**ကော့စမွေကျွန်းမှ အပြန်၊ ထိုမှ ဘန်ကောက်မှ အပြန်ခရီး**
(၁-၂-၂၀၁၂)နေ့တွင် မိမိတို့ မဲဆောက်ခရီိးသည်များသည် စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် ညအိပ်ခဲ့ရပါသည်။ ညစာကိုလည်း ဈေးကြီးကြီးဝယ်စားရသော ပင်လယ်ညစာနှင့် စားခဲ့ရသလို ညပိုင်းတွင် ပြုလုပ်နေကြဖြစ်ဟန်တူသော မီးအက၊ မျက်လှည့် စသည်တို့ကိုလည်း ညစာစားနေကြရာ ပင်လယ်ကမ်းခြေ၊ သဲသောင်ပြင်၌ ကြည့်ရှုကြရပါသည်။ နောက်တစ်နေ့ (၂-၂-၂၀၁၂) နေ့တွင် နံနက်ပိုင်းတစ်ကျော့ ပင်လယ်လှိုင်းစီးခြင်းကို သောင်ရင်းနဂါး၊ ဗညားတဲနှင့် ကိုသန့်တို့က ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် အငှားဆိုင်ကယ်လ်ကို မနေ့ကလို ၁ နာရီ (၁၀၀) ဘတ်ဖြင့် ငှားမနေပဲ ၂ နာရီိ (၂၀၀) ဘတ် အပြတ်ငှားကာ ကျွန်းပတ်ချိန်လုံလောက်စေရန် စီစဉ်ကြပါသည်။ ဟော… ကျွန်းပတ်ကြ ပြန်လာပြီး၊ သောင်ရင်းနဂါးနှင့် ကိုဇော်က တစ်တွဲ၊ ကိုသန့်နှင့် မောင်မျိုးက တစ်တွဲပေါ့၊ ဒီတစ်ခါတော့ Ban Phe မြို့နယ်ခွဲ ရုံးစိုက်ရာ ကော့စမွေကျွန်းမြို့ထဲပိုင်းသို့ ချီတက်ကြပါသည်။ ကမ္ဘာလှည့်ခရီးသည်များကိုကား ဟိုကြား၊ ဒီကြားမှ လမ်းလျှောက်ထွက်လာတာကိုရော၊ သုံးဘီးဆိုင်ကယ်၊ လေးဘီးကားငယ်တို့ဖြင့်ပါ တွေ့မြင်ကြရပါသည်။
(ကော့စမွေကျွန်းမြို့ထဲပိုင်း)
မြို့ထဲပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် တော်တော်များများရှိနေပြီး၊ ပင်လယ်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် လေယာဉ်ပျံကွင်း လုပ်ငန်းခွင်တို့ကိုပါ လှမ်းမြင်ကြရပါသည်။ ထိုင်းအလုပ်သမားများကိုသာမက ကမ္ဘောဒီးယားနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည်လည်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် တွေ့မြင်ရပါသည်။ တစ်နေ့ လုပ်အားခမှာ ဒေသအလိုက် စံနှုန်းအရ (၂၀၆) ဘတ်ဖြစ်ပါသည်။
၂ နာရီမပြည့်မှီ အငှားဆိုင်ကယ်လ်ဖြင့် လှည့်ပတ်ခြင်းကို ရပ်တန့်ကြရပြီး ပင်လယ်လှိုင်း စီးခြင်းကို အလွမ်းပြေ နာရီဝက်စီးကာ ကော့စမွေကျွန်းမှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြရပါသည်။ ကော့စမွေကျွန်းမှ အပြန်ခရီးတွင် မဲဆောက်ရောက်လျှင် ကျောင်းသား အချို့တွင် တွေ့ရသော ယားနာတို့အား ကုသရန် `ပင်လယ်ရေ´ကို ရေသန့်ဗူးဖြင့် ခတ်ယူလာကြပါသည်။ မွန်းလွဲ (၁၂း၃၀) နာရီတွင် `နေရစ်တော့ ကော့စမွေကျွန်းရေ၊ တကယ်ဆို ADRA Thailand ကသာ လိုက်မပို့ရင် ဒို့တစ်သက် ဒီလို အပန်းဖြေနေရာမျိုးကို ရောက်ဖို့မလွယ်ဘူး။ ဟု တိုးတိုး ဖွဖွရွတ်ဆိုမိပါသည်။
အပြန်ခရီးတွင်တော့ ကော့စမွေကျွန်းဆီ လာကြတုန်းက လိုမျိုးမဟုတ်တော့ပါ။ ပင်လယ်လှိုင်း မမူးစေရန် လူအကုန်လုံးက သတိထားကာ ကြိုတင်ပြင်ဆင်ထားကြပါသည်။ ဤသို့ဖြင့် ဘန့်ဖေးမြို့နယ် ဆိပ်ကမ်းသို့ မွန်းလွဲ (၁း၃၀) ရောက်ရှိပြီး နူတ်ဆက် ပင်လယ်အစားအစာကို စားကြပါသည်။ (၂း၁၅) နာရီတွင် ဘန့်ဖေးမြို့နယ် ဈေးကြီးတွင် ပင်လယ်ထွက် အစားအစာများ၊ ပင်လယ်ထွက် လက်ဆောင်ပစ္စည်းများ ၀ယ်ကြပါသည်။ ထို့နောက် (၂း၄၅) နာရီတွင် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာကြပါသည်။ ဘန်ကောက်နှင့် ဘန့်ဖေးမြို့နယ်သည် (၇၉) ကီလိုမီတာ ကွာဝေးပါသည်။ ညနေစောင်းတွင် ဘန်ကောက်သို့ ပြန်လည်ရောက်ရှိကြရာ နွမ်းနွမ်းလျလျဖြစ်နေကြသော်လည်း ရောက်တုန်းရောက်ခိုက် ကိုယ့်အစီအစဉ်နှင့် ကိုယ်လည်ပတ်ကြပါသည်။ `မြ ဘုရားသွားချင်တယ်။ မြဘုရားသွားချင်တယ်။´ ဟူ၍ လမ်းခရီးတလျှောက် အဆိုပြုခဲ့သော မစ္စလှကတော့ မည်သူကမှ တုပ်တုပ်မလှုပ်ကြသဖြင့် သူမ စိတ်မှန်းကသာ မြဘုရားရောက်ရပါတော့သည်။
(၃-၂-၂၀၁၂) နေ့တွင် ဘန်ကောက်မြို့တနေရာတွင် ကျင်းပသော MRPWG (Migrant Rights Promotion Working Group) အစည်းအဝေးသို့ တက်ရောက်ကြပါသည်။ ရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းများဆိုင်ရာ ထိုင်းပညာရေး ၀န်ကြီးဌာန၏ မူဝါဒသစ် အကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်မှုဆိုင်ရာ သတင်းများနှင့် အခြားသတင်းအချက်အလက်များကို ဖလှယ်ကြသော ပွဲဖြစ်ပါသည်။ ဤအစည်းအဝေးကို နေ့တစ်ဝက်သာ တက်ရောက်ကြပြီး မွန်းလွဲ (၁၂း၃၀) နာရီ နေ့လယ်စာစားပြီးကြသောအခါ ဘန်ကောက် မှသည် မဲဆောက်ပြန်ကြရေး စီစဉ်ကြရပါသည်။ မဲဆောက်မှ လေ့လာရေး ခရီးသည်များသည် မိမိတို့ အိမ်ကို မည်မျှအထိ ပြန်ချင်နေကြသည်ကို အပြန်ခရီးက သိသာလွန်းပါသည်။ မြန်မြန်ပြန်ရောက်လေ ကောင်းလေဟု အများစုက ယူဆကြပါသည်။ ဟုတ်တာပေါ့…. ပဲဆောက်က ထွက်လာကြတာ (၈) ရက်တောင် ရှိပြီပဲကိုး။
(တလာမူဆေး ရွာကြီးကတောဝက်သား)
ဤသို့ဖြင့် ည (၇း၃၀) နာရီတွင် တာ့(ခ်)မြို့နယ်၊ တလာမူဆေး ရွာကြီးသို့ ရောက်ရှိကြရာ ဤနေရာမှ ရနိုင်သော တောဝက်သားကို ကားပေါ်မှ ဆင်းကာ ၀ယ်ယူကြပါသည်။ ထို့နောက် မဲဆောက်မြို့သို့ ည(၀၉း၀၀) နာရီတွင် လုံးဝ ရောက်ရှိလာကြပါသည်။
မိမိတို့ မဲဆောက်မှ လေ့လာရေးခရီးသည်များသည် (၂၇-၁-၂၀၁၂) နေ့မှ (၃-၂-၂၀၁၂) နေ့အထိ ၈ ရက်ကြာ ခရီးထွက်ခဲ့ကြရပါသည်။ လုပ်အားခ အလွန်နည်းပါးပြီး ဆင်းရဲနွမ်းပါးသော အလုပ်သမားများရှိနေကြရာ မဲဆောက်ကဲ့သို့သော မြို့သေးသေးလေးမှ မြို့တော်ကြီးများ၊ မြို့ကြီးများသို့ ဖြတ်သန်းလေ့လာခဲ့ရပါသည်။ မိမိတို့ လေ့လာရေး ခရီးသည်များသည် သဘာဝမတူသော လူမျိုးများ (၀ါ) နေထိုင်ကျင့်ကြံပုံကွဲပြားသော ရွှေ့ပြောင်းအလုပ်သမားများအား လေ့လာခွင့် ရခဲ့ပါသည်။
ဤသို့ လေ့လာရသည့်အတွက် ADRA Thailand အား ကျေးဇူး တင်ပါသည်။ အပျော်ခရီးဆိုတာထက် တွေ့မြင်ရမှုအစုစုကို ရွှေ့ပြောင်းအလုပ်သမားတို့ အကျိုးငှာ `ငါတို့ ဘာလုပ်ပေးကြရမလဲ။ ငါတို့ ဘာလုပ်ပေးနိုင်ကြမလဲ။ ငါတို့ ဘယ်လို ပါဝင်နိုင်ကြမလဲ´ ဆိုသည့်မေးခွန်းများကို မဲဆောက်ခရီးသည်အားလုံး မိမိကိုယ်ကို မေးစေချင်ပါသည်။ တဆက်တည်းမှာပင် မြန်မာ၊ ကမ္ဘောဒီယား၊ လာအို စသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းအလုပ်သမား သမဂ္ဂများ ညီနောင်အချင်းချင်း သွေးစည်းညီညွတ်ကြစေရန်၊ နက်ရှိုင်းသော နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်သွားကြစေရန် အထူးတလည် အာသီသ ဖြစ်မိပါသတည်း…..။
** Labor Rights is Human Rights.
** No human being is illegal.
**သောင်ရင်းနဂါး**
**The way From Mae sot to Bangkok, Rayong and Koh smet island(Conclusion)**
**Drive back home from Bangkok**
We have slept at that koh smet island.At there we have our dinner with expensive
Sea food and we can see their traditional dance, fire dance and magic show on the
Sandy beach.
Next day on 2nd Feb,2012,Thaung yin nagar, Banyar hut and Ko Thant riding
Sea wave repeat in the morning.Then we have planded to round the island
With taxi motor bike 200 bahts/ two hours. We drove round the island with
Thaung yin nagar and Ko Zaw one pair ,another pair is Ko Thant and Maung
Myo.
This way we intered in the Koh Smet island. We saw tourists whish they came
Out here and there. Some were many construction work sites new jetty construction
Sites and air port sites. We have seen even Thai labours, Cambodian and Burmese
Migrant workers there. Their daily wages norm is 206 bahts/ day.At the 12:30 PM we
have by to Koh Smet island with great sorry.This journey which we have difficult to
reach if without help by ADRA-Thailand.
Then we arrived the shore of Ban Phe at 1:30 PM and have a lunch with farewell sea food . We bought sea foods and presents at the market of Ban Phe . Then we return to Bangkok at 2:45 PM. The way between Bangkok and Ban Phe is
About 79 kilo meters. At that day in the evening we have arrived back Bangkok .
We visited by own plan in Bangkok. Mrs Hla whispered often.” Want to pray royal
Jade pagoda, royal Jade pagoda.”
We have attend the meeting of MRPWG (Migrant rights promoting working group) at thev one place of Bangkok. On that meeting there were useful agendas.
The new plan for migrant schools by ministry of education , new informations for
Passport and other informations. We have participated there about half day and
Planed to return Maesot. We all would like to return home urgently. Because of
the journey duration only eight days.
Thus we have been arrived Talar Musay village market, Tak area at 7:30 PM,which there we can get to buy the meat of wild creatures. Then we have
arrived back our Maesot 9:30 PM at night. Thus our excursion trip duration was
only eight days. The journey days were 27th Jan , 2012 to 3rd Feb ,2012.
We have chance to observation poor workers in small Maesot. Then we through the
big cities . We have seen majority of different nature peoples(or) different character of peoples.So, we have very thanks to ADRA-Thailand, and never forget their kindness.
We would like to accept the many questions from our migrants.
--Conclusion-----our great desire is to stay with solidarity between Burmese, Cambodian and Laos migrant workers each others.To contact with Thai labour
Union, with collaboration, solidarity and very….very delighted understanding………
**Labour Rights is Human Rights***
**No Human being is illegal**
**Dragon of Moei River(Thaung Yin Nagar)**

No comments:
Post a Comment