**ရုပ်ရှင်မင်းသမီးကြီး ဂျိမ်းဖောင် ဒါ..ဂျင်နီဖာလိုပက်ဇ်ကို လှလွန်းသူဟုဆို**
(လန်ဒန်၊ မေ ၂၆)
အဆိုတော် ဂျင်နီဖာလိုပက်ဇ် ကမ္ဘာမှာအလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ ၇၃ နှစ်အရွယ်ရှိ ပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး ဂျိမ်းဖောင်ဒါက ပြောကြားလိုက်ပါတယ်။ အဆိုတော် ဂျင်နီဖိာုပက်ဇ်ဟာ အမေရိကန် အိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာ သီဆိုခဲ့တဲ့ အဆိုတော်ဖြစ်ပါ တယ်။ “သူမရဲ့အလှဟာ အဆိုတော်တွေထဲမှာတော့ အလွန်ကြည့်လို့ကောင်းတဲ့ အဆိုတော်ပါ။ မျက် နှာရော ခန္ဓာကိုယ်အလှပါ ပိုင်ဆိုင်ထားတဲ့ အဆိုတော် ဖြစ်ပါတယ် ”လို့ ဂျိမ်းဖောင်ဒါက ပြောကြားပါ တယ်။ (အင်တာနက်)**တိုက်စစ်မှူး ဟွတ်အား ဒရော့ဘာနေရာ၌ ချယ်လ်ဆီးအစားထိုးဖွယ်ရှိ** (လန်ဒန်၊ မေ ၂၆)
ပေါ်တို တိုက်စစ်မှူး ဟွတ်က သူ့အနေဖြင့် ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကစားလို ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဘရာဇီးတိုက်စစ်မှူး ဟွတ်သည် ပေါ်တိုအသင်းမှ ထွက်ခွာ လျှင် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ လော လောဆယ်တွင် ချယ်လ်ဆီးအသင်းသည် ဥရောပ၌ စိတ်ဝင်စားဆုံးကလပ်ဖြစ်သည်ဟုလည်း ၄င်းက ပြောကြားသည်။ (အင်တာနက်)
**လေးလုံးဆက်တိုက် ဂရင်းဆလမ်ဖလား ဂျိုကိုဗစ်ဆွတ်ခူးရန် မျှော်လင့်** (ပါရီ၊ မေ ၂၆)
ဆားဘီးယားတင်းနစ်ကစားသမားဂျိုကိုဗစ်သည် လေးလုံးဆက်တိုက်ဂရင်းဆလမ်ဖလားကို ဆွတ်ခူး ရန် မျှော်လင့်ထားသည်။ ဂျိုကိုဗစ်သည် ၀င်ဘယ်ဒန်ဖလား၊ ယူအက်စ်အိုးပင်းဖလားနှင့် သြစတြးလျ အိုးပင်းဖလားတို့ကို ဆွတ်ခူးထားခဲ့ပြီးဖြစ်သည်။ ၄င်းသည် မကြာမီပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ပြင်သစ် အိုးပင်းဖလားကို ဆွတ်ခူးရန် မျှော်လင့်ထားသည်။ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို မေ ၂၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့နံပါတ်တစ်တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် ပြင်သစ်အိုးပင်း ဖ လား ကိုဆွတ်ခူးနိုင်ပါကလေးလုံးဆက်တိုက်ဂရမ်းဆလမ်ဖလားကိုဆွတ်ခူးနိုင်သူဖြစ်လာမည်ဖြစ်သည်။ (အင်တာနက်)
**၀ီဂန်နည်းပြ မာတီနက်ဇ်အား လီဗာပူးနည်းပြလုပ်ရန်ကမ်းလှမ်း** (လန်ဒန်၊ မေ ၂၆)
ဝီဂန်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ကို လီဗာပူးအသင်းပိုင်ရှင်က တရားဝင် ကမ်းလှမ်းထားပြီဖြစ် ကြောင်း ၀ီဂန်အသင်းပိုင်ရှင်က ဆက်လက်ပြောကြားသည်။ စပိန်နိုင်ငံသား မာတီနက်ဇ်နှင့် လီဗာပူးမှ အမေရိကန် ဖန်ဝေးအားကစားအုပ်စုမှ သူဌေးများက အမေရိကန်နိုင်ငံသား မီယာမီမြို့၌ တွေ့ဆုံစဉ် မာတီနက်ဇ်အား လီဗာပူးနည်းပြတာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းထားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ဂျော်ဒန်တိုက်စစ်မှူး ရိုဒက်စ် ပရီမီယာလိဂ်သို့ ရောက်မည်** (လန်ဒန်၊ မေ ၂၆)
ဂျော်ဒန်တိုက်စစ်မှူး ရိုဒက်စ်အား ဖူလ်ဟမ်၊ အဲဗာတန်နှင့် အက်စ်တွန်ဗီလာတို့က စာချုပ်ရန် အပြိုင် ကြိုးစားလျက်ရှိသည်။ ဟွတ်ဒါဖီးလ်ကလပ်တွင် ကစားနေသော တိုက်စစ်မှူးရိုဒက်စ်အား ပေါင်ရှစ်သန်း ဖြင့် ခေါ်ယူရန် အဆိုပါကလပ်သုံးသင်းက အပြိုင်ကြိုးစားလျက်ရှိသည်။ တိုက်စစ်မှူး ရိုဒက်စ်သည်ပြီးခဲ့ သော ရာသီက ဂိုးပေါင်း ၄၀ အထိသွင်းယူပေးနိုင်ခဲ့သော တိုက်စစ်မှူးဖြစ်သည်။ ၄င်းသည် ပရီမီယာ လိဂ်ကလပ်တစ်သင်းသင်းနှင့် စာချုပ်ရန် နီးစပ်နေပြီဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment