**(အများအကျိုးဆောင်-ကိုယ့်ပုဆိုးပေါင် နှင့် အခြားဆောင်းပါးများ)**
ဂုရုဆန် (ခ) ဆရာမိုးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းဥပဒေမျိုးစုံတို့ဖြင့် ဥပဒေ လမ်း ကြောင်းအရ ရသင့်ရထိုက်တာတွေကို ဥပဒေထောက်ကူနေသူတစ်ဦး ဖြစ်မှန်း၊ ရွှေ့ပြောင်း အလုပ်သမား အကျိုးဆောင်၊ မဲဆောက်နှင့်မယ်ရမတ်မြို့နယ် ၂ တစ်ခုတွင် ရွှေ့ပြောင်းအလုပ်သမားမိသားစုဝင်ကလေးများ ပညာသင်ကြားရေးဌာနကို ဦးစီးအုပ်ချုပ်နေသူတစ်ဦးမှန်းသိကြသူတွေလည်း ရှိ၏။ တချို့ဝေေ၀၀ါးဝါးနှင့် “မယ်တော်ဆေးခန်း (၀ါ) ကျောင်းသားဆေးခန်း” ကနေပြီးတော့ ငါတို့ဒေသထဲမှာ တစ်လ ၂ ခေါက်၊ ၃ ခေါက်၊ ၄ ခေါက် လာလာပြီးတော့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းအချက်အလက်၊ ပြဿနာနှင့် ကိုင်တွယ် ဖြေရှင်းရမည့် လုပ်ထုံးလုပ်နည်းစတာတွေကို ဟောပြောနေသူဟူ၍ ထင်သူကထင်ကြသေးသည်။ သြ…ထိုင်း-မြန်မာနယ်စပ်တလွှား တာ့(ခ်)ခရိုင်တလွှာမှာတော့ ဗျောက်ကိုင်ထား (အဲလေ) ဒေါက်တိုင်အလားခွန်အား တွေ ဖြန့်ဝေပေးနေတဲ့ မယ်တော်ဆေးခန်း ကျောင်းသားဆေးခန်းကိုတော့ဖြင့် ဘယ်သူက ကျော်နိုင်မှာတုန်း။ ဒီတော့ကာဘယ် စီဘီအို၊ စီအက်စ်အိုပဲ ဖြစ်ဖြစ် မယ်တော်ဆေးခန်းက ကျောင်းသားဆေးခန်းကလို အရင်ဆုံး ပဲ ဖြစ်ဖြစ်၊ သူတို့ပြောဆိုလှုပ်ရှားပြီးတော့ ပြန်သွားရင်ပဲဖြစ်ဖြစ် ထင်ပစ်လိုက်ကြ မြင်ပစ်လိုက်ကြတာဟာ ဘာ ဆန်း လို့တုန်း။ ဒါက မယ်တော်ဆေးခန်းသြဇာလေးဗျာ။ ပြည်သြဇာကြို့ပင်ကောက်-ခုနှစ်ရွာ သြဇာတို့လို သိပ်ကိုအရသာရှိတဲ့ ချိုမြိန်လွန်းလှတဲ့ သြဇာရှိနေတာကိုးဗျ။
အဲသလိုနဲ့ ဂုရုဆန် (ခေါ်) ဆရာမိုးဟာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘက်ပေါင်းစုံကနေ တက်အစုံနဲ့ လက်ကုန်ဖွင့်ပြီးတော့ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ၉ မြို့နယ်ရှိတဲ့ အထဲက (မဲဆောက်- တာ့(ခ်)-ဖုတ်ဖရ-မယ်ရမတ်) အဓိက ၄ မြို့နယ်နဲ့ ၅လ၊ ၆လာကြာ တစ်ခါ ကွင်းဆင်းဖြစ်တဲ့ အခြား ၅ မြို့နယ် မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရယ်၊ သူတို့ရဲ့ မိသားစုဝင်ကလေးတွေရယ် အကြောင်း မီးမောင်းရော၊ ဆလိုက်ရှိုးရော ထိုးပြ ချင်လို့ ဖောက်သည်ချရတာပါဗျို့။
ဤသို့၊ ဤပုံ၊ ဤနည်း ရင်ထဲကစကားသံများကို စုစည်းနေသည့်အခိုက် မဲဆောက်မြို့၏ တောင် ဘက်ရှိဖုတ်ဖရမြို့နယ်၊ မြို့ထဲပိုင်းလမ်းကြောင်း၊ မြို့နယ်ခွင်နှင့် နီးကပ်စွာတည်ရှိနေသော မော်ကဲရွာဘက်မှ ဟမ်းဖုန်းဆက်သွယ်သံမြည်ဟီးလာတာတွေ့ရပါ၏။ “ဗျို့…ဂုရုဆန်(ဆရာမိုး)…အခုဘယ်မှာလဲ၊ ဒီကိုလာလို့ ရမလား။ ကျနော့်မိန်းမအခုပဲ ကိုယ်ဝန်ပျက်ကြလို့၊ လာလို့ရရင်အမြန်လာခဲ့ပါဆရာ၊…” တဲ့။
ဟမ်းဖုန်းသံ၏အဆုံး နိဂုံးမှာ ဂုရုဆန်တစ်ယောက်မှာ မယ်တော်ဆေးခန်း၊ သားဖွားဆောင်ရှိအသိ ကျန်းမာ ရေးမှူးတစ်ဦးဦးထံမှ ဆေးအိတ်ပဲ ပြေးဆွဲရနိုးနိုး၊ အသိမိတ်ဆွေဒေါက်တာရေမီးရှား (နိုက်တင်ဂေးလ်ကျန်းမာ ရေးဂျာနယ်ပင်တိုင် ဆောင်းပါးရှင်) အိမ်ခန်းကိုပဲ ပြေးခေါ်ရနိုးနိုးနှင့် “သြော်…ငါဟာ၊ ငါဟာ၊ ငါဟာ ဘာကောင်ကြီးပါလိမ့်၊ ငါဟာငါဘာကောင်၊ ညာကောင်၊ ဘာညာကောင် ထင်နေပေမယ့် လူထဲကတချို့ သိပုံသိနည်းက ဂလို၊ဂလိုကိုး…။ ဟူ၍…။
စုစည်းတင်ပြသူ-ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)

No comments:
Post a Comment