-ဘောလုံးကွင်း-
ကိုယ့်ကိုကိုယ် တောင်နဲ့မြောက်လို့
ထင်နေမိခဲ့တာ ...
အရှေ့အနောက်လှဲလျောင်းနေတဲ့
ကန့်လန့်ကောင် ဖြစ်နေမှန်း
နောက်မှ သိရတယ် ...။
ဒါနဲ့ ... စောဒကတက်မိတော့
ကံကြမ္မာဒိုင်လူကြီးက
နောက်တစ်ဝါ ပြတယ် ...။
ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေ ...။ကျနော်က ... ဘော်လုံးသမား နှစ်ဆယ့်နှစ်ယောက်ကို ထားရစ်ပြီး ...
အနီကတ် အပြခံရတဲ့ ဘော်လုံးကွင်း တစ်ကွင်းပါပဲ ...။ ။
ရေးသူ- နွေဆူးလင်္ကာ

No comments:
Post a Comment