ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 8, 2012

>
-စိုးရိမ်တတ်သူ- 

လူရယ်လို့ဖြစ်လာရင် စိုးရိမ်စိတ် မရှိတဲ့သူဆိုတာ မရှိသလောက်ပါဘဲ။ စိုးရိမ်သောက မဖြစ်ဘူးတဲ့သူဆိုလို့ ကျွန်မ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ကျွန်မတို့ မိန်းကလေးတွေဟာလဲ တော်တော်များများ ကိစ္စတွေမှာ စိုးရိမ်စိတ်နဲ့ စိတ်ပူတတ်ကြတယ်။ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ မိန်းကလေးတွေထက် စိုးရိမ်တတ်၊ စိတ်ပူတတ်လွန်းတဲ့ ယောကျာ်းလေးတွေလဲ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ တွေ့ဘူးတယ်။ ယောကျာ်းလေးတွေ စိုးရိမ်ပူပန်လွန်းရင်တော့ ဘေးက ကြည့်ရသူက စိတ်မသက်မသာ ပိုဖြစ်ရတယ်နော်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စ၊ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊ ချစ်သူနဲ့ပတ်သက်တဲ့ကိစ္စ.. အို… စိုးရိမ်စိတ်တွေနဲ့ ပူပန်နေမိကြတာ။ အချင်းချင်းတွေ့ရင်လဲ ” အမလေးဟယ်.. ဒီလောက်ကိစ္စများ စိုးရိမ်မနေနဲ့ အချိန်တန် အဆင်ပြေသွားမယ် ” လို့သာ ကိုယ်က အားပေးလိုက်ရတာ။ ကိုယ်သာ သူ့နေရာဆို သူ့ထက်တောင် ပိုပြီး စိတ်ပူမိနေဦးမလားမသိ။ တချို့တွေကြတော့လည်း သူတို့ အားပေးသံလေးများ ကြားလိုက်ရလို့ စိတ်ပူတာ သက်သာရာရမလား မှတ်တယ် “နင် စိုးရိမ်မယ်ဆိုရင်လဲ စိုးရိမ်လောက်တယ်… အခြေအနေက အတော့်ကို မလွယ်တဲ့အခြေအနေပါလားဟေ” ဆိုတာမျိုးနဲ့ အရောက်ပို့ပေးကြတယ်။ ကျွန်မကိုယ်တိုင်လည်း တကယ် စိုးရိမ်စိတ်တွေနဲ့ စိတ်ပူလွန်းတဲ့သူ ဖြစ်ခဲ့ဘူးတယ်။ ဥပမာ… မွေးနေ့ပွဲ၊ မင်္ဂလာဆောင်တစ်ခုသွားဖို့။ ခရီးတစ်ခု ထွက်ဖို့။ ဒါမှမဟုတ် အလုပ်ခွင်မှာ နိုင်ငံခြားသားဧည့်သည်တွေ လာတော့မယ် ဆိုတာမျိုးဆိုရင်၊ မွေးနေ့ပွဲတွေ လာမယ့်ဧည့်သည်တွေက ဘယ်နေမှန်း မသိသေးဘူး၊ ကျွန်မရဲ့စိုးရိမ်စိတ်တွေက လွန်ကဲနေပြီ။ ဘယ်ကိစ္စမဆို မလုပ်ရင်အရှင်း၊ လုပ်ရင် သပ်သပ်ရပ်ရပ်နဲ့ ပီပီပြင်ပြင်လုပ်ချင်တဲ့ စိတ်ကြောင့် စိုးရိမ်ပူပန်စိတ်တွေရဲ့ ဖိစီးမှုတွေနဲ့ မကြာခဏ နှစ်ပါးသွားရတယ်။ မွေးနေ့ပွဲဆိုလဲ ငါဘာလေး လက်ဆောင်ပေးရင် ကောင်းမလဲ။ ဘယ်လို သွားရမလဲ။ ဘာဝတ်သွားရင် တင့်တယ်မလဲ။ မနက်ဖြန် မွေးနေ့ပွဲ မြန်မြန်ရောက်ဖို့ ဒီညစောစော အိပ်မှနဲ့ပေါ့…. :) နဲ့ တွေးပူပန်နေမိတာ။ ခရီးထွက်မယ်ဆိုရင်လဲ လိုအပ်မယ့် ပစ္စည်းစာရင်းတွေ မှတ်၊ ၀ယ်ရမှာတွေ၊ ယူသွားရမှာတွေ အသေးစိတ်ပြင်ဆင်နဲ့၊ ကျွန်မရုံးက ညီမလေး တစ်ယောက်ရဲ့ စကားယူသုံးရရင် စိုးရိမ်စိတ်တွေက ယန္တယားခတ်နေပြီ။ အလုပ်ကို နိုင်ငံခြားဧည့်သည် လာတော့မယ်ဆိုရင်လည်း စိုးရိမ်စိတ်တွေနဲ့ ထောင့်စေ့အောင် ပြင်ဆင်နေမိပြီ။ ဒါတွေကို ကြိုတင်ပြင်ဆင်တယ်လို့ ယူဆလို့ ရပေမယ့် တကယ်က စိုးရိမ်ပူပန်စိတ်တွေက ပိုကြီးစိုးနေတာ။ အွန်လိုင်းမှာ ပို့စ်တစ်ပုဒ် တင်တော့မယ်ဆိုရင်လဲ တင်နေတုန်း ကွန်နက်ရှင်များ ကျသွားလေမလား၊ မီးများ ပျက်သွားလေမလားဆို ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ပူပန်နေရပြီ။ ကဲ…ကြည့်.. အရာရာမှာ စိုးရိမ်ပူပန်နေမိတာများ…။ တကယ်တော့ စိုးရိမ်စိတ်ပူတာဟာ ဘာမှ သုံးလို့ မရတာထက် ပိုဆိုးတယ်။ စိတ်ပူတော့ ပထမက ဘာများဖြစ်မလဲ၊ ဟုတ်ပါ့မလား။ မရတော့ဘူး ထင်တယ်စတဲ့ အနှုတ်လက္ခဏာ ပြနေတာတွေကိုဘဲ စဉ်းစားနေမိတယ်။ ဒုတိယက အဲ့ဒီလို စဉ်းစားနေမိတော့ ကျန်းမာရေးအတွက် မကောင်းတော့ဘူးပါ့။ စိတ်ပူတော့ စိတ်လှုပ်ရှားမယ်၊ နှလုံးခုန်နှုန်းတွေ တက်လာမယ်။ ညဘက်တွေ တောင်စဉ် ရေမရတွေးပြီး အိပ်မပျော်နိုင်တော့၊ မနက်ဆို မူးဝေပြီး စိတ်တွေက မကြည်လင်တော့ဘူး။ စိုးရိမ်လွန်းတာ၊ စိတ်ပူလွန်းတာဟာ အရွယ်ကို မြန်မြန်အိုမင်းစေတယ်။ ဆံပင်တွေကို အချိန်မတိုင်မှီ ဖြူစေတယ်။ တတိယက စိုးရိမ်စိတ်ကြောင့် မိမိကိုယ်ကို ယုံကြည်မှုလည်း အနည်းနဲအများ လျှော့သွားနိုင်တယ်။
ဒါဆိုရင် စိုးရိမ်စိတ်ပူစရာတွေကို ဘာလုပ်သင့်သလဲ။ ဟုတ်ပြီ… ကျွန်မတို့ စိုးရိမ်စရာတွေ စိတ်ပူစရာတွေကို ရက်ရွှေ့လိုက်ကြရအောင်။ ပထမဦးဆုံး လုပ်စရာရှိတာတွေကို အရင်လုပ်။ ပြီးရင် စိုးရိမ်စိတ်ပူစရာတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြရအောင်။ ဒါဟာ ဘ၀မှာ အကျိုး ရှိအောင်နေတတ်တဲ့ သူတွေရဲ့ နည်းပဲတဲ့။ စိတ်ပူချင်လာပြီဆိုရင် ပထမဦးဆုံး ကိုယ့်ဟာကိုယ် အရင်မေးခွန်းထုတ်ကြည့်လိုက်..။ ” အခု စက္ကန့်ပိုင်းမှာအရေးကြီးတဲ့ ပြဿနာကဘာလဲ ” အဲ့ဒါဆို ဘာကိုတွေ့ရမလဲ သိလား၊ အသက်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေမျိုးကလွဲလို့ ကိုယ့်မှာ ဘာပြဿနာမှ မရှိတော့ဘူးဆိုတာတွေ့ လာရလိမ့်မယ်။ ဟုတ်ပါတယ်။ ဒုက္ခ သုက္ခတွေ ဖြစ်တတ်ပါတယ်။ နေထိုင်မကောင်း ဖျားနာတာလဲ ဖြစ်နိုင်တာဘဲ။ ငွေကြေး အခက်အခဲလဲ ကြုံတွေ့နိုင်တာဘဲ။ ဒါ ကျွန်မတို့ လူသားတွေ မလွှဲမသွေ ရင်ဆိုင်နေရ တာတွေဘဲလေ။ ရှောင်လွှဲလို့မှ မရတာနော်။ ဒါပေမယ့် ဒီအခက်အခဲတွေကြားမှာ တုန်လှုပ် ခြောက်ခြားနေတဲ့ ယုန်တစ်ကောင်လို ဖြစ်နေဖို့ အကြောင်းမရှိဘူး။ အခက်အခဲဆိုတာတွေက မဖြစ်ခင်ကသာ စိုးရိမ်ကြောင့်ကြ ပူပန်နေရတာ။ နင်လားငါလား တကယ် ထိပ်တိုက်တွေ့ ကြုံလာရင် လူရဲ့ သဘာဝအရ အလိုလိုကို ရှောင်လွှဲမရဘဲ အချိန်ပိုင်းလေးအတွင်းမှာဘဲ တစ်ခုပြီးတစ်ခု ဖြေရှင်းမိလျှက်သား ဖြစ်သွားရတာပဲ။ ပြီးမှ သြော်… တော်သေးလို့၊ ငါ့မှာဖြင့် ပူလိုက်ရတာ။ အဆင်ပြေသွားသားပဲနဲ့ ကိုယ့်ဟာကို ဒီစိတ်ပူနေတာကြီးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်လိုက်တာ မသိဘဲ ဖြစ်နေတတ်တယ်။ တကယ်တော့ ရှေ့မှာ ဘာဖြစ်မလဲဆိုပြီး ကိုယ့်စိတ်က ကြိုတင်တွေးပြီး ပူနေတာကသာ ကိုယ့်ကို ဒုက္ခပေးတာပါ။ ဒီတော့ ကျွန်မတို့ ပစ္စုပ္ပန်မှာပဲ နေကြရအောင်။ ဒီနေ့အတွက် ကိုယ်လုပ်နိုင်တာတွေကို လုပ်ကြမယ်။ ပူပင်စရာတွေ ခေါင်းထဲက ထုတ်ပစ်လိုက်ကြမယ်။ ကျွန်မကိုယ်တိုင်လဲ စိုးရိမ်စိတ်တွေများခဲ့တယ်၊ စိတ်တွေ ပူပန်တတ်ခဲ့တယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်လိုက်တော့ ကိုယ့်ကိုယ်ကို ဒီနေ့အထိ အသက်ရှင်နေလို့ မရတဲ့ အဖြစ်အပျက်မျိုးရှိခဲ့လား..? ဟင့်အင်း… မရှိခဲ့ပါဘူး။ မသိလိုက်ပဲနဲ့သာ ပူပန်နေသမျှ ကိစ္စတွေက ဖြေရှင်းနိုင်မိလျှက်သား ဖြစ်နေတာလေ။ ဒီတော့ အခုအချိန်မှာ တစ်ယောက်ယောက်ကသာ မြသွေးနီ စိတ်မပူတတ်ဘူးလားလို့ ကျွန်မကို မေးလာကြည့်။ “စိတ်ပူချင်တာပေါ့…၊ စိုးရိမ်ချင်တာပေါ့ ဒါပေမယ့် စိတ်ပူစရာ၊ စိုးရိမ်စရာက ထပ်ကို မကြုံသေးတာ” လို့ ခေါင်းမော့ပြီးကို ဖြေပစ်လိုက်ဦးမှာ။

 Andrew Matthews ရဲ့ Follow Your Heart မှ စာတစ်ပုဒ်ကို ဖတ်ပြီး မြသွေးနီ ဖြည့်စွက်ရေးသည်။ ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။ 

 ** မြသွေးနီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)