-ချော်လဲရောထိုင် လုပ်ပြတော့လည်း နဖူးနဲ့ဒူး တိုက်ခဲ့မိတယ်-
ဇလီဖားတုံး နံရိုးပြိုင်းပြိုင်တွေပေါ်မှာ စည်းချက်မညီ တရစပ် ခုတ်မောင်းနေတဲ့ နှလုံးသားရထားအိုရဲ့ သယ်ဆောင်ရာ လူရာမ၀င်လောက်တဲ့ ဘူတာစဉ်တစ်လျှောက် ရိက်ခါ ခရီးသွား အညစ်အကြေးစွန်းထင်း လိပ်ပြာတစ်ကောင်အတွက် ဘ၀ဆိုတာလည်း အနှုတ်စနစ် အမှတ်ပေး စာမေးပွဲလို အလုပ်မဖြစ်တာ ကြာပြီ ရွေးချယ်ခွင့်က ပထမဆုံး တစ်ကြိမ်သာ လာပြီး နောက်အကြိမ်ပေါင်းများစွာ ပစ်ချခံခဲ့ ရတာချည်းပါပဲ " မကိုင်ရ " လို့ သတိပေးစာတမ်းကပ်ထားတဲ့ အောင်မြင်မှုကို စိတ်မှန်းနဲ့ တိုင်းထွာကြည့်ဖို့တောင် ရှိတဲ့ပေတံ အကျိုးအပဲ့မှာ နံပါတ်စဉ် မျဉ်းကြောင်းတွေ ပီပီသသမရှိ အဖြစ်မရှိ သရဖူ ဆွတ်ခူးရယူထားသူရဲ့ နည်းနာတွေအတိုင်း နလံထူခွင့် မရရင် ကြုံရာကို ပုံချနေရပေမဲ့ အမှန်က မူပိုင် ထုံအမှု အသွားတုံးတုံးနဲ့ ကိုယ့်ဘီးကိုယ် ထိုးဖောက်ခဲ့မိတာပါ အရှိန်မြှင့်မာင်းနှင်ဖို့ မဖြစ်နိုင်တော့သလို မိုင်ဘယ်လောက်ကျန်နေသေးလဲ သိခွင့် မရှိပြန်လေတော့ ထင်ကြေးတွေကိုသာ ပျိုးကျဲတတ်တဲ့ မျက်လှည့်ဆရာအတွက် ဘယ်အပင်က ဘာသီးလာလာ စိတ်ဝင်စားမှာမဟုတ်ဘူး မျက်လုံးစုံမှိတ် ရေထဲခုန်ချ လိုက်ပြိးမှ လိုယ်ဖော့နည်းကို တီးမိခေါက်မိ မရှိခဲ့တဲ့အဖြစ်မှာ ကံကြမာရဲ့ ပါဝင်မှု အချိုးအဆက မဆိုစလောက်သာဖြစ်မှာပါ ။ ။
**သုည**

No comments:
Post a Comment