-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ရှာရာပိုဗာအနိုင်ရပြီး နောက်တစ်ဆင့်တက်လှမ်း**
(ပါရီ၊ မေ ၃၀)ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ မေ ၃၀ ရက်က ဆက်လက်ကျင်းပရာ အမျိုး သမီးတစ်ဦးချင်း ပထမအဆင့်ပွဲစဉ်တွင် မာရီယာရှာရာပိုဗာက ကာဒန်တူကို အနိုင်ရရှိပြီး နောက်တစ် ဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် ရိုမေးနီးယားတင်းနစ်မယ် ကာဒန်တူအား ၆-၀၊ ၆-၀၊ ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မိမိသည် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ၌ အောင်မြင်မှုရရှိအောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပွဲအပြီး၌ ရှာရာပိုဗာက ပြောကြားသည်။ (အင်တာနက်)
**ကမ္ဘာ့အဈေးအကြီးဆုံး ဟမ်ဘာဂါ** (နယူးယောက်၊ မေ ၃၀)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ရှိသောစားသောက်ဆိုင်တစ်ဆိုင်တွင် ရောင်းချလိုက်ရှိသည့် ဟမ်ဘာဂါတစ်လုံးမှာ အမေရိကန်ဒေါ်လာ ၂၉၅ ဒေါ်လာဖြစ်ရာကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဟမ်ဘာ ဂါအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြခံရသည်။ ၄င်းဟမ်ဘာဂါကို ဆီရန်ဒီပီတီ-၃ အမည်ရှိ စားသောက် ဆိုင်တွင် ရောင်းချနေခြင်းဖြစ်ပြီး အသီးအရွက်နှင့် အသားများကို နိုင်ငံစုံမှမှာယူကာ သန့်ရှင်းဘေးကင်း စွာပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါ ဟမ်ဘာဂါတွင် ထည့်ထားသောအသားမှာ ဂျပန်နိုင်ငံမှဖြစ်ပြီး ထောပတ်နှင့်ကြက်ဥများမှာ ပြင်သစ်နိုင်ငံမှဖြစ်သည်။ တစ်ဖန် ဂျုံနှင့် အခြားဆက်စပ်ပစ္စည်းများမှာ အမေရိကန်နိုင်ငံမှဖြစ်သည်။ ရွှေနားကွပ်ထားသော ကြွေပန်းကန်အဖြူပေါ်တွင် အသားပြားအပြည့် ထည့်ထားသည့် ဟမ်ဘာဂါ၏အရသာသည် ပေးရသောငွေကြေးပမာဏနှင့် ညီမျှစေရမည်ဖြစ်ကြောင်း ၄င်းစားသောက်ဆိုင်ပိုင်ရှင်က ပြောကြားသည်။ ယခင်က ဂင်းနက်စ်မှတ်တမ်းတင်ထားသော ဟမ်ဘာ ဂါ တစ်ခု၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၀ သာဖြစ်ရာ ယခုဘမ်ဘာဂါမှာ ဈေးအကြီးဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ ဖော်ပြခံရသည်။ (အင်တာနက်)
**ကမ္ဘာကျော်အဆိုတော် ဘီယွန်ဆေး ဘီအီးတီ ဂီတဆု ခြောက်ဆုမျှော်မှန်း** (တန်နက်ဆီ၊ မေ ၃၀)
ကမ္ဘာကျော်ရက်(ပ်) အဆိုတော် ကန်ရီဝက်စ်ဟာ ဘီအီးတီ (BET) လို့ခေါ်တဲ့ တေးဂီတဆုခုနစ်ဆု ဆွတ်ခူးနိုင်မှာလို့ ပဏာမစာရင်းထွက်ပေါ်လာပါတယ်။ အဆိုတော် ကန်ရီဝက်စ်နဲ့ အပြိုင်အမျိုးသမီး အဆိုတော်ဘီယွန်ဆေးကလည်း ဘီအီးတီ တေးဂီတဆု ခြောက်ဆုဆွတ်ခူးမယ်လို့ စာရင်းတွေထွက် ပေါ်လာပါတယ်။ ဘီယွန်ဆေးရဲ့ ခင်ပွန်းအဆိုတော် ဂျေးဇက်ကတော့ ဒီဆုပေးပွဲမှာ ဆုငါးဆု ဆွတ်ခူး နိုင်မယ်လို့ ရေပန်းစားနေပါတယ်။ အဆိုတော်တေးဂီတ ပဏာမစာရင်းများကို နယူးယောက်မြို့မှာကြေ ညာခဲ့ပြီးဖြစ်ပါတယ်။ ဒီတေးဂီတဆုပေးပွဲကို လာမယ့် ဇူလိုင် ၁ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့ ရှရင်း အော်တိုရီးယန်းခန်းမကြီးမှာ အဆိုတော် ဆင်မြူရယ်အယ်လ်ဂျက်ဆင်က ဦးစီးကျင်းပမှာဖြစ်ပါတယ်။ အဆိုတော် ဘီင်္ယွန်ဆေးဟာ ဒီဆုပေးပွဲမှာ အမျိုးသမီးအကောင်းဆုံး အဆိုတော်ဆုနဲ့ Best Collaboration ဆု ဆွတ်ခူးနိုင်မယ်လို့ ကြားသိရပါတယ်။ (အင်တာနက်)
**အမေရိကန်အိုင်ဒေါလ်သီချင်ဆိုပြိုင်ပွဲ အဆိုတော် ဖီးလ်လစ် ဖီးလ်လစ် ဗိုလ်စွဲ**
(လော့စ်အိန်ဂျလိစ်၊ မေ ၃၀) ဒီနှစ်အတွက် အမေရိကန်အိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲမှာ ဂစ်တာသမားလေးအဆိုတော် ဖီးလ်လစ် ဖီးလ် လစ်က အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အဆိုတော် ဖီးလစ်က ဂျော် ဂျီယာပြည်နယ် လီဘတ်စ်မြို့မှ သာမန်ဈေးဆိုင်အလုပ်သမားဘ၀မှ အဆိုတော်ဖြစ်လာသူဖြစ်ပါတယ်။ သူဟာဝါသနာကိုအရင်းခံပြီး ဂီတကိုအပတ်ကကုတ်ကြိုးစားခဲ့ရာမှ ဂီတလောကမှာအောင်မြင်တဲ့အဆို တော် ဖြစ်လာခဲ့ပါတယ်။ ယခုသူရဲ့ ကြိုးစားအားထုတ်မှုတွေက အမေရိကန်နိုင်ငံမှာ အတော်ဆုံး အ ကောင်းဆုံးအဆိုတော်ရယ်လို့ အသိအမှတ်ပြုရတဲ့ အမေရိကန်အိုင်ဒေါလ်သီချင်းဆိုပြိုင်ပွဲမှာ ထိုက် ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါပြီ။ အဆိုတော်ဖီးလ်လစ်နဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းက အသက် ၁၆ နှစ်သာရှိသေးတဲ့အဆိုတော်လေး ဂျက်ဆီကာဆန်ချက်တို့ဟာနောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာအမေရိကန်ရုပ်မြင်သံကြား ကြည့်ရှုသူပရိသတ်အများဆုံးဖြစ်ပါတယ်။ နောက် ဆုံးဗိုလ်လုပွဲမှာ ကြည့်ရှုသူ ၁၃၂ သန်းအထိရှိခဲ့ပါတယ်။ ဒီစံချိန်ဟာ အမေရိကန်အိုင်ဒေါလ်သမိုင်းမှာ ပရိသတ်အများဆုံးစံချိန်ဖြစ်ပါတယ်။ (အင်တာနက်)
**ဆွီဒင်အဆိုတော် လိုရင်းယူရိုဗစ်ရှင်းသီချင်းပြိုင်ပွဲဆုရ**
စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment