ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 31, 2012

>
-ကျမနှင့် လပြည့်ည-

ဝိုင်းစက်နေသော လပြည့်ဝန်းကို ငေးကြည့်နေရင်း ဆွဲငင်အားကောင်းကောင်းနှင့် ညှို့ငင် ဆွဲယူလိုက်သည့် ဆွဲအားတခုနောက်သို့ လိုက်ပါသွားမိလျက်သား ဖြစ်နေပေသည်။ ထိုဆွဲငင်အားက ကျမ၏ မြည်ဟီး တမ်းတသံတွေကို ခေါ်ဆောင်သွားသတဲ့လား။ ကျမပြောချင်သည့် ရင်ထဲကအသံ၊ ကျမကြားချင်သည့် စကားလုံးတွေကို ဆွဲငင်သယ်ဆောင် ပေးနိုင်မှာတဲ့လား။ သည်လိုဆိုလျှင်တော့ ကျမအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ တန်ဖိုးရှိတဲ့ လပြည့်ညတခု ဖြစ်မှာအမှန်ပေါ့။ တကယ်တော့ လပြည့်ဝန်းကြီးကို တရှိုက်မက်မက် ငေးမော မကြည့်မိသည်မှာ အချိန်ကာလအားဖြင့် အတော်ပင် ကြာမြင့်နေပေပြီ။ ယနေ့လို လပြည့်ညတညမှာပေါ့။ ကျမအလုပ်လုပ်သော အလုပ်တွင် အရေးကြီးအလုပ်တချို့ကြောင့် ညဘက်တွင်ပါ အလုပ်လုပ်ပြီး အိပ်ရမည့် အခြေအနေ ဖြစ်လာပေသည်။ ကျမမှာ လုပ်ရမည့် လုပ်ဖေါ်ကိုင်ဖက်များ ရှိနေသော်လည်း သူ့ကို အထူးတလည် အနားတွင် ရှိနေစေချင်သည်မှာ ကျမ၏ စိတ်ဓါတ် ပျော့ညံ့မှုကြောင့်လား။ အားငယ်တတ်မှုတခု ကျမစိတ်တွင် ကိန်းအောင်းနေခဲ့ပြီလား။ သူတပါးကို အားကိုးချင်သောစိတ်များ ပေါက်ဖွားလာခဲ့ပြီလား၊ ဆိုသည့် အတွေးများ ထင်ဟပ်လာခဲ့ပါသည်။ သေချာ ရေရာသော အဖြေတခုကိုဖြင့် ကျမနှလုံးသားထဲတွင် နက်ရှိုင်းစွာ စုတ်ချက်ရေးဆွဲမိခဲ့လေပြီ။ သူ့ကိုကျမက “ဒီည အလုပ်များလို့ ရုံးမှာ အိပ်ရတော့မယ်၊ အဲဒါ ညဘက်စောင့်ပေးပါလားလို့” အားကိုးတကြီးပြောတော့ သူကလည်း “စောင့်ပေးမှာပေါ့တဲ့” ကျမ တဒင်္ဂ ငေးငိုင်သွားမိတယ်၊ ကျမလုပ်ရပ်က ဟုတ်ပါရဲ့လား၊ အဝေးမှာ ရှိနေသောသူကို စောင့်ပေးဆိုခြင်းမှာ ဘယ်ကဲ့သို့သော အကြောင်းကြောင့်ပါလဲ။ “သူသာစောင့်နေမယ်ဆိုတဲ့ အသိတခုက ကျမရင်ထဲထိ တိုးဝင်စူးနစ်သွားခဲ့ပါတယ်” ဟုတ်သည်။ သူရှိနေသည်ဟု စိတ်ထဲတွေးကြည့်ရုံနှင့် ကြောက်စိတ်များ လွင့်စင်ပပျောက် သွားခဲ့ပြီး အားအင်အပြည့် ဖြစ်ခဲ့လေသည်။ သူ့၏စကားသံကပင်လျှင် ကျမအတွက် အားကိုးရာတခု ဖြစ်ခဲ့လေသည်။ သူပေးပို့သော စာလေး တကြောင်းကပင် ကျမအတွက် အားထားရာတခု ဖြစ်ခဲ့လေသည်။ လူချင်းမနီးသော်လည်း စိတ်ချင်းဖြင့်ပင် အသံနှင့် ဆက်သွယ်လျက် သူ၏ အားပေးမှုများကြားတွင် ကျမ နွေးထွေးစွာ အရည်ပျော်ခဲ့ရပေသည်။ ကျမ အလုပ်လုပ်နေရင်း သူရှိနေသည်ဆိုသည့် ယုံကြည်မှုတခုထဲနှင့် ကျမအလုပ်တွင် ခွန်အားအပြည့်နှင့် လုပ်နိုင်ခဲ့လေသည်။ ညတညလုံးနီးပါး အရေးကြီးသည့် အလုပ်ကို လုပ်နေသည့်ကြားမှပင် သူ အိပ်ပျော်နေပြီလား၊ ကျမအတွက် အိပ်ရေးပျက်သွားခဲ့ပြီလား၊ ဆိုသည်က အတွေးထဲ ပေါ်လာသောအခါ သူ့ကိုဒုက္ခ ပေးခဲ့မိလေပြီဟု ကျမကိုယ်ကျမ မှားမှန်းသိခဲ့ပါသည်။ သို့သော်လည်း သူအိပ်သွားမှာကိုပင် ကြောက်မိနေပါသည်။ သူအိပ်သွားလျှင်ပင် ကျမနှင့် အဝေးဆုံး ရောက်သွားတော့မလိုထိအောင် ဖြစ်ခဲ့ပါသည်။ သည်လောက်ထိ ကျမစိတ်ကို ဖမ်းယူနိုင်ခဲ့သည်မှာ ဘာကြောင့်လဲဟု ကျမ ရှက်ရွံ့စွာ မေးခွန်းထုတ်ခဲ့ဖူးပါသည်။ ကျမအလုပ်ရှုပ်နေရင်း သူ့ဆီသို့ စာတိုလေးများ ပို့ပေးနေခဲ့ပါသည်။ သူလည်း ကျမကြောင့် အိပ်ရေးပျက်ခဲ့ရပြီပဲ။ ကျမရဲ့ အားပေးနှစ်သိမ့်သံလေးက သူ့အတွက် အဓိပ္ပါယ် ရှိသော စကားသံလေးတခု ဖြစ်စေချင်ခဲ့ပါသည်။ ယခင်နေ့ရက်များကကဲ့သို့ စကားမပြောနိုင်သော်လည်း ကျမဘေးနားတွင် သူရှိနေသည်ဆိုသည့် စိတ်ခွန်အားတခုထဲနှင့် အရာရာကို လုပ်နိုင်စွမ်း ရှိခဲ့လေသည်။ ကျမက “ အိပ်ချင်ပြီလား၊ အိပ်တော့လေ” လို့ ဆိုတော့ သူ့အသံက အိပ်ချင်နေပေမယ့် မအိပ်ချင်သေးကြောင်း ဆိုတော့ ကျမတယောက် ကျိတ်ပြီး ဝမ်းသာနေခဲ့ပါသည်။ သူလည်း နောက်တနေ့ အလုပ်လုပ်ရမှာ ဖြစ်သောကြောင့် သူ့ကို အိပ်ရန် ကျမပြောတော့ ကျမအတွက် စိတ်မချစွာ ဖြစ်ခဲ့သည်ကိုလည်း ကျမမမေ့ပါ။ သူက “ ကောင်းပြီ၊ ဒါဆို အိပ်တော့မယ်၊ မနက်ကျမှ ပြန်တွေ့ကြတာပေါ့တဲ့” ဆုတောင်းလေ့ မရှိတတ်သော ကျမသည် “အိပ်မက်လှလှမက်ပါစေ” လို့ သူ့ကို ဆုတောင်းပေးလိုက်ပါသည်။ “ကျေးဇူးတင်ပါတယ်” လို့ ပြောချင်ပေမယ့် သူမကြိုက်မှာစိုးသည့်အတွက် စိတ်ထဲမှပင် ကျေးဇူးတင်ခဲ့ပါသည်။ သူအိပ်သွားပြီဟု သိလိုက်သည့်အချိန်လေးအတွင်းမှာပဲ ကျမစိတ်များ မထင်မှတ်စွာ ယိုင်နဲ့သွားခဲ့လေသည်။ ကျမ၏စိတ်သည် သူရှိနေသည့်ဆိုသည့် စိတ်တခုထဲနှင့် လုပ်နိုင်စွမ်းအားများ ရရှိလာခဲ့သည်ကို သိရပြီး သူမရှိတော့ဘူးဟု သိလိုက်ရပြန်သောအခါ စိတ်စွမ်းအားများ လျော့ကျသွားသည်ကိုပါ သိရှိလိုက်ရပေသည်။ စိတ်သည် အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်ကိုး။
ကျမနှင့် အလုပ်လုပ်သည့် လုပ်ဖေါ်ကိုင်ဖက် ညီမလေးက “မမ၊ ခနအိပ်လိုက်ရအောင်၊ မနက်စောစော ဧည့်သည်တချို့နဲ့ တွေ့ရအုံးမယ်လေ” ဟုဆိုလာသောအခါ “အင်း အိပ်မယ်လေ ညီမလေး” ဟု ချိနဲ့နဲ့ ပြန်ဖြေလိုက်ပြီး နာရီကို ကြည့်လိုက်သောအခါ မနက် လေးနာရီထိုးဖို့ ဆယ်မိနစ်ပဲလိုတော့သည်ကို တွေ့လိုက်ရသည့် အခိုက် မနက် အလုပ်ဆင်းရမည့် သူ့အတွက် အလုပ် လုပ်နိုင်ပါ့မလားဟု စိုးရိမ်သွားခဲ့မိပါသည်။ “အင်း အိပ်လိုက်တာ ကောင်းပါတယ်၊ တော်ကြာ ဧည့်သည့်နဲ့တွေ့ရင် အိပ်ငိုက်နေအုံးမယ်လို့” ကျမ ပြုံး၍ ပြောလိုက်ပြီး ထိုညီမလေးကို မလုံမလဲ ကြည့်လိုက်မိပါသည်။ အိပ်ယာထက်တွင် နောက်တနေ့ လုပ်ရမည့် အလုပ်များကို တွေးတောရင်း အလုပ်များသည့် အတွက် သေချာ မကြည့်လိုက်ရသည့် လပြည့်ဝန်းကြီးကို တမ်းတ လွမ်းဆွတ်နေမိပါသည်။ ဒီနေ့လည်း ထိုကဲ့သို့ လပြည့်ညလေးတည ကုန်ဆုံးသွားခဲ့ပြန်ပြီ။။။

 ရေးသားသူ သဒ္ဓါလှိုင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)