ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 11, 2012

>
...ဆန္ဒများရဲ့  နောက်ကွယ်...
အိမ်ထောင်မှု့ ပြုတာရယ်.. ဘုရားတည်တာရယ်... ဆေးမှင်ရည် စုပ်ထိုးတာက ပြင်လို့ မရတဲ့ အရာသုံးမျိုးလို့ ရှေးလူကြီးတွေ ဆိုခဲ့ဖူးသည်။ အချစ်ဆိုတာ ကိုးကွယ်သင့်တဲ့ အရာလား လို့ နေရီ အငြင်းမပွားချင်တော့။ အခုအချိန်မှ နေရီမှာ ပြင်ဆင်ဖို့ ခွန်အားလည်း မရှိတော့။ နေရီ ရူးရူးမိုက်မိုက် တိုးဝင်ခဲ့တဲ့ အချစ်တစ်ခု၊ အိမ်ထောင်မှု့ အောက်မှာပဲ ပူလောင်မှု့ကို အကြီးအကျယ်ခံစားနေရလေပြီ။ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို ငြင်းဆန်ချင်ပေမယ့် လက်မခံလို့ မရ။ သမီးလေးနှစ်ယောက်ရဲ့ ရှေ့ရေးကို တွေးမိတော့ နေရီ ရှိသမျှမာနတွေလည်း ပျော်ကျနေသွားတော့သည်။ ရင်မှ ဖြစ်သော သွေးကို တွေးမိတော့မှ နေရီ့အတွက် ပူပန်နေသည့် အမေ့မျက်နှာကို ပြေးမြင်မိတော့သည်။ သြော် အဲဒီအချိန်တုန်းက အမေများ ငါ့အတွက် ဘယ်လောက် ပူပန်ရှာလေမလဲလို့ ငါ တွေးမိဖို့ ကောင်းတယ်ဟုလည်း နေရီနောင်တ ရမိပြန်သည်။ ........................................................................................................... "မိုက်လိုက်တဲ့ သမီး၊ အခုတော့ ဘယ်လို လုပ်ကြမလဲ နင့်အဖေသိများသိရင် သူ့ကိုယ်သူ သတ်သေလိမ့်မယ် နင်သိရဲ့ လား အမိုက်မရဲ့ " နေရီကို ဒေါသနဲ့ ရိုက်လည်း ရိုက်၊ ငိုလည်း ငိုနေသော အမေက မောလွန်းလို့ ထင့်။ ခြေပစ်လက်ပစ် စိတ်ပျက်စွာ ထိုင်ပြီး ရီဝေစွာ အဝေးကို ကြည့်နေတော့သည်။ သို့သော် အမေ့မျက်လုံးထဲတွင်တော့ ဘာမှ မြင်နေလိမ့်မည် မဟုတ်ဟု နေရီ ယုံကြည်နေမိပါသည်။ အမေ သိသည်မှာ လက်မထပ်ရသေးဘဲ ကိုယ်လေးလက်ဝန် ရှိနှင့်နေသော နေရီ အဖြစ်ကိုသာ သိပေလိမ့်မည်။ နေရီ့ရင်ထဲမှာတော့ ထိုထက်ကြီးသော အပူမီးက တဟုန်းဟုန်း တောက်လောင်နေပေပြီ။ နေရီ့  ချစ်သူ နိုင်လွင်ကလည်း ရန်ကုန်မှာ မရှိ။ တောင်ငူမှ ကျောင်းလာတက်သော သူငယ်ချင်းတစ်ယောက် အပြန်တွင် လိုက်လည်ဦးမည်ဆိုသည်။ အခု နိုင်လွင်က တောင်ငူကို ရောက်နေပြီ။ နေရီ့  တွင် သူ့ရဲ့  ရင်သွေးလေး လွယ်ထားသည်ကိုပင် နိုင်လွင် သိဦးမည်မဟုတ်။ ဒီနေ့လည်း သူငယ်ချင်း ဖြစ်သူက "နိုင်လွင် တောင်ငူက ကောင်မလေးတစ်ယောက်နဲ့ ငြိနေပြီ၊ နင် ကြည့်ထိန်းဦး" ဟု ဖုန်းဆက်ရင်း သတိပေးစကား ပြောလာတာကြောင့် နေရီ သွေးပျက်မတတ်ဖြစ်ရပြန်သည်။ ဒီကိစ္စ အမေ သိ၍ မဖြစ်။ နေရီ လိုက်သွားမှ ဖြစ်မည် ဟု အမေ့ တားနေသည့်ကြားကပင် နေရီ လိုက်သွားမိသည်။ နေရီ့  အဖြစ်ကို ဖွင့်ပြောပြီး သူ့ကို တာဝန်ယူခိုင်းရမည်။ ဒီကိစ္စသာ သိရင်တော့ ထိုကောင်မလေးနှင့်လည်း အဆက်အသွယ်ပြတ်ကောင်းပါရဲ့  လေ ဟုသာ နေရီ စိတ်မောစွာ တွေးနေမိတော့သည်။ တက္ကသိုလ် ပထမနှစ်အပြီးတွင်ပင် လက်ထပ်လိုက်သော သူတို့ နှစ်ဦးကို အတွင်းသိ အကြောင်းသိမဟုတ်သော သူငယ်ချင်းများက အားကျကြသည်။ အားလုံးရဲ့  ချီးမွမ်းစကားအောက်မှာပင် နေရီ မနေတတ်၊ မထိုင်တတ်။ တကယ်တော့ အရှက်တကွဲ အကျိုးနည်း မဖြစ်အောင်သာ မနည်းဖုံးဖိ လုပ်ကြရသည်။ လက်ထပ်တဲ့ အချိန်မှာပင် ကိုယ်ဝန်က သုံးလဖြစ်နေပြီ။ အဖေကတော့ ဘာမှကို မသိလိုက်။ အင်း (၇)လနှင့်သာ ကလေးမွေးရင်တော့ အဖေလည်း သိတော့မှာပဲ ဟု နေရီ စဉ်းစားမိသည်။ အဲဒီ အချိန်ကျရင် အဖေလည်း အမေ ဘာကြောင့် နေရီကို အလောတကြီး လက်ထပ်စေချင်လည်း ဆိုတာ နားလည်နိုင်လိမ့်မည်။ ထိုအချိန်ကျလျှင်တော့ အဖေ နေရီ့  ကို ခွင့်လွှတ်တန်ကောင်းပါရဲ့ ။ အခုအချိန်မှာတော့ အရာရာကို ဟန်ဆောင် အားတင်းကာ ရင်ဆိုင်နေရသော အမေ့ကိုသာ နေရီသနားမိသည်။ အားလည်း နာမိသည်မှာ အမှန်။ မင်္ဂလာဆောင် အပြီးမှာ ပြဿနာတွေ အားလုံး အေးသွားပြီ ဟု ယုံကြည်ထားသော နေရီ အထင်နှင့် တလွဲ စီ ဖြစ်ခဲ့ရပြန်သည်။ တစ်ဦးတည်းသော သားလေးကို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင် မကျစေချင်သော နိုင်လွင့်မိဘများရဲ့  သဘောထားက တင်းမာ ပြတ်သားလွန်းနေသည်။ မင်္ဂလာဆောင် စားရိတ်ကို အကုန်အကျအရင်ခံထားလိုက်ပါ၊ ပြီးမှ သူတို့ အားလုံးပြေလည်အောင် ဖန်တီးပေးပါ့မယ်ဟု ကတိစကားကြောင့်သာ နေရီတို့ မင်္ဂလာပွဲ လုပ်ခဲ့တာပဲ ဖြစ်သည်။ အခုတော့ သူတို့လည်း အဆင်မပြေဟုဆိုတဲ့ အကြောင်းပြချက်ဖြင့် ခေါင်းရှောင်လေပြီ။ အမေကတော့ အဖေ မသိအောင် ဖုံးဖိ။ မင်္ဂလာဆောင် စားရိတ်က လက်ဖွဲ့က ရသောငွေနှင့် မကာမိ။ ထပ်တောင် စိုက်ရပေဦးမည်။ နေရီတို့မိသားစုကလည်း ပိုပိုလျှံလျှံ စုဆောင်းမိသည်ဟူ၍ မရှိ။ နိုင်လွင်တို့ မိသားစုကတော့ နေရီတို့ထက်တောင် အခြေအနေပိုဆိုးဦးမည်။ ထိုသို့ ဆိုလျှင် ဘာကြောင့် မင်္ဂလာဆောင်ကို တာဝန်ယူပါမည်ဟု ၀န်ခံကတိစကား ပြောခဲ့သလဲ။ နေရီစဉ်းစားတိုင်း ဒေါသထွက်ရသည်။ အကျိုးဆက်ကတော့ ထို မင်္ဂလာဆောင် အကြွေးတွေကို အလုပ်မရှိသော သားမက်နှင့် သမီးအစား အမေက အဖေ မသိအောင် တာဝန်ယူဖြေရှင်းရပေဦးမည်။ နေရီ အမှားကို သိပေမယ့် လောလောဆယ် အခြေအနေအရ ဘာကိုမှ မဖြေရှင်းတတ်။ အမေကတော့ အဖေနှင့် သူ့သားမက်မရှိသည့် အချိန်တွင်တော့ နေရီကို မြည်တွန်တောက်တီးတတ်သည်။ သားမက်ဖြစ်သူ သမီးအပေါ် မေတ္တာပျက်မည် စိုးသဖြင့် သားမက်ရှေ့မှာတောင် အပြစ်တင် စကား မပြော။ မိဘဆိုတာ တောင်းစုတ် ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိသည်။ သားသမီးကိုတော့ ပစ်ရိုးထုံးစံမရှိဆိုတဲ့ အတိုင်း နေရီတို့ကို ပြုစုစောင့်ရှောက်မြဲ။ "မေရီရယ် ဘာလို့ မိုက်ချင်တာလဲ။ အရက်သမားကိုများ ယူဦးမယ်။ နင် ဦးနှောက်မှ ရှိသေးရဲလား" အမေ့ မြည်တွန်တောက်တီးသံကို နေရီ့  အမ မေရီက ခေါင်းငုံလျက် "သမီး သူ့ကို ပြုပြင်လို့ ရမှာပါ" ဟုသာ ခပ်တိုးတိုးဆိုသည်။ နေရီလည်း သဘောမတူပေမယ့် အမ ဖြစ်သူကို မပြောသာ။ ကိုယ်က သူ့ထက် မိုက်လုံးကြီးထားသည်မဟုတ်လား။ သမီးနှစ်ယောက်သာ ရှိသော အမေသည် ထိုသမီးနှစ်ယောက်အတွက် စိတ်မချမ်းသာရပေ။ "အဲဒါက မရခင် ပြောတဲ့ ဆင်ခြေပါအေ။ မွေးထားတဲ့ မိဘကတောင် ပြုပြင်လို့ မရတာကို။ ညည်းက ဘာမို့လို့ သူ့ကို ပြင်လို့ ရမှာတုန်း" အမေ စကားက မထိရောက်မှန်း အမေသိပါသည်။ အမ မေရီ က လာရောက်တောင်းရမ်းမည့်နေ့ကို အမေ့ကို အသိပေးခြင်း သက်သက်။ အမေမှ တဆင့် အဖေ့ကို ခွင့်တောင်းရန်သာ ဖြစ်သည်။ အမေကတော့ သက်ပြင်းချလို့ နေရီ တုန်းကလောက် မမိုက်ဟု တွေးနေမည်လား ဒါမှ မဟုတ် နေရီရဲ့  အတွေ့အကြုံက ပြင်းထန်လွန်း၍ အမ မေရီ အလှည့်တွင် ခံနိုင်ရည်ရှိနေပြီလား မပြောတတ်။ အမေ့ဆီမှ အသံတွေ ဆိတ်ငြိမ်လို့ နေသည်။ သို့သော် အမ မေရီအလှည့်တွင် ခမ်းခမ်းနားနား မင်္ဂလာဆောင်ယူခြင်းဖြစ်၍ အဖေနှင့် အမေက ၀င့်ကြွားဟန်ရှိခဲ့သည်။ အထူးသဖြင့် အမေ။ နေရီတုန်းကတော့ အမေ ဖတ်ဖတ်မောအောင် စိတ်ရော ကိုယ်ရော နွမ်းခဲ့သည်ကိုး။ အမ မေရီကတော့ သူ့ယောကျာင်္းဖြစ်သူ အိမ်သို့ လိုက်ပါနေရတာကြောင့် အမေ ၀မ်းနည်းရပြန်သည်။ သို့သော် အမေ ထင်သည့်အတိုင်းပင် သုံးလလောက်ပင် မကြာလိုက်။ မေရီ ယောကျာင်္းက ထုံးစံအတိုင်း အရက်တွေ ပြန်သောက်နေပြီ။ အိမ်ထောင်ဦးစီးတာဝန်လစ်ဟင်းသော ယောကျာင်္းကိုယ်စား မေရီက အလုပ်ထွက်လုပ်ရသည်။ မေရီက စီးပွားရှာ။ ယောကျာင်္းဖြစ်သူက အရက်သောက်ရင်း အိမ်မှာပင် အိမ်ထောင်မှု့ကိစ္စအားလုံး ထိန်း။ ခေတ်က ပြောင်းပြန် လို့ ဆိုရမလား။ မေရီတို့ လင်မယားကတော့ ပြောင်းပြန်ဖြစ်နေတာ အမှန်။ မေရီ လက်ထပ်သည့်နှစ်မှာပင် အဖေ ဦးနှောက်သွေးကြောပြတ်တာကြောင့် ရုတ်တရက် ကွယ်လွန်ပြန်သည်။ အဖေ့ ဝင်ငွေပေါ်တွင်သာ တည်မှီနေသော နေရီတို့ မိသားစုအခြေအနေ ယိမ်းယိုင်သည်မှာ ပြောဖွယ်မရှိ။ ဒါကြောင့်လည်း နေရီရော၊ နိုင်လွင်ရော ဘွဲ့ရသည့်နှစ်မှာပင် နိုင်လွင့်ကို နိုင်ငံခြားသို့ လွှတ်ရန် စီစဉ်ရသည်။ သာမာန်ဘွဲ့ရတစ်ယောက် ဝင်ငွေဖြင့် ဘယ်လိုမှ မရပ်တည်နိုင်၍သာ ထိုသို့စီစဉ်ရခြင်းရယ်။ တကယ်ဆိုရင် နေရီတို့ တတ်နိုင်၍ မဟုတ်။ အဖေထားခဲ့သည့် မိသားစုပိုင် အိမ်လေးကိုပင် ပေါင်နှံကာ အားလုံးရှေ့ရေးအတွက် စီစဉ်ရသည်။ မိသားစုတွေလည်း မကွဲကွာစေချင်၊ နိုင်လွင်ကလည်း နဂိုကပင် စိတ်ချစရာ မရှိ။ မျက်စိအောက်မှာ ရှိနေသည့် အချိန်မှာပင် နိုင်လွင့်ဇာတ်လမ်းတွေကြောင့် အမေ မသိအောင် လင်မယားနှစ်ယောက် ကျိတ်ကျိတ်နှင့် ရန်ဖြစ်ရသည့်အကြိမ်ကလည်း မနည်းတော့။ ဒါပေမယ့် အခုလို အခြေအနေမျိုးမှာတော့ နိုင်လွင် သိတတ်ပြီး မိသားစုကိုသာ ငဲ့ကြည့်လိမ့်မည်ဟုသာ နေရီ မျှော်လင့်စွာ ဆုတောင်းနေရုံမှ တပါး မတတ်နိုင်တော့။
မျှော်လင့် မထားပေမယ့် တွေးနေမိသည့်အတိုင်း နိုင်လွင့်ခြေလှမ်းတွေ ပျက်လာသည်။ အိမ်ဂရမ်လေး ပြန်ရွေးပြီးရုံ ရှိသေး။ နိုင်လွင်ကတော့ ထုံးစံမပျက် ဗွေဖောက်လာပြန်သည်။ နိုင်လွင်က အကြောင်းပြချက်မျိုးစုံနှင့် ငွေကို လောက်ငအောင် မပို့နိုင်တော့။ ဆွေမျိုးတွေဆီမှ တစ်ဖက်တစ်လှည့် ဆွဲကာ နေရီလည်း အထည်လေးတွေ ယူကာ ရောင်းရသည်။ ကြားနေတဲ့ သတင်းစကားတွေ အတွက် နေရီ ဘယ်လိုပင် ဖုံးဖိစေကာမူ တစ်ယောက်စကား တစ်ယောက်နားမှ အမေလည်း သိတော့သည်။ အမေကတော့ ကောင်းသည်ဆိုးသည် မပြောတော့။ "မြေးနှစ်ယောက်ကို ငါ ထိန်းပါ့မယ်၊ ညည်းယောကျာင်္းကို ဒီအတိုင်းလွှတ်ထားလို့ မဖြစ်ပါဘူးအေ။ ညည်းသာ လိုက်သွားပါတော့" ။ အမေ ပြောသည့်အတိုင်းသာ နေရီ လိုက်သွားဖို့ ပြင်ဆင်ရပေပြီ။ "မင်း ငါ့ကောင်မလေးကို ဘာလို့ ဖုန်းဆက်တာလဲ" လက်ရှိပေါင်းသင်းနေသော ဇနီးမယားတစ်ယောက်ကို ယောကျာင်္းဖြစ်သူက မေးလိုက်တဲ့ စကား။ မေးရက်လိုက်တာ။ ပြောထွက်လိုက်တာ ဟုသာ နေရီ ရင်နာစွာ စဉ်းစားမိသည်။ "ငါ ဖုန်းဆက်တာ မဟုတ်ဘူး .. " ဒီဖြေရှင်းချက်ကို ဘာလို့ နေရီ ပြောခဲ့ရပါသနည်း။ တကယ်ဆို နေရီ ဖြေရှင်းစရာ မလို။ အိမ်ထောင်ရေးဖောက်ပြန်သော ယောကျာင်္းတစ်ယောက်က အပြစ်မရှိသည့် ဇနီးမယားကိုတော့ ရှက်ရွံ့အားနာသင့်သည်မလား။ တကယ်လည်း နေရီ ဖုန်းဆက်ခြင်းမဟုတ်ခဲ့။ ကလေးနှစ်ယောက် ဖွံ့ဖြိုးပြီးပြီ ဖြစ်သော နေရီတို့ အိမ်ထောင်ရေးမှာ မဖြစ်သင့်တာ မဖြစ်ရအောင်ဆိုပြီး နေရီ သူငယ်ချင်းမလေးက နိုင်လွင်နှင့် ငြိစွန်းနေတဲ့ ကောင်မလေးကို ဖုန်းဆက်ခဲ့ခြင်းသာ ဖြစ်သည်။ "သူ ဖုန်းဆက်ရင် မင်း ရှင်းပြပေးပါ၊ ငါတို့က ကွဲသွားတာ ကြာပြီလို့" အစ မကောင်းခဲ့တဲ့ နေရီတို့ အိမ်ထောင်ရေး။ နိုင်လွင့်ပါးစပ်မှ ထွက်ကျလာသော တောင်းပန်တိုးလျှိုးခြင်းလည်း မဟုတ်တဲ့၊ အမိန့်ပေးခြင်းတစွန်းတစ ပါဝင်နေသော တောင်းဆိုချက်စကားတွေက နားမှာ ခါးသီးလာသည်။ တချိန်က နေရီကိုယ်တိုင် မြတ်နိုးခဲ့သော မျက်နှာသည် အခုတော့ နာကြည်းမှု့များစွာနှင့် ကြည့်ချင်စိတ်ပင် မရှိတော့။ ချစ်ခြင်းမေတ္တာဆိုသည်မှာ ကာမရမ္မက်ဆန္ဒမီးတွေကြားမှာ ပျောက်ပျက်သွားတတ်လေသလား ဆိုတာတော့ နေရီ မသိ။ ကလေးတွေ ရှိသေးသည်ဆိုသော အကြောင်းပြချက်နှင့် နိုင်လွင်ကတော့ ကွာရှင်းပြတ်စဲဖို့ သဘောမတူ။ သို့သော် နိုင်လွင် အနားမှာ ရှိနေခြင်းကပင် နေရီ့ရင်ကို နာကျင်စေလွန်းလှပါသည်။ အမေ့မျက်ရည်ကျအောင် လုပ်မိသော သမီး စိတ်မချမ်းသာဖြစ်နေရသည်မှာလည်း မဆန်းဟု နေရီ တွေးမိရင်း အမေ့ကိုသာ ရှိခိုးတောင်းပန်နေမိသည်။ "မင်း အလုပ်ရရင် မင်း အိမ်ရှာပြီး နေတော့၊ ဒါမှ မင်းမကြိုက်တဲ့ ငါ့စရိုက်တွေကိုလည်း မင်းမမြင်ရမှာ၊ နှစ်ယောက်လုံးလည်း သိက္ခာကျတယ်" အသက်ငယ်ငယ်နှင့် အိမ်ထောင်ပြုမိတာ မိုက်မဲတာဟု အကြိမ်ကြိမ် ပြောဆိုနေသော နိုင်လွင်။ ရုန်းကြွလာသော မာနတရားကြောင့် နေရီကျောခိုင်းလိုက်ချင်ပေမယ့် သမီးနှစ်ယောက်ရဲ့  မျက်နှာကိုသာ ပြေးမြင်မိသည်။ နေ့တစ်နေ့ရဲ့  နေလုံးကြီးက ရဲရဲတောက်နေသလို ဒေါသ အရှိန်ကြောင့် တစ်မျိုး၊ ထိန်းမရ ချုပ်မရအောင် ငိုထားတာကြောင့် နေရီ့  မျက်ဝန်းတွေလည်း နေလုံးနှင့် အပြိုင်ပင် ရဲရဲနီကာ မို့မောက်နေသည်။ ကိုယ့်ကျင့်တရားစောင့်စည်းမှု့ မရှိသော သူက သိက္ခာကို စကားထဲ ထည့် ပြောနေတာကတော့ ရယ်စရာကောင်းလွန်းလှသည်။ နေရီ့ ယောကျာင်္းဒီလောက် အရှက်မဲ့ကြောင်းကို နေရီ ဘယ်သူ့ကို ရင်ဖွင့်ရမည်နည်း။ နိုင်လွင့် စိတ်ခံစားမှု့တစ်ခုတည်းနဲ့ပဲ နေရီတို့ အိမ်ထောင်ရေး၊ ကလေးတွေရဲ့  အနာဂတ်၊ နောက်ပြီး နိုင်လွင် လိမ်ညာစွာ ငြိစွန်းထားသော တခြားမိန်းမပျိုလေးဘဝ။ ဟုတ်သည်။ နေရီ လူယုတ်မာတစ်ယောက်ကို လက်ထပ်မိပါလား လို့ ခါးခါးသီးသီးစဉ်းစားနေမိသည်။ စဉ်းစားရင်းနဲ့ပင် တချို့ဘတ်စကားပေါ်မှာ ရေးထားသော "ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ"ဟူသော စာသားကိုသာ ပြေးမြင်နေမိရင်း အချစ်တစ်ခုဟာ အချိန်ဘယ်လောက်ကြာရင် ကုန်ဆုံးသွားပြီလဲဆိုတဲ့ မေးခွန်းကိုသာ နေရီ မေးချင်နေမိတော့သည်။ 

Posted by zue zue

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)