ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 8, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၈)---- ဤသို့ လုပ်ကြံခဲ့သည်

>
**ဤသို့ လုပ်ကြံခဲ့သည်**

(ဗိုလ်ဥတ္တမကျော်)

။။။။။(အောက်ပါ အကြောင်းအရာများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော် ခေါင်းဆောင်ကြီးများ အား လုပ်ကြံသတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော တရားခံ ``ရန်ကြီးအောင်`` ခေါ် မောင်လှထွန်း၏ ပြောပြချက်များဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ထိုစဉ်က မည်သို့ ရေတိမ်တွင် နစ်မွန်း ဆုံးရှုံးခဲ့ရကြောင်း ပြန်ပြောင်း သတိရနိုင်စေရန် ကှုအချက်ကို ပြန်ပြောင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါကြောင်း)။။။။။

အမည်။ ။ရန်ကြီးအောင်(ခေါ်)မောင်လှထွန်း
အသက်။ ။ ၁၈ နှစ်
လူမျိုး။ ။ မြန်မာ
ကိုးကွယ်သည့်ဘာသာ။ ။ ဗုဒ္ဓဘာသာ
အဘအမည်။ ။ ကိုမောင်ထွန်း

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သော ကျွန်တော်သည် ခွေလောက်နီးပါး မိုက်တွင်းနက်မိပါသည်။ ကျွန်တော်တို့ မည်သို့ ကြံစည်ဆောင်ရွက်ခဲ့ သည်ကို သိရှိနိုင်ရန် ကျွန်တော် အဖြစ်အပျက်များကို ပြောပြလိုပါကြောင်း ။

ကျွန်တော်သည် အုတ်ဖိုမြို့ အရှေ့ အလယ်ကုန်းရွာတွင် လွန်ခဲ့သည့် ၉ -နှစ် ၁၀ -နှစ်လောက်က စပြီး နေထိုင်ပါသည်။ ကျွန်တော် မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယအတန်းထိ စာသင်ဖူးပါသည်။ လွန်ခဲ့သော ၄-လလောက်က ဂဠုန်ဦးစော အုတ်ဖိုမြို့သို့ လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏ နေအိမ်တွင် တည်းခိုပါသည်။ ဦးစော ၏နှမဝမ်းကွဲတော်သူ မတင်ညိုက ကျွန်တော့အား ``နင့်ဦးလေး ဦးစောရောက်နေတယ်-- တစ်ခါမှ မင့်ကို မမြင်ဘူးသေးဘူး။ သွားကြည့်အုံး`` ဟု ပြောပါသည်။ ကျွန်တော်လည်း ဦးဘရင်၏နေအိမ်သို့ သွားရာ ဦးစောကို တွေ့ရပါသည်။ ဦးစောက ``မင်း ဘယ်ကလဲ``ဟု မေးပါသည်။ ထိုအခါ ကျွန်တော်က ``အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည်`` ဟု ပြောရာ ဦးစောက ``မင်း ငါ့ဆီလိုက်နေမလား``ဟု မေးပါသည်။ ကျွန်တော်ကလည်း ``လိုက်နေပါမည်``ဟု ပြောလိုက်ပါသည်။

နောက်တစ်နေ့တွင် ဦးစော မင်းလှသို့ တရားဟောရန်သွားပါသည်။ ညနေကြတော့ ဦးစောသည် မော်တော်ကားဖြင့် အုတ်ဖိုမြို့သို့ ပြန်လာပါသည်။ နောက်တစ်နေ့ နံနက် ဝေလီဝေလင်းတွင် အုတ်ဖိုက ကားသုံးစီးနှင့် ဦးစော ရန်ကုန်မြို့သို့ပြန်လာသည်။ ကျွန်တော်လည်း သူနှင့်အတူ ရန်ကုန်လိုက်လာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်း ရှိနေအိမ်သို့ ညနေဘက်တွင်ရောက်ရှိပါသည်။ ထိုအိမ်ဋ္ဌ် ကျွန်တော် လည်း ကိုစိန် ကိုမောင် မြအုန်း တင်ရွှေ ကိုစိုး ကိုကြီးငွေ ရင်ဖေ ရင်မောင် ခင်မောင်ရင် တို့ကို တွေ့ရ ပါသည်။ ၄င်းတို့နှင့် အတူ နေရပါသည်။ နောက်တစ်နေ့တွင် ရင်ဖေမှာ သူ့အိမ်သူပြန်သွားပါသည်။ တစ်လ လောက် ဦးစောအိမ်တွင် နေပြီးလျှင် ကျွန်တော်သည် ကျွန်တော်၏ရွာ (အလယ်ကုန်း)သို့ ခေတ္တပြန်ပါသည်။ ရွာတွင် သုံးရက်ခန့်နေပြီး အပြန်တွင် ရန်ကြီးနိုင် ခေါ် မောင်ထွန်းရှိန်အား အတူလိုက်နေရန် ခေါ်လာခဲ့ပါသည်။ နောက်တစ်လခန့် ကြာသောအခါ ကိုသက်နှင်း ကိုသုခ တို့ရောက်လာပါသည်။ ကိုဘညွန့်လည်း လာပါသည်။ ထိုအခါက ကိုဘညွန့်သည် ဦးစော၏ အိမ်တွင် ကြာကြာမနေပါ။ သွားချည် လာလှည့် နေပါသည်။ ကိုသက်နှင်းနှင့် ကိုသုခက ကျိုက်လတ်က ဟုပြောပါသည်။ ကိုဘညွန့်ကတော့ အိုးသည်ကုန်းက ဖြစ်သည်။ ရန်ကြီးနိုင် စိန်မောင်နှင့် ကျွန်တော်တို့သည် ဦးစောအိမ် နောက်ဖေး အဖီကလေးမှာ နေရပါသည်။

ကျွန်တော်တို့ ဦးစောအိမ်ရောက်ပြီး နှစ်လလောက် ကြာသောအခါ ဦးစောက ကျွန်တော်နှင့်တကွ ကိုသက်နှင်း ကိုသုခ ရန်ကြီးနိုင် ကိုစိုး ကိုစိန် ခင်မောင်ရင် တင်ရွှေ စိန်မောင် မောင်မြအုန်းတို့အား ဘုရားကျောင်း ဆောင်သို့ ခေါ်သွားပြီးလျှင် ငါးပါးသီလ ခံယူစေပါသည်။ ၄င်းနောက် ကိုသုခ ဆိုသည့်အတိုင်း လိုက်ဆိုရပါသည်။ အတိုချုပ်ကတော့ တိုင်းပြည် ဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါ မည်။ သစ္စာဖောက်ပါက ငရဲပြည်ရောက်ပါစေ ဟု ပါပါသည်။ ကိုသုခ ရှေ့မှ ချပေးသည့်အတိုင်း လိုက်ဆိုပြီးလျှင် ကျွန်တော်တို့ အားလုံး သစ္စာရေသောက်ရပါသည်။ ၄င်းနောက် ``ကျွန်တော်သစ္စာဖောက်မိသဖြင့် ကျွန်တော်၏ ကိုယ်ကို ကျွန်တော် အဆုံးစီရင်လိုက်ပါသည်`` ဟု ကျွန်တော်ကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးရု် ဦးစောလက်သို့ ပေးအပ်ရပါသည်။ ကှုကိစ္စများ ပြီးသည့်နောက် ဦးစောကိုယ်တိုင် ကျွန်တော့အား စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူး သေနတ်များ အပစ်သင်ပေးပါသည်။ ကိုခင်မောင်ရင်နှင့် အခြား သေနတ်ပစ်တတ်သည့် လူများကိုလည်း ဦးစောက ထပ်မံသင်ကြားပေးပါသည်။ ကျွန်တော်သည် အစမ်းသဘောဖြင့် ဓါတ်ဆီပုံး။ ရေနံဆီပုံး လွတ်တို့ကို ချိန်ပြီး စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူးတို့ကို အစမ်းအပစ်လေ့ကျင့်ရပါသည်။

။။။။။။။။။ကှုသို့ အပျော်တမ်းစစ်တပ် တစ်ခုသဖွယ် တဒိုင်းဒိုင်း သေနတ်ပစ်သံများ ကို ထိုအခါက တာဝန်ရှိသူများ မသိရော့သလား ။ သိလျှင် ဘာကြောင့် ထိုကတည်းက အရေးမယူခဲ့သည်မှာ အတွေးရ ခက်လှပါသည်။။။။။။။။။။

လွန်ခဲ့သည့် တစ်လလောက်က နံနက် ၉ -နာရီလောက်တွင် ကိုဘညွန့်၊ မောင်စိန်၊ မောင်နီ၊ ရန်ကြီးနိုင်၊ တင်ရွှေ၊ လှထွန်း နှင့် ထွန်းရှိန်တို့သည် လောလီတစ်စင်းနှင့် အေ-အို-ဒီ သို့သွားရောက်ပြီး ဘရင်းဂန်း အလက်၂၀၀ လောက်ထုတ်ယူလာသည်ကို တွေ့ရပါသည်။ ထိုအခါက ကိုဘညွန့်သည် ကာကီအင်္ကျီနှင့် ကာကီဘောင်းဘီများကိုဝတ်ရု် ပုခုံးတွင် ပုလိပ်တံဆိပ်များ တပ်ထားသည်ကို တွေ့ရပါသည်။ မောင်စိန်ကလည်း ပုလိပ်အဝတ်အစား ဘောင်းဘီအင်္ကျီများကိုဝတ်ရု် လက်မောင်းတွင် အရစ်အဖြူ သုံးတန်း တပ်ထားပါသည်။ ကျန်လူများကလည်း ယူနီဖောင်း ဝတ်ထားပါသည်။ ထိုလူများ ယူလာသည့် ဘရင်းဂန်းများ တင်ထားသော လောလီကားကြီးကို ဦးစော အိမ်ရှေ့ သရက်ပင်အောက်တွင် ထားပါသည်။ နောက် ထိုကားမှ ဘရင်းဂန်းများကို ဦးစော ဆင်ဝင်အောက်တွင် ချထားပါသည်။ ၄င်းနောက် ကျွန်တော်တို့သည် ဘရင်းဂန်း သေနတ်များကို အမဲဆီ သုတ်လိမ်းရပါသည်။ အချို့ဘရင်းဂန်း သေနတ်များကို အသင့်ရှိသော သံစည်များ တွင် ထည့်ရု် ၈ -နာရီလောက်တွင် ဦးစောအိမ်အနီး ရေကန်ထဲသို့ ချထားကြပါသည်။

။။။။။ထိုလက်နက်များကို (Capt. Bivan ) ၏ အကူအညီနှင့် ကိုဘညွန့်က (I.P) ယူနီဖောင်း ဝတ်လျှက် ထုတ်ယူခဲ့သည်။။။။။။

ကျန်ဘရင်းဂန်း သေနတ်များကို စိတ်အထင် ထင်းရှုးသေတ္တာ ၇-လုံးခန့်ထဲတွင် ထည့်သွင်းထားသည် ကိုတွေ့ရပါသည်။ ၄င်းသေတ္တာများကို အိမ်တွင်ထားရှိ ရု် နောက်ထပ် ကျန်သေးသော ဘရင်းဂန်းသေနတ်များ ကိုလည်း နောက်ထပ်ရောက်ရှိလာသော ထင်းရှုးသေတ္တာများတွင် ထည့်ကြရပါသည်။ ထင်းရှုးသေတ္တာများတွင် ဘရင်းဂန်းသေနတ်များကို ထည့်ပြီးနောက် တစ်နေ့တွင်မောင်စိန်က လောလီကားကြီးကိုမောင်းလျှက် တင်ရွှေ ထွန်းရှိန် မောင်စိုးတို့က ကားပေါ်တွင် စီးလိုက်လျှက် ဘရင်းဂန်းထည့်ထားသော သေတ္တာ ၁၅ လုံးခန့်ကို လော်လီကားကြီးနှင့် တင်ယူသွားပါသည်။ ခင်မောင်ရင်ကလည်း ဖို့ဒ်ဆင်း ကားမောင်းလျှက် ကိုထွန်းရင် နှင့် အတူ လော်လီကားနောက်က လိုက်ပါသွားပါသည်။

၎င်းဘရင်းဂန်းများကို ပြည်လမ်းတစ်လျှောက်ရှိ ဂဠုန်တပ်ခွဲများသို့ သွားရောက်ပို့ဆောင်ထား ကြောင်း နောင်သောအခါတွင် ကျွန်တော် သိရပါသည်။

နောက် ၁၀-ရက်လောက် ကြာသောအခါတွင်လည်း ပြည်လမ်း ၁၆ -မိုင်ရှိ အင်္ဂလိပ်စစ်တပ် ခဲရမ်းမီးကျောက် သိုလှောင်ရေးဋ္ဌာနမှ ယန်းတောင့်သေတ္တာများကို သွားရောက်ထုတ်ယူလာကြပါသည်။ ၄င်း ယမ်းတောင့်သေတ္တာများကို စိန်မောင် ရန်ကြီးနိုင်နှင့် ကျွန်တော်တို့ ဦးစော၏ အမိန့်အရ ရေကန်ထဲသို့ ချထားရပါသည်။ `

ဇူလိုင်လ ၁၈ ရက်နေ့ ညစာထမင်းစားပြီး ၇ -နာရီခန့်အကြာတွင် ဦးစောက ကျွန်တော့အား သူ့အိပ်ခန်းသို့ ခေါ်သွားပါသည်။ ၄င်းနောက် ဦးစောက ``မင်းကို ကိုစိုး ကိုစိန်တို့နဲ့ ထည့်လိုက်မယ် လိုက်သွားပါ-- သူတို့က အပစ်ခိုင်းသည့်အခါ မင်းကပစ်ရမယ်-- မင်းလိုက်သွားတဲ့အခါ တော်မီဂန်း တစ်လက် ယူသွား ``ဟု ပြောပါသည်။ ကျွန်တော်ကလည်း ``ဟုတ်ကဲ့`` ဟုပြောရု် ကျွန်တော်၏အိပ်ယာသို့ ပြန်ပြီး အိပ်ပါသည်။`

``ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၉ နာရီလောက်တွင် ဦးစောသည် ကျွန်တော်၏ အိပ်ယာတွင် လာပြီး ကျွန်တော့အား ယူနီဖောင်း ဘောင်းဘီ အင်္ကျီတို့ကို ဝတ်ခိုင်းပါသည်။ ကျွန်တော်လည်း ရန်ကြီးနိုင်၏ ယူနီဖောင်းအစိမ်း တစ်ခုကို အနီးရှိ ကြိုးတန်းပေါ်မှ အဆင်သင့်ဆွဲပြီး ဝတ်ဆင်ပါသည်။ ထို့နောက် ဦးစောက အိမ်ရှေ့ အင်းယားကန်စပ်သို့ ခေါ်လာပါသည်။ ကန်စပ်တွင်ရှိသော သံစည်ထဲမှ စတင်းဂန်း တစ်လက်ကို ထုတ်ယူခိုင်းရု် ထုတ်ယူပြီး ဦးစောနှင့်အတူ အိမ်ဘက်သို့တဖန်ပြန်သွားကြပါသည်။

။။။။။။။။ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးအဖွဲ့ အစည်းအဝေး ကျင်းပမည်ကို ဦးစောက ကြိုတင်သတင်းရရှိထားပြီးဖြစ်နေ၏။ ထိုသတင်းမည်သို့ ရရှိပါသည် ဟူရု်လည်း ဦးစောကဖွင့်ဟ မသွားခဲ့ချေ။။။။။။။

ဦးစော၏ အိမ်ရှေ့ ခန်းတွင် ကိုစိုး ၊ကိုသက်နှင်း ၊ကိုစိန် ၊ကိုသုခ ၊ ကိုဘညွန့် ၊ ကိုနီတို့ကို တွေ့ရပါသည်။ ကိုစိုး ကိုသက်နှင်း ကိုစိန် ကိုသုခ တို့မှာ ကျွန်တော်ကဲ့သို့ ယူနီဖောင်း အစိမ်းဝတ်ထားပါ သည်။ ကိုဘညွန့်နှင့် ကိုနီတို့ကတော့ ရိုးရိုးအရပ်ဝတ် အရပ်စား ဝတ်ဆင်ထားပါသည်။ ကျွန်တော်ဝတ်ဆင် ထားသော ကာကီ အစိမ်းယူနီဖောင်းသည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၄ -နှင့်တူပါသည်။ ကျွန်တော့ကိုယ်ပိုင် ပစ္စည်း မဟုတ်ရု် သေချာစွာ မပြောနိုင်ပါ။

ထို့နောက် ကိုစိုးက ကျွန်တော့အင်္ကျီပုခုံး တစ်ဖက်တစ်ချက်တွင် ခြင်္သေ့တံဆိပ် ပါရှိသော အဝတ်စကို တပ်ဆင်ပေးပါသည်။ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့၏ အင်္ကျီ ပုခုံးများဋ္ဌ်လည်း ထိုကဲ့သို့ ခြင်္သေံ့တံဆိပ်တပ်ထားပါသည်။ ကိုသုခ ၏ယူနီဖောင်းတွင် ခြင်္သေ့တံဆိပ် ကိုမတွေ့မိပါ။ ခြင်္သေ့တံဆိပ် တပ်ပြီးနောက် ကိုစိုးက ဦးထုပ်အပျော့ တစ်လုံးကိုဆောင်းပေးပါသည်။ ကျွန်တော့ကို ဆောင်းပေးသော ဦးထုပ်သည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၅ နှင့် ဆင်တူပါသည်။

ထို့နောက် ဦးစော၏ အမိန့်အရ ဦးစော၏ အိပ်ခန်းထဲသို့ဝင်ရု် ဦးစော၏ အင်္ကျီချိတ် အောက်က မဂ္ဂဇင်း ဘောက်နှစ်ခုကိုယူလာပြီး အိမ်ရှေ့ ခန်းသို့ပြန်လာပါသည်။ အိမ်ရှေ့ခန်းသို့ ကျွန်တော် ပြန်ရောက်သောအခါ ကိုစိုး ကိုစိန်နှင့် ကိုသက်နှင်းတို့မှာ တော်မီဂန်းတစ်လက်စီ ကိုင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်က သူတို့အား ဘယ်သွားမလဲဟု မေးရာ ကိုစိုးက ``မြို့ထဲ လိုက်ခဲ့ရမယ်-- ဟိုကျတော့ ငါပစ်ခိုင်းတဲ့အတိုင်း ပစ်ရမယ်-`` ဟုပြောပါသည်။ နံနက် ၁၀ နာရီ အချိန်လောက်တွင် ဦးစောက ကျွန်တော်တို့အား`` အချိန်စေ့ပြီ သွားကြ သွားကြ `` ဟုပြောပါသည်။ ထိုအခါ ကိုသုခ ကိုစိုး ကိုစိန် ကိုသက်နှင်း နှင့် ကျွန်တော်တို့သည် ဂျစ်ကားပေါ်သို့ တတ်ပါသည်။ ဂျစ်ကားကို ကိုသုခက မောင်းရု် ကိုစိုးက ကိုသုခ၏ ဘေးတွင် ထိုင်ပါသည်။ ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က နောက်မှ ထိုင်ပါသည်။ ဂျစ်ကားပေါ်သို့ရောက်သောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့ သုံးယောက်က မိုးကာ အင်္ကျီ ကိုခြုံလိုက်ပါသည်။ ကျွန်တော်က ကိုစိုး ကိုစိန် နှင့် ကိုသက်နှင်းကြားထိုင်နေရု် မိုးကာအင်္ကျီမခြုံပါ။ ထိုအချိန်လောက်တွင် ကိုဘညွန့် ကိုမောင်ညို ခင်မောင်ရင်တို့သည် မြို့ထဲသို့ ရောက်ရှိနေကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ထိုင်နေကြကြောင်း ဦးစောထံ တယ်လီဖုန်းဖြင့် သတင်းပေးပို့သည်ဟု နောင်သောအခါကျမှ ကျွန်တော် သိရှိရပါသည်။

ကျွန်တော်တို့ ဂျစ်ကားထွက်လာမည် လုပ်သောအခါ ဦးစောက ``ဂွတ် လဒ် ``ဟု နှုတ်ဆက်ပါသေးသည်။ ကိုစိုးကလည်း ပြန်ရု် နှုတ်ဆက်ပါသေးသည်။ ထို့နောက် ဂျစ်ကားကို ကိုသုခက မြို့ဘက်သို့ မောင်းလာပါသည်.။ မြို့ထဲသို့ ဂျစ်ကားရောက်လာသောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့သည် မိုးကာ အင်္ကျီများကို ချွတ်လိုက်ကြပါသည်။ ကျွန်တော်တို့လည်း သေနတ်ဖြင့် ပစ်ရမည့်ရုံးတွင်းသို့ ဂျစ်ကားဖြင့် ဝင်လာပါသည်။ ရုံးရှေ့လှေကားအနီးတွင် ဂျစ်ကားရပ်ရု် ကိုစိုး ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က ကားပေါ်မှဆင်းပါသည်။ထို့နောက် ရုံးပေါ်သို့ ကိုစိုးက ရှေ့ဆောင်ရု် တတ်ပါသည်။ ကိုစိုးနောက် ကပ်လျှက် ကိုစိန်က လိုက်ပါသည်။ ကိုစိန်၏နောက် တစ်လံလောက်တွင် ကိုသက်နှင်းက လိုက်ရု် ကိုသက်နှင်း၏ နောက်မှ ကျွန်တော်က လိုက်ပါသည်။

ဝန်ကြီးတွေ စည်းဝေးသော အခန်းသို့ ရောက်သောအခါ ကိုစိုး နှင့် ကိုစိန်တို့ ကရှေ့ဆုံးမှ ဝင်သွားပါသည်။ ကိုစိုးနှင့် ကိုစိန်က အခန်းထဲသို့ဝင်လျှင်ဝင်ချင်း စရု် ၄င်းတို့တွင် ပါလာသော တော်မီဂန်း များနှင့် ရုံးခန်းထဲရှိ ဝန်ကြီးများကို ပစ်ပါသည်။ ကျွန်တော်နှင့် ကိုသက်နှင်းကလည်း ကျွန်တော်တို့ လက်တွင် ပါလာသော သေနတ်များနှင့် ပစ်ပါသည်။ ကျွန်တော်က ထိုင်ပြီး စတင်းဂန်းနှင့် ဝပ်နေသောသူများကို ပစ်ပါသည်။ ထို့နောက် အခန်းတွင်းမှ ကျွန်တော်တို့ထွက်လာပါသည်။ ဝရံတာတွင် ခြောက်လုံးပူး ဖြင့်ရပ်နေသော လူတစ်ယောက်တွေ့ရ ပါသည်။ ထိုအခါ ကျွန်တော်တို့ ထဲက လူတစ်ယောက်က ``ပစ်````ပစ်`` ဟု ပြောရာ ကျွန်တော်က ကျွန်တော်၏ စတင်းဂန်းနှင့် တစ်ချက်ဆွဲလိုက်ပါသည်။ ကျည်ဆန် နှစ်ခုသုံးခု ထွက်ပြီး ထိုလူအား ထိပါသည်။ ထို့နောက် ကျွန်တော်တို့လည်း ရုံးပေါ်က ပြေးဆင်း လာကာ အသင့်ရပ်ထားသော ဂျစ်ကားပေါ်သို့ တတ်စီးပြီး ရုံးဝင်းအတွင်းမှ မောင်းထွက်လာခဲ့ပါသည်။

ဦးစော၏ နေအိမ်သို့ ပြန်ရောက်ကြသောအခါ အိမ်ဝင်းတံခါးကို မောင်တင်ရွှေက ဖွင့်ပေးနေစဉ် ကိုစိုးက ``မြန်မြန် ဖွင့် မြန်မြန်ဖွင့်``ဟု ကြိမ်းပါသည်။ အိမ်တွင် ဦးစော အသင့်စောင့်နေသည်ကို တွေ့ရပါသည်။ ဦးစောက ``ကိစ္စပြီးပလား ``ဟုမေးရာ ကျွန်တော်တို့အားလုံးက ``ပြီးပါပြီ``ဟု ပြန်ပြောလိုက်ပါသည်။ ထို့နောက် ကျွန်တော်တို့အားလုံး အဝတ်လဲရန် ကိုယ့်နေရာ အသီးသီးသို့ ပြန်သွားကြပါသည်။ လက်နက်များနှင့် အင်္ကျီ များကို ဂျစ်ကား ပေါ်တွင် ထားခဲ့ပါသည်။ အင်္ကျီ များကို မောင်မြအုံး လာယူသွားရု် လက်နက်များကို စိန်မောင်က ဘုရားကျောင်းဆောင် သို့ယူသွားပါသည်။ ဦးထုပ်များ တော့ ဘယ်သူယူသွားသည်ဟု မသိပါ။ ကျွန်တော်တို့ အင်္ကျီ လဲပြီးနောက် ကိုစိန် ကိုစိုး ကိုသက်နှင်း ကိုသုခ တို့က အဖြစ်အပျက်ကို ပြောပြပါသည်။ ကှု်ကဲ့သို့ ပြောနေစဉ် ကိုခင်မောင်ရင်နှင့် ကိုဘညွန့်တို့လည်း အိမ်သို့ပြန်ရောက် လာပါသည်။ နေ့ခင်းတစ်နာရီ ကျော်တွင် ကျွန်တော်တို့ အားလုံး အဖမ်းခံရပါသည်။ ။

ရေးသူ။ ။ဗိုလ်ဥတ္တမကျော်
ရွှင်လန်းချမ်းမြေ့ပါစေ။
**ကိုစိုးနိုင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)