ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 19, 2012

ဟာသ

>
**အကောင်းဆုံး ပြန်ချေပနိုင်သူနှစ်ဦး **

အမေရိကားမှာ ရှေ့နေဆိုတာ ဝင်ငွေကောင်းတဲ့အလုပ်လို့ဆိုပေမယ့် လူတွေရဲ့လေးစားမှုကို သိပ်မခံကြရဘူး။ ဒါကြောင့် ရှေ့နေတွေကို မနှစ်လိုတဲ့ ဟာသတွေ၊ ပျက်လုံးတွေရှိခဲ့ကြတယ်။

အောက်က ဇာတ်လမ်းနှစ်ပုဒ်က နှစ်တစ်နှစ်ရဲ့ "အကောင်းဆုံး ပြန်ချေပသူ" (TWO OF THE YEAR'S BEST COMEBACK RESPONSES)အဖြစ် စံချိန်တင်ခဲ့ပါတယ်။

(၁)
ရဲအရာရှိတစ်ဦးဟာ ကြီးလေးတဲ့ပြစ်မှုတစ်ခုအတွက် တရားခံရဲ့ရှေ့နေမေးမြန်းခြင်းကို ခံခဲ့ရတယ်။ ရှေ့နေက ရဲအရာရှိရဲ့ယုံကြည်လက်ခံနိုင်စွမ်းကို သိမ်ငယ်စေချင်ခဲ့တယ်။

မေး.... ရဲအရာရှိခင်ဗျား။ ကျွန်တော်ရဲ့အမှုသည် အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတယ်ဆိုတာကို ခင်ဗျာကိုယ်တိုင်မြင်ခဲ့သလား?

ဖြေ.... ကျွန်တော်မမြင်ပါဘူး။ ဒါပေမယ့် အခင်းဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူနဲ့တူတဲ့လူတစ်ဦး လမ်း ၃,၄ ပြလောက် ဖြတ်ပြေးသွားတာကိုတော့ တွေ့လိုက်ပါတယ်။

မေး..... ပြစ်မှုကျူးလွန်သူရဲ့ပုံသဏ္ဌာန် ခင်ဗျားကို ဘယ်သူပြောပြသလဲ?

ဖြေ..... အခင်းဖြစ်ပွားတဲ့နေရာကို ရောက်သွားတဲ့ အရာရှိပြောပြတာဖြစ်တယ်။

မေး..... ပြစ်မှုကျူးလွန်သူဆိုသူရဲ့ ပုံသဏ္ဌာန်ကို ခင်ဗျားတို့အဖွဲ့ဝင်ထဲက ရဲအရာရှိက ဖော်ညွှန်းပြတယ်။ ခင်ဗျားရဲ့အဖွဲ့ဝင်အရာရှိကို ခင်ဗျားယုံသလား?

ဖြေ.... ကျွန်တော်ယုံပါတယ်။ အသက်နဲ့ရင်းပြီး ယုံပါတယ်။

မေး... အသက်နဲ့ရင်းပြီး ယုံတယ်? ဒါဆိုရင် ခင်ဗျားကိုကျွန်တော်တစ်ခုမေးမယ်။ ခင်ဗျားတို့ရုံးတက်ချိန်မှာ ခင်ဗျားတို့အဝတ်အစားလဲဖို့ အဝတ်လဲခန်းရှိတယ် မဟုတ်လား?

ဖြေ..... ဟုတ်ကဲ့.... ရှိပါတယ်။

မေး.... အဝတ်လဲခန်းထဲက ကိုယ်ပိုင်အံဆွဲတွေကို ခင်ဗျားတို့ သော့ခတ်လား?

ဖြေ... ဟုတ်ကဲ့.. ခတ်ပါတယ်။

မေး.... ကောင်းပြီ။ ဒါဟာ ဘာကြောင့်လဲ အရာရှိခင်ဗျား? တကယ်လို့ ခင်ဗျားအသက်နဲ့ရင်းပြီး အဖွဲ့ဝင်ကို ခင်ဗျားယုံကြည်ရင် အားလုံးအတူတူသုံးကြတဲ့ အများသုံးအဝတ်လဲခန်းမှာ ဘာကြောင့် သော့ခတ်ထားရသေးသလဲ ခင်ဗျား?

ဖြေ.... ခင်ဗျားသိထားရမှာက ကျွန်တော်တို့ရဲ့ ရုံးထိုင်ရာအဆောက်အအုံမှာ တရားရုံးလည်း ပူးတွဲပါရှိပါတယ်။ ရှေ့နေတွေက အဲဒီအဝတ်လဲခန်းကို အမြဲဖြတ်ကျော်သွားရလို့ပါ။

ရဲအရာရှိရဲ့အဖြေကြောင့် တရားရုံးထဲမှာ ရယ်သံတွေပျံ့လွှင့်သွားခဲ့တယ်။ ဒီရဲအရာရှိကို "အကောင်းဆုံး ပြန်ချေပနိုင်သူ"အဖြစ် ဆုရာထားခြင်းခံခဲ့ရတယ်။

(၂)
General Norman Schwarzkopfကို (၉ဝ-၉၁ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲ(Gulf war)က အမေရိကန် စစ်ဗိုလ်ချုပ်ကြီး) အင်တာဗျူးတစ်ခုမှာ အမေရိကန်ကို အကြမ်းဖက်တိုက်ခိုက်တဲ့ 9/11 အကြမ်းဖက်သမားတွေကို အားပေးကူညီသူတွေကို ခွင့်လွှတ်သလားလို့ မေးခွန်းမေးခဲ့တယ်။

ဒါကို Schwarzkopfက Schwarzkopf လဏ္ခာနဲ့ အကောင်းဆုံးပြန်ဖြေခဲ့တယ်။

"သူတို့ကို ခွင့်လွှတ်ဖို့ကိစ္စက ဘုရားသခင်ရဲ့ကိစ္စလို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ရဲ့တာဝန်က သူတို့ကို ဘုရားသခင်နဲ့တွေ့ဖို့ စီစဉ်ပေးတာပါပဲ"

ဒီဇာတ်လမ်းတွေက အပြင်မှာတကယ်ရှိခဲ့/မရှိခဲ့ သေချာမသိပါဘူး။ ဂူဂယ်နဲ့ရှာကြည့်လိုက်ရင် အင်တာနက်ပေါ်မှာ ပြန့်နေတာတော့အမှန်ပဲ။ အခြေအနေ၊ အချိန်အခါတစ်ခုမှာ ဖြတ်ထိုးဉာဏ်၊ ဆင်ခြင်တွေးတောဉာဏ်တွေက အရေးပါကြောင်း ဗဟုသုတအဖြစ် ဘာသာပြန်မျှဝေလိုက်တာဖြစ်ပါတယ်။

http://fellowshipofminds.wordpress.com/2010/10/01/two-of-the-years-best-comeback-responses/

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

--
Be Happy,
**Moe Moe.**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)