ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 14, 2012

>
-မယားငယ်တုံးပိတဲ့ အသံ-
ကျွန်တော်မှာ ဝါသနာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ သီချင်းဆိုတာ။ အသံကောင်းလား ဆိုတော့ ခုခေတ်အဆိုတော်တွေနဲ့ နင်လား၊ငါလားပဲ လို့ပြောရမှာပေါ့။ ကိုယ်ဆိုတဲ့ သီချင်း ကိုယ့်အသံကို ကိုယ်ပြန်ကြားတော့ စိတ်ချမ်းသာနေလိုက်တာ။ ခုပဲ စီးရီးထုတ်လို့ အောင်မြင်တော့ မယ့်အတိုင်း။ အော်အော်ဆိုနေလိုက်ရတာလည်း အမောပေါ့။ ကျွန်တော်အသံကို သဘောကျလွန်းလို့နဲ့ တူပါတယ်။ တစ်နေ့တော့ ကျွန်တော်အမေက ကျွန်တော်ကို ချီးကျူးလိုက်ပါတော့တယ်။ " သားရယ် နင့်အသံကလည်း မယားငယ် တုံးပိတဲ့ အသံ " တဲ့လေ။ ဟုတ်နေပြီပေါ့။ ကိုယ့်အမေတောင် မနေနိုင်ပဲ ကျွန်တော်အသံကို ပြောနေမှာတော့ အရပ်ကကြားအောင်ကို ဆိုအုံးမယ်ဆိုပြီး အော်ဆိုနေလိုက်ပါတော့တယ်။ " မယားငယ်တုံးပိတဲ့ အသံ " ဆိုတာကို ကျွန်တော် မသိခဲ့ရိုး အမှန်ပါ။ အမေချီးကျူးပြီနောက်ပိုင်း ကျွန်တော် သီချင်းတွေ တော်တော်များများကို အလွတ်ရအောင် ကျတ်မှတ်သီဆိုနေပါတော့တယ်။ ဘဝပေးအခြေအနေကြောင့် လွမ်းရေးထက် ဝမ်းရေးအဆင်ပြေဖို့ ကျွန်တော် စင်ကာပူကိုရောက်လာခဲ့တယ်။ ကိုယ်ကိုတိုင် သီချင်းဆိုရတာ ဝါသနာပါသလို သူတစ်ပါး သီဆိုနေရင်လည်း နားထောင်ဝေဖန်ဖို့ စိတ်ဝင်စားတက်တဲ့ ကျွန်တော်အတွက် စင်ကာပူရောက်ပြီးမှ အမေရိကန်အိုင်ဒေါလ် တီဗွီအစီအစဉ်လေးကို ကြည့်ဖြစ်ခဲ့ပြန်တယ်။ ကျွန်တော်အလွန်နှစ်သက်တဲ့ တီဗွီ အစီအစဉ်လေး တစ်ခုပါပဲ။ ၂၀၁၁ အိုင်ဒေါလ် အစီအစဉ်လေးအစမှာတော့ အဆိုဝါသနာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် တစ်နယ်ပြီးတစ်နယ် ရွေးချယ်နေတဲ့ အချိန်ကို ကြည့်နေရတဲ့ အချိန်ပေါ့။ အချို့ဆိုလည်း တော်တော်လေး အသံကောင်းကြတယ်။ တစ်ချို့လည်း အသံကောင်းကြပင်မဲ့ အရွေးမခံကြရဘူး။ ဘာကြောင့်မှန်း ကျွန်တော်နားမလည်ခဲ့ဘူး။ တစ်နေ့ ကျွန်တော် အိုင်ဒေါလ်အစီအစဉ် ကြည့်နေတုန်း ဝင်ပြိုင်သူတစ်ယောက်ရဲ့ အသံကိုနားထောင်နေတဲ့ ဒိုင်သုံးယောက်မှာ တစ်ယောက်က မျက်လုံးကြီးပြူးလို့ ၊ နောက်တစ်ယောက်ကတော့ နားကိုပိတ်လို့ ၊ နောက်တစ်ယောက်ကတော့ သဘောကျလွန်းလို့ အစွမ်းကုန် ရယ်နေပါတော့တယ်။ ကြည့်နေတဲ့ ကျွန်တော်လည်း သဘောကျလို့ ရယ်နေမိပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်ကြည့်နေတဲ့ အခန်းထဲကို အတူနေ သူငယ်ချင်းရောက်လာပြီး ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်မှာ ဆက်ပြီး ရယ်ရမှာလား ၊ ရပ်လိုက်ရမှာလား ဆိုတာကို ဘာလုပ်ရမှန်း မသိဖြစ်သွားပါတော့တယ်။ သူငယ်ချင်းပြောလိုက်တဲ့ စကားက " အဲဒါပေါ့ကွာ မယားငယ်တုံးပိတဲ့ အသံ ဆိုတာမျိုးပေါ့ " တဲ့။

 လေးစားစွာဖြင့်
 **ရီနိုမာန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)