ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 26, 2012

>
-အထွန်းဖွား-
ဝင်းသော်ထွန်း ဆိုတာ မိသားစု၊ ဆွေမျိုး၊ ပတ်ဝန်းကျင် အသိုင်းအဝန်းအကြားမှာ အမေချစ်တဲ့ သားလို့ ပြောစမှတ်တွင် ရလှအောင် အမေကို ချစ်တဲ့ သားတစ်ယောက်ပါ။ သူ့ဘဝမှာ သူလုပ်ချင်တာထပ် အမေဖြစ်စေချင်တာကို ပြုလုပ်ခဲ့တာ များပါတယ်။ သူ့ကြောင့် သူ့အမေ မျက်ရည်ကျရတဲ့ အထိ မဆိုးမမိုက်ခဲ့ဖူးပါ။ သူကိုယ်တိုင်မပြုလုပ်ချင်ပါလျှက် အမေ့ဆန္ဒကြောင့် ပြုလုပ်လိုက်ရသည့် ကိစ္စရပ်များ တော်တော်လေးရှိခဲ့ပါသည်။ သို့သော် ကိစ္စတော်တော်များများထဲမှ ဒီကိစ္စကတော့ သူ့အတွက် ခဲယှဉ်လို့ နေပါတော့သည်။ (၁) ကျနော်မြန်မာပြည်ကို ပြန်ရောက်နေသည်မှာ ၁၀ရက်လောက်ပင် ရှိသေးသည်။ တစ်ခုသော မနက်ခင်းမှာ မေမေ ကျနော်လက်ထဲသို့ စာရွက် တစ်စောင်လာထည့်ပေးသွားသည်။ ပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ် ပြောနေပါသေးသည်။ " သား .. ဒီနေ့ မနက် ၁၀နာရီမထိုးခင် မေမေ ပေးထားတဲ့ စာရွက်ထဲက လိပ်စာအတိုင်း အရောက်သွား .. ပြီးရင် အဲစာရွက်ကို ဆရာဆီပေးပြီး သူပြောသမျှ တစ်လုံးမကျန် လိုက်မှတ်ခဲ့ .... ကြားလား " ကျနော် သဘောပေါက်လိုက်ပါပြီ။ မေမေ ပေးတဲ့ စာရွက်ကို ကြည့်နေစရာမလိုတော့ပါ။ ကျနော့်ဘဝထဲမှာ မလုပ်ချင်ဆုံးတစ်ခုဖြစ်တဲ့ ဗေဒင်မေး နတ်မေးကိစ္စမှန်း ကျနော် အလိုလိုသိနေသည်။ ဒီနေရာမှာတော့ မေမေနဲ့ ကျနော် အယူအဆ နည်းနည်းကွာဟချက် ရှိနေမယ်လို့ ကျနော်ထင်တယ်။ ကျနော်က ယခုလက်ရှိ အချိန်ကိုသာ စိတ်ဝင်စားသော သူ။ မေမေက အတိတ် အနာဂတ်ကို ဂရုစိုက်သော မေမေ။ မေမေ့ကို ကျနော် အပြစ်မမြင်ပါ။ မိန်းမသဘာဝ ထဲက မိန်းမသားတစ်ယောက်လို့ပင် ကျနော် နားလည်ထားခဲ့တာပါ။ ကျနော် နိုင်ငံခြားရောက်နေတဲ့ အချိန်တွေမှာလဲ မေမေက ဗေဒင်တွေမေး ယတြာတွေချေနဲ့ အလုပ်ကိုရှုပ်နေမှာ သေချာပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း မေမေ အဲဒါတွေကို စိတ်ဝင်စားတာကို ဘာမှ မပြောလိုပင်မဲ့ ကျနော်နဲ့ ဒိုက်ရိုက်ပတ်သက်လာမှာကိုတော့ လက်မခံခဲ့ပါ။ ဗေဒင် လက္ခဏာကို မယုံလို့လဲ မဟုတ် ၊ ယုံလို့လည်း မဟုတ်။ ကျနော်ကိုယ်တိုင်က ကံကြမ္နာရဲ့ အလှည့်အပြောင်းကို ကြိုတင်မသိရပဲ၊ ဖြစ်နေတဲ့ ခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်ရှားရတာကို ကြိုက်တဲ့သူမို့ပါ။ အခုလည်း ကျနော်ထင်မထားတဲ့ အတိုင်းပဲ မေမေဆီက စာရွက်တစ်ရွတ်နဲ့အတူ မေမေရဲ့ ရာဇသံပါလာခဲ့သည်။ " သား မသွားပေးလို့မရဘူး...သား ဆရာ့ကိုချိန်ထားတဲ့ အချိန်နဲ့ မေမေသွားစရာရှိတဲ့ အလှူတစ်ခုက အချိန်တိုက်နေတယ်... " ကျနော် မငြင်းသာတော့ပါ။ သို့သော် စိတ်ကရှောင်ချင်နေမိသေးသည်။ မေမေကို ကားယူသွားဖို့ ပြောကြည့်တော့ " နေပစေ သား.. ကားကိုသားပဲ ယူသွား... တော်ကြာ ချိန်ထားတဲ့ အချိန်မရောက်ရင် မကောင်းဘူး.... မေမေ က ကြည်ကြည်ကို ဝင်ခေါ်ခိုင်းလိုက်မယ်" ကြည်ကြည်ဆိုတာ မေမေ့ ညီမပါ။ ကျနော် ဆက်ပြီးအဒွန့်မတက်တော့ပါ။ ဘာဖြစ်ဖြစ် သွားလိုက်မယ်လို့ပဲ ဆုံးဖြတ်ပြီး အပေါ်ထပ်ကို အဝတ်လဲဖို့ ကျနော်တက်လာခဲ့ပါတော့တယ်။ (၂) ကျနော်အိမ်ကိုပြန်ရောက်တော့ မေမေ မရောက်သေးပေ။ စိတ်ထဲမှာလည်း ဗေဒင်ဆရာရဲ့ စကားများကိုသာ ကြားယောင်နေမိ၏။ " ဇာတာရှင်က အထွန်းဖွား။ အဖွားကောင်းလို့လည်း ကံကောင်းနေတယ်လို့ပြောလို့ရတယ်။ အခုချိန်မှာ ဇာတာရှင်ဟာ စနေဂြိုလ်ကထွက်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာ အစစအရာရာ ဂရုစိုက်စေချင်တယ်" မေမေပြောပြောနေလို့ ကျနော်ကြားဖူးနေပါတယ်။ ကျနော့်ရဲ့ဇာတာက စနေဂြိုလ်ထဲမှာရောက်နေလို့ သားဘာလုပ်လုပ် စိတ်သွားတိုင်းကိုယ် မပါဘူးတဲ့။ မေမေ ပြောတုန်းကတော့ သတိမမှုမိခဲ့ပါဘူး။ ဒါတွေလည်း ကျနော် စိတ်မဝင်စားခဲ့ဘူး။ သိလည်း မသိချင်ခဲ့ဘူး။ ကျနော်ရဲ့စိတ်ကိုသိတဲ့ မေမေကလည်း ကျနော်နဲ့ပတ်သက်တဲ့ယတြာ မှန်သမျှ မေမေကိုယ်တိုင် ဒိုင်ခံလုပ်ပေးနေခဲ့တာပါ။ ကျနော်ကလည်း မေမေလုပ်ချင်သပဆို လုပ် သားကိုလာလာမခိုင်းနဲ့လို့ အမြဲပြောပြောနေရတယ်။
" ဇာတာရှင်ဟာ အထွန်းဖွားဖြစ်တာက တစ်ကြောင်း၊ ဇနကကိန်းအရ အကောင်းဆုံးအချိန်ကို ရောက်နေတာကတစ်ကြောင်း၊ စနေဂြိုလ်အထွက်ခတ်ခဲ့ရင်တောင် အခတ်သက်သာနိုင်တယ်။ ဒါပင်မဲ့ ကံကြမ္မာကို ဆရာလည်း ပြောလို့မရဘူး။ " " ကျနော် မသိလို့ မေးကြည့်တာနော် ဆရာ။ စနေဂြိုလ်ထွက်တာ ဘာဖြစ်နိုင်လဲ ဆရာ" " ဆရာတို့ ဗေဒင်ပညာနဲ့ ပြောရရင် လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ဆိုင်တယ်။ စနေဂြိုလ်ထွက်တဲ့ အချိန်ဟာ ကိုယ့်ရဲ့ကံကြမ္မာဟာ အကောင်းဆုံးရှိနေခဲ့မယ်ဆိုရင်တော့ ဖြစ်ပျက်ဆုံးရှုံးမှု သက်သာမယ်။ ဇာတာရှင်ရဲ့ ကံဟာ အနိမ့်ဆုံးမှာ ရှိနေခဲ့မယ်ဆိုရင်တော့ အသက်အန္တရာယ် ရတဲ့ အထိဖြစ်နိုင်တယ်" ဒါဆို လပိုင်းသာလိုတော့တဲ့ ကျနော်ရဲ့ ကံကြမ္မာမှာ ဘာဖြစ်နိုင်လဲ။ ဘယ်လောက်ထိ ဆိုးရွားသွားနိုင်လဲ။ ဘာတွေများပြောင်းလဲ သွားနိုင်လဲ။ မေးခွန်းပေါင်းများစွာ ကိုယ့်ကိုကိုယ်မေးနေမိတယ်။ အယုံအကြည်မရှိပင်မဲ့ ကိုယ်ကိုတိုင်ကြားလိုက်ရတဲ့ စကားကြောင့် စိတ်ထဲ တစ်မျိုးဖြစ်ခဲ့သည်ကတော့ အမှန်။ ထိုအချိန်မှာပဲ မေမေ ပြန်ရောက်လာသည်။ ၃) ကျနော် ခွင့်ပြည့်လို့ မြန်မာပြည်ကပြန်တော့ မေမေ ကျနော်ကိုလေဆိပ် လိုက်ပို့ခဲ့သည်။ မေမေ့ရဲ့ ထုံးစံအတိုင်း ကျနော်ကို ကျန်းမာရေးဂရုစိုက်ဖို့ အစစအရာရာ သတိရှိဖို့ တစ်ဖွဖွမှာနေလို့ ကျနော်ကပဲ စကားလမ်းကြောင်းလွှဲကာ " မေမေ.. မေမေက သားကိုပဲ မှာနေတာ များနေပြီ။ မေမေကိုလည်း သားက မပြောချင်ပဲ ပြောရအုံး " ကျနော့်စကားကြောင့် မေမေ ကျနော်ကိုကြည့်သည်။ ဘာပြောမလို့လဲ ဆိုတဲ့ အကြည့်။ " မေမေလည်း ကျန်းမာရေးဂရုစိုက်ပါ။ သားအတွက်ကြီးပဲ မေမေ ပူနေတာ။ မေမေ့အတွက်လည်း မေမေ ဂရုစိုက်အုံး။ နောက်ပြီး ဒါရိုက်ဘာတစ်ယောက်လောက် ခန့်ထားလိုက်ပါ မေမေရယ်။ မေမေကိုယ်တိုင် ကားမောင်းတာကို သားစိတ်မချဘူး။" " အေးပါ သားရယ်။ မေမေ ဂရုစိုက်ပါ့မယ်။ သားအတွက်သာ မေမေက ပူရတာ။ မေမေ့ သားလေး တစ်ခုခုဖြစ်ရင်......." " ကောင်းပါပြီ မေမေရယ်။ မေမေလည်း ဂရုစိုက် သားလည်း ဂရုစိုက်မယ်။ ဟုတ်ပြီလား" ကျနော်စကားလမ်းကြောင်း ဖြတ်လိုက်ရ၏။ မဟုတ်လျှင် မေမေ ကျနော်အတွက် စိတ်ပူနေတာနဲ့ ကျနော်ကို စိတ်မချဖြစ်နေတော့မည်။ မေမေဘာကြောင့် စိတ်မချဖြစ်နေမည် ဆိုတာကိုလည်း ကျနော်သိနေသည်။ အဘယ်အတွက်ကြောင့် ဆိုသော .......... ဗေဒင်ဆရာရဲ့ စနေဂြိုလ် အထွက်ခတ်မည် ဆိုသောကြောင့်ပင် ဖြစ်သည်။ ၄) " ကလင်.. ကလင်.... ကလင်... ကလင် " " မေမေ.. သား ဝင်းသော်... ဟုတ်တယ်မေမေ... သား ဟိုတစ်လောက ဆေးရုံးတက်လိုက်ရတယ်.... ဘာမှ မဖြစ်ပါဘူး.... အူအတက်ရောင်လို့ ဗိုက်ခွဲလိုက်ရတယ်..... မေမေ စိုးရိမ်နေမှာကြောက်လို့ သားအကြောင်းမကြားလိုက်တာ။ သားသိတယ်... ဒီအကြောင်းကို ပြောပြလိုက်ရင် မေမေ အရမ်းစိတ်ပူသွားမယ် ဆိုတာ သားသိတယ်။ ဘာမှ စိတ်မပူပါနဲ့ မေမေရယ်... မေမေသိတဲ့ အတိုင်းပဲလေ မေမေ့သားက အထွန်းဖွားပါ ... ဟဲဟဲ...." 

 လေးစားစွာဖြင့် 

**ရီနိုမာန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)