ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 6, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၇)--- တော်လှန်ရေးမှ မြုပ်ကွက်တစ်ကွက်

>
**တော်လှန်ရေးမှ မြုပ်ကွက်တစ်ကွက်**

(ဗိုလ်ဥတ္တမကျော်)

၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်များ မြန်မာပြည်ထဲသို့ရောက်ရှိလာ၏။ ဂျပန်တပ်သားတို့သည် ၄င်းတို့၏ စိတ်အလိုဆန္ဒနှင့် မတွေ့သူမှန်သမျှကို ယောကျာင်္း မိန်းမ ဘုန်းကြီး မယ်သီလရှင် မရွေး ပါးနားရိုက်လေ့ ရှိသည်။ ဖွဲ့စည်းထားသော အစိုးရမှာလည်း ပြည်သူတို့၏ အလိုဆန္ဒ လုံးဝမပါရှိသော ဂျပန့်အလိုတော်ရိ ရုပ်သေး အစိုးရကို ဖွဲ့စည်းပေးထားသည်။ မြန်မာပြည်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ဆန် စပါး ဆီ ဝါဂွမ်း ရေနံ ကျွန်းသစ်စသည်တို့ကိုလည်း ဂျပန်အရင်းရှင် ကုမ္ပဏီကြီးများဖြစ်ကြသော ကာနီဗို ဂိုရှို မစ်ဆူဗီရှီ --စသော ကုမ္ပဏီများက လက်ဝါးကြီးအုပ် ချယ်လှယ်ထား၏။ မြန်မာ့မြေတွင် မြန်မာများ ကျွဲနွားဖြင့် ကုန်းကြုံး လုပ်ရသော်လည်း မြန်မာတို့ခံစားခွင့်မရှိ။ ဂျပန်တို့သည် ဗုဒ္ဓဘာသာ ဘုရား ကျောင်းကန်များတွင် စခန်းချခြင်း ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးထင်းဆိုက်ရန်ကိုလည်း ဝန်မလေးခြင်း။ မြန်မာ အမျိုးသမီး ကြီးကြီးငယ်ငယ် မရွေး ကိုလည်း မုဒိမ်းကျင့် ဖျက်ဆီးလေ့ရှိကြသည်။ မြန်မာတမျိုးသားလုံးမှာ ဂျပန်ဖက်ဆစ် စနစ်ဆိုးအောက်သို့ ပြားပြားမှောက် ဆိုက်ရောက်နေကြရသည်။ မြန်မာတို့ လွတ်လပ်စွာရေးသား ပြောဆိုစည်းရုံးခွင့် များလည်းဆိတ်သုန်းလေသည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ -ရက်နေ့တွင် ဂျပန်တို့က မြန်မာတို့ကို လွတ်လပ်ရေးပေးကြောင်းကြေငြာခဲ့သည်။

ဂျပန်တို့ပေးသော လွတ်လပ်ရေးဆိုသည်ကား အဘယ်နည်း။ ခေါ်လျှင်သွား။ ခိုင်းလျှင်လုပ်။ ဘာမှပြန် လည်ပြောဆိုတင်ပြခွင့် မရသော လွတ်လပ်ရေးတည်း။ ခဲဒင်္ဂါး အ-အကြီးကို ရထားသကဲ့သို့ အသုံးပြုရု်မရသော လွတ်လပ်ရေးတည်း။ ယင်းဂျပန်ပေးသော လွတ်လပ်ရေးကို ကျွန်ုပ်တို့က ဝေဖန်နေသည် ထက် ထိုစဉ်က စစ်ဝန်ကြီး ``ဗိုလ်ချုပ်အောင်ဆန်း``၏ ဝေဖန်ချက်ကို ဖော်ပြရခြင်းသည် လျော်ကန် လိမ့်မည် ထင်သည်။ ဂျပန်ပေးသော လွတ်လပ်ရေးတစ်နှစ် စေ့မြောက်သော လွတ်လပ်ရေးနှစ်လည် အခမ်းမနား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားဋ္ဌ် မြန်မာပြည် ဂျပန်စစ်သေနာပတိဖြစ်သူ ``ဗိုလ်ချုပ်ကြီးကဝါဘီ``၏ ရှေ့မှောက်မှာပင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း ပြောခဲ့သည်။

``ယခု ဗမာ လွတ်လပ်ရေးရတာ တစ်နှစ်စေ့လာပြီ။ ဒီအတောအတွင်း ကျုပ်တို့ ဘာတွေရသလဲ။ အမှန်ပြောရရင် ကျုပ်တို့ တိုင်းသူ ပြည်သားတွေဟာ လွတ်လပ်ရေးအရသာ ကိုမခံစားရသေးဘူး။ ခံစားရပါတယ်ဆိုတဲ့ လူတွေဟာလည်း လူနည်းစုသာ ဖြစ်တယ်။ အဲဒီလူနည်းစုတွေဟာ ဘယ်သူတွေလဲဆိုရင် ကျွန်တော်အပါအဝင် ကျွန်တော်တို့ အထက်ပိုင်း အစိုးရအရာရှိကြီးတွေ ---နောက်ပြီး ဒီလူတွေကို ကပ်မြှောင်ပြီး စားသောက်နေတဲ့လူတွေ--။ အမြန်အစွန်းကြီးကြီးယူပြီး လူတွေရဲ့ဒုက္ခ ကိုရင်းနှီးပြီး စီးပွားရှာနေတဲ့ ခေတ်ပျက် သူဋ္ဌေးတွေ--။အဲဒီလူတွေလောက်ပဲ လွတ်လပ်ရေးအရသာကို ခံစားရတယ်။ အဲဒီတော့ တိုင်းသူပြည်သားတွေ အဖို့မှာ လွတ်လပ်ရေးရတယ် ဆိုပေမယ့် ဟာတာတာကြီးဖြစ်နေမှာပဲ။ အမှန် ကတော့ အခုလွတ်လပ်ရေးဟာ အများသိကြတဲ့အတိုင်း စာပေါ်မှာရေးထားတဲ့ လွတ်လပ်ရေးဘဲရှိသေးတယ်။ ကျုပ်တို့ ရှေ့ဆက်ပြီး ခရီးသွားနိုင် စွန့်စားနိုင်မှ လွတ်လပ်ရေးအကောင်အထည်ကို မြင်ရလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်ပြီးစိတ်ပျက်စရာ မလိုပါဘူး။ နောက်ထပ်စိတ်ပျက်စရာတွေ အများကြီးရှိပါသေးတယ် ---``

အထက်ပါအတိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ ``ကျုပ်တို့ ရှေ့ဆက်ပြီး စွန့်စားနိုင်ပါမှ လွတ်လပ်ရေး အကောင်အထည်ကို မြင်ရလိမ့်မယ်`` ဟူသောစကားကို ဗမာတို့သည် ကောင်းစွာ သဘောပေါက်သွားကြသည်။ မျိုးချစ်အင်အားစု မှန်သမျှ စည်းစည်းလုံးလုံးနှင့် ဖက်ဆစ်ဂျပန်ကို ခံချရန် အရေး တကြီး လိုအပ်လာချေပြီ။

--------------------------------

ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လတွင် ``ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး`` ကို ဗိုလ်ချုပ်အောင်ဆန်း ဦးစည်းရု် စတင်ဖွဲ့စီးခဲ့ကြောင်း ----နေသူရိန်မိန့်ခွန်းဋ္ဌ် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုစဉ်က ဗမာ့တပ်မတော်သည် ယင်းအဖွဲ့ချုပ်ကြီးအတွင်းဋ္ဌ် တော်လှန်ရေး၏ ကျောရိုးမဏ္ဍိုင်သဖွယ် အခိုင်မာအတောင့်တင်းဆုံး အင်အားတစ် ရပ်ဖြစ်ခဲ့သည်။ ပြန်လည်မှတ်မိသမျှ ဗမာ့တပ်မတော်၏ ယင်းအချိန်အခါက အင်အားမှာ ခြေလျှင်တပ်ရင်း ၇ -တပ်။ စက်မှုလက်မှု တပ်ရင်း ၂ -တပ်။ လေ့ကျင့်ရေးတပ် ။ စစ်အမြောက်တပ်ရင်း ။လေယဉ် ပစ်အမြောက်ကြီးတပ်ရင်း။သယ်ပို့ မော်တော်ယဉ်တပ်ရင်း။ ရိက္ခာထောက်ပံ့ရေးတပ်။ စစ်ဝန်ကြီးရုံး အဖွဲ့။ ၄င်းစစ်ဝန်ကြီးရုံး ကင်းတပ်။ ကရင်အမျိုးသားတပ်ရင်း။ စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ကိုယ်ရံတော်တပ်။ လူသစ်စခန်း။ စစ်အချက်ပြ ဆက်သွယ်ရေးတပ်။ စစ်မြင်းတပ်ဖွဲ့။ မင်္ဂလာဒုံစစ်ကြေင်း--- စသည့် တပ်အဖွဲ့ ရုံးအဖွဲ့များရှိ၏။ ကျွမ်းကျင်လေ့လာထားသူများ၏ ခန့်မှန်းချေအရ အင်အား တစ်သောင်းငါးထောင်ခန့် ရှိမည် ဟုဆိုကြလေသည်။

တပ်မတော်၏ ယင်းသို့သော ပင်မအင်အားစုအပြင် တပ်မတော်၏ လက်အောက်ခံဒေသ ဆိုင်ရာ ဋ္ဌာနေ ပျောက်ကျား တပ်ဖွဲ့များလည်း ရှိသေးသည်။ ယင်းဒေသဆိုင်ရာဋ္ဌာနေ ပျောက်ကျားတပ်ဖွဲ့များကို ``လက်ရွေးစဉ်တပ်ဖွဲ့များ``အပြင် သရက်ခရိုင် မကွေးခရိုင် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်တိုင်းတို့တွင် ဖွဲ့စည်းပေးထားသည်ဆို၏။ ဋ္ဌာနေပျောက်ကျား တပ်ဖွဲ့များမှာ ကျေးရွာတိုင်းလိုလိုပင် ဖွဲ့စည်းထား၏။ ၄င်းပျောက်ကျား တပ်ဖွဲ့များ၏ အင်အားမှာ ရှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ လက်နက်အင်အား အသင့်အတင့် တပ်ဆင်ပြီးဖြစ်သည်။ ကှုမျှ အင်အားစုစည်းပြီး ရှိနေသော တပ်မတော်သည် ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ရန် အတွင်းကြိတ်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

ဖက်ဆစ်တိုက်ဖျက်ေ၇း ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးတွင် ပါဝင်သည့် အခြားသော အဖွဲ့အစည်းများ ဖြစ်ကြသည့် ကွန်မြူနစ်ပါတီ ပြည်သူ့အရေးတော်ပုံပါတီ အာရှလူငယ်များအစည်းအရုံး စသည်တို့သည်လည်း မိမိတို့ အဖွဲ့အစည်းအလိုက် လူထုကို သိမ်းသွင်းစည်းရုံးလျှက် ရှိနေကြသည်။

အဖွဲ့ချုပ်ကြီး၏ ဖက်ဆစ်တော်လှန်ရေးအတွက် ``တော်လှန်ရေး တပ်ဦး``နှင့် `` ဖက်ဆစ်ဂျပန် လူရိုင်းများကို မောင်းထုတ်ကြလော့``ဟူသော ကြေငြာစာတမ်းများကို ရိုက်နှိပ်ပြီးလျှင် လူထုအတွင်းသို့ လျှို့ဝှက်စွာ ထုတ်ပြန်လိုက်၏။ ယင်းသို့ဖြင့် လူထုစည်းရုံးရေးသာမက စစ်အခြေအနေနှင့် မိမိတပ်အင်အား လူထု တတ်ကြွမှု အင်အားတို့ကိုပါ ထည့်သွင်းတွက်ချက်ပြီးလျှင် ဂျပန်တို့အား စတင်တော်လှန်ရန် အချိန်ကို ပြောင်းလဲ သတ်မှတ်လိုက်ရသည်။ တော်လှန်ရန် မူလ သတ်မှတ်ထားသော ရက်မှာ ၁၉၄၄ ခု သြဂုတ်လ ၂၅ ရက်ဖြစ်သည်ဟု ဆိုကြ၏။ နောက်ဆုံးပြင်ဆင် သတ်မှတ်လိုက်သော နေ့ရက်မှာ ၁၉၄၅ မတ်လ ၂၇ ရက်နေ့ဖြစ်လေသည်။

ရခိုင်တိုင်းတွင် အခြေအနေအရ ဦးပညာသီဟနှင့် ကိုညိုထွန်းတို့ ကြီးမှုးသော ရခိုင်အမျိုးသား ပျောက်ကျားများသည် သတ်မှတ်ထားသော နေ့ရက်မတိုင်မီ အချိန်ကပင် ဂျပန်တို့ကို စတင်တိုက်ခိုက်ခဲ့ သည်။ ဗိုလ်မှုးသောင်းကြည် ဦးစီးသော မိတ္ထီလာနယ်တွင် စခန်းချနေသည့် တပ်ရင်းအမှတ် ၅ သည်လည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အခြေအနေများအရ ကြိုတင် တပ်ဖျောက်ခဲ့ကြသည်။ အထက်မြန်မာပြည် စစ်နယ်မြေဋ္ဌ် မဟာမိတ်တို့နှင့် ဂျပန်တပ်များ အနီးကပ် တိုက်ပွဲဖြစ်ပွားနေစဉ် အခြေအနေများ ရှုတ်ထွေးလာ၏ ဗိုလ်မှုးဗထူး ကြီးမှုးသော အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ရှိတပ်များသည် အခြေအနေအရ သတ်မှတ်ထားသော မတ်လ ၂၇ ရက်အထိ မစောင့်နိုင်တော့ချေ။ ဗိုလ်ချုပ်အောင်ဆန်းထံ အခြေအနေအရပ်ရပ် ကို ကြိုးမဲ့ကြေးနန်းဖြင့် အစီရင်ခံပြီး မတ်လ ၈ ရက်မှ စတင်ရု် ဂျပန်တို့ကို တော်လှန်ခဲ့လေသည်။

ဗိုလ်မှုးဗထူး၏ အနောက်မြောက်တိုင်းဋ္ဌ် ဆေးမှုး ဗိုလ်မှုးလှသမိန် ၊(ဗိုလ်မှုးကြီးလှဟန်) ၊ ဗိုလ်မှုးစောနောင်ခမ်း၊ ဗိုလ်အာဠာဝက ၊ ဗိုလ်ရဲဒင်၊ ဗိုလ်စောမောင်၊ ဗိုလ်သိန်းဦး၊ ဗိုလ်ကျော်ဦး ၊ ဗိုလ်ဖေတင်၊ ဗိုလ်သန်းကြည် စသည့်--- သူများ ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုကြလေသည်။

မတ်လ ၉ ရက်နေ့တွင် မဟာမိတ်တပ်များ မန္တလေးမြို့တွင်းသို့ ဝင်မိကြ၏။ မန္တလေးမြို့တွင်းဋ္ဌ် မဟာမိတ် တပ်များနှင့် ဂျပန်တပ်များ ၃ ရက်တိုင်တိုင် တိုက်ပွဲဖြစ်၏။ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် မှတ်တမ်းအရ မတ်လ ၁၃ ရက်နေ့တွင် ဗိုလ်မှုးဗထူး၏ တပ်များနှင့် ကျောက်မီးရွာတွင် တပ်စွဲနေသော မဟာမိတ်တပ်များ အဆက်အသွယ်ရရှိသွား၏။

ကှုရက်များ မတိုင်မီကပင် ဗမာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်သည့်အတွက် စစ်နယ်မြေ တိုင်းနယ်မြေများကို ကြိုတင်ခွဲဝေ နေရာချထားခဲ့ပြီး ဖြစ်သည်။ စစ်နယ်မြေတိုင်းကြီး ၇ တိုင်းခွဲဝေရု် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ စစ်ဋ္ဌာနချုပ်သည် သရက်ခရိုင်ထဲမှ နေပြီး ကွတ်ကဲစီစဉ်ပေးခဲ့လေသည်။ (စစ်နယ်မြေ တိုင်းများခွဲဝေခြင်း နှင့်ပတ်သတ်ရု် အများသိကြပြီးဖြစ်သောကြောင့် ထပ်မံမဖေါ်ပြလိုတော့ပါ)။

စစ်နယ်မြေ တိုင်းများအလိုက် တာဝန်ကျရောက်သော တပ်များသည် မတ်လ ၂၇ ရက်မတိုင်မီ မိမိတို့ တာဝန်ယူထားသော နယ်မြေများသို့ရောက်ရှိနေကြရန်လိုအပ်၏။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့ကို အယုံသွင်းပြီးလျှင် အင်္ဂလိပ် အမေရိကန်တို့ကို တိုက်ရန် စစ်မျက်နှာသတ်မှတ် တောင်းဆိုလိုက်၏။ အရူးမီးဝိုင်းဖြစ်နေသော ဂျပန်တို့ကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို ဝမ်းမြောက် ဝမ်းသာ လက်ခံခဲ့သည်။ ဗမာ့တပ်မတော် စစ်မြေပြင်သို့ ချီတတ်ရန် တပ်ထွက်မည့် နေ့ကိုလည်း ဂျပန်တို့ထံ အကြောင်းကြားလိုက်၏။

၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက်ခင်း။

ဗမာ့တပ်မတော်မှ တပ်ဖွဲ့များသည် ဦးဝိစာရလမ်းရှိ ယခုတော်လှန်ရေးပန်းခြံဋ္ဌ် စုရုံးကြပြီးသော် တပ်ထွက်အခမ်းအနား ကို ကျင်းပခဲ့ကြးသည်။ စစ်မြေပြင်သို့ ချီတတ်မည့် ဗမာ့တပ်မတော် တပ်များ၏ တပ်ထွက် အခမ်းအနားတွင် ``ဗိုလ်ချုပ်အောင်ဆန်း``သည် အထိရောက်ဆုံး အတိုဆုံး မိန့်ခွန်းကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။

``ရဲဘော်တို့---------- အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်--ဆင်းရဲမယ် -- ငတ်မယ်-- အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာ့သွေးကို ပြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေကလည်း သာတူညီမျှ ရဲဘော်စိတ်ထားပါ--ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတတ်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံးရန်သူကို ရှာပြီး တိုက်ကြ---- ဒါပဲ--``

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေးပြီးသည်နှင့် တပြိုင်နက် လမ်းဘေးမှ ကြိတ်ကြိတ်ခဲမျှရပ်ပြီး နားထောင်နေသော လူထုပရိသတ်ကြီးသည် အားရဝမ်းသာ လက်ခုပ်များတီးလိုက်ကြသည်။ ``အရေးတော်ပုံ အောင်ပါစေ``ဟူသော ကြွေးကြော်သံကို တစ်ပြိုင်တည်း ကြွေးကြော်ကြ၏။ လက်ခုပ်သံ ကြွေးကြော်သံများမှာ ဆူညံမည်ဟီး ပဲ့တင် ထက်နေလေသည်။ မိန့်ခွန်းပေးပြီး စစ်ထွက်မည့်တပ်များသည် ရွှေတိဂုံစေတီတော်မြတ်ကို တစ်ပတ်ပတ်ရု် ချီတတ်အလေးပြုရန် တပ်အင်္ဂါအတိုင်း တစ်တပ်ပြီးတစ်တပ် ချီတတ်သွား ကြလေသည်။ ဘေးမှ ရပ်ကြည့်နေသော လူထုပရိသတ်ကြီးမှာ အံ့အားသင့်နေမိခြင်း ဝမ်းသာအားရ တတ်ကြွခြင်းတို့ဖြင့် ရင်တွင်းဝယ်ပြည့်ကျပ် နေဟန်ရှိပြီး ငေးရု် ငိုင်ရှု နေ၏။ ထို့နောက်မှ ရုတ်ခြည်း အသက်ဝင်လာသကဲ့သို့ ``ဒို့ဗမာ ဟေ့ --- ဒို့ဗမာ`` ဟူရု်၎င်း။ ``အရေးတော်ပုံ အောင်ပါစေ`` ဟူရု်၎င်း။ လက်သီးလက်မောင်းတန်းကာ ဆူညံစွာကြွေးကြော်နေကြလေသည်။

တပ်များ ချီတတ်နေသော လမ်းတလျှောက်ဋ္ဌ် အမျိုးသမီးလေးများသည် အောင်သပြေ ပန်းခက်ကလေး များကို ရဲဘော်များ၏ အင်္ကျီအိပ်ကပ်များတွင်၎င်း။ ဦးထုပ် များတွင်၎င်း။ ထိုးစိုက်ပေးနေကြ လေသည်။ ပြုံးချိုသော မျက်နှာကလေးများဖြင့် စစ်ပွဲကို နိုင်အောင်တိုက်ခဲ့ပါရန် မှာကြားနေကြလေသည်။ အချို့လူထု ပရိသတ်များကလည်း ချီတတ်နေသော ရဲဘော်များထံသို့ ပန်းပွင့် ပန်းကုန်းများကြဲချကာ ဝမ်းသာ အားရကြွေးကြော် ချီးကျူးနေကြသည်။ အချို့ကလည်း မျက်နှာသုတ်ပုဝါများ ဦးထုပ်များကို မျှောက်လိုက်ပြီး ``ဒို့ဗမာ ဟေ့ --- ဒို့ဗမာ --``ဟု မထိမ်းချုပ်နိုင်အောင် ဝမ်းသာအားရ ဖြစ်နေကြသည်။

ဖက်ဆစ်ဂျပန်တို့၏ ဘေးရန်ကို ကာကွယ်ပေးနိုင်သည်မှာ ကှုရဲဘော်များ ပါဝင်သည့် ဗမာ့တပ်မတော် ကြီးပင်ဖြစ်ကြောင်း ဗမာ့တပ်မတော်သာလျှင် လူထုတွေ့ကြုံနေရသော ဘေးဆိုးဒုက္ခများကို ကယ်တင်နိုင် သည်ဟူသော အသိတရားမှာ လူထု၏ အသဲနှလုံးတွင် စွဲမြဲနေဟန် ရှိ၏။ ထို့ကြောင့် လူထုပရိသတ်ကြီး သည် မကြုံစဖူး ဝမ်းသာအားရဖြစ်နေလေသည်။ တပ်ထိပ်တွင် လေအဟုန်ကြောင့် တဖြတ်ဖြတ် လွင့်ရု် လွင့်ရု် နေသော ဝါ စိမ်း နီ ကဒေါင်း အောင်လံတော်ကြီး နောက်မှ တစ်တပ်ပြီး တစ်တပ် ချီတတ်သွားသော ရဲဘော် များ၏ ကိုယ်ဟန်များမှာ တောင့်တင်းကျော့မော့ ရု်နေ၏။ တမျိုးသားလုံး၏ ရန်သူမှန်သမျှကို ရင်မြေကတုတ် လုပ်ရု် သေသေ ကြေကြေ ချေမှုန်း တိုက်ခိုက်ပစ်မည့်ဟန်ရှိသော ထိုရဲဘော်တို့၏ မျက်နှာထား ကိုယနေ့ ထက်တိုင် မြင်ယောက်မိပါသေး၏။ ယင်းအဆိုပါ တပ်များသည် ထိုနေ့မှာပင် မိမိတို့တာဝန်ကျရောက်ရာ နယ်မြေများဆီသို့ အသီးသီးချီတတ် သွားကြလေတော့၏။

စစ်နယ်မြေများ တိုင်းစစ်ဋ္ဌာနချုပ်များရှိ ဗမာ့တပ်မတော်မှ တပ်အသီးသီးတို့သည် အချို့က ၂၇ ရက် နေ့ ညမှ စတင်ရု် ၄င်း။အချို့ မတ်လ ၂၈ ရက်နေ့ နံနက်မှ စတင်ရု်၎င်း ဂျပန်တပ်များကို တော်လှန်တိုက်ခိုက် ခဲ့ကြသည်။ တပြည်လုံးရှိ တော်လှန်ရေး လှုပ်ရှားမှုကိုကား ဗိုလ်ချုပ်အောင်ဆန်းနှင့်၎င်း၏ စစ်ဦးစီးဋ္ဌာနချုပ်က ကြိုးကိုင် ကွတ်ကဲထား၏။ ဗမာ့တပ်မတော်၏ တော်လှန်ရေး တိုက်ပွဲများနှင့်ပတ်သတ်ရု် ``ဗိုလ်ချုပ်အောင်ဆန်း`` သည် အောက်ပါအတိုင်းပြောပြ ခဲ့သည်။

``---------- ကျွန်တော်တို့ တပ်မတော်ထဲမှာ ရှိတဲ့ ကရင်အမျိုးသား တပ်ရင်းကလည်း မြစ်ဝကျွန်းပေါ် အနောက်ပိုင်းကို တာဝန်ယူပြီး တိုက်ခိုက်ခဲ့တယ်။ အထက်မြန်မာပြည် မန္တလေးတစ်ဝိုက်မှာ ကွယ်လွန်သွားတဲ့ ဗိုလ်မှုးကြီးဗထူး ကြီးမှုးပြီး ကျုပ်တို့တပ်မတော်က ဂျပန်ကို တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှုးကြီးဗထူး တိုက်ပေးတဲ့ အတွက် မန္တလေးတိုက်ပွဲဟာ လျှင်မြန်စွာ အောင်မြင်ရတယ်ကို ဗြိတိသျှ အမှတ် ၁၄ တပ်မတော်ရဲ့ စစ်သေနာ ပတိ ဗိုလ်ချုပ်ကြီး ဝီလျံဆလင်း ကိုယ်တိုင်က ဝန်ခံခဲ့တယ်။ ကျုပ်တို့ တပ်မတော်က တိုက်လို့ အရပ်ရပ် တိုက်ပွဲတွေမှာ ဂျပန် နှစ်သောင်းထက်မနည်း ကျဆုံးခဲ့တယ်။``

ဗိုလ်ချုပ်အောင်ဆန်း၏ မတ်လ ၂၅ ရက်တွင် ထုတ်ပြန်သောအမိန့်အရ အနောက်တိုင်း စစ်ဋ္ဌာနချုပ် တိုင်းအမှတ် ၇ -လက်အောက်တွင်ရှိ ဗိုလ်မှုးစန်းယု ဦးစီးသော တပ်ရင်းအမှတ် ၂ ။ဗိုလ်မှုး စိန်ဝင်းဦးစီးသော တပ်ရင်းအမှတ် ၆ ၊ ဗိုလ်မှုး မိုးညိုဦးစီးသော စက်မှု လက်မှုတပ်ရင်း အမှတ် ၂ ။ ဗိုလ်မှုး မြင့်အောင် ဦးစီးသော စက်အမြောက်တပ်ရင်း ဗိုလ်မှုးစိန်မှန်နှင့် ဆေးမှုးကြီး ဗိုလ်ကြီးဒွေး (ယခု ဗိုလ်မှုးကြီးမင်းဟန်) ဗိုလ်မင်းလွင် တို့ ဦးစီးသော တိုင်းစစ်ဋ္ဌာနချုပ်ရုံးအဖွဲ့ ၊ --စသော တပ်များသည် မတ်လ ၂၇ ရက်နေ့ ညဦးပိုင်းမှ စတင်လှုပ်ရှား တိုက်ခိုက်သည်ဟု ဆိုကြ၏။ ကျန်သော တိုင်းအသီးသီး စစ်နယ်မြေများတွင်လည်း လှုပ်ရှားတိုက်ခိုက်လျှက် ရှိနေကြပေပြီ။ တော်လှန်ရေးတိုက်ပွဲကား ဆင်နွဲရု်ကောင်းတုန်း။

ရန်သူကို မျက်ခြေ မပြတ်ဦးတည်တိုက်ခိုက်နေချိန်တွင် ကိုယ့်တပ်လုံဖို့ အရေးကြီး၏။ ထိုအချိန်က မြန်မာပြည် စစ်မျက်နှာဋ္ဌ် အင်္ဂလိပ်တို့ စစ်ရေးသာနေချိန်ဖြစ်၏။ အချို့ ဘဝအခြေခံမရှိ လူတန်းစားမမှန်သော အစိတ်အပိုင်းများသည် တာဝန်ပေါ့လာသည်။ အင်္ဂလိပ်ကို မျှော်နေကြပြီ။ ထိုအရေးသည် သာမန်အားဖြင့် သေးငယ်သယောင်ရှိသော်လည်း စင်စစ်ကား ဗမာ့တပ်မတော်၏ ရှေ့လုပ်ငန်းစဉ်များကို လုံးဝပြိုကွဲစေနိုင် သည့် အယူအဆ ဖောက်ြပန်ရေးဖြစ်နေလေ၏။ ယင်းသို့သောဖောက်ပြန်ရေး အယူအဆများကို တီးတိုးဝါဒ ဖြန့်ခြင်း။ ဆွေးနွေးကြခြင်းများသည်ကား တော်လှန်ရေး လုပ်ငန်းကြီးအတွင်းဋ္ဌ် တော်လှန်ရေးလုပ်ငန်းကလေး တစ်ခုကို ဖန်တီးနေကြခြင်းဖြစ်၏။

တော်လှန်ရေးအတွင်း ယင်းသို့သော တာဝန်ပေါ့လျော့မှု၊ ခေတ်ပညာတတ်အရာရှိ တစ်ချို့၏ အချောင် သမားဝါဒ မွေးမြူမှုများကို ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ဖက်တလမ်းမှနေရု် ချေမှုန်းပေးနေရရှာ၏။ ၁၉၄၅ ခု မေလ ၁၀ ရက်နေ့တွင် သရက်ချောင်းရွာဋ္ဌ် ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှ အရေးကြီး သော ကောက်နှုတ်ချက်ကို အောက်တွင် ဖော်ပြလိုက်ရပါသည်။

``-------တစ်ချို့ကလည်း ဒီတော်လှန်ရေးပြီးရင် ``ပြီးပြီ``လို့ထင်တဲ့ လူတွေက ထင်နေသေးတယ်။ ဒါတင်မကသေးဘူး။ အင်္ဂလိပ်စစ်တပ်တို့ အင်္ဂလိပ် အုပ်ချုပ်ရေးတို့လာရင် ဗိုလ်တွေက ဗိုလ်ကြီး။ ဗိုလ်ကြီး တွေက ဗိုလ်မှုး။ ဗိုလ်မှုးတွေကလည်း ဗိုလ်မှုးကြီးတွေဖြစ်ပြီး ရာထူးတွေ အဆင့်တန်းတွေ တိုးလာတော့မယ် -- လို့ထင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ခြေရာတိုင်းနေ ကြတယ်။ ဒါတွေကို ကျုပ်သိတာ တော်တော် ကြာပြီ--ဒါပေမယ့် ကျုပ်မပြောချင်သေးလို့ မသိချင်ယောင် ဆောင်နေခဲ့တယ်။ စောင့်ကြည့်ကြသေးတာပေါ့။ ရဲဘော်တို့ ထင်သလို အင်္ဂလိပ်ပြန်လာရင် ရာထူးပဲတိုးကြမလား---သေနတ်မောင်းဘဲ ထပ်ချိုးကြရမလား။ ဆိုတာ ဟိုအခါကျတော့ သိပါလိမ့်မယ်-- အင်္ဂလိပ်အုပ်ချုပ်ရေးကို မြှော်ပြီး သိတ်အတွေးလွန်မနေကြနဲ့။ နားအလည်လွယ်ဆုံး ပြောပြလိုက်မယ်။ အခုဂျပန်က ကျုပ်တို့တစ်တွေနဲ့ တိုင်းရင်းသားအားလုံးကို ``ချ``သွားပေမယ့် ဆီဆွတ်လို့တော်သေးတယ်။ အင်္ဂလိပ်လာရင် ဆီမဆွတ်ဘဲ ``ချ``လိမ့်မယ်။ ဒါဘဲ ကျုပ်ပြောခဲ့မယ်--``

စစ်မြေပြင်ဋ္ဌ် ရန်သူနှင့် အကြိတ်အနယ် ရင်ဆိုင်နေရစဉ် မိမိတပ်ကို မိမိလုံအောင် ကွတ်ကဲရသော သေနင်္ဂ ဗျူဟာသည်လည်း မသေးငယ်လှ။ ``ဗိုလ်ချုပ်အောင်ဆန်း`` ခမျာမှာ တော်လှန်ရေးကြီး အတွင်းမှ တော်လှန်ရေးကလေး ကိုလည်း စိတ်ဓါတ်တိုက်ပွဲ ဆင်နွဲခဲ့ရရှာသေး၏။ ထိုအချက်ကို လူတိုင်းသိလိုက်ကြ မည်မဟုတ်။ ။

**ဗိုလ်ဥတ္တမကျော်**

တိုင်းပြည်တွင် ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်များ အမြောက်အများထွန်းကားပါစေ။။

။။။။။။။။။ကိုစိုးနိုင်။။။။။။။။။။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)