ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 5, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၅)---ငမိုး မသေသေး

>
**ငမိုး မသေသေး**

(နတ်မောက် ဘုန်းကျော်)

ငမိုးကို လူအများတကာက သေလေပြီဟုပြောကြသည်။

အမှန်မှာကား ငမိုး မသေသေးဟု ထင်ပါသည်။ ယခု ဇန်နဝါရီလ တစ်ခုသော နံနက်ခင်း ချမ်းချမ်းစီးစီး ထဲတွင် တပ်မတော် မော်ကွန်းတိုက်၏ အောက်ထပ်ဋ္ဌ် ``ငမိုး (ခေါ်) ဗိုလ်ချုပ်အောင်ဆန်း ``ကို အမှတ်မထင် ကျွန်တော်တွေ့ရ၏။ တစ်ဦးနှင့်တစ်ဦး တွေ့ကြရာဋ္ဌ် ယခင်တုန်းကလို ဝမ်းသာအယ်လဲ မရှိကြ ။ သူကလည်း သူ့အတွေးနှင့်သူ ငိုင်နေ၏။ ကျွန်တော့်မှာလည်း ရင်ထဲမှာ နာနေ၏။ ဘာအတွက် အသဲနာ ရင်နာဖြစ်ရသည်ကိုကား ကျွန်တော် ဖွင့်မပြောချင်။ တခါတုန်းက ငမိုးအကြောင်း ``ဂျာနယ်ကျော်``ထဲတွင် ဖွင့်ပြောဖူးသဖြင့် ငါးကျော်စားကာ ရန်ကုန်ထောင်ထဲ သုံးလ ဝါဆိုခဲ့ရဖူး၏။ ထို့ကြောင့် နာနေသောအသဲကို ကျပ်စည်းရု်ထားရမည်။

ငမိုးသည် သူ၏ အတ္ထုပ္ပတိစီကာ စဉ်ကာ ပြသထားသော မှန်ဘီရိုများအား ဦးခေါင်းငိုက်စိုက်ဖြင့် တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှုနေ၏။ ထိုမှန်ဘီရို (SHOW CASES) များထဲဋ္ဌ် တက္ကသိုလ်သိပ္ပံဋ္ဌာနမှ ကြီးမှုးသော ပြပွဲတွင် တပ်မတော်မော်ကွန်းတိုက်မှ ငမိုး၏ ဓါတ်ပုံ ၊ စာရွက်စာတမ်း၊ အဝတ်အစား အသုံးအဆောင် ကလေးများကို စုဆောင်းရု် ပြသထားဘူး၏။

တစ်ဆယ့်သုံးခုမြောက် မှန်ဘီရိုထဲတွင် ငမိုး၏ စီးကရက်ဗူး မီးခြစ်နှင့် ပလေးယားစီးကရက် ၆ လိပ်ရှိ၏။ ငမိုးသည် ဘာမပြောညာမပြော စီးကရက်တစ်လိပ်ကိုယူပြီး မီးညှိသောက်နေလေရာ သူ၏စီးကရက်မှ မီးခိုးငွေ့များသည် တခဏအတွင်း မော်ကွန်းတိုက်အောက်ထပ်ဋ္ဌ် ပြည့်လျှံရု် သွားလေ၏။ စီးကရက် မီးခိုးနံ့ကြောင့် ကျွန်တော်၏ ဦးခေါင်းသည် ရီဝေမူးနောက်လာ၏။ ကျွန်တော်၏ စိတ်သည် ရပ်တည်နိုင်စွမ်းမရှိဘဲ အတိတ်ဆီသို့ပြေးထွက်သွားလေသည်။

ငမိုးသည် ကျွန်တော့်ထက် အသက် ၆ နှစ်ခန့်ကြီးသည်။ ကျွန်တော်ကျောင်းရောက်ရု် ဆရာဦးသာလင်း၏ သူငယ်တန်းတွင် စာသင်နေချိန်ဝယ် ငမိုးသည် ဆ၇ာဦးဘသန်း (ဦးရွှေထိုက်)၏ တတိယ တန်းလောက်တွင်ရောက်နေပေပြီ။

ငမိုးနှင့် ကျွန်တော် အသက်ချင်းကွာခြားသလို စာသင်ရသောအတန်းလည်းကွာခြား၏။ ကျွန်တော်၏ ဝမ်းကွဲအကို ကြွက်ကတိုး ခေါ် ကိုဘအေး ၊ ယခုကျွန်တော့ယောက်ဖ ကိုဘို၊ ကိုဖိုးနီ စသောသူများသာ ငမိုးနှင့် တတန်းထဲ စာသင်ကြရ၏။ ငယ်ရွယ်စဉ် ကလေးဘဝက ဖြစ်၇ု် ရေးရေးသာမှတ်မိတော့၏။

ငမိုး ကျောင်းအဆင်း အိမ်အပြန်တွင် လမ်းသွားရင်းလုံခြည်ကျွတ်သွားက ပြန်ရု်မဝတ်။ လုံခြည်ကို ပုခုံး တွင်စွတ်ရု် မည်သူ့မှ စကားမပြောဘဲ ခပ်သုတ်သုတ်သွားသည်ကို မကြာခဏကြုံရ၏။ ကျွန်တော်တို့ကျောင်း တွင် မျက်နှာကြီးကျောင်းသား အသိုက်အဝန်း နှစ်စု ကွဲနေသည်။ တစ်ခုကို ယခုအခါ ကာယကံရှင် အများ အထင်အရှားရှိရု် ဖွင့်ဟ ရေးသားရန်မသင့် ကျန်တစ်စုမှာ ငမိုးတို့ ညီအကို စုဖြစ်၏။ ကျောင်းအပြန်တွင် ကှုကျောင်းသားအစု နှစ်စုသည် အမြဲတန်းရန်ပွဲဆင်၇၏။ တစ်စုနှင့် တစ်စု ပညာဂုဏ်ပြိုင်ဘက် ဖြစ်ကြရု် လမ်းသွားရင်း ကျောင်းမှသင်ပေးသော စာများကို ငြင်းခုံကြ၏။ ငြင်းခုံရာမှ လက်သီးချင်းထိုး ကျောက်သင်ပုန်း နှင့်ခုတ်၊ ခဲနှင့်ထု စသည်ဖြင့် ကလေးတို့ဘာဝ လက်နက်မျိုးစုံ အသုံးပြုကြ၏၊ ထိုရန်ပွဲတွင် ကျွန်တော်တို့သည် ငမိုးတို့ဘက်မှ ပါဝင်ကြမြဲဖြစ်သည်။ ထိုကျောင်းတော်က ရန်စသည် ငမိုးတို့ ကျွန်တော်တို့ လူရွယ်ပိုင်းရောက် ရု်လည်း အငွေ့နည်းနည်းရှိသေး၏။ ငမိုး သခင်ဘဝ နိုင်ငံရေးသမားဘဝအထိ အငွေ့မစဲ။ ငမိုးနှင့် ကျွန်တော်တို့ပါတီကို ဘယ်တော့မှ အကောင်းမပြောကြပေ။ နောက်ဆုံး ငမိုးသည် ဗိုလ်ချုပ်အောင်ဆန်းဟု နာမည်တဟိုးဟိုး ကျော်သည်အထိလည်းကောင်း ကျွန်တော်သည် ငမိုး၏ နောက်လိုက် အန္တေဝါသိက ဖြစ်နေသည် အထိလည်းကောင်း တစ်ဖက်မှ အကောင်းပြောခြင်းကို မခံကြရ။ ``ဒီကောင်တွေ အင်္ဂလိပ်ပြန်လာ ရင် ထောင်ထဲနေရမယ့် ကောင်တွေပါကွာ--``ဟု အပြောခံကြရသေး၏။ ကျွန်တော်တို့ ငမိုးတို့မှာ တိုင်းပြည်လွတ်လပ်ရေးရရန် တာဝန်အထုပ်အပိုးကြီးကို ရင်ခွင်တွင် ပိုက်ရု် အများတကာနှင့် ပူးပေါင်းဆောင်ရွက် နေရသဖြင့် ထိုကျောင်းတော်က ကိစ္စများကို ခေါင်းထဲမထားနိုင် ရင်ထဲလည်းမထားနိုင်။

ဂျပန်ခောတ် (စိတ်ထင် ၁၉၄၄ ခု၊ နိုဝင်ဘာလ ) စစ်ဝန်ကြီးနှင့် စစ်သေနာပတိအဖြစ်ကန်တော်ကြီး ပတ်လမ်း (ယခု နတ်မောက်လမ်းဋ္ဌ်)နေထိုင်သောအခါ ကျွန်တော်သည်သူနှင့်အတူ နေရ၏။ ထိုအခါက အလုပ်အလွန်များသည့်ကြားမှ တစ်ခါ တစ်ခါ နေရပ် ဇာတိအကြောင်း ပြန်ပြောင်းပြောမိကြ၏။

``------------- ဘာလုပ်နေသလဲ ကွ``

``ဒီလူ ကုန်သည်လုပ်နေတယ် ကြားရတာပဲ``

``အာရှ လူငယ်ထဲ မပါဘူး တဲ့လား-----``

``ပါတယ် မကြားမိပါဘူး------``

ငမိုးသည် စားပွဲတွင် လက်ချောင်းကလေးများကိုတင်ထားပြီး ဗုံတီးသလို တီးလိုက်သေး၏။ ပြီးနောက် ငြိမ်နေလေသည်။ ငြိမ်နေပြီးမှ ပြော၏၊

``ဒီကောင် ခက်တော့တာပဲ လူတော့ လူကောင်းပဲ အရည်အချင်းလည်း အသင့်သား ကြွားတတ်တာ ဆိုးတယ်----``

ကှူ်ကား သူ့အား တစ်သက်တာလုံး အကောင်းဟူရု် တစ်ခွန်းမပြောသော သူ၏ ကျောင်းနေဘက် အပေါ်တွင် ထားရှိသော သဘောထားပင်တည်း။ ငမိုး၏ ဖြူစင်တိကျသော သဘောထားကို ကျွန်တော်သည် ရုတ်ချည်းသိ ထိမိပြီးအံ့အားသင့် သွားခဲ့ရ၏။ သူ့သူငယ်ချင်းအပေါ်တွင် ကြင်နာပြီး သူမျှော်မှန်းသလို မဟုတ်သောကြာင့် ရှုတ်ချခဲ့ခြင်းကား မပြုပေ။

ငမိုးသည် စိတ်ထားကြီးမားပေသည်။

၁၉၂၉ ခုနှစ်။

ငမိုး စတုတ္ထတန်း အောင်မြင်သောအခါ အင်္ဂလိပ်ကျောင်းသို့ ပြောင်းသွား၏။ အင်္ဂလိပ်ကျောင်းဆိုသည် မှာ ရေနံချောင်း နေရှင်နယ်ကျောင်းကို ဆိုလိုသည်။ အဲဒီခောတ်တုန်းက အင်္ဂလိပ်ကျောင်းကို တော်ရုံတန်ရုံ ကျောင်းသားများ သွားပြီး ပညာမသင်နိုင် မိဘ ဦးလေး သားချင်းများတွင် ငွေကြေးတတ်နိုင်မှသာ အင်္ဂလိပ် ကျောင်းသို့ ရောက်နိုင၏။ ငမိုး၏ မိဘများမှာ ငွေစရှိသူများဖြစ်သည်။ ငမိုး အင်္ဂလိပ်ကျောင်းရောက်သွားပြီး ကျွန်တော်တို့မှာ မြန်မာကျောင်းတွင် ကျန်ရစ်ခဲ့သည်။ ကှုတွင် ငမိုးနှင့် ကျွန်တော်တို့ အနေဝေးရု်သွား၏။

ဒီလိုဒီလိုနှင့် ကျွန်တော်တို့ အိမ်အရှေ့ဘက်က ဧကရဇ်ပင်ကလေးသည် ဧကရဇ်ပင်ကြီးဖြစ်လာ ၏။ ကျွန်တော့ အကိုဝမ်းကွဲ ကြွက်ကဒိုးသည် ငယ်နာမည်ပျောက်ရု် ဘအေးဖြစ်လာပြီး မိန်းမပင်၇နေ၏။ကျွန်တော် လည်းနှာရည်တွဲလောင်းနှင့် ကလေးဘဝမှ လူပျိုပေါက်အရွယ်ဖြစ်လာ၏။ငမိုးသည်လည်း ကောလိပ် ကျောင်းသားကြီး ဖြစ်သွားပေပြီ။

အဲဒီခောတ်က ကျွန်တော်တို့မြို့မှ ကောလိပ်ကျောင်းတွင် ပညာသင်နေသူ လေး ငါးဦးရှိမည်။ အခြားသူများကတစ်မူ ငမိုးက တစ်ဘာသာ ၊ ကျွန်တော်သည် ဘယ်သူ့ကိုမျှ ထိခိုက်စေလိုသော စေတနာ မထားပါ ။ အချို့ကောလိပ် ကျောင်းသားကြီးများ နွေဥတု ကျောင်းပိတ် အိမ်ပြန်လာရာတွင် ``ဘယ်နေ့ရောက်မည် ဘူတာက လာကြိုပါ`` ဟု အိမ်သို့ သံကြိုးရိုက်လေ့ရှိကြ၏။ နတ်မောက်သည် တောမြို့ကလေးဖြစ်ရု် မော်တော်ကား နတ္ထိ လှည်းယဉ်များသာ အသုံးပြုကြရ၏။ ဘူတာနှင့် မြို့စပ်ကြားတွင် ``ယင်းသာသာ ကွင်းညာက ရှု့လိုက်တော့ ``ဟူသော ဦးကျော့လေးချိုးတွင်ပါသည့် ယင်းချောင်းကြီးက ခြားထား၏။ မိုးရာသီတွင်ရေရှိရု နွေရာသီတွင် ရေမရှိ ၊ သဲများပြည့်နေ၏။ သံကြိုးစာရသည့် သက်ဆိုင်ရာများ က ကောလိပ်ကျောင်းသားကြီးတွေကို လှည်းယဉ်နှင့် သွားကြိုရ၏။ လှည်းယဉ်ဆိုပေမယ့် မခေလှ။ နှီးပေါင်းမိုး တွင် နံဘေး ဝဲယာနှစ်ဖက်ဋ္ဌ် ပြူတင်းပေါက်ပါပြီး ခန်းဆီးတပ်ထားကြ၏။ လှည်းဆောင့်သောအခါ ဖင်မနာအောင် မွေ့ယာခင်းထား၏။ နွားတွင် ခြူကုံးတွေ တချွင်ချွင် နှင့် စိတ်ကြီးတွေဝင်စရာ သိတ်ကောင်း၏။ ရထားကအဆင်း မြို့ထဲအဝင်ဋ္ဌ် တစ်စောင် တစ်မူးပေးရသော ရန်ကုန်ဂေဇတ် အင်္ဂလိပ်သတင်းစာကြီးကို လှည်းနံရံ ခြေကန်ဖတ်ရင်း လိုက်ပါလာလျှင် ကောလိပ်ကျောင်းသား ပြန်လာပြီဟု သိကြရ၏။

ငမိုးကား အာဂ ငမိုး။ သူနွေကျောင်းပိတ်ရက် အိမ်ပြန်လာလျှင် သံကြိုးလည်းမရိုက် ၊ ဘယ်သူ့မှလည်း အကြိုမခိုင်း အိပ်ယာလိပ်နှင့် သေတ္တာကို လှည်းကြုံဖြင့် ငါးမူးပေးပြီး တင်လွှတ်လိုက်တတ်သည်။ ရန်ကုန်ရထား ဆိုက်သော နေ့ခင်း ၂ နာရီ နေပူပူထဲတွင် ဦးထုပ်မပါ ။ ဘိနပ်မပါ၊ ယင်းချောင်း ကိုဖြတ်ကူးလာတတ်၏။ ချည်လုံကွင်း မီးလောင်ပေါက်နှင့် မြို့အရှေ့ဘက်က မြောင်းဘောင်အတိုင်းလျှောက်၏။ ထိုကမှ မြို့ထဲဝင်ရု် အိမ်သို့သွား၏။ တစ်ခါတလေ စပါးလှေ့နေသော လူသိုက်ထဲ ဘာမျှမပြော ဝင်ထိုင်၏။ မောမောနှင့် ရေနွေးကြမ်းနှစ်ခွက် သုံးခွက်ငှဲ့သောက်ပြီး တန်းထသွားသည်ဟူ၏။ နေပူပူ ခြေလျှင်ပြန်လာရာ တခါက ကျွန်တော်တို့ လူငယ်တစ်စု လယ်ကွင်းရေစပ်တွင် စာဝရီးကလေးများကို ဂွလေးနှင့် လိုက်ပြစ်နေကြစဉ် ကြုံဘူး၏။ ကျွန်တော်တို့က နှုတ်ဆက်၏။ သူကမကြား တစ်ယောက်တည်း လက်သီးဆုတ် အံကြိတ်ပြီး စကား ပြောသွားလေသည်။ ဘာပြောတာမှန်းလည်းမသိ။

စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းဘဝတုန်းက အဲဒီရှုကွင်းကို ကျွန်တော်က ပြန်ပြော၏။ ``အဲဒီ တုန်းက ကျွန်တော်တို့က ခင်ဗျား စိတ်နောက်နေတယ်ထင်ကြတာ `` ဟုပြောရာ ငမိုးက ဘာမျှပြန်မပြော။ ဟက်ဟက်ပက်ပက်သာ ရယ်လေ၏။

၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ဖြစ်စဉ် ငမိုးသည် နာမည်ထွက်လာ၏။ ငမိုးက မျိုးချစ်စိတ် ဝင်စား၏။ အမျိုးသားလှုပ်ရှားမှုတွေတွင် ပါဝင်နေ၏။ နေရပ်ရှိ သခင်ဘဥာဏ် ကိုသံချောင်း ကိုဘို ကိုထွန်းရှိန် မောင်ညွန့် ကျွန်တော်တို့ လူသိုက်သည် ငမိုးလမ်းစဉ်ကို လိုက်ကြရင်း သတင်းထောက်ဘဝနှင့် နယ်အရာရှိဆိုးတွေ နှက်သူက နှက်၏။ သခင်လုပ်ငန်း ကျောင်းသားသမဂ္ဂလုပ်ငန်းတွေ လုပ်သူတွေက လုပ်ကြ၏။ နဂါးနီစာအုပ် တွေဖတ်ကြပြီး ဆွေးနွေးကြ၏။ သခင်စကား ကျောင်းသားစကား နားညီးအောင်ဆွေးနွေး ပြောဆိုသဖြင့် အိမ်မှ နှင်ချ ခံရသူနှင်ချခံရ၏။ငမိုးအစွဲကား ပြင်းထန်၏။

ငမိုး နွေကျောင်းအပိတ်ပြန်အလာ မျှော်ရင်း သူပြန်လာလျှင်တက္ကသိုလ် မဂ္ဂဇင်း အိုးဝေမဂ္ဂဇင်း ဒီးဒုတ် ဂျာနယ် ဘားမာဂျာနယ် စသော စာအုပ်များပါလာလေ့ရှ၏။ ကျွန်တော်တို့က ယူပြီးဖတ်၏။ အချို့အိမ်နီးနားချင်း များ နေ့ခင်း နွားစာပျောင်းရိုးစဉ်းနေစဉ် သွားပြီးဖတ်ပြ၏။ ကျွန်တော်တို့က ဒီလိုလုပ်နေစဉ် ငမိုးက ညလသာသာ ရွာထဲမှ ကလေးတွေစု ပဲကြီးလှော်ဝေပေးပြီး ဒို့ဗမာသီချင်း သင်ပေး၏။ ကှူုနည်းဖြင့် ကျွန်တော်တို့မြို့ရှိ လူငယ်တတွေမှာ ဟိုခေတ်က လူကြီးများအခေါ်အရ ဝံသာနု ၊ ထောင်စာ ကလေးတွေ ၊ သူပုန်ကလေးတွေ ဖြစ်လေကုန်၏။

၃၈ ခုနှစ်တွင် ကျွန်တော် မောင်ညွန့် ထွန်းရှိန်တို့သည် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များဖြစ်လာ ၏။ ငမိုးခေတ္တ ပြန်လာ၏။ ကျွန်တော်တို့ကျောင်းသားတွေ ထကြွ လှုပ်ရှားသည်ကို သူကျေနပ်ရု် နေ၏။ ကျောင်းသားသပိတ် ဖြစ်ပြီး ကိုအောင်ကျော် ကျဆုံး၏။ ရန်ကုန်သမဂ္ဂမှ သံကြိုးရလျှင်ရခြင်း ငမိုးထံသွားရု် ပြောပြရာ ငိုင်နေ၏။ နောက် ကျောင်းသားသမဂ္ဂ အစည်းအဝေးကျင်းပရာ သာသနာ့ဟိတ စာကြည့်တိုက်သို့ လိုက်လာ၏။ ကျောင်းသား အစည်းအဝေးတွင် စကားပြော၏။ နာရီဝက်ခန့်ပြောရု် လုပ်ငန်းစဉ် ချပေးပြီး သူ၏ အိမ်သို့ နေပူကြီးထဲဋ္ဌ်ပင် ပြန်သွား၏။

အံ့ဘို့ကောင်း၏။ တခါတုန်းက တစ်နေ့နေ့ခင်း မြို့လယ်ရှိ ကိုအီကွမ်း၏ တရုတ်လဘက်ရည်ဆိုင် တွင် ငမိုးရောက်နေ၏။ ငမိုး၏ ပတ်ပတ်လည်တွင် လူစည်ကားရု်နေ၏။ အလပ္ပာယ်ဆရာ ကိုညို ၊ ဘိန်းစား ကိုကွက်ကြီး ၊ ဘိန်းစား ကိုဘထွန်း ၊ ဆိုင်းဆရာ ကိုရေချမ်း ၊ ကိုစို့ကြီး ၊ ကိုရေအေးစသော ပရိသ၁တ်များရှိ၏။ ကျောက်စားပွဲတွင် ရေနွေးကြမ်းကရားတင်ပြီး ထိုလူသိုက်နှင့် ဒို့ဗမာအစည်း အရုံးအကြောင်း ကျောင်းသား သမဂ္ဂအကြောင်းတွေ ဆွေးနွေးနေ၏။ ကိုဘကွမ်း နဘိ- ကိုလှဖေ သံယောင်-ထွန်းရှိန် ဘိုနက် ဘခွေးနှင့် ကျွန်တော်တို့လည်း ဆံပင်ညှပ်ဆိုင်တွင် ရေနွေးကြမ်းစုသောက်နေရာမှ သူ့အသံကြားရု် ထလာခဲ့ကြခြင်း ဖြစ်၏။ ငမိုးက မျိုးချစ်စိတ်ရှိရန် နှင့် အင်္ဂလိပ်မကောင်းကြောင်းများပြော၏။

ဘိန်းစား အရက်သမား ကြက်သမားများမှာ သူတို့၏ လုပ်ငန်းတွင် မဖြတ်နိုင်ဘဲ စွဲလမ်းနေသူများ ဖြစ်၏။ သူတို့သည် သူတို့၏ လုပ်ငန်းများမှ လွဲရု်တခြား ဘာကိုမျှ စိတ်ပါဝင်စားသူများ မဟုတ်ကြ။ သူတို့အား မျိုးချစ်စိတ်ထားရှိ၇န် တရားဟောသူသည် ဘာမျှ မျှော်လင့်ချက်ထားရန် မရှိ ။

သို့သော် ငမိုး----- နတ်မောက်မှ ရန်ကုန်သို့ ပြန်သွားသောအခါဋ္ဌ် ထိုလူတစ်စုသည် သတင်းစာ ဖတ်သူကဖတ်ရု် သခင် အကြေင်း ကျောင်းသားအကြောင်းများကို အရက်ဆိုင် ဘိန်းခန်း ကြက်ပွဲများတွင် ဆွေးနွေးကြသည်အထိ ဖြစ်သွားကြ၏။ အံ့ဖွယ်စည်းရုံးရေးပါတကား။

အများသိကြတဲ့အတိုင်း ငမိုး ဂျပန်သို့သွား၏။ ပြန်လာ၏။ ဗိုလ်တေဇ ဖြစ်လာ၏။ အဲဒီ ဘီ-အိုင်-အေ တွင် ကျွန်တော်ဒုက္ခ လှလှကြီးတွေ့ရ၏။

ထိုစဉ်က ကျွန်တော်သည် ဟင်္သာတ ဗိုလ်ဘသိန်းတပ်မှတဆင့် ဗိုလ်မှုး ရန်နိုင်၏ တပ်မဟာတွင် ရောက်ရှိနေ၏။ တပ်စခန်းမှာ မန္တလေး ဆပ်ပါးမိုင်းနားစ် တွင်ဖြစ်၏။ တပ်စခန်းထဲတွင် စိန်ပန်းပွင့် နီနီရဲရဲတွေက ယခု ရုံးစာရေး မမကလေးတို့၏ နှုတ်ခမ်းလို နီရဲရု်နေ၏။ အရှေ့ဘက်တွင်ကား စေတီပုထိုး ဂူကျောင်း ဇရပ်တို့ နှင့် ပြည့်နှက်နေသော မန္တလေးတောင် တည်ရှိ၏။

အချိန်ကား ဘီ-အိုင်-အေ ကို ဖျက်သိမ်းရု် ဘီ-ဒီ-အေ သို့ အပြောင်းအလွှဲကာလဖြစ်၏။ ဘီ-အိုင်-အေ တွင် ပါလာသော တပ်ဗိုလ်များအားအချို့ကို တိုက်ရိုက်ကော်မရှင် ရာထူးပေးရု် ကျန်အချို့ကို မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းသို့ေ၇ွးချယ်တတ်ရောက်စေရမည် ဖြစ်၏။ တညနေခင်းဋ္ဌ် ကျွန်တော်၏ အိမ်သို့ ဗိုလ်မှုး ရန်နိုင်ထံမှ ဆက်သားရဲဘော်ရောက်လာ၏။ တခါတည်း လိုကခဲ့ပါဟု မှာကြောင်းပြော၏။ ဘုမသိ ဘမသိ လုံကွင်းနှင့်ပင် ထရု် လိုက်သွား၏။ တပ်စခန်းမြောက်နားရှိ ဗိုလ်မှုးရန်နိုင်အိမ် အပေါ်ထပ် ရှေ့ဘက်ခန်း သို့ေ၇ာက်သွား၏။ ထိုအခန်းထဲဋ္ဌ် ဗိုလ်မှုးရန်နိုင် ဗိုလ်ချုပ်နေဝင်း ဗိုလ်မှုးဗလ ဗိုလ်မှုးဇေယျနှင့် အခြား ကျွန်တော် မသိခဲ့ဘူးသော ဗိုလ်မှုးနှစ်ဦး တို့စုထိုင်ပြီး စကားပြောနေကြ၏။ ကျွန်တော့အား ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြ ၏။ ဗိုလ်မှုးရန်နိုင်က ထိုသူတို့နှင့် မိတ်ဆက်ပေး၏။ ဗိုလ်မှုးရန်နိုင်က ထုံးစံအတိုင်း ပြုံးရု်ပြော၏။

``ခင်ဗျား တပ်က ထွက်မယ်ကြံသေးသလား``

``ဟာ ဘယ်ထွက်ရမှာလဲ ကျွန်တော်ဆက်လုပ်မှာပါ--``

``ခင်ဗျားကို ကျွန်တော်တို့က ဒါရိုက်အပွိုင့်မင့် ပေးဖို့စီစဉ်ထားတာဗျ``

ကျွန်တော် ဘာမှပြန်မပြော အားလုံးက ကျွန်တော့ကို အားနာသောအကြည့် ကြင်နာသော အကြည့်ဖြင့် ကြည့်နေကြ၏။ ဗိုလ်မှုးရန်နိုင်က စကားဆက်ပြော၏။

``ဒါပေမယ့် ကျွန်တော်တို့ အစီအစဉ်အတိုင်းတော့ မဖြစ်ဘူး။ ဒီစာသာ ဖတ်ကြည့်ပါဗျာ``

ဟု စာရွက်တစ်ရွက်ပေး၏။ စာရွက်မှာ လက်ဝါးသာသာ မျှသာဖြစ်သည်။ မင်နီနှင့် ရေးထား၏။ စာ၏ ဆိုလိုရင်းမှာ နတ်မောက်မှ လာသော သခင်ဘုန်းကျော်ဆိုသူ ကျောင်းသားခေါင်းဆောင်တစ်ယောက်ရှိသည်။ ဟင်္သတ ဗိုလ်မသိန်း တပ်ထဲပါသွားသည်။ သူ့ကိုရှာပါ။ တွေ့လျှင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းသို့ ပို့ပေးပါ။ တိုက်ရိုက် ရာထူးစာရင်းတွင် မထည့်နှင့် ဟူသတည်း။ အောက်တွင် ဗိုလ်တေဇ ဟု လက်မှတ်ထိုး ထား၏။ ကျွန်တော်က စာရွက်ကို ခေါက်ရု် ပြန်ပေးလိုက်၏။ ဗိုလ်မှုးရန်နိုင်သည် စာရွက်ကို ပြန်ယူရင်းမေး၏။

``ဘယ်လို သဘောရသလဲ``

``သူ့စာအတိုင်းပေါ့ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ တပ်ထဲ ဆက်ပါမှာဘဲ``

ဗိုလ်မှုးရန်နိုင်က ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်၏။ အားလုံးက လက်ခုပ်တီးလိုက်ကြလေသည်။

ဒီနေရာဋ္ဌ် ငမိုး၏ စာသည် တိုတိုနှင့်ထိ၏။ တမြို့တည်းသားချင်း လူရင်းပင်ဖြစ်သော်လည်း မျက်နှာသာ မပေး ။ တိုက်ရိုက်ရာထူးစာရင်းတွင် မပေးစေရ။ ကျွန်တော်တို့အပေါ် အခွင့်အရေးမပေးရု် ကျွန်တော်က စိတ်မဆိုး ငမိုး၏ ဓါတ်ကြောသိပြီးဖြစ်၏။ အမေစု၏ လယ်ပေါင် ယာပေါင်စာချုပ်များကို တိတ်တိတ်ယူရု် မီးရှို့ခဲ့ သောငမိုး။ ငမိုးတွင် မျက်နှာစိမ်း မျက်နှာကျက် ----- ဟူရု်ခွဲခြားခြင်းမရှိ။ တည့်မတ်လိုက်သည်မှာ ချိန်ခွင်လျှာလို ဖြစ်နေ၏။

မောင်မင်းကြီးသားကား တည့်မတ်ပါ၏။ ကျွန်တော့်တွင်ကား မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင် ၉ လ လုံးလုံးဂျပန်၏ ပါးအရိုက်ခံရု် ပဲပင်ပေါက် ရေလုံပြုတ်ကိုစားကာ စစ်ပညာသင်ခဲ့ရ၏။ ဒူးနှင့် တတောင်ဆစ်တို့ မှာ ကျွဲပခုံးထ နေ၏။ မချိမဆန့်ပင်ပန်းရု် လှလှကြီးဒုက္ခ တွေ့ခဲ့ရ၏။

တနင်္ဂနွေနေ့ တစ်နေ့တွင် စစ်ကျောင်းအားလပ်ရု် သူ့ထံသွားတွေ့၏။ မန္တလေးတွင် ဖတ်ခဲ့ရသော စာနီရဲအကြောင်း ပြောပြသောအခါ ငမိုးက မျက်လုံးစောင်းရု်ကြည့်၏။ ပြီးတော့တစ်ခွန်းခြင်းပြော၏။

``မင်းကို တိုက်ရိုက်ပေးရင် ဘဝင်မြင့်သွားမှာစိုးလို့ကွ-- ကျောင်းတတ်ပြီးမှ ကော်မရှင်ရတော့ ဘယ်သူက ဘာမှ ပြောစရာမလိုဘူး``

ကျွန်တော့်မှာ သင်တန်းတွင် မိကျောင်းသွားတတ်ရရု် ရရှိခဲ့သော ဒူးကအမာရွတ်ကိုသာ လက်နဲ့အသာ ပွတ်နေ၏။ သူ့ကို ပြန်မပြောရဲ။

မင်္ဂလာဒုံ စစ်ကြောင်းမှ ဆင်းပြီး ၅-နှစ်ခန့်အကြာတွင် ကျွန်တော်သည် ငမိုးထံရောက်သွား၏။ သူ၏ ကိုယ်ရံတော်အဖြစ်နေရ၏။ သူနှင့်တော်လှန်ရေးမထွက်မီ ၃ -ရက်ခန့်အလိုအထိ အတူနေခဲ့ရ၏။

တော်လှန်ရေးအပြီး ကျွန်တော့အား နိုင်ငံခြားလွှတ်ရန် အစီအစဉ်များအတွက် မြူနီစပယ် စာရင်းကိုင် ချုပ်ဟောင်း ဗိုလ်မှုးထွေးမောင်ကို စာရင်းပေးထား၏။ ကျွန်တော့ကိုလည်း ပြောထား၏။ ကျွန်တော်က မနေ။ နိုင်ငံရေးထဲ ဝဲလယ်ရန် တပ်မတော် လူထွက်များနှင့် ဆွေးနွေးပြီး နတ်မောက်သို့ပြန်သွား၏။ ထိုသောအခါ ငမိုးသည် ကျွန်တော့်အား ``ငါ``ကိုင်ရု် ကြိမ်းဝါးသည် ဟူ၏။ ရန်ကုန်သို့လာရင်း သူ့ထံဝင်သွား၏။ ကျွန်တော့အား အစဦးတွင် စိတ်ဆိုးလွန်းရု် စကားမပြော ။ကျွန်တော်က ဇွတ်ပြော၏။ ဒီလိုနဲ့သူစိတ်ပြေသွား သည်။

ကျွန်တော်လည်း သူ့ဝါဒကို နာခံကာ မြို့မှနေရု် ဆောင်ရွက်ပေး၏။ သူ ဒုတိယဘုရင်ခံဖြစ်ချိန် ရွေးကောက်ပွဲအတွက် တရားဟောရင်း နတ်မောက်ရောက်လာ၏။ သူ့ထံတွင် လာနေရန် အတန်တန်ခေါ်၏။ ကျွန်တော်က ငြင်း၏။ နောက်ဆုံး အမေစု ကကြားဝင်ဖြန်၏။ ``ကဲ----- မင်းခဏခေါ်ချင်လဲ ခေါ်သွား မြို့မှာ ကောင်ကလေး မရှိမဖြစ်ဘူး။ တစ်လ နှစ်လနေပြီးပြန်ပို့`` နှင့်နိဋ္ဌိတန်ကြ၏။ သူနှင့် ရန်ကုန်လိုက်လာရပြန်၏။ အတူနေရမည်ဟု ဇွတ်ကြိမ်းမောင်းနေ၏။ ကျွန်တော်က အင်းလဲမလှုပ် အဲ လဲမလှုပ် ။သူတောင်ငူသို့ ရွေးကောက်ပွဲအတွက် ခဏသွားနေစဉ် ကျွန်တော်လည်း နတ်မောက်သို့ ပြန်ရု် လစ်လာခဲ့၏။မြို့ လူကြီးတွေက ပူပန်ကြ၏။ ``မင်းမရှိ ဘယ်သူကစောင့်ရှောက်မှာလဲ`` ပြောကြ၏။ ``အမယ်လေးဗျာ--- မပူကြစမ်းပါနဲ့ သူ့မှာ စောင့်ရှောက်မယ့်သူတွေ တပုံကြီးရှိပါတယ်ဘာမှလည်းစိုးရိမ်စရာ မရှိပါဘူး``ဟု ကျွန်တော်က ပြောရ၏။

သို့သော် ကျွန်တော်ပြန်လာလို့ ၃-မကြာခင် ငမိုးသေနတ်ပစ်ခံရလေသည်။ အရပ်ကလူကြီးတွေက ကျွန်တော့်ကို ဆဲကြ၊ ဆိုကြ၏။

``မင်းပြောတဲ့ တပုံကြီးဆိုတာဘယ်မှာလဲဟ ခွေးမသားလေးရ``ဟု ငိုရင်းဆဲကြ၏။ ကျွန်တော်လည်း ထိုင်မှိုင်နေရုံမှလွဲပြီး ဘာမျှမကြံတတ်။

ငိုတဲ့သူကငိုကြ၊ ၀မ်းသာတဲ့လူကလဲ ၀မ်းသာ၊ နောက်ဆုံး ငမိုးခမျာ အာဇာနည်ကုန်းတွင် သွားအိပ်နေရ ရှာ၏။ သူ အာဇာနည်ကုန်းရောက်တာ ၉-နှစ်လောက်ရှိပြီ ထင်သည်။

ဒီလိုနဲ့ဘဲ လူတွေက ငမိုး(သေပြီ)ပြောကြသည်။ အမှန်ကား ငမိုးမသေသေးပါ။ တပ်မတော် မော်ကွန်းတိုက်ပြခန်းတွင် အသက်ရှင်လျက်ရှိသေး၏။

ကိုငမိုးက စီးကရက်မီးခိုးကြားထဲမှနေ၍ စကားပြောသည်။

``မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ``

``ပေါင်းဟောင်း၊ သင်းဟောင်းရဲဘော်ကြီးတွေကခေါ်လို့ လာခဲ့တာဘဲ၊ တပ်မတော်သမိုင်း ရေးရမယ် ပြောတာဘဲ``

``ဘာ----မင်းတို့က ရေးမယ်----``

``ဟုတ်ပါတယ်----ရေးကြမယ်----၊ ကျွန်တော်တို့မှ မရေး၊ ဘယ်သူက လာရေးမှာလဲ```

``အေး----ရေးတော့ရေးပေါ့။ ငါတသက်လုံး လုပ်လာခဲ့တာကို မင်းတို့က ကလောင်တစ်ချောင်းနဲ့များ တော့ မဖျက်ဆီးလိုက်ပါနဲ့။ ဗိုလ်ချုပ်လမ်းစဉ်၊ ဗိုလ်ချုပ်လမ်းစဉ်ဆိုပြီး ငါ့နံမယ်ရောင်းစားနေရင် မကောင်းဘူး``

``ကျွန်တော်တို့ကတော့ ရောင်းမစားခဲ့ပါဘူးဗျာ၊ ဘုရားပေးပေး၊ ကျမ်းပေးပေး----``

``ဟော----မင်းစကားထဲမှာ ကျွန်တော်တို့ကတော့ ဆိုတာပါလာတယ်။ ကျွန်တော်တို့ကမရောင်း၊ တခြားသူတွေက ရောင်းစားသလိုပြောစမ်း၊ ဘယ်သူတွေ ရောင်းစားသလဲ```

ကိုငမိုးသည် ဒေါသတကြီး ၀သီအတိုင်း မှန်ဘီရိုမျက်နှာပြင်ကို လက်သီးနှင့်ထု၏။ ပါးစပ်ကလည်း သူသိလိုသောအရာကို ထပ်ကာထပ်ကာမေးနေ၏။ ကျွန်တော် စကားပြောမလည်ပတ်၍ ကျွန်တော့်စကားနှင့် ပြန်အချည်ခံနေရ၏။ သြော်----ကိုငမိုး-ကိုငမိုး၊ လောကကြီးထဲ မဲမဲမြင်တိုင်း ကြောက်နေရသော ကျွန်တော်ဘ၀ ကို သူမသိ။ ကျွန်တော် ခင်ဗျားကို အကုန်ဘဲဖွင့်ပြောချင်ပါသည် ကိုငမိုး။ ဒါပေမယ့် မပြောရဲပါ။

``ဟေ့ကောင်----ငါမေးနေတာ မကြားဘူးလား``

``ကြားပါတယ်၊ ဒါတော့ မပြောပါရစေနဲ့။ ခင်ဗျား ကျွန်တော့်ကို သနားရင် ဒါတော့မမေးပါနဲ့ဗျာ``

``ငါမေးတာသာ ဖြေစမ်းပါကွာ----မြန်မြန်ဖြေစမ်း``

ကျွန်တော့်မှာ ကိုငမိုးကို အသေအလဲကြောက်ရသူဖြစ်သည်။ ဒီ့အပြင် မဲမဲမြင်တိုင်း ကြောက်နေရသူ လည်း ဖြစ်သည်။ မဖြေလဲခက်၊ ဖြေလည်းခက်။ ဤနေရာတွင် ကျွန်တော်တစ်ဦးတည်း လူမိုက်လုပ်လို့ ဟန်ပုံမရ။ နီးစပ်ရာတွေကို သူခိုးသေဘော်ညှိပြီးမှ ဖြေမည်။

``ကျွန်တော်က တောမှာနေခဲ့ရတော့ သိပ်ပြီးမသိပါဘူး၊ ရန်ကုန်မှာအမြဲနေတဲ့ ဆရာဇ၀နတို့၊ ဆရာမောင်ထင်တို့ မြန်မာ့အလင်းက သာကဒိုးတို့က ကျွန်တော့်ထက်ပိုပြီး သိပါတယ်။ သူတို့မေးပါ။ သူတို့ဖြေပါ လိမ့်မယ်``

``ဒါဖြင့် ဒီလူတွေပြောလိုက်။ ငါ့နံမယ် ဘယ်သူတွေရောင်းစားတယ်ဆိုတာ ငါ့ဆီလာပြောလှဲ့လို့``

``ဟုတ်ကဲ့---- ပြောလိုက်ပါ့မယ်``

ကဲ----ဆရာတို့----၊ ခင်ဗျားတို့ကြားတဲ့အတိုင်းဘဲ၊ ကြည့်သာပြောကြပေတော့။ အဲဒီတာဝန် ခင်ဗျားတို့ ဖြေပြီးမှ ကျွန်တော်ဆက်ပြီးဖြေမည်။

``ငါ----သတင်းသဲ့သဲ့ကြားပါတယ်။ မင်းက ငါ့အဠုပ္ပတ္တိရေးတယ်ဆို``

``ကျွန်တော်တစ်ဦးတည်း မဟုတ်ပါဘူး။ ဗိုလ်မှူးဘိုရယ်၊ ကိုမေအောင်ရယ်၊ ကျွန်တော်ရယ်ရေးတာ၊ စုထုတ်တာပါ။ တခြား စာရေးဆရာတွေလဲ ပါပါတယ်``

``အေး----အိန္ဒိယမှာ ဂန္ဒီသေပြီး ၇-ရက်မှ မရှိသေးဘူး ဂန္ဒီအဠုပ္ပတ္တိထွက်လာတာဘဲ၊ ချီးမွမ်းသကွာ``

``မချီးမွမ်းမစောပါနဲ့ ကိုငမိုး။ ဒီစာအုပ်ကလေးဖြစ်အောင် ဘယ်အထိ အငေါက်အငမ်း၊ အကြိမ်း အမောင်း၊ သောက်မြင်ကပ်ခံခဲ့ရတာတွေကိုသာ ခင်ဗျားသိရင် ဟောဒီမှန်ဘီရိုကွဲလိမ့်ဦးမယ်ထင်သည်။ ဒါတောင်မှ အဠုပ္ပတ္တိဆိုလို့သာ----အဠုပ္ပတ္တလိုက်ရ----မိုးကြိုးပစ်ကြိမ်ပြောရမဲ့ အဠုပ္ပတ္တိပါ။ ဒါကလေးရေးတုန်း က အဖြစ်တွေ ခင်ဗျားမသိ။ ခင်ဗျား သူငယ်ချင်း လုပ်ဘော်ကိုင်ဘက်တွေဆီ သွားမေး၊ မှတ်တမ်းကလေး တင်တာတောင်မှ ခင်ဗျား လူတွေက ဘာပြောတယ်ထင်သလဲ။ ``မင်းဘဲ မမောမပန်းဒုက္ခရှာလို့``ဟု ငေါက် လွှတ်လိုက်တာတွေ ခင်ဗျားမသိ။ အဲဒီလို စေတနာထားကြမှ `အော်----ငါလဲ မိုက်လို့ လုပ်မိသကိုး`လို့ ကိုယ့်ကိုယ်ကို တရားချပြီး ပထမတွဲနဲ့ဘဲ ဘရိတ်အုပ်ထားရတာ ခင်ဗျားမသိ။ ပြောပြချင်တယ် ကိုမိုး ဒါပေမယ့် လည်ချောင်းထဲက မထွက်ဖူး။``

``ဒါထက် ငါ့အကောင်တွေ ဘယ်သွားနေတာလဲ``

``ခင်ဗျား လူတွေ တောခိုကြသတဲ့----၊ ကွန်မြူနစ်တွေလဲပါသဗျာ``

``ကွန်မြူနစ်ကိုအသာထား။ ငါ့ကောင်တွေကိုသာ ငါမေးနေတာ``

``တောခိုပါတယ်လို့ ပြောပါပကော``

``အင်း----ဒုက္ခဘဲ၊ ငါအစကထဲက မြင်သားဘဲ။ စတုတ္ထအကြိမ် ညီလာခံမှာ ငါဘာပြောခဲ့တုန်း။ မတ်ဇစ်လိဂ်ဖွဲ့ပါ ညီညွတ်ပါ။ မညီညွတ်ရင် နှစ်ဘက်စလုံး ဖင်စုတ်ကုန်မယ်လို့ အပြောခဲ့သား၊ ဘယ်လိုဖြစ်ကြရတာလဲကွ----``

``ဒါတွေ မမေးပါနဲ့ဗျာ။ ပြောရရင် ခင်ဗျားလဲ စိတ်ညစ်၊ ကျွန်တော်လဲ စိတ်ဆင်းရဲရမှာဘဲ။ အဲဒီတုန်းက ခင်ဗျား စာရေးဆရာလုပ်မယ်ဆို၊ ဘာလို့ ဒါတွေ တဖွဖွမေးနေရတာလဲ``

``စာရေးဆရာလဲ လူတွေထဲကလူပဲကွ။ ကိုယ့်နိုင်ငံအကြောင်းတော့ အနဲဆုံးလေ့လာထားရမပေါ့။ အေးပါ----မင်းစိတ်ဆင်းရဲမယ်ဆို ငါမမေးတော့ဘူး၊ ငါအဠုပ္ပတ္တိကို မင်းဆက်မရေးတော့ဘူးလား``

``အခြေအနေကမပေးဘူးဗျာ၊ ဒါပေမယ့် အောင်ဆန်းဝါဒဆိုပြီး စာအုပ်တစ်အုပ်ရေးမလိုတော့ စိတ်ကူး ထားတာပဲဗျ``

``ကောင်းသားပဲ၊ ဂန္ဒီဝါဒစာအုပ်လိုပေါ့``

``ဟုတ်ပါတယ်``

``ကဲ----ငါသွားတော့မယ်၊ မင်းလဲ သတိထားနေကွ၊ ငါရှိတုန်းကလို မိုက်ကန်းကန်းမလုပ်နဲ့၊ ဒါဘဲသွားမယ်``

သွားမဲ့သွားတော့လဲ ကိုမိုးအသံကိုသာကြားလိုက်ရ။ လူကိုပင်မမြင်လိုက်ပေ။ စီးကရက်မီးခိုးငွေ့များ လည်း တစတစလွင့်၍သွား၏။ ပြခန်းမှန်ဘီရိုအတွင်းရှိ ကိုမိုး၏ အသုံးအဆောင် ပစ္စည်းအတိုအစကလေး များ လည်း ဝမ်းနည်းသောအသွင်ဖြင့် တိတ်ဆိတ်စွာ ကျန်ရစ်လေကြသည်။

ကျွန်တော်လည်း ကိုမိုး သေ မသေစဉ်းစားလျှက်နေ၏။ မံသစက္ခုတွင်ကား လူတွေက သေပြီပြော သည်။ ဥာဏ စက္ခုတွင်ကား ကိုမိုး၏ ဝါဒ ကိုမိုး၏ စကားတွေ တည်ရစ်သမျှ တည်ထွန်းရု်နေသမျှ ကိုမိုးတကယ် မသေနိုင်ပါတကား။

ကိုမိုးကို ချစ်သူ ရိုသေသူတွေ အများကြီးရှိသည်။ အဘယ်သူသည် ကိုမိုးအား ဆက်လက်အသက်သွင်း မည်နည်း။

ကျွန်တော်တို့ ဆက်စောင့်ကြည့်ကြဦးစို့။ ။

** နတ်မောက် ဘုန်းကျော်**

ကိုစိုးနိုင် မှ မျှဝေခြင်းသက်သက်ပါ.....

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)