွက်ခွာလာခဲ့မိပါတယ်.

မှတ်မိသေးတယ်. လေဆိပ်ဆင်းတဲ့နေ့က စတိုင်လ်ဘောင်းဘီနဲ့ ဝေါ့ခ်ကင်းရှူးကို စီးပြီး လမ်းလျှောက်တော့ လူက နေရထိုင်ရ နည်းနည်းခက်နေသလိုလိုပဲ.

ဒါပေမယ့်လည်း နိုင်ငံခြားကို လေယာဉ်ကြီးစီးသွားရမယ်ဆိုတဲ့ စိတ်ရယ်၊ မိဘဆွေမျိုးမောင်နှမ သားချင်းတွေကို အကြာကြီးခွဲခွာသွားရမယ် ဆိုတဲ့ အသိတွေရယ်က ကြီးစိုးထားလေတော့ ကိုယ့်ကိုယ်ကို ဘယ်လိုပုံစံဝတ်ထားမှန်း သိပ်သတိမထားမိခဲ့ပါဘူး.

ပြဿနာက ထိုင်ဝမ်လေဆိပ်မှာ စတယ်.

လေဆိပ်နားနေခန်းမှာ ဆန်ဖရန်စစ္စကိုဖက် သွားမယ့် လေယာဉ်ကို ၁၈ နာရီကြာအောင် ကျွန်တော် စောင့်လိုက်ရတယ်. ရန်ကုန်ကအထွက် လေယာဉ်လက်မှတ်တွေက အဆင်မပြေခဲ့လို့ Sunfar က အင်မတန် သဘောကောင်းတဲ့ မချောစုက ရန်ကုန်-ထိုင်ပေ တစ်ကြောင်း၊ ထိုင်ပေ- ဆန်ဖရန် တစ်ကြောင်း၊ ဆန်ဖရန်-အင်ဒီးယားနား တစ်ကြောင်းဆိုပြီး ခွဲဝယ်လိုက်တာကိုး.

ဒီတော့လည်း ကိုယ့်ကိုယ်ကို အားပေးလိုက်ပါတယ်. Take That လို့လေ. ဟတ်ဟတ်.

ထိုင်ဝမ်လေဆိပ်မှာ ခရီးသည်တင်လက်ဂေ့ခ်ျလေးကို ကိုယ့်ရှေ့မှာထား၊ ကျောပိုးအိတ်အနက်လေးကို ရင်ဘတ်ထဲမှာ ပွေ့ထားလို့ မျက်စိတောင်းမှောက် လျှောက်ကြည့်ရင်း ခရီးသည်နားနေဆောင်မှာ ထိုင်နေခဲ့တဲ့ ကြံရည်ရောင် ဦးထုပ်လေးဆောင်းထားခဲ့သော အထီးကျန် အဖော်မဲ့ ကောင်လေးတစ်ယောက်ဟာ အခုဒီစာကို ရေးနေတဲ့ ကျွန်တော်ပါဆိုရင် သိပ်ပြီးတော့ ဖွဲ့နွဲ့လွန်းရာ ကျသွားမလား.

တကယ်တော့ မပိုပါဘူး. လိုတောင် လိုနေခဲ့ဦးမယ်ထင်တယ်.

ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ စီးနေကျမဟုတ်တဲ့ ဝေါ့ခ်ကင်းရှူးဖိနပ်ပေါက်တဲ့ ပြဿနာရယ်၊ ဖိနပ်ထဲမှာ ပလတ်စတစ်အိတ်လေး နှစ်ထပ်ပတ်လို့ သားရေကွင်းလေးနဲ့စည်းထားတဲ့ ကျောင်းတက်ဖို့ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၅၅၀၀ ရယ်က ရှိနေခဲ့တာကိုး. ကျွန်တော် ဒီလောက်ဝေးတဲ့ ခရီးကို တစ်ခါမှ မထွက်ဖူးခဲ့သလို ဒေါ်လာ ၅၅၀၀ ကိုလည်း ကျွန်တော့်ဖိနပ်အောက်ထဲမှာ ဖွက်ပြီး သယ်လာတာမျိုး စိတ်မကူးခဲ့ဖူးဘူး.

ခရီးကလည်း နည်းနည်းပင်ပန်းစပြုနေပြီ. ခြေထောက်ထဲမှာလည်း ချွေးတွေစိုစပြုနေပြီ. စတိုင်လ်ဘောင်းဘီ ကလည်း ပုဆိုးဝတ်ထားရသလောက် လွတ်လွတ်လပ်လပ် မရှိလှဘူး. ကျွန်တော့်မှာ အဲကွန်းတွေလွှတ်ထားတဲ့ အခန်းကျယ်ကြီးထဲ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေမိတယ်. ရှပ်အင်္ကျီလေးနဲ့ ဆိတ်ခွန်ပုဆိုး ပေါ့ပေါ့ပါးပါးလေးကို လွမ်းမိတယ်. တစ်ခါတည်း ဆုံးဖြတ်ချက်တောင် ချလိုက်သေးတယ်. ကျောင်းကိုရောက်ရင် ကိုယ့်အခန်းထဲမှာ ပုဆိုးနဲ့ပဲနေမယ်လို့လေ.

ကျောင်းကိုရောက်တော့ အပြင်သွားတဲ့အချိန်တွေနဲ့ ကျောင်းတက်ချိန်တွေကလွဲရင် အဆောင်မှာ ပုဆိုးနဲ့ပဲ နေကြည့်ဖို့ ကြိုးစားပါသေးတယ်. ပထမ တစ်လ၊ နှစ်လလောက်တော့ ၀တ်ဖြစ်သေးတယ်. ကျောင်းသွားရင် ဘောင်းဘီရှည်ဝတ်၊ အခန်းပြန်ရောက်ရင် ပုဆိုး ပြန်ဝတ်၊ အလုပ်သွားရင် ဘောင်းဘီပြန်ဝတ်၊ အလုပ်က ပြန်လာရင် ပုဆိုးပြန်ဝတ်၊ အခန်းဖြော်ဖစ်ဖြစ်၊ ဘေးအခန်းကပဲ ဖြစ်ဖြစ် အပြင်သွားဖို့ခေါ်ရင် ဘောင်းဘီပြန်ဝတ်နဲ့ နောက်ကျတော့ စိတ်နည်းနည်း ညစ်ချင်လာတယ်. ဒီလိုနဲ့ပဲ မကြာမတင်ကာလမှာ ကျွန်တော် ဘောင်းဘီဝတ်ရတာ အသားကျသွားပါတော့တယ်.

တခါတလေ အိပ်ယာနိုးတာနဲ့ ည၀တ်ဘောင်းဘီနဲ့တင် အတန်းထဲကို အပြေးအလွှားသွားတာမျိုးတွေတောင် ရှိသေး. ကံကောင်းချင်တော့ ကျွန်တော် တက်ခဲ့ရတဲ့ ကောလိပ်က ယောင်္ကျားလေးကျောင်းဖြစ်နေခဲ့ပြီး ကံဆိုးချင်တော့ မနက်ခင်း ယူတဲ့ အတန်းတွေထဲမှာ သင်တဲ့ဆရာတစ်ယောက်က ဆရာမချောချောလေး ဖြစ်နေတယ်.

အဲလိုမနက်ခင်းတွေများ ဖြစ်ခဲ့ပြီဆိုရင် ကျောပိုးအိတ်လေးကို ကိုယ့်ရှေ့အသာလေးချလို့ ဖိုင်တွဲလေးကို ပေါင်ပေါ်တင်ထားလိုက်တယ်. ည၀တ်ဘောင်းဘီလေးကို ကာဗာယူတဲ့သဘောပေါ့. တစ်ခြားကျောင်းသားတွေ ကို ပြုံးတာလား၊ ကျွန်တော့်ကို ပြုံးတာလားတော့မသိ၊ အဲဒီ့ဆရာမလေးကတော့ ပြုံးပြုံးလေး နဲ့ နှုတ်ဆက်တတ်တယ်. နောက်ပိုင်းကျတော့ ည၀တ်ဘောင်းဘီနဲ့ အတန်းကို အပြေးအလွှား လာတက်တတ်တဲ့ ကျောင်းသားတစ်ချို့ဟာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါလားဆိုတာကို ၀မ်းမြောက်ဖွယ် သိရှိလိုက်ရတယ်. ယောင်္ကျားလေးတွေကြီးပဲ ရှိတဲ့ ကျောင်းမို့လို့လည်း အဲလိုလေးတွေ လုပ်နိုင်ကြတာ ထင်ပါတယ်.

အခုတော့လည်း ကျွန်တော်တစ်ယောက် မြို့ပြကြီးရဲ့ ညများမှာ စီးဝင်နစ်မျောနေခဲ့ပြီလေ. အရင်တစ်ပတ်က ကျွန်တော်တစ်ယောက် နေရာသစ်ကို ပြောင်းရွှေ့တော့ ပစ္စည်းလေးတွေ သိမ်းဆည်းရ၊ ထုပ်ပိုးရနဲ့ပေါ့.

အဲဒီ့မှာ မထင်မှတ်ဘဲ ရန်ကုန်က တကူးတက သယ်လာခဲ့တဲ့ ဆိတ်ခွန်ပုဆိုး အပြာရောင် ကွက်စိပ်လေးရယ်၊ ပွဲနေပွဲထိုင်ရှိရင် မြန်မာဝတ်စုံလေးဝတ်ပြမယ်ဆိုပြီး သိမ်းဆည်းထားခဲ့တဲ့ စတစ်ကော်လာ အင်္ကျီဖြူလေးနဲ့ တိုက်ပုံလေးရယ်က အနက်ရောင်အိတ်လေးရဲ့ ထောင့်လေးတစ်ထောင့်ကနေ ကျွန်တော့်ကို မရဲတရဲလေး လှမ်းကြည့်နေခဲ့တယ်.

ကျွန်တော် ထုတ်ကြည့်မိလိုက်တယ်.

ပုဆိုးနဲ့ စတစ်ကော်လာဖြူ ၀တ်ခဲ့တဲ့ နေ့ရက်တွေက ပိတ်ကားပေါ်ကို ထိုးပြနေတဲ့ ပရိုဂျက်တာထဲက ဓာတ်ပုံဆလိုက်တွေလို တဖျတ်ဖျတ်နဲ့ ကျွန်တော့်အတွေးတွေ ကို ဆက်တိုက်ဆွဲယူသွားခဲ့တယ်.

ကျွန်တော်အခု ပုဆိုးမ၀တ်တတ်တော့တာ အရွယ်ကြောင့်မဟုတ်ပါဘူး၊ နေရာကြောင့်ပါရယ်လို့ အဲဒီ့တုန်းက ကျွန်တော့်ကို အခု ကျွန်တော်က ပြန်ရှင်းပြနေချိန်မှာ ကျွန်တော့်အခန်းလေးထဲမှာ ၀ိရောဓိတွေက အပြန်အလှန် စီးချင်းထိုးနေခဲ့ကြတယ်.

တကယ်တော့လည်း အကျင့်ဆိုတာက လူက လုပ်တာပါဆိုတဲ့ စကားတစ်ခွန်းကြားဖူးတယ်.

တချိန်က ပုဆိုးနဲ့ စတစ်ကော်လာအကျိင်္ဖြူလေးက ကျွန်တော့်ရဲ့ အသည်းစွဲအမှတ်တံဆိပ် ဖြစ်ခဲ့ဖူးပါတယ်.

ဒါဆိုရင် ဘောင်းဘီရှည်ဝတ်တဲ့ အကျင့်ပါသွားပြီး ပုဆိုးဝတ်တဲ့အကျင့်ပျောက်သွားတာ ကျွန်တော်ကိုယ်တိုင်ရဲ့ သဘောတူညီမှုတွေလည်း အများကြီး ပါနေတယ်ဆိုတဲ့ သဘောပေါ့.

အဲဒီ့တော့ အတိတ်ကကျွန်တော်က ပစ္စုပ္ပန်ရဲ့ ကျွန်တော်ကို မေးခွန်းတစ်ခုထပ်မေးပြန်ပါတယ်.

“အခုနေ မြန်မာပြည်ကို မင်း ပြန်နေတော့မယ်ဆိုပါစို့. မင်း ပုဆိုးနဲ့ ရှပ်အကျီင်္ပြန်ဝတ်မလား. ဒါမှမဟုတ် ဘောင်းဘီရှည်နဲ့ တီရှပ်ပြန်ဝတ်မလား. အရင်တုန်းကတော့ မင်းပဲ လူကြီးဖြစ်ချင်ခဲ့ရဲ့ဆို. အခု ပြန်ငယ်ချင်နေပြီလား” တဲ့..

ကျွန်တော်ကိုယ်တိုင်ရဲ့ မေးခွန်းကို ကျွန်တော်ကိုယ်တိုင် ရိုးသားစွာဖြေကြည့်ဖို့ ကျွန်တော်ကိုယ်တိုင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်.

အခုချိန်မှာ ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီကိုပဲ ၀တ်ဖြစ်နေတာ ပုဆိုးကို မုန်းတီးလို့မဟုတ်ဘူး. နေ့တဓူဝ သွားလာလှုပ်ရှားရာမှာ အဆင်မပြေတာကြောင့်ရယ်၊ အလုပ်သဘောရဲ့ လိုအပ်ချက်ကြောင့်ရယ်၊ ဘာရယ် ညာရယ်ဆိုပြီး အဖြေတွေကို ဦးနှောက်ထဲမှာ အပြေးအလွှားစီစဉ်နေတုန်းမှာပဲ အတိတ်က ကျွန်တော်က အခုလို စွဲချက်ထပ်တင်ပြန်ပါတယ်.

“မင်း ပြောင်းလဲတတ်တယ်နော်. အရင်တုန်းကဆို အိမ်ပြန်ရောက်ရင် ပုဆိုးလေးနဲ့ ရှပ်အင်္ကျီလက်ရှည်လေးနဲ့. အခုတော့ အမြဲတမ်း ဘောင်းဘီရှည်နဲ့ကြီးပဲ.” တဲ့.

ကျွန်တော် ဘာမှ ပြန်မပြောလိုက်ပါဘူး.

သိမ်းဆည်းနေတဲ့ ပစ္စည်းတွေကို အသာချလို့ အိပ်ယာပေါ် ပစ်လှဲလိုက်ရင်း မျက်နှာကျက်အဖြူကြီးကို တွေတွေကြီး ငေးကြည့်နေမိတယ်.

ကျွန်တော် ပုဆိုးနဲ့ စတစ်ကော်လာဝတ်ခဲ့တာ တကယ်နှစ်သက်ခဲ့လို့လား၊ လူကြီးဆန်ချင်တဲ့အတွက် လူကြီးလို ၀တ်ဆင်ဖို့ ကြိုးစားခဲ့တာလား.

ကျွန်တော် ဘောင်းဘီရှည်ကို နှစ်သက်စွာ ၀တ်ဆင်နေမိတာ အဆင်ပြေမှုသက်သက်တစ်ခုတည်း အတွက်ကြောင့်လား၊ အချိန်ကာလ အလိုက် နှစ်သက်မှုတွေ ပြောင်းလဲသွားတဲ့ သဘောလား.

ကျွန်တော် ငယ်စဉ်က လူကြီးဆန်ချင်တဲ့အတွက် ပုဆိုးနဲ့ စတစ်ကော်လာ ၀တ်ခဲ့တာမှန်ပေမယ့် အခု ဘောင်းဘီရှည်နဲ့ တီရှပ်ဝတ်ဖြစ်နေတာ ပြန်ငယ်ချင်လို့တော့ မဟုတ်ပါဘူး ဆိုတာကို အတိတ်က ကျွန်တော်ကို နားလည်အောင် ရှင်းပြချင်လိုက်တာ..

အရွယ်ဆိုတာ တကယ်တော့ နားလည်ချင်ရင် နားလည်ရလွယ်သလို နားမလည်ချင်ရင်လည်း နားလည်ရခက်တဲ့ ဝေါဟာရတစ်ခုပါပဲလေ…

**Yan Aung**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)