ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 1, 2012

“မစာဥ အယုဒ္ဓယ ဆေးရုံမှထွက်ပြေး၊ အလောင်း၃လောင်းမိသားစုများထုတ်ယူ”

> (မစာဥ)

**(April 1,2012၊ ကိုတီး-ရခိုင့်တံခွန်)**

တရားမ၀င် အလုပ်သမား၂၀ ဦးတင်ဆောင်လာခဲ့သည့် ကားတိမ်းမှောက် ခဲ့မှုကြောင့် ဒဏ်ရာရရှိပြီး ထိုင်းနိုင်ငံအယုဒ္ဓယ ဆေးရုံကြီးဆေးဝါးကုသမှုခံနေရာမှ အသက် ၁၈နှစ် အရွယ် မစာဥ မှာပြီးခဲ့သည့် ညဥ့်က ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပြချက်အရသိရှိရသည်။
ဆေးရုံတွင် ကျန်နေခဲ့သူများမှာ အသက် ၁၂နှစ်အရွယ်ကရင်အမျိုးသားငယ်တစ်ဦး၊ အသက်၁၅ နှစ်အရွယ် ကရင် အမျိုးသားငယ်တစ်ဦး၊ ၂၆နှစ်အရွယ် မွတ်ဆလင် အမျိုးသားတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် ကရင် အမျိုးသား တို့ ဖြစ်ကြသည်။
ပထုံဌာနီ ထာမဆတ် တက္ကသိုလ်အနီး စွန်လန်းစစ် ထန်မစ ချလွန် ဖကရာတ် ဆေးရုံ တွင်ထားရှိသည့် သေဆုံး သူများအနက် မမြင့်မြင့်အေး(အသက် ၂၀နှစ် ကရင် ) မန်းယဉ်ချော(အသက် ၁၉နှစ် ကရင်)နှင့် မောင်ကျော် ဇေယျ(ကရင်) တို့၏ အလောင်းတို့အား သဂြိုဟ်ရန်ထုတ်ယူ သွားကြပြီးဖြစ်သည်။
ကျန်ရှိနေသေးသည့် အလောင်းများမှာ အသက် ၃၀ အရွယ် ရှမ်းအမျိုးသမီး တစ်ဦး နှင့် အသက် ၁၅ နှစ် အရွယ် မသီရိဝင်ဆွေ နှင့် မခင်ဌေး အသက်၂၀ခန့် (လိပ်စာမသိ) တို့ဖြစ်ကြသည်။

သေဆုံးသူ မမြင့်မြင့်အေး၏ အဒေါ်တော်စပ်သူ မနှင်းနှင်းအေး က“ ကျမ တို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT ရုံးကို သွားပြီးတော့ အကူအညီတောင်းတယ်။ အဲဒီရုံးက ကိုအောင်ဆန်းဦး ကိုယ်တိုင် မြန်မာသံရုံးကို လိုက်ပို့ ပေးပါတယ်။ သံရုံးက တာဝန်ရှိတဲ့ လူကြီးတစ်ဦးက သဂြိုဟ်စရိတ်အတွက် ဘတ်ငွေ ၃၀၀၀ အကူအညီပေးလိုက်ပါတယ်၊ ကူညီပေးကြသူတွေ အားလုံးကိုကျေးဇူး တင်ပါတယ်” ဟုပြောသည်။

အယုဒ္ဓယ အချုပ်ခန်းတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၇ဦး (ရှမ်းအမျိုးသားတစ်ဦးနှင့် ကရင်၆ဦး) တို့ ရှိနေသည်။ ထိုအထဲ အသက်၁၅နှစ် အရွယ် ကရင်အမျိုးသား ကလေးငယ်တစ်ဦး၊ အသက်၁၆နှစ်အရွယ် ကရင်အမျိုး သမီးငယ်တစ်ဦးနှင့် ကရင်အမျိုးသားငယ် တစ်ဦး တို ပါဝင် သည်။ အခြားလူများမှာ အသက်၁၈ မှ အသက် ၂၆ အတွင်းလူများဖြစ်ကြကာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါရှိပါသည်။
ဒဏ်ရာအနည်းငယ်သာရရှိပြီး အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင်ရောက်ရှိနေသော ကော့ကရိတ်မြို့သား ကိုဂျမာတင် က“ ကျနော်တို့ ကားနောက်က အခန်းမှာ အိပ်နေရတယ်၊ အပေါ်က အဖုံး အုပ်ထား တယ်။ နောက်က ပုလိပ်ကားလိုက်လာတယ်။ ကားကိုဟွန်းတီးပြီး မိုင်ကုန်မောင်းတယ်။ ကျနော်တို့ ရေထဲကိုရောက်သွားမှ သတိရတယ်။ နောက်ဆို ထိုင်းကို မလာတော့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမား ၂၀ ဦးတင်ဆောင်လာသည့် စူကိုထိုင်း လိုင်စင်၊ ဟိုင်းလတ်ကား အမှတ် ကောခေါ-၇၃၅၀ မှာ ထိုင်းပုလိပ်ကား တစ်စီး လိုက်လာသဖြင့် အရှိန်ပြင်းစွာ မောင်းပြေးစဉ် ဖနခိုစီအယုဒ္ဓယ အနီး ဘန့်ဖယ် ကျေးရွာစောင်ဟောင်း အမှတ်(၂)ရပ်ကွက် ဘန့်ဒွန်နောင် အကွေ့ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

အများစုမှာ ကရင်ပြည်နယ်မှ ကရင်လူမျိုးများဖြစ်ကြပြီး ဘန်ကောက်၊မဟာချိုင်နှင့်ဆာလာ ဘူရီတို့ သို့  အလုပ်လာလုပ်ကြသူများ ဖြစ်ကြသည်။ အချို့မှာ လူပွဲစားများအား ဘတ်ငွေ တစ်သောင်းခွဲအထိပေး ချေထားကြပြီး အချို့မှာ အလုပ်လုပ်ရင်း ပေးဆပ်ရမည်ဖြစ်ကြောင်းအသက်ရှင် ကျန်ရစ်သည့် အလုပ်သမား များက ပြောသည်။
ထိုင်းကားမောင်းသူမှာ အသက် ၁၆ နှစ်သာရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်သားများအဆိုအရ သိရှိရသည်။
၂၀၀၈ ခုနှစ် ဧပြီလ ၄ရက် နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ အအေးခန်းကားဖြင့် တင်ဆောင်လာသည့် မြန်မာအလုပ်သမား၅၄ ဦးနေ့တွင် အသက်ရှုမွန်းကြပ်ပြီးသေဆုံးခဲ့ဖူးသည်။ ၂၀၀၉ နိုဝင်ဘာ ကလည်း မဲဆောက်က ဘန်ကောက်သို့လာရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၁၃ ဦးတို့အား ထိုင်းအာဏာပိုင်များပ ပစ်သတ်ခဲ့သဖြင့် သေဆုံးခဲ့ဖူးသည်။ အဆိုပါ သေဆုံးမှုများအတွက် ထိုင်းအစိုးရမှ မိသားစုဝင်များအား သင့်တော်သည့် နစ်နာကြေးများ ပေးလျှော်ခဲ့ဖူးသည်။

(မစာဥ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)