ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 29, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**ဟောလိဝုဒ်၌အောင်မြင်မှုအရှိဆုံး ရုပ်ရှင်မင်းသမီး ခရစ္စတင်းစတီးဝပ်**
(လော့စ်အိန်ဂျလိစ်၊ မေ ၂၇)
 ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ခရစ္စတင်းစတီးဝပ်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မေ ၁၆ ရက်မှ မေ ၂၇ရက် အထိ ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ခရစ္စတင်းစတီးဝပ်ဟာ ဟောလိဝုဒ်မှာ အောင်မြင်မှုအရှိဆုံး လူငယ်ရုပ်ရှင်မင်းသမီးတစ်ဦးလည်းဖြစ်တာမို့ ကိန်းစ်ရုပ်ရှင် ပွဲတော်မှာ ပရိသတ် အများအပြားက စိတ်ဝင်စားခြင်းခံရတဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ လောလောဆယ်မှာ One the Road အမည်ရှိတဲ့ ရုပ်ရှင်ကားရိုက်ကူးနေပြီး အဲဒီဇာတ်ကားကို ပူးတွဲထုတ်လုပ်သူအဖြစ် လုပ်ကိုင် နေသူလည်းဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ နာမည်ကြီးနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ ခရစ္စတင်းစတီးဝပ်ဟာ Snow White and the Huntman ဇာတ်ကားမှာလည်း ပါဝင်သရုပ် ဆောင်ခဲ့သူဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ မေ ၃၁ ရက်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ အရင်ဇာတ်ကားတွေထဲကလို သရုပ်ဆောင်မှုတွေနဲ့ လုံးဝကွဲပြားခြားနားတာတွေ တွေ့ရမှာဖြစ် လို့ ခရစ္စတင်းစတီးဝပ်က ပြောကြားနေပါတယ်။ (အင်တာနက်)

**ဟွတ်ဒါဖီးလ်အသင်း ရှက်ဖီးလ်အသင်းအား ပယ်နယ်တီဖြင့်နိုင်ပြီး ဖလားဆွတ်ခူး**
(လန်ဒန်၊ မေ ၂၇)
အင်္ဂလန် ပထမတန်းကလပ်များဖြစ်သည့် ဟွတ်ဒါဖီးလ်အသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ သည် မေ ၂၆ ရက်ညက League one Play-Off ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ဟွတ်ဒါဖီးလ်အ သင်းက ပယ်နယ်တီ ရှစ်ဂိုး-ခုနစ်ဂိုးဖြင့်နိုင်ပြီး ဖလားဆွတ်ခူးသွားခဲ့သည်။ ဟွတ်ဒါဖီးလ်နှင့် ရှက်ဖီးလ်တို့ သည် ပုံမှန်ပွဲကစားချိန်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးမသွင်းနိုင်ဘဲ သရေပွဲ ဖြစ်နေသည်။ ဟွတ်ဒါဖီးလ် ဂိုးသမားအဲလက်စမစ်တီးက ပုံမှန်ချိန်တွင် ပယ်နယ်တီဘော အပိုင်ကန် သွင်းမှုများကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။ ရှက်ဖီးလ်အသင်းသည် ပယ်နယ်တီ ရသော်လည်း ဂိုးမ သွင်းနိုင်သဖြင့် ဂိုးရမည့်အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ဟွတ်ဒါဖီးလ်အသင်းသည် ပုံမှန် ကစားချိန်တွင် ဂိုးသွင်းခွင့် အခွင့်အလမ်းများရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ဟွတ်ဒါဖီး လ်နှင့် ရှက်ဖီးလ်အသင်းတို့သည် ပုံမှန်ကစားချိန်နှင့် အချိန်ပိုတို့တွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင် ခဲ့ကြသဖြင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းမှာ ဟွတ်ဒါဖီးလ်က ပယ်နယ်တီရှစ်ဂိုး - ခုနှစ်ဂိုးဖြင့်နိုင် ပြီး ဖလားဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)

**ရုပ်ရှင်မင်းသမီးနိုက်လေ စေ့စပ်ပြီ**
(လော့စ်အိန်ဂျလိစ်၊ မေ ၂၇)
ကမ္ဘာကျော်ရုပ်ရှင်ကားဖြစ်တဲ့ Pirates of the Caribbean မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး ကိုင်ရာနိုက်လေဟာ သူမရဲ့ ယောက်ျားလေးမိတ်ဆွေ ဂျိမ်းရစ်တန်နဲ့ တရားဝင်စေ့စပ်စပ်လိုက်ပြီ ဖြစ် ကြောင်း မေ ၂၆ ရက်က အင်တာနက်တွင် သတင်းဖော်ပြထားပါတယ်။ အသက် ၂၇ နှစ်အရွယ်သာရှိ သေးတဲ့ ရုပ်ရှင်မင်းသမီးနိုက်လေဟာ တေးဂီတသမား ဂျိမ်းရစ်တန်နဲ့ တစ်နှစ်ကျော်ကြာတွဲခဲ့ပြီးနောက် အခုလို စေ့စပ်လိုက်တာပဲဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးနိုက်လေဟာ ၂၀၀၅ ခုနှစ်က Prid Prejudice ဇာတ်ကားနဲ့ အော်စကာဆုအတွက် အမည်စာရင်းရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသ မီးနိုက်လေနဲ့ဂီတသမားဂျိမ်းရစ်တန်တို့ဟာ ဘယ်နေ့လက်ထပ်မလဲဆိုတာ တိတိကျကျထုတ်ဖော်ပြော ကြားခြင်းမရှိပေမယ့် မကြာမီအချိန်မှာဖြစ်မယ်လို့ ရုပ်ရှင်မင်းသမီးနိုက်လေက ပြောကြားခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ ကြီးကျယ်စွာမလုပ်တော့ဘဲ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ပဲ ကျင်းပမယ်လို့ ဆိုပါတယ်။ (အင်တာနက်)

**ပီရူးတိုက်စစ်မှူး ပီဇာရိုအား ဘိုင်ယန်မြူးနစ် ပြန်လည်ခေါ်ယူစာချုပ်**
(ဘာလင်၊ မေ ၂၇)
မိမိတို့သည် တိုက်စစ်မှူး ပီဇာရိုအား စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့သဖြင့် ၀မ်းသာမိကြောင်း၊ ဘိုင်ယန်မြူး နစ်အသင်း အောင်မြင်မှုများဆက်တိုက်ရရှိရေးအတွက်ကူညီပေးမယ်ဟု ယုံကြည်ကြောင်း ဘိုင်ယန်မြူး နစ်အသင်းမှ အားကစားဒါရိုက်တာတစ်ဦးဖြစ်သူ နာလင်ဂါက ပြောကြားသည်။ ဘိုင်ယန်မြူးနစ်အသင်း တွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကစားပေးခဲ့ဖူးပြီး ၁၇၄ပွဲကစားခဲ့ရာ ၇၁ ဂိုးအထိ သွင်းယူပေးနိုင် ခဲ့သူဖြစ်သည်။ ယခုအခါ ဘိုင်ယန်မြူးနစ်အသင်းသို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိကစားခြင်းပင်ဖြစ် သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်၌ ဘွန်ဒက်စ်ဘီဂါဖလားနှင့် ဂျာမန်ဖလားများကို လက် လွတ်ဆုံးရှုံးခဲ့ရသည်။ ထို့အတူ ချန်ပီယံလိဂ်ဖလားကိုလည်း ချယ်လ်ဆီးတို့က ရယူသွားသဖြင့် ရလဒ် မကောင်းခဲ့ရာမှ တိုက်စစ်မှူး ပီဇာရိုအား ပြန်လည်ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မောင်မောင်မြင့်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)