-ဘ၀အမောပြေ-
အ၀တ်အစားနွမ်းပါးစွာပတ်ဆင်ထားသော အမျိုးသားတစ်ဦးက ရှေ့နေတစ်ဦးထံသို့ ရောက်ရှိ လာလေသည်။
ရှေ့နေ = ထိုင်ပါ…ဘာကိစ္စများကူညီပေးရမလဲ။.
အမျိုးသား = ကျနော်အမှုအပ်ချင်လို့ပါ။
ရှေ့နေ = သြော်…ဘာအမှုများလဲ။
အမျိုးသား = ခိုးမှုပါဆရာ။
ရှေ့နေ = သြော်…သြော် ဒါနဲ့..အမှုလိုက်ခငွေကြေးရောပေးနိုင်ရဲ့လား။
အမျိုးသား = ငွေတော့မရှိပါဘူး…ကျနော့်မှာ မြင်းတစ်ကောင်တော့ရှိပါတယ်။
ရှေ့နေ = ဒါဆိုလည်း…ခင်ဗျားရဲ့ မြင်းရောင်းပြီးတော့ ပေးပေါ့ဗျာ။
အမျိုးသား = ဟုတ်ကဲ့ပါဆရာ။
ရှေ့နေ = ဒါဆိုရင်ပြော…ခင်ဗျားက ဘာခိုးမှုလဲ။
အမျိုးသား = အဲဒီ..မြင်းကိုခိုးထားလို့ပါ။
ရှေ့နေ = “ဟေ”
အာကာဟိန်းရေးသားသည်။

No comments:
Post a Comment