ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 1, 2012

အရူးများနေ့

>
နှစ်စဉ် ဧပြီလ ၁ ရက်နေ့ကို ရောက်လာရင် နိုင်ငံတကာမှာတော့ အရူးများနေ့ ကျင်းပပါတယ်။
အဲဒီနေ့ကို ဧပြီအရူးနေ့လို့လည်း ခေါ်ကြပါတယ်။ တရားဝင် ရုံးပိတ်ရက် အားလပ်ရက်
မဟုတ်ပေမယ့် အစဉ်အလာမပျက် ကျင်းပကြပါတယ်။ အထူးသဖြင့် အဲဒီဓလေ့
စတင်ဖြစ်တည်ခဲ့ရာ ကမ္ဘာအနောက်အခြမ်းမှာပေါ့။ ဒါပေမယ့်လည်း အဲဒီဓလေ့က
အရှေ့ကမ္ဘာမှာလည်း ကူးစက်နေပါပြီ။
ဧပြီအရူးနေ့ ဖြစ်တည်လာတဲ့ နောက်ခံသမိုင်းကြောင်းက ခိုင်ခိုင်လုံလုံ မရှိရှာပါဘူး။
ပါးစပ်ရာဇ၀င်တွေပါပဲ။ ပြင်သစ်ပြည်က စတင်ခဲ့တယ်လို့လည်း တချို့တလေက
ပြောကြပါတယ်။ ပုပ်ရဟန်မင်းကြီး ဂရီဂိုရီ(၁၃)က ပြက္ခဒိန်အသစ်တစ်ခုကို ၁၅၈၂
ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ပြက္ဒဒိန်အဟောင်းအရ နှစ်သစ်ကူးနေ့ရက်က ဧပြီလ ၁
ရက်နေ့ပါ။ ပြက္ဒဒိန်အသစ်မှာတော့ ဇန်န၀ါရီလ ၁ ရက်နေ့ ဖြစ်သွားပါတယ်။
ပြင်သစ်ပြည်က အဲဒီပြက္ခဒိန်အသစ်ကို သုံးစွဲမယ်ဆိုပြီး နှစ်သစ်ကူးပွဲတော်ကို
ဇန်န၀ါရီလ ၁ ရက်နေ့လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်
ရှေးရိုးစွဲလူတွေကတော့ အဲဒီလိုပြောင်းလဲမှုကို လက်မခံနိုင်ကြပဲ ဧပြီလ ၁
ရက်နေ့ကိုပဲ နှစ်သစ်ကူးနေ့အဖြစ် ဆက်လက်ခံယူထားပါတယ်။ အဲဒီလို ဧပြီ ၁
ရက်နေ့မှာ နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ ရှေးရိုးစွဲလူတွေကို အခြားလူတွေက
အရူးတွေလို့ လှောင်ပြောင်ကျီစယ် အရူးလုပ်တာကနေ အဲဒီ ဧပြီအရူးနေ့
ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီလိုနဲ့ ဥရောပတလွှားမှာ အဲဒီဧပြီအရူးနေ့
ဓလေ့လေး ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပြက္ဒဒိန်ပြောင်းလိုက်လို့ ဧပြီအရူးနေ့ ဖြစ်လာရတယ်ဆိုတဲ့ ရာဇ၀င်မှာလည်း
ချို့ယွင်းချက်တွေ ရှိနေပါတယ်။ ပထမတစ်ချက်က အင်္ဂလန်နိုင်ငံက
အဲဒီပြက္ခဒိန်အသစ်ကို ၁၇၅၂ ခုနှစ်မှ စတင် လက်ခံ အသုံးပြုခဲ့တာပါ။ ဒါပေမယ့်
အင်္ဂလန်နိုင်ငံမှာ ဧပြီအရူးနေ့ကျင်းပတဲ့ ဓလေ့က အဲဒီနှစ်တွေ မတိုင်ခင်
ဟိုအရင်ကတည်းက ရှိနေနှင့်ပါပြီ။ ပြက္ခဒိန်ပြောင်းလို့ အဲဒီနေ့ရှိခဲ့တာ
မဟုတ်တော့ဘူး။ ဒုတိယတစ်ချက်က သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားတွေ
ခိုင်ခိုင်လုံလုံ မရှိခဲ့တာပါပဲ။ ဒါကြောင့် ပါးစပ်ရာဇ၀င်လို့ပဲ
သတ်မှတ်ရမှာပါ။
အဲဒီအရူးများနေ့မှာ သတင်းမှားတွေ ပေးကြပါတယ်။ ကောလဟာသတွေ ထုတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချောက်ချကြပါတယ်။
အရူးလုပ်ကြပါတယ်။ လူငယ်စကားနဲ့ ပြောရင်တော့ အရောက်ပို့ ပါတယ်ပေါ့။
ဒါပေမယ့် သူတပါး နစ်နစ်နာနာ ဖြစ်စေတဲ့အထိတော့ မလုပ်ကြပါဘူး။ ကျွန်တော်တို့
မြန်မာပြည်က ကျီးမနိုးပွဲ သူခိုးကြီးညလိုမျိုး ကျီစယ်တဲ့ သဘောလေးနဲ့
လုပ်ကြပုံပါပဲ။ ပျော်စေပျက်စေပေါ့။
ထင်ရှားတဲ့ ဧပြီအရူးနေ့ အရူးလုပ်တဲ့ ဟာသတွေထဲက တစ်ခုကတော့ ဆွီဒင်နိုင်ငံက ရောင်စုံတီဗွီပြောင်းတဲ့
နည်းပါပဲ။ ၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်မှာ ဆွီဒင်နိုင်ငံရဲ့
ရုပ်မြင်သံကြားချန်နယ်က လိုင်းတစ်ခုတည်းပဲ ရှိပါသေးတယ်။ အဲဒီကာလက
အဖြူအမည်းနဲ့ ထုတ်လွှင့်တဲ့ ကာလပေါ့။ ၁၉၆၂ ဧပြီလ ၁ ရက်နေ့မှာ ရုပ်သံလိုင်းက
နည်းပညာကျွမ်းကျင်သူဖြစ်တဲ့ Kjell Stenssonက အစီအစဉ်တစ်ခုမှာ ကြေညာပါတယ်။
နည်းပညာဖွံ့ဖြိုးမှုကြောင့် အခုကြည့်နေတဲ့ အဖြူအမည်းတီဗွီတွေကို
ရောင်စုံတီဗွီအဖြစ် ချက်ချင်းလက်ငင်း ပြောင်းလဲနိုင်မှာ
ဖြစ်တဲ့အကြောင်းပေါ့။ ပြောင်းလဲဖို့အတွက် ဘယ်ပုံဘယ်နည်း လုပ်ကိုင်ရမလဲ
ဆိုတာကို သူက သရုပ်ဖော် ပြသပါသေးတယ်။ သူက နိုင်လွန်ခြေအိတ်ကို တီဗွီရဲ့
ဖန်သားမျက်နှာပြင်ပေါ်မှာ ဆွဲဆန့်ပြီး ကပ်ထားခိုင်းပါတယ်။

အဲဒီလိုလုပ်ပြီးရင် လုံလောက်တဲ့ အကွာအဝေးကနေ လှမ်းကြည့်မယ်ဆိုရင် တီဗွီမှာ
အရောင်တွေ ပြောင်းနေတာကို တွေ့ရနိုင်ကြောင်း ခပ်တည်တည်နဲ့
ပြောသွားခဲ့ပါတယ်။ သူပြောတာကို ယုံကြည်မိတဲ့ ရုပ်သံကြည့်ရှူသူ
ထောင်ပေါင်းများစွာဟာ သူခိုင်းတဲ့အတိုင်း လိုက်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်
ဆွီဒင်မှာ ရောင်စုံတီဗွီ ကြည့်နိုင်ခဲ့တာက ၁၉၇၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ
စတင်ခဲ့တာပါ။

၁၉၈၀ ဧပြီလ ၁ ရက်နေ့မှာ ဘီဘီစီ သတင်းဌာနက သတင်းတစ်ခု ကြေညာပါတယ်။ Big Ben နာရီစင်က
နာရီကြီးကို ဒီဂျစ်တယ်ဒိုင်ခွက်တွေနဲ့
ပြောင်းလဲ ပြသမယ်ဆိုတဲ့အကြောင်းပေါ့။ အဲဒီသတင်းကို ကြားလိုက်တဲ့ သူတွေက
အဲဒီလိုပြောင်းလဲမှုမျိုးကို လက်မခံနိုင်ကြောင်း ဒေါသတကြီး ပြန်လည်
တုန့်ပြန်ကြပါတယ်။ ဘီဘီစီ ဂျပန်ပိုင်း အစီအစဉ်ကလည်း သမိုင်းဝင်နာရီစင်က
နာရီလက်တံတွေကို ရောင်းချမှာ ဖြစ်တဲ့အကြောင်း။ အခု သတင်းကို နားထောင်မိပြီး
ပထမဦးဆုံး ကမ်းလှမ်းသူ ၄ ယောက်ကို ရောင်းချမှာဖြစ်လို့ အမြန်ဆက်သွယ်ပါ
ဆိုပြီး ပြောသွားပါတယ်။ ပင်လယ်ပြင်ထဲမှာ ရောက်နေတဲ့ ဂျပန်သဘောင်္သားတစ်ဦးက
အဲဒီ သတင်းကို နားထောင်မိပြီး ရေဒီယိုဆက်သွယ်ရေးစနစ်နဲ့ ဘီဘီစီကို
လှမ်းအကြောင်းကြားခဲ့ပါသေးတယ်။
၁၉၉၆ ဧပြီလ ၁ရက်နေ့တုန်းက Taco Bell Corporation က Liberty Bell လစ်ဘာတီ ခေါင်းလောင်းကို ၀ယ်ယူလိုက်ပြီး
Taco Liberty Bellလို့ အမည်ပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီသတင်းကို ကြားပြီးတဲ့ နာရီပိုင်းအတွင်းမှာ ရာပေါင်းများစွာသော
ပြည်သူတွေဟာ Liberty Bell တည်ရှိရာဖြစ်တဲ့ ဖီလာဒဲဖီးယားက
သမိုင်းဝင်အမျိုးသားပန်းခြံကို ဆန္ဒပြဖို့အတွက် ဒေါသတကြီး
စုရုံးရောက်ရှိလာကြပါတယ်။ သူတို့က ခေါင်းလောင်း အမည်ပြောင်းခြင်းကို
လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှ အဲဒီသတင်းဟာ
ဧပြီအရူးနေ့အတွက် အရူးလုပ်လိုက်တဲ့ သတင်းဖြစ်ကြောင်း သူတို့
သိရှိသွားခဲ့ပါတယ်။ ပန်းခြံက သက်ဆိုင်ရာ လူကြီးတွေတော့
အလုပ်များသွားပုံပါပဲ။

၁၉၁၅ ဧပြီလ ၁ ရက်နေ့ ပထမကမ္ဘာစစ်ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ ပြင်သစ်လေယာဉ်တစ်စင်းဟာ ဂျာမန်
တပ်စခန်းပေါ်ကို ၀ဲပျံလာပြီး ကြီးမားလှတဲ့ဗုံးလို့ ထင်ရတဲ့ ဗုံးတစ်လုံးကို
ချသွားခဲ့ပါတယ်။ တပ်စခန်းထဲက ဂျာမန်စစ်သားတွေခင်မျာ အရပ်မျက်နှာမျိုးစုံကို
ဦးတည်ပြီး ထွက်ပြေးကြတာပေါ့။ ဒါပေမယ့် ဗုံးပေါက်ကွဲသံကို မကြားရပါဘူး။
အချိန်အတော်လေးကြာမှ ဂျာမန်စစ်သားတွေ မိကျောင်းတက် တွားသွားပြီး
ဗုံးအနားကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပါတယ်။ ဗုံးအနားရောက်တဲ့အခါ
တွေ့လိုက်ရတာက ဘောလုံးတစ်လုံးဖြစ်နေပြီး အဲဒီပေါ်မှာ စာရွက်တစ်ရွက်
ကပ်ထားပါတယ်။ စာရွက်ထဲမှာ ရေးထားတာကတော့ "April Fool!" တဲ့ဗျာ။

Posted by KOYIN

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)