ထိုင်းမြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် မဲဆောက်မြို့ အခြေစိုက်အလုပ်သမားရေးရာ အဖွဲ့အစည်းတွေကို မဲဆောက်(တာ့ခ်ခရိုင်) အလုပ်သမားကာကွယ်ရေးရုံးက ဦးစီးအရာရှိ မဲ့တာက အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးဥပဒေ (ဘီအီး-2518/1975) ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်လုပ်အားခ(ဘတ်၃၀၀) သတ်မှတ်ပေးလိုက်တာကြောင့် ထိုင်း-မြန်မာနယ်စပ်တာ့(ခ်)ခရိုင် ၊မဲဆောက်မြို့မှာ စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဆက်ခါ ဆက်ခါ ပေါ်ပေါက်လက်ရှိတာမို့ ချဉ်းကပ်ပုံ အကြံဉာဏ်ပေးပုံ၊ ဆက်သွယ်ဆောင်ရွက်ပုံတွေကို အသေးစိတ်ရှင်းပြခဲ့တာဖြစ်ပါတယ်။
*(မဲဆောက်(တာ့ခ်ခရိုင်)အလုပ်သမားကာကွယ်ရေးရုံးဦးစီးအရာရှိနဲ့စကားပြန်၊)*
ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေကထိုင်းနိုင်ငံကိုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး မြန်မာရွှေ့ပြောင်းအလုပ်
သမားတွေကို ထိုင်းနိုင်ငံမှာနေရင် ထိုင်းရပ်ရွာ စည်းကမ်းနဲ့အညီ နေထိုင်ဖို့ မှာကြားခဲ့တာမို့ ဦးစီးအရာရှိက များစွာနှစ်သက်ပါကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။
*(ဘီအီး-2518/1975 ဥပဒေကို အကြိတ်အနယ် ဆွေးနွေးနေကြစဉ်)*
**သောင်ရင်းနဂါး**
-အလုပ်ရှင် အလုပ်သမားဆက်ဆံရေးဥပဒေအကြောင်း မဲဆောက် (တာ့ခ်ခရိုင်) ထိုင်းအလုပ် သမားရုံးက မဲဆောက်အခြေစိုက်စီဘီအိုများအားဆွေးနွေး-
ထိုင်းမြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင် မဲဆောက်မြို့ အခြေစိုက်အလုပ်သမားရေးရာ အဖွဲ့အစည်းတွေကို မဲဆောက်(တာ့ခ်ခရိုင်) အလုပ်သမားကာကွယ်ရေးရုံးက ဦးစီးအရာရှိ မဲ့တာက အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးဥပဒေ (ဘီအီး-2518/1975) ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ်လုပ်အားခ(ဘတ်၃၀၀) သတ်မှတ်ပေးလိုက်တာကြောင့် ထိုင်း-မြန်မာနယ်စပ်တာ့(ခ်)ခရိုင် ၊မဲဆောက်မြို့မှာ စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြမှုတွေ ဆက်ခါ ဆက်ခါ ပေါ်ပေါက်လက်ရှိတာမို့ ချဉ်းကပ်ပုံ အကြံဉာဏ်ပေးပုံ၊ ဆက်သွယ်ဆောင်ရွက်ပုံတွေကို အသေးစိတ်ရှင်းပြခဲ့တာဖြစ်ပါတယ်။
*(မဲဆောက်(တာ့ခ်ခရိုင်)အလုပ်သမားကာကွယ်ရေးရုံးဦးစီးအရာရှိနဲ့စကားပြန်၊)*
ဒါ့အပြင် ပြီးခဲ့တဲ့ရက်တွေကထိုင်းနိုင်ငံကိုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး မြန်မာရွှေ့ပြောင်းအလုပ်
သမားတွေကို ထိုင်းနိုင်ငံမှာနေရင် ထိုင်းရပ်ရွာ စည်းကမ်းနဲ့အညီ နေထိုင်ဖို့ မှာကြားခဲ့တာမို့ ဦးစီးအရာရှိက များစွာနှစ်သက်ပါကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။
*(ဘီအီး-2518/1975 ဥပဒေကို အကြိတ်အနယ် ဆွေးနွေးနေကြစဉ်)*
**သောင်ရင်းနဂါး**
No comments:
Post a Comment