ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 23, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁၈)..... ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က

>

(ဝန်ကြီးဟောင်း ဦးဘဂျမ်း)

ရက်ကား ၁၉၄၇ -ခု ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်၍ နေ့ကား စနေနေ့ ဖြစ်ပါသည်။

ထိုအခါက ကျွန်တော်သည် လမ်းပမ်း အဆောက်အဦးနှင့် ပြန်လည်ထူထောင်ရေး ဋ္ဌာနကို အုပ်ချုပ်ရသည် ဖြစ်ရာ ထိုဋ္ဌာန၏ အတွင်းဝန်မှာ အိုင်-စီ-အက်စ် ဦးအုန်းဖြစ်၍ ဒုတိယ အတွင်းဝန် မှာ အိုင်-စီ-အက်စ် ဦးချမ်းသာ ဖြစ်ပါသည်။

ကျွန်တော်သည် အမှတ် ၈ ၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း ၊ ဗ-လ-သ ဋ္ဌာနချုပ်တွင် နေထိုင်လျှက်ရှိရာ ဟင်္သာတ ခရိုင်သို့ ခရီးထွက်ခဲ့သည်မှ အပြန် အအေးမိ၍ အနည်းငယ်ဖျားလျှက်ရှိ၏။

ထိုနေ့တွင် ဝန်ကြီးမျာအစည်းအဝေး ကျင်းပမည်ဖြစ်ရာ ကျွန်တော်သည် နေမကောင်းသဖြင့် အကြောင်းထူးသာ မရှိခဲ့လျှင် ထိုအစည်းအဝေးသို့ တတ်ဖြစ်မည် မဟုတ်ချေ။ ထိုနေ့ကျင်းပမည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောပြသင့်သော သတင်းထူးတစ်ခုကို ကျွန်တော်ရရှိထား၏။ သတင်းထူးပုံမှာ စစ်တပ်မှ မလိမ့်တပတ် ဖြင့် စက်သေနတ် (ဘရင်းဂန်း) အလက်၂၀၀ ထုတ်ယူသွားသူမှာ ဦးစောဖြစ်ကြောင်း ထိုသို့ ထုတ်ယူစဉ်က ဦးစောသည် ရှမ်းဘောင်းဘီ ၊ မျက်မှန်နက် ၊ ဆွယ်တာ လက်ပြတ် ဖြင့်ဖြစ်၍ ထုတ်ယူ သွားသော မော်တော်ကား ရှေ့တန်း ကားမောင်းသူ၏ ဘေးတွင် ထိုင်လျှက်ပါကြောင်းများအပြင် ဦးစောတို့ လူစုသည် ကုဒီတား (ခေါ်) လက်နက်ဖြင့် အာဏာသိမ်းယူရန် ကြံစည်လျှက်ရှိကြကြောင်းကို သတင်းရရှိထား၏။ သို့သော် သတ်ဖြတ်သည်အထိ အကြံပက်စက်ကြမည်ဟူ၍ကား ထိုအခါက ကျွန်တော် လုံးဝ မတွေးတောမိခဲ့ပေ။

ရရှိထားသော သတင်းထူးကို ဝန်ကြီးများအစည်းအဝေးတွင် တင်ပြလိုသဖြင့် ကျွန်တော်သည် နေမကောင်းလျှက်နှင့်ပင် အဝတ်အထူထူ အထပ်ထပ် ဝတ်၍ အစည်းအဝေးသို့ သွား၏။

အစည်းအဝေး ကျင်းပမည့်နေရာသည် အတွင်းဝန်များရုံး ၊ အလယ်ထပ် ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းတွင်ဖြစ်၍ စမည့်အချိန်မှာ နံနက် ၁၀ နာရီဖြစ်၏။

မစည်းအဝေးမစမီ မိနစ် အနည်းငယ်ခန့်အလိုတွင် ဗိုလ်ချုပ်နှင့် ကျွန်တော် အစည်းအဝေးခန်းမ တွင် မျက်နှာချင်းဆိုင် ဆုံမိပြီး အခန်းတွင်းသို့ အတူ ဝင်သွားကြသည်။ ထိုနေ့တွင် ဗိုလ်ချုပ်သည် ဝတ်နေကျ စစ်ဝတ် စစ်စား မဟုတ်ဘဲ ထူးထူးခြားခြား အရပ်ဝတ်နှင့် အရပ်စားနှင့် လာ၏။ ရွှေဖလားရောင် ဘန်ကောက် လုံခြည် ၊ ပိုးအကျီတို့နှင့် ဖြစ်၍ ဆံပင်မှာလည်း ခါတိုင်းကဲ့သို့ စုတ်ဖွားဖွားကြီးမဟုတ်ဘဲ ညှပ်ပြီးမှ ဖြစ်၍ သပ်ယပ်နေ၏။

``ဗိုလ်ချုပ်က ဒီလိုတော့ အချောကြီးပဲ----`` ဟု ကျွန်တော်က ပြောင်၍ ပြောလိုက်၏။

``နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သားစိတ် မွေးမြူကြဘို့ အရေးကြီးတယ် ``ဟု ဗိုလ်ချုပ်က ပြန်ပြော၏။

ဗိုလ်ချုပ်၏ အခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် လူဝင်တံခါးကြီးသုံးပေါက် ၊ ၎င်းလက်ယျာ ဘက်ဘေးတွင် ဗိုလ်ချုပ်၏ အတွင်းရေးအတွင်းဝန် ဗိုလ်ထွန်းလှ၏ အခန်းသို့ ကူးသောတံခါး ၊ ၎င်းလက်ဝဲဘက် ဘေးတွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်၏ အခန်းသို့ ကူးသောတံခါးသည် ၎င်း ရှိပြီး လျှင် အခန်း၏ ကျောဘက်တွင် ပြူတင်းပေါက် သုံးခု ရှိ၏။ အခန်းတွင်း အရှေ့မြောက်ထောင့်တွင် ဗိုလ်ချုပ်၏ အလုပ်စားပွဲရှိ၍ အခန်း၏ တောင်ဘက်နံရံတွင် ဝန်ကြီးများ အစည်းအဝေးစားပွဲ ရှိ၏။

ဝန်ကြီးများအစည်းအဝေး စားပွဲသည် စားပွဲရှည် သုံးခုကို ဒေါင့်ချိုး ဂငယ်ပုံ သုံးဘက်ပိတ် တစ်ဖက်ဖွင့် ဆက်၍ ထား၏။ ထိပ်စားပွဲသည် ဆယ်ပေခန့်ရှည်၍ သုံးပေခန့်ကျယ်၏။ ထိုထိပ်စားပွဲ၏ အစွန်းတစ်ဖက်တစ်ချက် တွင် ယှဉ်၍ ဒေါင်လိုက်ဆက်ထား သော စားပွဲများမှာ ဆယ့်ရှစ်ပေ ခန့်ရှည်၍ သုံးပေ ခန့်ကျယ်၏။

ထိပ်စားပွဲ၏ အလယ်တွင် ဗိုလ်ချုပ်ထိုင်၏။ ဗိုလ်ချုပ် ၏လက်ဝဲဘက်တွင် ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော်ထိုင်၏။ လက်ယာဘက်နဘေးရှိ စားပွဲရှည်တွင် သခင်မြ ၊ ဦးဘချို ၊ ဦးရာဇတ် ၊ ဦးဘဝင်း ၊ မန်းဘခိုင် တို့ တစ်ယောက်ပြီးတစ်ယောက်ယှဉ်ပြီး ထိုင်ကြ၏။ ထိပ်စားပွဲ၏ လက်ဝဲနဘေး၏ စားပွဲရှည်တွင် ကျွန်တော် ဦးအောင်ဇံဝေ ပျော်ဘွယ် ဦးမြ မိုင်းပွန်စော်ဘွားကြီးတို့ တစ်ယောက်ပြီးတစ်ယောက် ယှဉ်၍ထိုင် ကြ၏။

အစည်းအဝေးသည် ချိန်းထားသည့်အတိုင်း ၁၀- နာရီမှာ အချိန်မှန်စ၏။ အစဉ်အလာအတိုင်း အရေးကြီးသော ကိစ္စများ စဉ်းစားသောအခါ သက်ဆိုင်ရာဋ္ဌာန အတွင်းဝန်သည် လိုအပ်က သွားရောက်၍ ရှင်းလင်းပြောပြရ၏။ ထိုနေ့က ကိစ္စအချို့ စဉ်းစားပြီးသည့်နောက် ၁၀ -နာရီခွဲကျော်ကျော်လောက်တွင် လမ်းပမ်းဆက်သွယ်ရေး စီမံကိန်းစဉ်းစားရန် အလှည့်ကျသဖြင့် သက်ဆိုင်ရာဋ္ဌာန၏ ဒုတိယအတွင်းဝန် ဖြစ်သော အိုင်-စီ-အက်စ် ဦးအုန်းမောင်သည် အစီးအဝေးခန်းသို့ေ၇ာက်ရှိလာပြီးလျှင် လက်ယျာဘက် စားပွဲထိပ် သခင်မြ၏ အနီး၌ ကပ်လျှက်ထိုင်၏။

ဦးအုန်းမောင်ရောက်ရှိပြီး နှစ်မိနစ် သုံးမိနစ်ခန့်အကြာတွင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာ ရှိ တံခါးသုံးပေါက်အနက် မြောက်ဆုံးတံခါးပေါက်ကို တွန်း၍ဖွင့်ပြီးလျှင်စစ်ဝတ်စုံ ဝတ်ထားသော လူ လေး ငါးယောက်သည် တော်မီဂန်း စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေးခန်းမအတွင်း သို့ ဝင်လာကြသည်။

ထိုအခါက ကျွန်တော်သည် သူတို့ဝင်လာသည့် တံခါးကို မျက်နှာမူ၍ ထိုင်နေသဖြင့် ဝင်လာသည့်အချိန် မှစ၍ ကောင်းစွာ သတိပြုမိ၏။ ဝင်လာသူများသည် တပ်မတော်၏ အဝတ်အစားများကို ဝတ်ဆင်လာကြသဖြင့် တပ်မတော်သားများဟုပင် ထင်မိ၏။ သူတို့သည် အလွန်အရေးကြီး၍ ရုတ်တရက်ဖြစ်ပေါ်သော ကိစ္စတစ်ခုကို ဝန်ကြီးအစည်းအဝေးသို့ အစီရင်ခံလိုသဖြင့် လာကြသည် ဟုတွေးမိ၏။ နားမလည်သေး ရိုင်းသေးသဖြင့် သာ တစ်ယောက်တည်းမလာပဲ လူအများစု၍ သေနတ်များ ကိုင်ဆောင်လာ ခြင်းတို့ကို ပြုလုပ်ကြသည်ဟု တစ်ဆက်တည်းတွေးကာ နောက်နောင် ဝန်ကြီးအစည်းအဝေးသို့ ကိစ္စရှိ၍ လာရောက်လျှင် တပ်မတော်သားတစ်ဦးသည် လက်နက်ကို အပြင်မှာ ထားခဲ့ရန်နှင့် တစ်ယောက်တည်း လာရန် အမိန့်ထုတ်ထားပါဟု ဗိုလ်ချုပ်အား ပြောမည်ဟုပင် စဉ်းစားမိ၏။

ဝင်လာသူ ယူနီဖောင်းဝတ် လက်နက်ကိုင်တို့သည် အစည်းအဝေးစားပွဲကြီး၏ စားပွဲသုံးခုအနီး ဂငယ် ဝမ်းပိုက်၏ အဝင်ဝသို့လာ၍ သုံးယောက်ခန့် ရှေ့နောက်စီကာ ရပ်ပြီးလျှင် ရှေ့ဆုံးမှ ဝင်လာသူသည် ``ဟိတ်`` ဟု အသံကျယ်စွာတစ်ခွန်းတည်း အော်လိုက်ပြီး ဗိုလ်ချုပ်အား တော်မီဂန်းဖြင့် စ၍ပြစ်၏။ ဗိုလ်ချုပ်သည် မတ်တပ်ရပ်လိုက်ကာ သေနတ်ပြစ်သူတို့ဘက်သို့ လက်ကာပြပြီးလျှင် တစ်စုံတစ်ခုကို ပြောလိုက်၏။ ဘာပြောသည်ဟူ၍ကား ကျွန်တော်နားမလည်လိုက်ပေ။

ထိုသို့ပစ်လိုက်သည်နှင့်တပြိုင်နက် ပျော်ဘွယ်ဦးမြနှင့် ဦးရွှေဘော်တို့သည် ကျောဘက် ရှိ ပြူတင်းပေါက်မှကျော်ထွက်ပြီးလျှင် ပြူတင်းပေါက်အောက်ရှိ နှစ်ပေခန့် ကျယ်သော ကြမ်းပြင်စွန်းကို ကွယ်၍ ဦးရွှေဘော်၏ အခန်းသို့ ကူးပြေးကြ၏။ ကျွန်တော်သည် ထိပ်စားပွဲနှင့် အလျားလိုက်ယှဉ်ကာ ကြမ်းပြင်ပေါ်တွင် မှောက်၍ အိပ်လိုက်၏။ ထိုသို့ အိပ်လိုက်သောအခါ ကျွန်တော်၏ လက်ဝဲဘက်တွင် ရှိသော ဦးအောင်ဇံဝေ၏ လက်ကိုလည်း ဆွဲ၍ချလိုက်သဖြင့် ဦးအောင်ဇံဝေသည်လည်း ကျွန်တော်နှင့်အတူ အိပ်လိုက်၏။

ထိုသို့ ရန်သူ့လက်နက်နှင့် ကြုံကြိုက်သောအခါ လှဲ၍ အိပ်လိုက်ခြင်းသည် ဂျပန်ခောတ် စစ်အတွင်းက ရရှိခဲ့သော အလေ့အကျင့် အမွေဖြစ်၏။ ဗုံးကြဲလေယဉ်ပျံများ လာသဖြင့် အာရှလူငယ် သူနာပြု အဖွဲ့များကို ဗုံးကျရာသို့ စေလွှတ်သောအခါ ကျွန်တော် အမြဲမှာသော နောက်ဆုံးစကားမှာ ဗုံးကျဲလျှင် စက်သေနတ်ဖြင့်ပစ်လျှင် အမြန်ဆုံးလှဲ၍ အိပ်လိုက်ပါ ဟူ၍ဖြစ်နေလေရာ ကိုယ်ရေးကြုံသောအခါ လှဲ၍ အိပ်နေပြီးဖြစ်နေသည်ကို သတိပြုမိ၏။

ကျွန်တော်သည် သမ္ဗုဒ္ဓေ ဂါထာ ၊ သိရသ္မိံဂါထာနှင့် ဓမ္မခဏ် ဂါထာများကို စစ်အတွင်းက အမြဲရွတ်လေ့ ရှိသည့်အတိုင်း ထိုသို့ ကြမ်းပြင်ပေါ်တွင် မှောက်၍ လှဲနေစဉ် အချိန်တွင်ပင် ရွတ်လျှက် ရှိနေကြောင်း သတိပြုမိ၏။ ဦးအောင်ဇံဝေသည် ၂၄ ပစ္စည်းခေါ် ပဋ္ဌာန်းကျမ်း၏ အကျယ်ဖြစ်သော ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ပါဠိတော် ကို အနှစ်သုံးဆယ်ကျော်မျှ တစ်နေ့မပျက် ရွတ်ဖတ်သရဇ္ဈာယ် ခဲ့သည့်အလျှောက် ကြမ်းပေါ်သို့ လှဲလိုက်သည့်အချိန်မှ စ၍ ရန်သူများထွက်သွားသည့်အချိန် အထိ စိတ်တွင် အာရုံပြု၍ ရွတ်ကြောင်း နောက်မှ စုံစမ်းသိရှိရ လေသည်။

ထိုသို့ မှောက်လျှက်ရှိစဉ် ကျွန်တော်၏ လက်ဝဲလက် နံဘေးသည် ပူကနဲ ဖြစ်သွား၏။ ကျည်ဆံတစ်ခု ဘေးသို့ ယှက်၍ ဖောက်ဝင်သွားသည်ဟု ထင် မြင်မိ၏။ သို့သော် သေနိုင်သော နေရာ မဟုတ်ဟူ၍လည်း တွေးလိုက်သေး၏။

အိမ်ပြန်ရောက်၍ ကြည့်သောအခါ ထိုသို့ ပူကနဲဖြစ်သည့်နေရာ နံရံစွန်းနှင့် တင်ပါးရိုးအကြား အသားတွင် လက်သန်းဖျားခန့် မဲ၍ နေသော အဝိုင်းငယ်တစ်ခုကို တွေ့ရ၏။ ထိုနေရာနှင့် တည့်တည့် သက္ကလပ် အပေါ်အကျီင်္တွင် လက်မဝက်ခန့် ရှည်၍ မန်ကျီးစေ့ခန့် ကျယ်သော အပေါက်ငယ်တစ်ခုကို တွေ့ရ၏။ ထိုသို့ ကျည်ဆန်မှန်သောနေရာတွင် လုံခြည် ဘောင်းဘီ ရှပ်အကျီ င်္ ဆွယ်တာလက်ပြတ် နှစ်ခု စွတ်ကျယ်နှင့် အပေါ်အကျီ င်္ပါ အားလုံး ၇-ထပ်ရှိသည်ကို တွေ့ရ၏။

ကျွန်တော်၏ လက်ယျာဘက် လက်သူကြွယ်အဖျားတွင် တစ်ချက်ထိမှန်၏။ ကျည်ဆန်သည် လက်ဖျားမှ ဝင်ပြီးလျှင် အလယ်ဆစ်၏ ဘေးမှထွက်၏။ လက်ဖျားဆစ်၏ အတွင်းသားနှင့် အရိုးတစ်ပိုင်း ပဲ့၍ ပါသွားသဖြင့် လက်ဖျားဆစ်တွင် စပါးစေ့တစ်ခြမ်း လောက်မျှသော အရိုးတစ်ပိုင်းနှင့် အပေါ်အရေသာ ကျန်ရစ် သည်ဖြစ်ရာ အဖူးကို နှုတ်ယူထားသည့် ပျောင်းဖူးနှင့်တူ၏။

သူသတ်ယောင်္ကျားတို့ကား သုံးယောက် ပြိုင်တူ ပစ်ကြ၏။ ပထမ ရပ်၍ပစ်ကြ၏။ နောက်ဒူးထောက်၍ ပစ်ကြ၏။ ကျွန်တော်နှင့် ဦးအောင်ဇံဝေတို့ကို မူကား ကြမ်းပေါ်တွင် မှောက်လျှက်ရှိသဖြင့် သေပြီထင်ပြီး မပစ်ဟန် လက္ခဏာရှိ၏။

အပစ်အခတ်ရပ်စဲပြီး သူသတ်များပြန်ထွက်နေစဉ် တံခါးဝလောက်အရောက်မှာ ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့်ဘက်သို့ လက်ညိုးထိုး၍ ပြပြီးလျှင် ``သေကုန်ကြပြီ--သေကုန်ကြပြီ`` ဟု ညည်းတွား လိုက်၏။

ကျွန်တော်က ဦးအောင်ဇံဝေအား ဆွဲ၍ လှဲလိုက်ပြီးလျှင် ``မထနဲ့ အုံး ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ်-`` ဟုပြော၏။ ကျွန်တော်တို့ မိနစ်ဝက်ခန့်ဆက်၍ မှောက်နေကြပြီးလျှင် နှစ်ယောက်အတူထ ကြ၏။ တစ်ခန်းလုံး မီးခိုးဖြင့် မှောင်လျှက် ယမ်းငွေ့တထောင်းထောင်း ထလျှက်ရှိ၏။ ဗိုလ်ချုပ်ကား ပက်လက်လဲလျှက်ရှိ၏။

ဦးအောင်ဇံဝေနှင့် ကျွန်တော်တို့သည် ဦးရွှေဘော်၏ အခန်းဘက်သို့ ကူးသွားကာ တယ်လီဖုန်းဆက်ရန် ကြိုးစားကြ၏။ တယ်လီဖုန်းက ဆက်၍မရ။ ပျက်နေဟန်ရှိ၏။ ကျွန်တော်၏ အခန်းသို့ သွားရန် ဦးရွှေဘော်၏ အခန်းပြင်သို့ ထွက်လိုက်၇ာ ထိုအချိန်က ရန်ကုန် ပုလိပ်မင်းကြီးဖြစ်သူ ဦးအောင်ချိန် အား အခန်းဝတွင် တွေ့ရ၏။

``ဘာဖြစ်ကြတာလဲ ``ဟု ဦးအောင်ချိန်က မေးသောအခါ ``လာ---- လာ ---- လိုက်သာ ကြည့်တော့`` ဟုပြောကာ ဦးအောင်ချိန်အား ဦးရွှေဘော်၏ အခန်းကို ဖြတ်၍ အစည်းအဝေးခန်းသို့ ဦးအောင်ဇံဝေနှင့် ကျွန်တော်က ခေါ်သွား၏။ ကျွန်တော်တို့ ပြန်ဝင်သွားသောအချိန်တွင် မိုင်းပွန်စော်ဘွား ကြီးသည် သွေးပေလျှက်ရှိသော မေးနှင့် ပါးစပ်တစ်ခြမ်းကို လက်ယျာ လက်ဝါးဖြင့် အုပ်ကာ ဗိုလ်ထွန်းလှ၏ အခန်းဘက်သို့ လျောက်သွား၏။ သို့သော် ဗိုလ်ထွန်းလှ ထွက်လာသဖြင့် လမ်းတွင်ပင် ဆုံမိကြ၏။ ဗိုလ်ထွန်းလှ သည် အစည်းအဝေးခန်းမသို့ ဝင်လာပြီးလျှင် သူသတ်တို့ထွက်သွားသော တံခါးကို ပိတ်၍ ချက်ထိုးလိုက်၏။

ဦးအောင်ချိန်ကား အစည်းအဝေးခန်းတွင် ထားခဲ့ပြီးလျှင် ဦးအောင်ဇံဝေ နှင့် ကျွန်တော်သည် ကျွန်တော်၏ အခန်းသို့ သွားကြ၏။ အခန်းသို့ေ၇ာက်လျှင် ဦးအောင်ဇံဝေသည် ကျွန်တော့်လက်တွင်ရရှိသော ဒဏ်ရာကို ကြည့်၍ ကျည်ဆန်မှာ အဆိပ်ပါမှာ စိုးရသည် ၊ ချက်ချင်းဆေးထည့်ပါဟု သတိပေး၏။ ကျွန်တော်သည် ကျွန်တော်၏ အတွင်းရေး ၊ အတွင်းဝန် မောင်သန်းမြင့်အား ဆရာဝန်ခေါ်ထားပေးရန် မှာထားပြီးလျှင် အိမ်သို့ပြန်၏။ ကုလားဆရာဝန်တစ်ယောက်နှင့် ဗိုလ်လင်္ကျာ၏ ညီ ဒေါက်တာလှရွှေတို့ မကြာမီရောက်လာပြီးလျှင် လက်ဖျားကို ဆေးထည့် ဂွမ်းဆို့၍ ချုပ်ကြ၏။

ဒေါက်တာ လှရွှေက လက်ပြာနေတာကို သဘောမကျ။ အဆိပ်ကြောင့် ဖြစ်လျှင် ဖြစ်နိုင်သည်ဟု ပြောကာ အဆိပ်ဖြေသည့် ထိုးဆေးကို အရှာခိုင်းသဖြင့် မောင်သန်းမြင့်ကို လွှတ်၍ စစ်တပ်တွင် ရှာစေ၏။ ထိုးဆေးရှာနေစဉ်အတွင်း ဆေးရုံကြီးကို လိုက်ခဲ့ပါ ဆေးရုံကြီးမှာ ကရိယာစုံသည်ဟု ဒေါက်တာ လှရွှေက အကြံပေးသဖြင့် လိုက်သွား၏။

ဆေးရုံကြီးသို့ေ၇ာက်သောအခါ ဒေါက်တာဘသန်းနှင့် ဒေါက်တာလှရွှေတို့ တိုင်ပင်ပြီးလျှင် ကုသ၍ ဖြစ်နိုင်သော နည်းမျိုးစုံဖြင့် လိုလေသေးမရှိအောင် ကုသပေးကြ၏။ စစ်တပ်တွင်ရှာသော အဆိပ်ဖြေ ထိုးဆေးလည်း အလွယ်တကူ ပင် ရရှိလာသဖြင့် ထိုးရ၏။ ဦးဘချိုနှင့် မိုင်းပွန်စော်ဘွားကြီးတို့အား ခွဲစိပ်ကုသ ရန်ပြင်ဆင်လျှက်ရှိကြောင်း ဒဏ်ရာရသူ ကျန်ပုဂ္ဂိုလ်များမှာ အားလုံးသေဆုံးကြပြီဖြစ်ကြောင်း ကျွန်တော် ဆေးရုံမှ မပြန်မီ သိခဲ့ရ၏။

ည ၈-နာရီခန့်တွင် ဒေါက်တာလှရွှေထံမှ စကားပြောကြေးနန်းနှင့် ဝန်ကြီးများ၏ အလောင်းကို ညွှန်ကြားချက် တစ်စုံတရာ မရရှိသဖြင့် ရေခဲတိုက်သို့ မပို့ရသေးဘဲ ဆေးရုံမှာပင် ရှိသေးကြောင်းပြောသည်။ ရေခဲတိုက်ကို ပို့သာပို့ပါ။ ကျွန်တော်လုံးဝတာဝန်ယူပါမည် ဟု အကြောင်းပြန်ကြားလိုက်၏။

ယခုကဲ့သို့ ဗိုလ်ချုပ်နှင့်တကွ နိုင်ငံ့မျက်နှာဖုံး ခေါင်းဆောင်ကြီးများ ကျဆုံးရခြင်းမှာ မိမိ၏စေတနာကို မိမိ ယုံကြည်လွန်းအားကြီးသောကြောင့်ဖြစ်၏။ ထိုသို့မဖြစ်မီ အချိန်အတော်အကြာကပင် ဗိုလ်ချုပ်နှင့်တကွ ဝန်ကြီးများအား သတ်ဖြတ်ရန် ကြံစည်စိုင်းပြင်းလျှက်ရှိကြောင်း အစီရင်ခံစာ အမျိုးမျိုး အကြိမ်ကြိမ်ရခဲ့၏။ ထိုသို့ အစီရင်ခံစာများ ရရှိ၍ ဆွေးနွေးကြသောအခါတွင် ဗိုလ်ချုပ်က----

``ကျွန်တော်တို့လို စေတနာသန့်သန့်ရှင်းရှင်းနဲ့ အဘက်ဘက်က စင်ကြယ်တဲ့လူတွေကို သတ်မယ်ဆိုတာ မဟုန်နိုင်ပါဘူး ၊ ကျွန်တော်တို့ကို သတ်ရင် တစ်နိုင်ငံလုံးက အုံကြွပြီး သူတို့ကိုကော မသတ်ဘဲ နေပါ့မလား----``ဟု ပြောဘူး၏။

ဝန်ကြီးအစည်းအဝေး အခန်းအနား စသည်တို့တွင် လက်နက်ကိုင် ပုလိပ် အစောင့်အရှောက် ၊ စစ်တပ်အစောင့်အရှောက်တို့ကို ဗိုလ်ထွန်းလှက စီမံလျှင် ဗိုလ်ချုပ်သဘောမကျ။

``ဒို့က လူထုရဲ့ အစိုးရပါ။ လက်နက်ကိုင် အစောင့်အရှောက် မလိုပါဘူး--``

ဟု ပြောလေ့ ရှိ၏။

မြတ်စွာဘုရားတောင်မှ ဒေဝဒတ် ၊ စိဉ္စာမာန စသော ရန်သူများရှိနေကြောင်း ကို ပညာရှိသောလည်း သတိဖြစ်ခဲ ဆိုသောစကားအတိုင်း ကျွန်တော်တို့ မဆင်ခြင်မိပဲ ပေါ့ပေါ့ ဆဆနေလွန်းလှသဖြင့်သာ ယခုကဲ့သို့ ခေါင်းဆောင်ကြီးအများ ရေတိမ်မှာ နစ်ကြရရှာပေသည်။

ဦးစော၏ အကြံသည် တစ်ရက်တည်းစောသွားသဖြင့် အောင်မြင်ခဲ့၏။ စစ်တပ်မှ ဘရင်းဂန်းအလက် ၂၀၀ ဦးစောလိမ်၍ ထုတ်သွားကြောင်း သတင်းကို သခင်မြတွင်၎င်း ၊ ကျွန်တော့်တွင်၎င်း အခိုင်အလုံ ရရှိထားပြီးဖြစ်၍ ထိုနေ့ ဝန်ကြီးများအစည်းအဝေးနောက်ပိုင်း အထွေထွေ အခန်းတွင် ဦးစောအား ဖမ်းရန် ညွှန်ကြားဖို့ ဆုံးဖြတ်ဖွယ်ရှိ၏။

ဦးစောနှင့် အပေါင်းအပါတို့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့မျက်နှာဖုံး အခြားခေါင်းဆောင်ကြီးများ အား သတ်လိုက်ခြင်းဖြင့် ထိုပုဂ္ဂိုလ်များအားသာ သေစေသည်မဟုတ် ၊ နိုင်ငံတစ်ခုလုံးကိုပင် သေစေသည် မည်၏။
**ကံကောင်းသူ ဝန်ကြီးများ**

ထိုနေ့အစည်းအဝေးတွင် မတတ်ရောက်သဖြင့် ကံကောင်းသော ဝန်ကြီးများမှာ ဦးကျော်ငြိမ်း ၊ ဆမားဒူးဝါး၊ စောစံဘိုးသင် နှင့် ဦးဝမ်ကိုဟော တို့ဖြစ်ကြ၏။ ထိုအခါက ပြည်ထဲရေးဝန်ကြီးဋ္ဌာနဖြစ်သော ဦးကျော်ငြိမ်းမှာ အင်္ဂလန်သို့ သွားနေခိုက်ဖြစ်၍ ပြည်ထဲရေးဋ္ဌာနကို ပျော်ဘွယ်ဦးမြက အုပ်ချုပ်လျှက်ရှိ၏။ ကျန်ဝန်ကြီးသုံးဦးမှာ နယ်သို့ေ၇ာက်ရှိ ခရီးလွန်နေ၍ အစည်းအဝေး မတတ်ဖြစ်ဟု သိရ၏။

**ဝန်ကြီးဟောင်း ဦးဘဂျမ်း**

(ရွှင်လန်းချမ်းမြေ့ကြပါစေ)
**ကိုစိုးနိုင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)