ရိုးရိုးရှင်းရှင်းဖွင့်ဆိုရလျှင် ခေါင်းဆောင်ဆိုသည်မှာ နောက်လိုက်ရှိသူဖြစ်ပါသည်။
ခေါင်းဆောင်သည် နောက်လိုက်ရှိထိုက်သူ ဖြစ်ပါသည်။
အသိအမှတ်ပြုခြင်းကို ရရှိထားသူဖြစ်ပါသည်။
အာဏာဟူသည့် အကြောင်းတစ်ရပ်တည်းဖြင့် လေးစားမှုကို ရနိုင်ဖို့မလုံလောက်တော့ပါ။
ခေါင်းဆောင်ဆိုသည်မှာ ၀န်ထမ်းအကြီးစားဖြစ်ပါသည်။
မည်သူ့ အကြီးအကဲပဲဖြစ်ဖြစ်၊ ထိုသူကို သင်တို့၏ အမှုထမ်းဖြစ်ပါစေ။
ခေါင်းဆောင်သည် သူ့နောက်လိုက်များ၏ မျက်လုံးကို ထွင်းဖောက်ရှုမြင်နိုင်ပါသည်။
ခေါင်းဆောင်သည် နောက်လိုက်၏ နေရာသို့ဝင်ကြည့်ပြီး သူတို့၏စိတ်ကူးအိမ်မက်များကို အကောင်အထည်ပေါ်လာအောင် ကူညီဆောင်ရွက်ပါသည်။
ခေါင်းဆောင်သည်'ချီတက်ကြ'ဟုမပြောပါ။'ချီတက်ကြစို'့ဟုပြောပြီးလမ်းကို ရှေ့ကဦးဆောင်သွားပါသည်။
ခေါင်းဆောင်သည်ကြာပွတ်တစ်လက်ကိုကိုင်ပြီးနောက်ကမလိုက်ပါ။
တံခွန်ကိုကိုင်လျက်ရှေ့ကတက်ပါသည်။
ခေါင်းဆောင်သည်နောက်လိုက်များအားသူနှင့်အတူဒိုးတူပေါင်ဖက်လုပ်နေသည်ဟုခံယူပါသည်။
သူ့အတွက်လုပ်နေသည်ဟုမယူဆပါ။
ခေါင်းဆောင်သည်နောက်လိုက်ကိုလုပ်ဖော်ကိုင်ဖက်အဖြစ်သဘောထားသည်။
ဆုရလာဒ်ကိုသူတို့လည်းဝေမျှယူဖို့အဖွဲ့အသင်းစိတ်ကိုဂုဏ်တင်သည်။
ခေါင်းဆောင်သည်တစ်ခြားသူများကိုသူ့ကိုယ်ပွားများဖြစ်အောင်ဖန်တီးနိုင်သည်။
သူသည်လူဖန်တီးသူဖြစ်သည်။

သူသည်သူ့အောက်ကလူများတိုးတက်ကြီးထွားလာအောင်ကူပံ့သည်။
အဘယ်ကြောင့်ဆိုသော်အဖွဲ့အစည်းသည်လူတော်တွေများလေလေ၊အားကောင်းမောင်းသန်လေဖြစ်သည်ကို
သူသဘောပေါက်သောကြောင့်ဖြစ်သည်။
ခေါင်းဆောင်သည် လူထုကိုနှိမ်မထား၊မြှင့်တင်ပေးသည်။
သူ့နောက်လိုက်တွေတောင်ထိပ်ကိုတက်နိုင်အောင်ကူညီတွန်းတင်ပေးသည်။
ခေါင်းဆောင်သည်လူထုအပေါ်သစ္စာရှိသည်။လူထုကိုယုံကြည်စိတ်ချသည်။
သူတို့ထံမှအကောင်းဆုံးကိုဆွဲထုတ်သည်။သူ့မျှော်လင့်ချက်ကြီးများကိုသူတို့ဖြည့်ဆည်းနိုင်ကြောင်းသူသိသည်။
ခေါင်းဆောင်သည်သူ့ခေါင်းကိုသုံးသကဲ့သို့သူ့နှလုံးသားကိုလည်းကြည့်ခွင့်ပေးသည်။
သူသည် အကြီးအကဲတစ်ဦးမျှသာမဟုတ်၊မိတ်ဆွေတစ်ယောက်လည်းဖြစ်သည်။
ခေါင်းဆောင်ဆိုသည်မှာကိုယ်တိုင်စတင်သူဖြစ်သည်။
စီမံချက်များကိုရေးလည်းရေးဆွဲ၊အကောင်အထည်လည်းဖော်သူဖြစ်သည်။
သဘောတရားသမားတစ်ဦးလည်းဖြစ်၊လက်တွေ့သမားလည်းဖြစ်သည်။
စိတ်ကူးသမားလည်းဖြစ်၊ဆောင်ရွက်သူလည်းဖြစ်သည်။
ခေါင်းဆောင်မည်သည်ဟာသဥာဉ်လည်းရှိသည်။

သိပ်ရှေးရိုးကျခေါက်ရိုးကျိုးနေသူမဟုတ်။သူ့ကိုယ်သူရယ်မောနိုင်သူဖြစ်ပြီးနှိမ်ချသည့်စိတ်ရှိသည်။
ခေါင်းဆောင်သည်လမ်းညွှန်ဦးဆောင်မှုကိုလည်းခံနိုင်သည်။
သူ့သဘော၊သူ့နည်းလမ်းအတိုင်းဖြစ်ဖို့ကိုချည်းစိတ်ကမထား၊အကောင်းဆုံးလမ်းကိုသူရှာဖွေသည်။
ပွင့်လင်းသည့်စိတ်ရှိသည်။
**ဦးဝင်းတင်(English For All)**
ကိုယ်သာလျှင်ကိုယ့်ဘ၀သခင်
**From-ဦးဦး မှော်ဆရာ**

No comments:
Post a Comment