ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 10, 2012

ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် (လူထုစိန်ဝင်း)

>
ပါလီမန်တို့၊ ရွေးကောက်ပွဲတို့ ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လုံးလုံးကြီး အဆက်ပြတ်သွားတာ နှစ်ပေါင်းငါးဆယ်ကျော်ရှိပြီဖြစ်လေ တော့ ဒီနေ့အသက်ခြောက်ဆယ်တန်း ရောက်နေသူတွေတောင် ကြားဖူး နားဝ သိနေတာတွေပဲရှိလိမ့်မယ်။ သေသေချာချာ ရေရေရာရာသိကြမှာ မဟုတ်ဘူး။

**လိမ်လို့လိမ်မှန်းမသိ**
စာလေးပေလေးဖတ်ရကောင်း မှန်းသိလို့ အတန်အသင့်သိနေတယ် ဆိုလည်း မလုံလောက်ဘူး။ ကိုယ်တွေ့ မျက်မြင် ကြုံတွေ့ရတာလောက်တော့ ဘယ်ဟာမှ မပြည့်စုံဘူး။ ဒါပေမဲ့ လုံးလုံးမသိတာထက်တော့ အများကြီး သာတယ်။ ဒါကြောင့် စာတော့ အချိန် ရသလောက် ဖတ်နေသင့်တယ်။ စာမဖတ်ရင် လိမ်လို့လိမ်မှန်းမသိ၊ ညာလို့ညာမှန်း မသိဖြစ်တတ်တယ်။ အထူးသဖြင့် အခုလို သမိုင်းလှည်းဘီး တစ်ပတ်ပြန်လည်လာချိန်မှာ ရှေးက အလိမ်ခံခဲ့ရတာတွေကို သိထားဖို့ ပိုလိုအပ်တယ်။ ဘာ့ကြောင့်လဲဆို တော့ သမိုင်းဖြစ်စဉ်တွေဟာ ထပ်ခါ တလဲလဲ တစ်ကျော့ပြီး တစ်ကျော့ ပြန်ပြန်ဖြစ်တတ်တဲ့ သဘောရှိလို့ပဲ။

**နားဝေတိမ်တောင်**
ဆရာကြီးဒေါက်တာသန်းထွန်း ကတော့ ပညာရှင်ပီသစွာ လိုရင်းကို ““ဒက်””ခနဲ ပြောလိုက်တယ်။ ““သမိုင်း သင်တာ မအအောင်””လို့တဲ့။ တစ်ခွန်း တည်းပဲ။ ဒါပေမဲ့ အဓိပ်္ပာယ်အများကြီး ထွက်တယ်။ အရင်လိမ်လို့ လိမ်မှန်း မသိ၊ ညာလို့ညာမှန်းမသိဖြစ်ပြီး ““နားဝေတိမ်တောင်””နဲ့ ခဏခဏ မလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့ အခါကျတော့ လိမ်တဲ့သူတွေက ကိုယ့်ကို လူလို့သဘောထားပြီး လိမ် ပြောဖို့တောင် ကြိုးစားမနေတော့ဘဲ သူလုပ်ချင်တာကို ပြောင်ပြောင် တင်းတင်းပဲ လုပ်ချတော့တယ်။ ဒီလိုနဲ့ ပဲ လစ်ဗျားက ကဒတ်ဖီလို၊ ဆီးရီးယား က အာဆတ်လို၊ အီရတ်က ဆက်ဒမ် ဟူစိန်လို အာဏာရှင်တွေ ပေါ်ပေါက် လာခဲ့တာဖြစ်တယ်။

**လူတိုင်းစာတတ်မြောက်ဖို့လို**
အဲဒီနိုင်ငံတွေမှာ စာမတတ်သူ ဦးရေလည်း အတော်များတယ်။ အထူးသဖြင့် အမျိုးသမီး စာမတတ် သူတွေများတယ်။ ဒါကြောင့် အာဏာ ရှင်တွေ သက်ဆိုးရှည်ခဲ့ကြတယ်။ ဒီမိုကရေစီစနစ်ထူထောင်မယ်ဆိုရင် နိုင်ငံသားတိုင်း စာတတ်မြောက်ရေး ကို မဖြစ်မနေလုပ်ဆောင်ကြရတယ်။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံသားတွေ ကိုယ်တိုင် နိုင်ငံရေးမှာ ပါဝင်ဆောင် ရွက်ခြင်းဖြစ်တယ်။ ဘုရင်တွေ၊ အာဏာရှင်တွေက ရာဇပလ်္လင်ကြီး တွေမှာထိုင်ပြီး တိုင်းသူပြည်သားတွေ ကို ကျေးကျွန်တွေလို တစ်ချက်လွှတ် အမိန့် အာဏာနဲ့အုပ်ချုပ်တာမဟုတ် ဘူး။ တိုင်းသူပြည်သားတွေက သူတို့ ရဲ့ ကိုယ်စားလှယ်တွေကို သူတို့ စိတ်ကြိုက်ဆန်္ဒပေး ရွေးချယ်ပြီး အဲဒီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်သူ့ လွှတ်တော်က တစ်ဆင့် တိုင်းရေး ပြည်မှုကိစ်္စမှန်သမျှကို ဆောင်ရွက်တာ ဖြစ်တယ်။

**ဒီမိုကရေစီရဲ့သော့ချက်**
လူမှန်နေရာမှန်ကို ရွေးချယ်ခြင်း ဟာ ဒီမိုကရေစီရဲ့ သော့ချက်ဖြစ် တယ်။ အဲဒီလို ရွေးတတ်ဖို့၊ လူကို အကဲခတ်တတ်ဖို့ဆိုတာ စာတတ်ရုံနဲ့ တင် မရဘူး။ စာများများ ဖတ်ထားဖို့ လိုတယ်။ ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့်သူတို့၊ နိုင်ငံရေးပါတီတို့ ဆိုတာက ထုံးစံအတိုင်း တိုင်းပြည် တိုးတက်အောင် ဘာလုပ်မယ်၊ ညာ လုပ်မယ် ပြောကြတာချည်းပဲ။ အဲဒီ တော့ သေသေချာချာ ဆန်းစစ်ဝေဖန် ပြီး အရွေးမမှားဖို့အတွက် အဲဒီလူတွေ နဲ့ အဲဒီပါတီတွေအကြောင်း ကောင်း ကောင်းသိထားဖို့ လိုတယ်။ သူတို့ ဘာတွေပြောတယ်ဆိုတာထက် သူတို့ ဘာတွေလုပ်ခဲ့တယ်၊ လုပ်နေတယ် ဆိုတာကို ဆန်းစစ်ရတယ်။ စာဖတ် မထားရင် ဒါတွေ ဘာမှမသိနိုင်ဘူး။

**မီးမရှိ မီးခိုးမရှိ**
လတ်တလောကိစ်္စလေးတွေကို ကြည့်ရုံနဲ့လည်း မလုံလောက်သေး ဘူး။ သမိုင်းဟာသူ့အလိုလို တစ်ကျော့ ပြန်လည်လာတတ်တယ်ဆိုတဲ့ စကား အတိုင်း လူ့သမိုင်းဖြစ်ရပ်တွေ ထပ်ခါ ထပ်ခါဖြစ်တတ်တဲ့ သဘောကို နားလည်ထားဖို့လည်း လိုတယ်။ အကြောင်းအရာတစ်ခု၊ ကိစ်္စတစ်ခုကို ဆန်းစစ်တဲ့အခါမှာ ဘာ့ကြောင့် ဖြစ်လာရတယ်ဆိုတဲ့အကြောင်း ရင်းဇာစ်မြစ်ကို ရှာကြည့်ရတယ်။ မီး မရှိဘဲနဲ့ မီးခိုးမရှိနိုင်ဘူးဆိုတဲ့ ကျိုး ကြောင်းဆက်စပ်မှု သဘောတရားကို အခြေခံပြီး ဆန်းစစ်မှ အမှန်ကို သိနိုင် တယ်။ ဒီလိုသိမှ လူမှန်နေရာမှန် ဖြစ်အောင် ရွေးချယ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အတိတ်သမိုင်းကို မေ့ပစ်လို့ မရဘူး၊ ဖျောက်ပစ်လို့မရဘူး။ အတိတ်ကြောင့် ပစ်္စုပ်္ပန်ဖြစ်လာတယ်။ ပစ်္စုပ်္ပန်ကအနာဂတ်ကို ဖန်တီးမှာ ဖြစ်တယ်။

**ဖွင့်ပြီးပျောက်သွားတာမဖြစ်ရအောင်**

လူတွေကို စာတတ်အောင် အရင်ဆုံးလုပ်ရမယ်။ ပြီးတော့ စာဖတ် အောင် အမြဲနှိုးဆော်နေရမယ်။ ကျောင်းသားတွေရော ပြည်သူလူထုပါ စာဖတ်ချိန်ရအောင်လည်း လုပ်ပေး ရမယ်။ နောက်ပြီး လူတွေစာအုပ် ၀ယ်ဖတ်နိုင်အောင်လည်း မဖြစ်မနေ လုပ်ဆောင်ပေးဖို့လိုတယ်။ စာတတ်ပြီး စာမဖတ်သူတွေများနေတာ မကောင်း ဘူး။ ကျောင်းတိုင်း၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေရှိသင့်တယ်။ ရှိတယ်ဆိုရုံရှိနေတာမျိုး ပြောတာ မဟုတ်ဘူး။ စာအုပ်တွေရော၊ စာဖတ် သူတွေပါ အမြဲတမ်းစည်ကားနေတဲ့ တကယ့်စာကြည့်တိုက်ကိုပြောတာ။ ဖွင့်ပြီး သုံးလမကြာခင်ပျောက်သွား တာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်း တတ်ဖို့လိုတယ်။ တိုင်းသူပြည်သား တွေ စာများများဖတ်မှ လူမှန်နေရာ မှန် ရွေးပေးတတ်မှာပါ။ ဒါကြောင့် ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် စာဖတ်သူတွေများလာအောင် မဖြစ် မနေလုပ်ကြဖို့ လိုတယ်လို့ သတိပေး နှိုးဆော်လိုက်ချင်ပါတယ်။

--
Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)