ထိုနေ့က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် ဂုရုဆန်တစ်ကောင် မျက်စိရှေ့မှောက်၌တွေ့မြင်နေရသော ဤမြင်ကွင်းကို လစ်လျူရှု၊ ဥပက္ခာပြု၍မရနိုင်ခဲ့ပါချေ။ မြင်ကွင်းက မိမိအိမ်ကခွေးတစ်ကောင်ကို အကျယ်ချုပ်၊ အကျဉ်းချုပ်ထည့်ထားသလိုမျိုး မိမိအိမ်မှာမရှိသည့်ခိုက် ချုပ်နှောင်ထိန်းသိမ်းထားလိုသော တောချောရော (ထိုင်းဘာသာဖြင့်ခေါ်ဝေါ်တာပါ။ မြန်မာဘာသာနှင့် ဆိုလျှင် “နယ်ခြားစောင့်တပ်ဖွဲ့ဝင်”) တစ်ကောင်အကြောင်း မီးမောင်းထိုးပြချင်လိုက်ပါဘိ၊ ကြည့်ဗျာ။ အိမ်ထဲမှာ အကျဉ်းချုပ်၊ အကျယ်ချုပ် ချုပ်ထားလို့ မရလို့တဲ့၊ အစာမကျွေး၊ ရေမတိုက်ပဲ သူကတော့ ထွက်သွားချင်သလိုထွက်သွားပြီး အိမ်ခွေးကိုတော့ လက်လျှော့ကာ ဘာမှမကျွေးမွေးပဲပစ်ထားသွားတယ်လေ။
ဒီဟာကို ဂုရုဆန်မြင်ပြန်တော့ ဤရွေ့ဤမျှမေတ္တာပြည့်ဝသော (၀ါ) ကွမ်းသီးရော၊ ဗေလုဝပါပြည့်လျှမ်းနေသည့် တောချောရောတစ်ကောင်နှင့် ခင်မင်နှစ်လိုဖွယ်ရာ အမြီးတနှံ့နှဲ့ဖြင့် ပုံစံကျနေသော “မစ္စတာပါပီသည်ဂရိတ်” တစ်ယောက်အား ဂုရုဆန်၏အိမ်မှ ထမင်းနှင့်ဟင်းကို နေ့စဉ်ကျွေးကာ နွေးနွေးထွေးထွေး ဆက်ဆံရေးတည်ဆောက်လိုက်တာပေါ့။
သြော်…စိုင်းထီဆိုင်ကလည်း သီချင်းတစ်ပုဒ်ဆိုခဲ့သေးတယ်လေ။ “ခွေးတစ်ယောက် နဲ့ လူတစ်ကောင်တဲ့”။
**ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)**

No comments:
Post a Comment