ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 15, 2012

ဗြောင်တောင်တောင် ဗေ..ဗေ့..ဂျိ

>
ည..ည.. အိပ်မပျော်လို့ အတွေးတွေ ပျံ့လွင့်ပြန်တော့ ကဘောက်တိ ကဘောက်ချာနိုင်တဲ့ ကျွန်မရဲ့အတွေးတွေက ငယ်ငယ်တုန်းက ကစားတဲ့ဆီကို ပြန်ရောက်သွားပါတယ်။ ကျွန်မတို့ အားလုံးဟာ အပြစ်ကင်းစင်တဲ့ ငယ်စဉ်ကလေးဘ၀ကို မလွဲမသွေ ကျော်ဖြတ်ခဲ့ပြီး ကစားနည်း ပေါင်းစုံကို သူငယ်ချင်းများနဲ့၊ မောင်နှမများနဲ့အတူ ပျော်ရွှင်စွာ ရိုးသားစွာ ဆော့ကစားဖူးခဲ့ကြမှာပါ။ ကစားနည်းတွေကလည်း တစ်မျိုးနဲ့တစ်မျိုး မထပ်စေရသလို ရိုးနိုင်တယ်ကို မရှိပါဘူး။

ကျွန်မတို့ ငယ်ငယ်က ကစားနည်းတွေက လူအများနဲ့ တစ်စုတစ်ဝေးကြီး ညီညီညွတ်ညွတ် ကစားရတဲ့ ကစားနည်းတွေ များကြပါတယ်။ အဲ့ဒီလို ကစားနည်းတွေထဲမှာ စိမ်ပြေးတမ်းပဲဖြစ်ဖြစ်၊ တူတူပုန်းတမ်းပဲဖြစ်ဖြစ်၊ လန်ဒန်ဂိုးဖလိပ်ပဲဖြစ်ဖြစ် ၁၀ယောက် ၁၅ယောက်၊ အများနဲ့ တစ်ယောက် ကစားရတဲ့ ပွဲတွေမှာ မကစားခင် လိုက်ရမယ့် သူကို ရွေးချယ်ကြရပါတယ်။ ကစားမယ့်သူတွေ အားလုံးဝိုင်းစုလိုက်ပြီး တစ်ယောက်ကို လက်ကလေး တစ်ဖက်စီ ဆန့်ထုတ်လို့ မုန့်လေပွေမီးကင်သလို ဟိုဘက်သည်ဘက် မှောက်ချီ၊ လှန်ချီလုပ်ကာ…
“ ဗြောင်တောင်တောင် ဗေဗေ့ဂျိ … နည်းသူထွက်… များသူလိုက် ”

..ဆိုပြီး သံပြိုင် အော်ကြပါတယ်။ အဲ့သည်အထဲမှာ အာပြဲတဲ့ကလေးများ ပါလာလို့ကတော့ အာခေါင်ခြစ်ပြီး ကုန်းအော်တော့တာပါဘဲ။ အော်လို့ ဆုံးသွားတာနဲ့ မှောက်ချီ၊ လှန်ချီလုပ်နေတဲ့ လက်ဖ၀ါးလေးတွေကို မိမိရောက်ရာနေရာမှာ ချက်ချင်း ရပ်ချလိုက်ရပါတယ်။ တချို့က လှန်လို့၊ တချို့က မှောက်လို့ပေါ့။ ရေတွက်လိုက်လို့ လက်ဖ၀ါးမှောက်သူ နည်းရင် ခုနက ဆိုထားတဲ့အတိုင်း နည်းသူက ၀ိုင်းအပြင်ကို ထွက်ပေးရပါတယ်။ “နည်းသူထွက်” လို့ ပြောထားတာကိုး။ ဘေးထွက်သူတွေကတော့ ပြေးရမယ့်သူတွေဆိုတော့ ခုန်ပေါက်ပျော်လို့ပဲပေါ့။ ကျန်တဲ့ လက်ဖ၀ါး လှန်ထားသူ အများစုကတော့ လိုက်ရမယ့် သူတွေပေါ့။ နောက်ဆုံး လိုက်ရမယ့်သူ တစ်ယောက်ပဲ ရွေးရမှာမို့ ကျန်ခဲ့သူ အများစုအပါအ၀င် အားလုံးက ခုနကအတိုင်း တစ်ဖန် အော်ဆိုကြရပြန်တယ်။

ဘေးမှာ ပြေးဖို့ ထွက်နေသူများကလည်း ဘယ်နေပါ့မလဲ။ အတူတကွ အော်ဆိုကြပြန်တာပေါ့။ ဒီလိုနဲ့ အော်ဆိုကြပြီးတိုင်း မှောက်ထား၊ လှန်ထားတဲ့ လက်ကလေးတွေကို ရေတွက်ပြီး နည်းသူတွေ ဆွဲထုတ်လိုက်ကြတာ နောက်ဆုံးဝိုင်းထဲမှာ များသူနှစ်ယောက်ထဲ ကျန်ခဲ့ပါရော။ အဲ့ဒီ နှစ်ယောက်ထဲက လိုက်မယ့်သူ တစ်ယောက်ကို ရွေးတဲ့အခါကြတော့ အနားက ကစားမယ့် သူတစ်ယောက် ယာယီခဏ ဆွဲထည့်၊ စုစုပေါင်း သုံးယောက်လုပ်ပြီး….
“ ဗြောင်တောင်တောင် ဗေဗေ့ဂျိ … နည်းသူထွက်… များသူလိုက်၊ အစားဝင်သူထွက်.. ”

… ဆိုပြီိး စာသားလေး ဖြည့်အော်ကြပါတယ်။ သူတို့ ၃ယောက်ရဲ့ လက်ဖ၀ါးလေးတွေကိုလဲ မုန့်လေပွေ မီးကင်ကြပြန်တယ်။ အဲ့ဒီအချိန်ကတော့ ကစားမယ့် အဖွဲ့ဝင်အားလုံး စိတ်အလှုပ်ရှား ရဆုံး အချိန်ပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့ ကစားမယ့်ပွဲမှာ လိုက်ရမယ့်သူ တစ်ယောက်ကို ရွေးထုတ်ယူရမယ့် နောက်ဆုံးအကြိမ်လည်း ဖြစ်နေတာကိုး။ အဖြေ ပေါ်လာကာ နီးပြီမို့ ဘေးက ပြေးရမယ့် အဖွဲ့ဝင်တွေကလည်း လိုက်မယ့်သူ ပေါ်တာနဲ့ ချက်ချင်း ပြေးနိုင်အောင် ဖိနပ်ကို လက်ထဲ ဂွင်းထိုးတားသူထိုး၊ ပြေးဖို့ ခြေလှမ်းထားသူ လှမ်းနဲ့ အဆင်သင့်ပြင် ထားကြပါတယ်။ အဲ့ဒီအချိန်မှာ ခဏအစားဝင်ပေးတဲ့ ကလေးကလွဲလို့ ကျန်တဲ့ ကာယကံရှင် နှစ်ယောက်က အသည်းအသန် စိတ်လှုပ်ရှားနေကြပါပြီ။ အားလုံးရဲ့ ပိုမြန်၊ ပိုပြီး ကျယ်လောင်လာအောင် သံပြိုင် ရွတ်ဆိုနေတဲ့ အသံတွေက ကာယကံရှင် နှစ်ယောက်ရဲ့ ရင်ကို တဒိန်းဒိန်း ခုန်နေအောင် ပံ့ပိုးပေးနေပါပြီ။

အဲ့ဒီအချိန်မှာ အဓိကကျတဲ့ လိုက်ရမယ့်သူကို ရွေးထုတ်ပေးမယ့်သူကတော့ ခုနက ပြေးဖို့ထဲက ခဏအစားဝင်ပေးရတဲ့ ကလေးရဲ့ လက်ဖ၀ါးလေးပဲဖြစ်ပါတယ်။ သူ့ရဲ့လက်ဖ၀ါးလေးက မှောက်ချင် မှောက်မယ်၊ လှန်ချင်လှန်ပါလိမ့်မယ်။ ကျန်သူနှစ်ယောက်ကလည်း သူတို့ အဆင်ပြေသလို၊ သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ဖ၀ါးလေးတွေကို မှောက်ကြ၊ လှန်ကြပါလိမ့်မယ်။ အဓိက အဖြေပေါ်မှာက “နည်းသူထွက်၊ များသူလိုက်” လို့ ဆိုထားကြလေတော့ အစားဝင်တဲ့ ကလေးရဲ့ လက်အနေအထားနဲ့ တူနေသူက “များသူ” ဖြစ်သွားလို့ ဒီကစားပွဲမှာ သေချာပေါက် လိုက်ရတော့မှာပါ။ ကျန်တစ်ယောက်ကတော့ နည်းသူမို့လို့ လွတ်လွတ်ကျွတ်ကျွတ် ပြေးခွင့်ရသွားရှာပါပြီ။

အစပိုင်းမှာ ပြောမိသလို ကျွန်မအတွေးတွေက မြင်နေ၊ ကြားနေရတာတွေကြောင့် ကဘောက်တိ၊ ကဘောက်ချာ ကဆင့်ကလျားနဲ့ပါ။ ဟိုတွေး၊ သည်တွေး တွေးနေမိတုန်း “ဗြောင်တောင်တောင် ဗေဗေ့ဂျိ” အစချီတဲ့ ကလေးတွေ ကစားချိန်မှာ လိုက်သူရွေးရတဲ့ ဒီသံပေါက်လေးကို သွားပြီးတွေးမိ သတိရလိုက်မိပါတယ်။ နည်းသူကထွက်ပြီး များသူက လိုက်ရတယ်ဆိုလို့ ထွက်ရသူတွေက ပျော်တော့ပျော်ကြပါရဲ့။ ဒါပေမယ့် လိုက်သူမမိအောင် ကိုယ်လွတ်ရုန်းပြေးကြရ၊ လုံခြုံအောင်ပုန်းရ၊ ပြေးနေစဉ်မှာ ခလုပ်ကန်သင်းနဲ့ တိုးပြီး ချော်မလဲရလေအောင် ဂရုပြုရနဲ့ မလွယ်လှပါဘူး။ လိုက်သူက တစ်ယောက်ထဲ၊ ပြေးသူက အများပါနော်။ ဒီလိုပြေးရင်း၊ လွှားရင်းနဲ့ပဲ အနားရောက်လို့ မိကာနီးရင် “လိုက်သူမသိ တို့မမိ” ဆို ညစ်ပြီး အော်ချင်လည်း မရတော့ပါဘူး။ မဟုတ်ရင်တော့ မိရဲ့သားနဲ့ မမိဘူးညစ်တယ်ဆိုပြီး အငြင်းအခုံ ဖြစ်ရတော့တာပါဘဲ။ နောက်တော့ ညစ်သူတစ်ယောက်က အများရဲ့ အဆုံးအဖြတ်အတိုင်း နာခံရတော့ပါတယ်။

တကယ်တော့ လိုက်တဲ့သူကလိုက်၊ ပြေးတဲ့သူက ပြေးနဲ့၊ တရားမျှမျှတတ ကစားကြရင်ပျော်စရာကြီးပါနော်။ ကစားသူအချင်းချင်းလည်း ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်၊ ဘယ်သူက ညစ်တယ်ဆိုတာ ကစားရင်း မြင်နေ၊ တွေ့နေ၊ သိနေကြတာပဲ မဟုတ်လား။

ပြေးသူနဲ့ လိုက်သူတွေဆီ အတွေးတွေ ရောက်ပြန်လေတော့ “ဗြောင်တောင်တောင် ဗေဗေ့ဂျိ” ဆိုတာ ကလေးတွေသာမက တစ်ခါတစ်ခါမှာ ကျွန်မတို့ လူကြီးတွေလည်း ကစားဖြစ်နေကြပါလားလို့ စဉ်းစားမိပြီး ပြုံးမိပြန်လေရော။

ကဘောက်တိ၊ ကဘောက်ချာတွေးနေမိတာပါလို့ စစချင်းကထဲက ကြိုပြောထားပြီးသားနော်။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Posted by မြသွေးနီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)