ရွာအစွန်ရှိ အိမ်တစ်လုံးသို. ကျနော် ည အချိန်မတော် ရောက်သွားပြီး တံခါးခေါက်သည် ။
တစ်ည အိပ်ခွင့်ပေးရန်အိမ်ထဲသို. လှမ်းအော်ပြီးအကူညီတောင်းသည် ။ အိမ်ရှင်မ က အိမ်ထဲမှနေရ်ျ ပြန်ပြောသည် ။
" မဖြစ်နိုင်ဘူး ၇ှင့် ၊ အိမ်မှာက ကျမ တစ်ယောက်တည်း "
" စိတ်ချပါ ၊ ကျနော် လူကြီးလူကောင်း ပါ "
အိမ်ရှင် အမျိုသမီး အိမ်တံခါးကို ဖွင့်ပေးလိုက်သည် ။
နောက်တစ်နေ့မနက် ...
ကျနော်လည်း အိပ်ခန်းထဲကနေပြီး အပြင်သို.ကြည့်လိုက်ရာ ခြံထဲတွင် ကြက်မ နှင့် ကြက်ဖ
တစ်အုပ်ကြီးကိုမြင်လိုက်ရသည် ။ ကျနော်က အိမ်ရှင်မိန်းမကြီးကို ပြောသည် ။
" ကြက်ဖတွေများလှချည်လား ၊ တစ်ကောင်ဆို တော်ရောပေါ့ "
" ကြက်ဖ ပီသတဲ့အကောင် ကျမ ဆီမှာ တစ်ကောင်ပဲ ရှိတာပါ ၊
ကျန်တာတွေက လူကြီးလူကောင်းတွေလေ ... "
******************************
**ရိုးရိုးလေး တွေးစမ်းပါ **
ဆရာမသည် ပီတာလေးကို ကျောင်းအုပ်ကြီး၏ အခန်းထဲသို. ခေါ်လာသည် ။
" ဆရာကြီး ... ပီတာလေးကို ပပထမတန်းမှာ မထားသင့်ပါဘူး ။ အရွယ်နဲ့ မလိုက်အောင်
သူအများကြီးသိနေတယ် ရှင့် ၊သူ.ကို တတိယတန်းမှာ တက်ဖို. ကျမ အဆိုပြုချင်ပါတယ် ရှင့် .. "
" ကောင်းပြီလေ ၊ ဒါပေမဲ့ အတန်းကျော်တက်မယ့်ကလေးဟာ ဆရာမပြောသလို တော်ရဲ့လားဆိုတာကိုတော့
ကျနော်ကိုယ်တိုင် စမ်းမေးချင်တယ် ၊ "
" ကိုင်း ... မောင်ပီတာ ... နှစ် နဲ့ နှစ် မြောက်ရင် ဘယ်လောက်ရသလဲကွဲ. "
" လေး ပါ ဆရာကြီး "
" မှန်တယ် ၊ သုံး နဲ့ သုံး မြောက်ရင်ကော "
" ကိုး ပါ ဆရာကြီး "
" မှန်တယ် ၊ ငါး အမြောက် ငါး ဆိုရင်ကော .."
" ၂၅ ပါ ဆရာကြီး "
" မှန်တယ် ၊ ဆရာမ ပြောတဲ့အတိုင်းပဲ ... ကလေးဟာ အရွယ်နဲ့ မလိုက်အောင် အသိဥာဏ် ဖွံဖြိုးနေတာပဲ ၊
သုံးတန်းကို တင်ပေးဘို. ကျနော် မကန်.ကွက်ပါဘူး "
ဆရာကြီး၏ အခန်းထဲတွင် စောစောက ရောက်နေသော နောက်ဆရာမ တစ်ဦးက ၀င်ပြောသည် ။
" ဆရာကြီး ... ကျမ ကိုလည်း မေးခွန်းမေးခွင့်ပြုပါ ။ မောင်ပိတာ ဆရာမ ကို ပြောပြစမ်းကွယ် ။
နွားမ မှာ လေးခု ၊ မိန်းမ မှာဆို နှစ်ခုထဲ ၊ အဲဒါ ဘာကိုပြောတာလဲ ကွဲ. "
ချာတိတ်အနည်းငယ် စဉ်းစားပြီးဖြေသည် ။
" ခြေထောက်တွေကို ပြောတာပါ "
" မှန်တယ် ၊ မောင်ပီတာ ၊ မင်း၇ဲ့ ဘောင်းဘီထဲမှာ နှစ်လုံး ၊ ဆရာမ ဆီမှာတော့ တစ်လုံးမှ မရှိဘူး ။
အဲဒါဘာကိုပြောတာလဲ "
ချာတိတ် စဉ်းစားသည် . ထိုနောက် ဖြေသည် ။
" ဘောင်းဘီ အိတ်ထောင်ကို ပြောတာပါ "
" ကလေး ဟာ အရွယ်နဲ့ မလိုက်အောင်တော်မှန်း ကျမ သိပါပြီ ။ သူ.ကို သုံးတန်းကို တခါတည်း
တင်လိုက်ဘို.ကို သဘောတူပါတယ် ။ "
ဆရာကြီးက ကမန်းကတန်း ၀င်ပြောသည် ။
" နေဦး ...နေဦး .. သူ.ကို ငါးတန်း တင်ပေးလိုက်ရအောင် ၊ ဆရာမ မေးတဲ့ မေးခွန်းနှစ်ခုကို
ကျနော် တောင်မှ မှန်အောင်မဖြေနိုင်ဘူးဗျ ... အဟင်း ..ဟင်း ... "
*****************************
**လေချွန်ချင်တယ်**
အိမ်တွင် ဧည့်သည်များ စားသောက်နေကြသည် ။ ရူတ်တရက်အိမ်ရှင် သမီးလေး ထွက်လာပြီး အော်ပြောသည် ။
" ရူးရုး ပေါက်ချင်တယ် "
အမေ ဖြစ်သူ သမီးငယ်ကို ခေါ်ထုတ် သွားပြီးပြောသည် .။
" သမီး ... လူတွေ ရှေ့မှာ စကားကို ယဉ်ယဉ် ကျေးကျေး ပြောရတယ်ကွဲ့ ၊
ဥပမာ ရူးရူးပေါက်ချင်တယ်ဆိုရင် လေချွန်ချင်တယ်လို. ပြောရတယ်၊ မှတ်ထားနော် "
နွေရာသီရောက်သောအခါ သမီးငယသည် အဘိုးအဘွားများရှိရာ တောရွာသို. အနားယူရန် ရောက်သွားသည် ။
တစ်ညတွင် ချာတိတ်မလေး နိုးလာသည် ။ ဘေးတွင် အိပ်နေသော အဘွားကို ပြောသည် ။
" အဘွား ၊ သမီး လေချွန်ချင်တယ် "
" ဟဲ့ ... ငါ့မြေးလေး ၊ အားလုံး အိပ်နေကြတယ်ကွဲ. ၊ လေချွန်လို. ဘယ်ဖြစ်မလဲ ၊
မနက်ကျမှ ချွန် ဟုတ်လား ၊ အောင့်လိုက်နော် ။ "
" မနက်အထိ မအောင့်နိုင်ဘူး ။ အခုပဲ ချွန်ချင်တယ် "
" ဟဲ့ .. အားလုံး နိုးကုန်မှာပေါ့ .. မနက်အထိ အောင့်ထား "
" ဟင့်အင်း... ဟင့်အင်း ... အင်မတန် ချွန်ချင်နေပြီ အဘွားရဲ့ .. "
" ကိုင်း .. ဒီလောက်တောင် ဖြစ်လှတာ ၊ ဟိုဘက်ကုတင်မှာ အိပ်နေတဲ့ ဘိုးဘိုး နားနားကပ်ပြီး သွားချွန် ... သွား "
****************************
*** 2010/8/24 ရက်တွင် ပို့ခဲ့ဖူးသော ဟာသမေးလ်ဖြစ်သည် ။
--
Ƭнαиκƨ,
**ဦးဦး မှော်ဆရာ**
======ஜ۩۞۩ஜ=======
**လူကြီးလူကောင်း**

No comments:
Post a Comment