>
-အဆောင်.....ညများအကြောင်း-
အိမ်ကနေ..စထွက်လာခဲ့ရတဲ့အချိန်က စပြီး...ကျွန်တော်ဘ၀မှာ...
အဆောင်က..အိမ်တစ်ပိုင်းပါ။ကျောင်းသားဘ၀ကလည်း အဆောင်.။
ကျောင်းပြီးလို့ အလုပ်ခွင်ထဲရောက်ပြန်တော့လည်း ..အလုပ်ကပေးတဲ့ အဆောင်...။
ဘ၀ သက်တမ်း
တစ်ဝက်လောက်က အဆောင်တွေမှာ..နေခဲ့ရတာ။
ဒီလိုဆိုတော့...အဆောင်တွေတစ်ခုပြီးတစ်ခု ပြောင်းနေခဲ့ရတဲ့သူ ..
ကျွန်တော့်မှာ..တော့
အဆောင်နေသူငယ်ချင်းတွေကို က မိသားစု တွေလိုပါပဲ ။
ကောင်းတဲ့ အခါကောင်းလိုက် ဆိုးတဲ့ အခါဆိုးလိုက်.. ပျော်တဲ့အခါပျော်လိုက်
ဝမ်းနည်းတဲ့အခါ ၀မ်းနည်းလိုက်နဲ့..ဖြတ်သန်းခဲ့ရတဲ့ အဆောင်နေ့ညများနဲ့
သူငယ်ချင်းများကို
နောင်ဘယ်တော့ဖြစ်ဖြစ်သတိရနေတော့မှာပါ။
ညနေရောက်ရင်...ကိုယ့်စိတ်ကူးနဲ့ကို
လုပ်ချင်တာကို လုပ်နေတတ်ကြတဲ့ အဆောင်နေ သူငယ်ချင်းများ..
တစ်ချို့က ဂစ်တာတီးကြတယ်။တစ်ချို့က ပြင်ဆင်ပြီး.. ဟိုနားဒီနား
အလေလိုက်ကြတယ်။ တစ်ချို့က လမ်းမှာဖြတ်သွားတဲ့ကောင်မလေးတွေကို
လှမ်း စ နောက်ကြတယ်။ တစ်ချို့ကတော့ စာအုပ်ဖတ်နေကြတယ်။
လက်ဖက်ရည်ဆိုင်ဆိုပြီး...ထွက်သွား..ဗျစ်ရည်ဆိုင်ရောက်တဲ့သူက ရောက်။
ရုပ်ရှင်ရုံဆိုပြီးထွက်သွား...ပန်းခြံရောက်တဲ့သူကရောက်။..
အိမ်က ပို့လိုက်တဲ့ပိုက်ဆံ ပြတ်လို့ လိုက်ချေးနေတဲ့သူက ချေး။
ဘောလုံးပွဲနိုင်လို့...အောင်ပွဲခံနေတဲ့သူက ခံ။အဆောင်ထဲကို ကြည့်ဦးမလား..
ကြိုးတန်းပေါ်မှာ...အင်္ကျီ တွေ..ဘောင်းဘီတွေ..တိုးလို့တွဲလဲ။ပြုတ်ကျတဲ့
အ၀တ်တွေက ပြုတ်ကျ။ စာတွေရေးထားတာကလည်း.အခန်းနံရံတွေ..မှာပွထ လို့...
ဘာအဓိပ္ပါယ်မှန်းမသိတဲ့ စာတွေ...ဟိုတက်ဖြတ်ဒီတစ်ဖြတ်။
ခေါင်းအုံးတွေ ရယ်။ဖွင့်ပြီး..ပြန်မပိတ်ထားတဲ့
ရေးလက်စ ...ဒိုင်ယာရီတွေလည်းရှိရဲ့။
ရည်းစားစာ တစ်ဝက်တစ်ပျက်တွေရယ်။ ..အမှတ်တရ ဆိုပြီး အပြန်အလှန် ပေးထားခဲ့
ကြတဲ့....လက်လက်လက်လက်...ပလက်စတစ်ရောင်စုံ အိတ်လေးတွေ..ဂျက်ဖာ အစုတ်
လေးတွေ..ဘီဒို ပေါ်က...ဖုန်တွေ တက်စ ပြုနေတဲ့...ဓါတ်ပုံလေးတွေ..ရယ်။
အခန်းမရှင်းရသေးလို့ ပေတေရှုပ်ပွနေတဲ့ အမျိုးအမည် မခွဲနိုင်တော့တဲ့
အမှိုက်တွေရယ်။
ကျွန်တော်...ပြန်စဉ်းစားကြည့်ရင် ရင်ထဲမှာ လွမ်းမော မိပါတယ်။။။
ဘ၀တူတွေကို ခံစားချက်တွေမျှဝေ မိပါတယ်။နေဦး ခင်ဗျ...
စာရေးနေတုန်း ဟိုဖက်ခန်းက ငနဲက သီချင်းကို အကျယ်ကြီးဖွင့်ထားလို့
သွားရန်ဖြစ်လိုက်ဦးမယ်။ စာကို ဆက်ရေးလို့ မရဘူး..နောက်မှ ဆက်ရေးတော့မယ်
ဗျို့...
**သုရှင်*

No comments:
Post a Comment