-ထွေလီ ထွေလာ အရပ်တကာ-
**နောက်မှ ဆုံမယ်**
မြတ်ဟိန်းကျော် ။ ။ ''သားမစောင့်နိုင်တော့ဘူးအမေရာ...ဗိုက်ဆာလှပြီ'' အမေ ။ ။ ''ဟဲ့...ဟင်းမှမကျက်သေးတာ'' မတ်ဟိန်းကျော် ။ ။ ''ထမင်းချည်းပဲစားမယ်အမေရာ၊ ဟင်းကျက်တော့မှ ဟင်းချည်းပဲထပ်စားလိုက်မယ်'' အမေ ။ ။ ''ကြံကြံဖန်ဖန်သားရယ်...ထမင်းနဲ့ဟင်းသတ်သတ် ခွဲစားရတယ်လို့'' ထိုအခါ မြတ်ဟိန်းကျော်က အောက်ပါအတိုင်းပြောချလိုက်ရာ အမေ့မျက်နှာ ပြုံးဖြီးဖြီးဖြစ်သွားရလေတော့သည်။
မြတ်ဟိန်းကျော် ။ ။ ''ထမင်းနဲ့ဟင်း ဗိုက်ထဲမှာသွားဆုံကြမှာပေါ့အမေရာ''
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment