-ပုဒ်မ ၅၀၅(ခ) . . သို့ရည်ညွှန်းချက် (သို့) ဆူပူလှုံ့ဆော်ရေးသမားရဲ့ ဈာပန-
လူတိုင်း အစား ၀၀ စားရေး လူတိုင်း နေစရာအိမ် ရရေး
လူတိုင်း သားသမီးတွေကို ကျကျနန မွေးကျွေးရေး
လူတိုင်း လုပ်အားခ အပြည့်ရရေး
ပြီးတော့ မင်းလို ငါလို လူဆင်းရဲချင်း
အုပ်သင်းမကွဲ စည်းရုံးရေးနဲ့ ဝေဖန်တွေးခေါ်ရေး လိုချင်တယ်တဲ့။
ဟောသည်ခေါင်းထဲက လူဟာ ကုန်စည်ထုတ်လုပ်မှု
ကူးသန်းရောင်းဝယ်မှူ အသွင်သစ်တရပ်ကို တောင်းဆိုတယ်
မင်းလို ငါလို လူအများက အဲဒီတော့ ခေါင်းဆောင်စီမံရမယ်တဲ့
ဒီလိုမလုပ်ရင် ဒို့ နောက်ဆို ခွေးလောက်မှ ကောင်းမှာ မဟုတ်တော့ဘဲကိုး။
"ခေါင်း" ထဲကလူဟာ အဲဒါအဲဒါတွေ ပြောလို့ ခုလိုဘဲ
"ခေါင်း" ထဲမှာ သတ်အထဲ့ ခံရတယ် လူတွေလှုပ်ရှားဆူပူအောင်လှုံ့ဆော်ခဲ့တာကြောင့် မြေမြှုပ်ခံရတော့မယ်။
လူတိုင်း အစား ၀၀စားရေး အော်သူ ဘသူမဆို
လူတိုင်း အိမ်နဲ့ နေရအောင် အော်သူ ဘသူမဆို
လူတိုင်းလုပ်အားခ အပြည့်ရရေး အော်သူ ဘသူမဆို
လူတိုင်းသားသမီး ကျကျနန မွေးကျွေးရေး အော်သူ ဘသူမဆို
ဒီလိုဘဲ ခံရမှာဘဲ။
ဝေဖန်တွေးခေါ်သူတိုင်း အဖိနှိပ်ခံ အနှိမ်ခံတွေနဲ့ လက်တွဲသူဆိုရင် အခုရော နောင်အနာဂတ်ပါ ဟောသည် လူလို အသတ်ခံရမယ်
ခေါင်းထဲ အထဲ့ ခံရမယ်
ဆူပူလှုံ့ ဆော်ရေးသမားအဖြစ် မြေမြှုပ်သင်္ဂြိုဟ်ခံရမယ် ဆိုပါလားဟေ့။
(မူရင်း သတ်ပုံအတိုင်း) ဗားတော့ဗရက် ၏ “အနာဂတ်အတွက် ကဗျာ” (တင်မောင်အေး)၊ စာမျက်နှာ
(၃၄) Posted By Blogger လူဗိုလ်

No comments:
Post a Comment